Everything About IT Notes

Showing posts with label For Network. Show all posts
Showing posts with label For Network. Show all posts

Friday, July 3, 2015

Routers & Routing များ အကြောင်း

0 comments
Routers တွေကာ OSI Reference Model ရဲ့ တတိယမြောက်Layer ဖြစ်တဲ့ Network layer မှာ အလုပ်လုပ်တာဖြစ်တဲ့တွက်ကြောင့် သူ့တို့ကို Layer 3 devices တွေလို့လည်း ခေါ်လို့ရပါသေးတယ်။ Routers တွေရဲ့ အခြေခံအလုပ်က နှစ်ခုရှိပါတယ်။ * သွားရောက်ရမယ့်နေရာ(Destination)ကို ရောက်ရှိဖို့ layer 3 လမ်းကြောင်းကိုရှာပေးဖို့ * Packets တွေကို သူ့ရဲ့နောက်ဆုံးလိုအပ်တဲ့ သွားရောက်ရမယ့်နေရာရောက်တဲ့အထိ interface တစ်ခုကနေ နောက်တစ်ခုစီိကို လက်ဆင့်ကမ်းပေးဖို့ ပထမလုပ်ဆောင်ချက်ကို ပြီးမြောက်ဖို့အတွက်ကာ Router ကာအောက်ဖော်ပြပါအတိုင်းဆက်လုပ်ဖို့ လိုပါတယ်။ - Router ကိုယ်တိုင်က မိမိနဲ့ကပ်လျက်ချိတ်ထားတဲ့ အခြား Routers တွေကို လေ့လာပြီး ဘယ်network ကို ဘယ်လမ်းကြောင်းကနေ ရောက်နိုင်မလဲဆိုတာကိုလေ့လာရပါမယ်။ - ရောက်ရမယ့် networks numbers တွေရဲ့ရှိနေတဲ့နေရာကိုရှာပေးရပါမယ်။ - ရောက်ရမယ့်နေရာတစ်ခုချင်းစီအတွက်ကို အကောင်းဆုံးလမ်းကြောင်းတွေ ရှာရပါမယ်။ - ရောက်ရမယ့်နေရာ ကွန်ယက်တွေ (Destination networks) တွေကို ဘယ်လိုရောက်အောင်သွားနိုင်သလဲဆိုတဲ့ routing information တွေကို နောက်ဆုံး up-to-date ဖြစ်နေအောင် ထိန်းသိမ်းနေရမယ်။ ဒုတိယမြောက်လုပ်ဆောင်ချက်ကို ပြီးမြောက်ဖို့ဆိုရင်တော့၊ Router ကာ ဝင်လာတဲ့ IP packet ထဲမှာပါတဲ့ ရောက်ရမယ့် (Destination IP address) နေရာကိုစစ်ဆေးပြီး၊ ရောက်ရမယ့်နေရာရဲ့ network number ကာဘာလဲဆိုတာကို ဆုံးဖြတ်ချက်ချတယ်။ ပြီးသွားရင် သူ့ရဲ့ကိုယ်ပိုင် Routing table ကိုနဲ့ကိုက်စစ်ပြီး လိုအပ်တဲ့ outgoing interface ပေါ်ကိုလွဲပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်ဆက်ပြီးဖေါ်ပြပေးမယ့် အပိုင်းတွေမှာ Routing table ဆိုတာဘာလဲ။ Routing Table ထဲမှာ ရောက်ရမယ့်နေရာရဲ့ network number တွေရဲ့စာရင်း(a list of destination network numbers) တွေရှိတယ် အဲဒီ network တွေရဲ့ အခြေအနေတွေ၊ အဲဒါတွေက ဘာလဲဆိုတော့ ဘယ်destination ကို ရောက်ဖို့ဆိုရင် ဘယ်interface ကို သုံးသင့်တယ်၊ အကယ်၍destinationကာ ဘေးချင်းကပ်လျက်ချိတ်ထားတဲ့router(neighbouring router) တစ်လုံးထက်မကကျော်ပြီးမှ ရောက်နိုင်တဲ့နေရာဆိုရင် ဘယ်(neighbouring router)ကို packet ကိုလွှဲပေးရမလဲ ဆိုတာတွေကို အချိန်ရသလို ဆက်လက်လက်ရေးသွားပေးပါ့မယ်။မျက်စိမှားစေတဲ့ Routing Protocol နဲ့ Routed Pro

Routing မိတ်ဆက်

0 comments
Router တွေနဲ့ Routing Protocols တွေကို စမပြောခင်မှာ Router တွေမှာရှိတဲ့ Routes(လမ်းကြောင်း) အမျိုးအစားတွေ၊ Routerတွေကာ အဲဒီ routes တွေကိုဘယ်လိုရအောင်လေ့လာတယ်။ ဘယ်လိုအသုံးချတယ်ဆိုတာတွေကို အခြေခံကျကျ သိထားဖို့လိုတယ်။ အဲဒီတော့ Router ကာ routes တွေကိုလေ့လာတဲ့နည်း ၂နည်းနဲ့လေ့လာတယ်။ (Static နဲ့ Dynamic) ဆိုပြီးတော့ ရှိတယ်။ Router တွေကို အုပ်စုဖွဲ့ပြီးထိန်းချုပ်လို့ရတယ်။ အဲဒီလိုထိန်းချုပ်ဖို့ဆိုရင် [(Autonomous System) AS number လို့လည်းခေါ်တယ်။] ဆိုတာဘာလဲဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။ Router တွေကာ လမ်းကြောင်းရွေးချယ်တဲ့ဆီမှာ Routing Protocols အများကြီးထဲကမှ ဘယ်လို Routing Protocols ကို ချိန်ဆပြီးရွယ်ချယ်တယ် ဆိုတာကိုလည်း သိဖို့လိုအပ်တယ်။ Routes အမျိုးအစားများ Router တွေကာ လမ်းကြောင်းရှာတဲ့အခါမှာ Static နဲ့ Dynamic နည်းလမ်းနှစ်ခုဖြစ်တဲ့ထဲက တစ်ခုခုကိုသုံးပြီး လ့လာနိုင်ပါတယ်။ Static နဲ့ Dynamic နည်းလမ်းတွေကာဘာတွေလည်းဆိုတာ ဆက်ပြီး ဖေါ်ပြထားပါတယ်။ Static Routes Router တွေကာ Static Route ကို ပုံစံနှစ်မျိုးနဲ့ လေ့လာပါတယ်။ ပထမကတော့၊ router ကာ သူ့ရဲ့ active ဖြစ်နေတဲ့ interface ကို ကြည့်ပါတယ်။ ဘာ addresses တွေ configured လုပ်ထားလဲဆိုတာ ကြည့်ပြီး ဘယ်ကိုယ်စားပြု network number လဲဆိုတာကို ဆုံးဖြတ်ချက်ချတယ်။ ချက်ချင်းဘဲ သူ့ရဲ့ routing table ထဲကို ဖြည့်ထည့်တယ်။ များသောအားဖြင့် ခေါ်တာကတော့ connected ဒါမှမဟုတ် directly connected route လို့ခေါ်ကြတယ်။ ဒုတိယပုံစံကတော့ မိမိကိုယ်တိုင် manually configure လုပ်ထည့်ပေးတဲ့ static route ကို Router ကလေ့လာပြီး သူ့ရဲ့ routing table ထဲကိုဖြည့်ထည့်တယ်။ နောက်ထပ်ထူခြားတဲ့ static route ကတော့ default route လို့ခေါ်တယ်။ များသောအားဖြင့် ခေါ်ကြတာကတော့ gateway of last resort လို့ခေါ်ကြတယ်။ အကယ်၍ သွားရောက်ရမယ့်နေရာကာ routing table ထဲမှာ မရှိတဲ့နေရာဖြစ်နေခဲ့မယ်ဆိုရင် default route ကိုသုံးပြီး packetကို ရောက်အောင် ပို့လို့ရပါတယ်။ Default route တစ်ခုရဲ့ IP Address ကာ 0.0.0.0 နဲ့ subnet mask ကတော့ 0.0.0.0 ဘဲဖြစ်ပါတယ်။ တခါတလေကျရင် 0.0.0.0/0 အနေနဲ့ ဖေါ်ပြပါတယ်။ ဒီ default route ကို small network (ကွန်ယက်အငယ်စား) တွေမှာperimeter router ဖြစ်တဲ့ ISP router ကို တိုက်ရိုက်ချိတ်ထားတဲ့ router တွေမှာ configure လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ Dynamic Routes Router တွေကာ dynamic route ကိုတော့ routing protocols တွေဆီကနေ သူ့ဘာသာသူ လေ့လာယူပါတယ်။ Routing protocols တွေကာ သူ့ရဲ့အနီးကပ်လျက်ချိတ်ထားတဲ့ (neighboring routers) တွေဆီကနေ တူညီတဲ့ routing protocols တွေကို လေ့လာယူပါတယ်။ Dynamic routing protocols တွေကာ router ရဲ့ရောက်နိုင်တဲ့ အချက်အလက်တွေပေါ်မှာမူတည်ပြီး network numbers တွေကို share လုပ်ပါတယ်။ အဲဒီ sharing လုပ်နေတဲ့အချိန်မှာဘဲ တဆက်တည်း router ကာ အဲဒီ network ပေါ်မှာရှိတဲ့ ရောက်နိုင်တဲ့ network နဲ့ subnet numbers တွေကိုပါလေ့လာပါတယ်။ ဒီနေရာမှာ routing protocol နဲ့ routed protocol တွေကို သူ့ရဲ့အဆိုလိုရင်း နှစ်မျိုးရှိတယ် ဆိုတာကို သိထားဖို့လိုပါတယ်။ Routing protocol တစ်ခုကာ routes တွေကို Routed protocol အတွက် လေ့လာပါတယ်။ ဒါဆိုဘာတွေလဲ။ Routed Protocol ကာ layer 3 protocol တစ်ခုဖြစ်တယ်။ ဘာတွေလဲဆိုတော့ TCP/IP, IPX (Internetwork Packet Exchange)လိုအရာမျိုးတွေပေါ့။ Routed Protocol တစ်ခုကာ user traffic တွေဖြစ်တဲ့ e-mail, file transfers, and web downloads တွေဖြစ်တယ်။ အောက်က ဇယားနဲ့ အသုံးများတဲ့ routed protocol နဲ့ routing protocol တွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြထားပေးတယ်။
Autonomous Systems တချို့routing protocols တွေကာ Autonomous System(AS) တွေကိုနားလည်တယ်၊ ဒါပေမယ့် တချို့ routing protocols တွေကတော့ နားမလည်းပါဘူး။ Autonomous System ဆိုတာကာ (Administrative control) ထိန်းချုပ်မှုတစ်ခုတည်းရဲ့အောက်မှာရှိတဲ့ (a group of networks) ကွန်ယက်အုပ်စု တစ်ခုဖြစ်တယ်။ အဲဒီဟာကာ သင့်ရဲ့ကုမ္ပဏီ တစ်ခုတည်းမှာ ဖြစ်နိုင်တယ်။ သင့်ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲတွေ ရန်ကုန်(ဗဟို)၊ မန္တလေး(ခွဲ)၊ မြစ်ကြီးနား(ခွဲ)၊ တောင်ကြီး(ခွဲ)၊ ဆိုကြပါစို့။ အဲဒီကုမ္ပဏီတွေအားလုံးကာ ကိုယ့်ရဲ့ကုမ္ပဏီဘဲ၊ ကိုယ်ကဗဟိုကနေ ထိန်းချုပ်ရမှာဆိုတော့ ကိုယ်က AS နံပါတ်တူတွေသုံးပြီး Internet ပေါ်က အခြားမပတ်သက်တဲ့ network တွေနဲ့ ခွဲခြားထားလို့ရပါတယ်။ ဆိုလိုတာကတော့ ပထဝီဝင်အနေအထားအရ ကွဲပြားနေပေမယ့်၊ ယုတ္တိဗေဒ သဘောတရားအရ သူတို့တွေအကုန်လုံးကာ တစ်စုတစ်စီးတည်း ဖြစ်နေတယ်ပေါ့ဗျာ။ Routing protocol တစ်ခုကာ routing တွေကို AS number တစ်ခုအတွင်းမှာ အလုပ်လုပ်နေတာကို Interior Gateway Protocol (IGP) အနေနဲ့ ကိုယ်စားပြုပြောလို့ရပါတယ်။ IGP ကာဘာတွေလဲဆိုရင် RIP, EIGRP, OSPF, နဲ့ Intermediate System-Intermediate System (IS-IS) တွေဘဲဖြစ်တယ် Exterior Gateway Protocol (EGP) ဆိုတာလဲ ရှိပါသေးတယ်။ သူကတော့ မတူညီတဲ့ AS number တွေမှာရှိတဲ့ routing တွေကို ကိုင်တွယ်ဖြေရှင်းပါတယ်။ ဒီကနေ့ လက်တွေ့ဘဝမှာ တစ်ခုတည်းသော EGP ကသာဆက်လက်အသုံးများနေဆဲပါ။ အဲဒါကတော့ Border Gateway Protocol (BGP) ဘဲဖြစ်တယ်။ BGP ကို Internet backbone တွေကိုကျော်ပြီး မတူညီတဲ့ AS number တွေကြားမှာရှိတဲ့ route traffic တွေကို ကိုင်တွယ်တဲ့နေရာမှာသာ သုံးပါတယ်။ Routing protocols တွေအားလုံးကာ AS number တွေကို နားမလည်ပါဘူး။ AS number တစ်ခုကာ routing protocol တစ်ခုအတွက် လွယ်ကူတဲ့ boundaries တွေကို ထောက်ပံ့ပေး ပါတယ်။ အဲဒါကြောင့်မို့ ကောင်းကျိုးတချို့ကိုပံ့ပိုးပေးပါတယ်။ ပြောရမယ်ဆိုရင်တော့ ကိုယ့်ဆီက ခွဲထွက်သွားတဲ့ network number တွေကာ ကိုယ်ရှိနေတဲ့နေရာကနေ ဘယ်လောက်ဘဲဝေးဝေး ကိုယ်က ဆက်လက်ထိန်းချုပ်နေနိုင်သေးတယ်။ ဒါ့အပြင် ဘယ် route ကိုဘဲ အခြား AS တွေဆီကို advertise လုပ်မယ်။ အခြား AS တွေဆီက ဘယ် route ကိုဘဲ လက်ခံမယ် ဆိုတာတွေကိုလည်း ကိုယ်ကိုယ်တိုင် ထိန်းချုပ်လို့ရပါသေးတယ်။ မတူညီတဲ့ AS နံပါတ်တွေကိုတော့ ကိုယ်ကိုယ်တိုင် သတ်မှတ်ပေးလို့ရပါတယ်။ အဲဒါတွေကတော့ 1 ကနေ 65,535 ထိဖြစ်တယ်။ အဲဒီနံပါတ်စဉ် အတွင်းမှာ ယူသုံးလို့ရတယ်။ ဒါပေမယ့် အဲဒီနံပါတ်တွေကာ (IANA) Internet Assigned Numbers Authority လို့ခေါ်တဲ့ အဖွဲအစည်းကနေပြီးတော့ ထုတ်ပေးတယ်။ ISP ကတဆင့် (IANA) က သတ်မှတ်ပေးလိုက်တဲ့ AS နံပါတ်ကိုရနိုင်ပါတယ်။ 1 ကနေ 64511 က public number range တွေဖြစ်ပြီးတော့ 64512 ကနေ 56635 ကတော့ private AS number range တွေဖြစ်တယ်။ အညွှန်း။ IP Addressing ထဲက public နဲ့ private addressing တွေလိုမျိုးဘဲဖြစ်တယ်။ ဥပမာအားဖြင့်ဆိုရင် လက်တွေ့ဘဝမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ရှိတဲ့ Bagan Cybertech IDC & Teleport ရဲ့ AS ကာ 18399 ဖြစ်ပြီးတော့၊ MPT(Myanmar Ports & Telecom) ကတော့ AS 9988 တွေဖြစ်ပါတယ်။ ကွန်ယက်အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံမှာသုံးထားတဲ့ AS နံပါတ်ကို သိသင့်တယ်ထင်လို့ ဗဟုသုတနေနဲ့ ထည့်ပေးလိုက်ပါတယ်။private နံပါတွေကိုတော့ ကိုယ့်ရဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေအတွင်းမှာ လိုအပ်သလိုသုံးလို့ရပါတယ်။ အကယ်လို့ ကိုယ့်ရဲ့ ကွန်ယက်ကြီးကို မတူညီတဲ့ ကွန်ယက်တွေအနေနဲ့ ခွဲထုတ်ချင်တဲ့ အခါမျိုးတွေ ကြုံလာတဲ့အခါမှာ private AS number တွေကိုသုံးနိုင်ပါတယ်။ AS နံပါတ်တွေကို နားလည်တဲ့ routing protocols တွေကာ EIGRP, OSPF, IS-IS နဲ့ BGP တို့ဘဲဖြစ်ပါတယ်။ RIP တော့ AS နံပါတ်တွေကို နားမလည်ပါဘူး။ OSPF က AS နံပါတ်ကို နားလည်သော်လည်း သူ့ကို AS နံပါတ် configure လုပ်ဖို့မလိုပေမယ့် EIGRP တို့လိုမျိုး ကိုတော့ AS number တွေတပ်ပြီး configure လုပ်ဖို့လိုအပ်ပါတယ်။ CCNA စာမေးပွဲက basic IGPs တွေနဲ့ AS နံပါတ်တစ်ခုအတွင်းမှာသာ ရှိတဲ့ routing တွေအကြောင်းကိုသာ အဓိကထားပါတယ်။ အကယ်၍ CCNA စာမေးပွဲအတွက် လေ့လာနေသူတစ်ယောက်ဆိုရင်တော့ အခြေခံ IGP တွေဖြစ်တဲ့ RIP, OSPF, နဲ့ EIGRP တို့လောက်ကိုသာ သိထားဖို့လိုအပ်ပြီး ကျံတာတွေကတော့ CCNP အဆင့်ကို ရောက်မှ ပိုပြီးအသေးစိတ်ကို လေ့လာနိုင်ပါတယ်။ ဒီအချိန်မှာ မလိုအပ်သေးပါဘူး။

Sunday, April 27, 2014

Data Sharing လုပ်တဲ့အချိန်မှာ User Name နဲ့ Password တောင်းနေသလား

0 comments
Data Sharing လုပ်တဲ့အချိန်မှာ User Name နဲ့ Password တောင်းနေသလား ကျွန်တော်တို့ Network ချိတ်ဆက်မှုပြုလုပ်တဲ့အခါမှာ Window XP မှာကတော့ ဘာမှ ခေါင်းမစားရပါဘူး။ Home Group တူမယ်၊ IP Address Class တူမယ်၊ Data Share ထားတယ်ဆိုရင် မိမိဝင်ချင်တဲ့ ကွန်ပျူတာကို Run Box ထဲက နေ //IP ရိုက်လိုက်ရင် တန်းဝင်သွားပါတယ်။ သို့ပေ သိ Window 7 မှာကတော့ Security ပိုင်းအရ XP ထက် အလေးပေးထားတဲ့အတွက်ကြောင့် ဘယ်လိုပဲ Network Group တွေ IP Class တွေ တူနေဦးတော့ မိမိဝင်ချင်တဲ့ Computer ထဲကိုဝင်လိုက်တဲ့အခါမှာ User Name နဲ့ Password ကိုတောင်းတာတွေ့ရမှာပါ။ တစ်ကယ်တမ်းက လည်း အဲဒီ Share ထားတဲ့ Computer မှာ ဘာ User Name ဘာ Password မှ မပေးထားပါဘူး။ ကဲ ဒီပြဿနာ ကိုရှင်းဖို့က အခက်ကြီးတော့မဟုတ်ပါဘူး Radious Check box လေးကို ပြောင်းပေးလိုက်ရုံပါပဲ။ ဘယ်လိုလုပ်ရမလည်း ဆိုတော့ အရင်ဆုံး ကျွန်တော်တို့ Task Bar က Network Notification Bar မှာတစ်ချက်ဝင်ပီး Open Network and Sharing Center ဆိုတာကို ၀င် လိုက်ပါမယ်။ဒါဆိုရင်တော့ Control Panel ရဲ့ Network and Sharing Center ထဲကို ရောက်သွားပါပီ။ ဒီအခါမှာမှင်အနီရောင်လေးထောင့်ကွက် ထဲက Change advanced sharing settings ဆိုတာ ကို နှိပ်လိုက်ပါမယ်။ Password protected sharing ဆိုတဲ့ နေရာမှာ လက်ရှိ Default အတိုင်းဆိုရင် အနီရောင် မျှားလေးဖြစ်နေပီးတော့ ကျွန်တော်တို့က အစိမ်းရောင် မျှား နေရာလေးဖြစ်တဲ့ Turn off password protected sharing ဆိုတာကိုရွေးချယ်ပေးပီး Save Changes ဆိုတာကိုရွေး ချယ် ပေးလိုက်ရုံပါပဲ။ ဒါဆိုရင် Network ထဲက စက်တွေကို ၀င်တဲ့အခါမှာ ဘာ User Name ဘာ Password မှ တောင်းမှာမဟုတ်ပါဘူး။ ဒါကမိမိ Shared မယ့် Computer မှာ လုပ်ရမှာဖြစ်ပါတယ်။အထူးသဖြင့် Internet ဆိုတွေ အတွက်ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ စက်တွေကို Clone မရိုက်ခင်ကတည်းက ဒီ Function လေးကို လုပ်ပေး ထားရုံဖြင့် ဒေတာတွေကိုအလွယ်တကူ Share လုပ်နိုင်မှာ ဖြစ်ပါတယ်။ Credit ဦးဇာနည်

Wednesday, April 16, 2014

0 comments


ကျနော် အခုတလော ကိစ္စတွေများပြီး အလုပ်တွေရှုပ်နေလို့ ပိုစ့်တွေလည်း ပုံမှန်မတင်ပေးဖြစ်ပါ..။ ကျနော်အသုံးပြုနေကျ အင်တာနက်ကလည်း 3G ကနေ 4G ကို Upgrade မြှင့်တယ်ဆိုပြီး လိုင်းတွေ အားလုံးကြောင်နေလို့ လိုင်းဖွင့်တိုင်း အသုံးပြုလို့ မရတဲ့အချိန်က ပိုများပါတယ်..။ လိုင်းမကောင်းသေးတဲ့ အတွက် ဆော့ဝဲလ်တွေ Upload တင်ပေးဖို့ အဆင်မပြေသေးလို့ ဒီလုပ်နည်းလေး ကိုပဲ အချိန်ရတုန်းလေး အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီ WIFI ပြန်ထုတ်နည်းက Windows 8 နဲ့ Windows 7 တွေမှာ ကျနော် အသုံးပြုပြီး အဆင်ပြေတဲ့ နည်းလေးပဲ ဖြစ်ပါတယ်..။ လုပ်နည်းက သိပ်တော့ မခက်ပါဘူး..။ အောက်မှာ ပုံလေးတွေနဲ့ ကြည့်ပြီး လုပ်ပေးလိုက်ရင် အဆင်ပြေ သွားပါလိမ့်မယ်..။ Laptop တွေမှာတော့ အားလုံး အဆင်ပြေစေမှာ ဖြစ်ပြီး.. PC (Desktop) တွေမှာ ဆိုရင်တော့ Wireless Card ဆိုက်ထားတဲ့ WIFI အသုံးပြုလို့ ရတဲ့ စက်တွေမှာပဲ အဆင်ပြေမှာပါ..။ အရင်တုန်းကတော့ Connectify Pro ဆော့ဝဲလ်မျိုးတွေကို အသုံးပြုပြီးမှ WIFI ထုတ်လို့ ရတာဖြစ်ပြီး၊ အခုကတော့ ဆော့ဝဲလ်မလိုတော့ပဲ CMD ထဲမှာ စာကြောင်းအနည်းငယ် ရိုက်ထည့်ပြီး Setting မှာ လိုအပ်တာလေးတွေ လိုက်ပြောင်းပေးလိုက်ရင် မိမိတို့ စက်ကနေ WIFI ပြန်ထုတ်ယူပြီး ဖုန်းတွေနဲ့ တခြား ကွန်ပျူတာတွေမှာ အင်တာနက်ကို ကောင်းစွာအသုံးပြုလို့ ရသွားပါပြီ..။ အသုံးလိုတဲ့သူများအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

အောက်ကဇယားကွက်လေးထဲမှ စာသားတွေကို Command Prompt မှာ ရိုက်ထည့်ပေးပါ..။ အပြာရောင်နဲ့ ပြထားတဲ့ နာမည်နဲ့ ဂဏန်းနေရာတွေမှာ မိမိတို့နာမည်နဲ့ နံပါတ်တွေကို ပြောင်းရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။ key နေရာကတော့ မိမိတို့ ပြန်ထုတ်လွှတ်ထားတဲ့ WIFI ကို အသုံးပြုတဲ့အခါ ရိုက်ထည့်ပေးရမယ့် Password တွေပဲ ဖြစ်ပါတယ်..။


netsh wlan show drivers
netsh wlan set hostednetwork mode=allow ssid=Lwinminbo key=12345678
netsh wlan start hostednetwork

အပေါ်မှာ ပေးထားတဲ့ စာကြောင်း သုံးကြောင်းကို Command Prompt ထဲမှာ ရိုက်ထည့်ပေးရမှာဖြစ်လို့ အရင်ဆုံး Command Prompt ကို အောက်ကပုံလေးတွေအတိုင်း ဖွင့်ပါတယ်..။ Administrator နဲ့ ဖွင့်ပါ..။ Windows 7 မှာ ဆိုရင်တော့ Search နေရာမှာ Command Prompt လို့ ရိုက်ထည့်ပြီး ပေါ်လာတဲ့ စာသားတွေထဲက Command Prompt စာသားပေါ်မှာ Right Click >> Run as administrator နဲ့ ဖွင့်ပါ..။ ဒီပိုစ့်မှာတော့ ကျနော် Windows 8 နဲ့ပဲ လုပ်ပြထားပါတယ်..။





အောက်ကတော့ Command Prompt ဖွင့်နည်း နောက်တမျိုးပါ..။





Command Prompt ကို Admin နဲ့ ဖွင့်လိုက်ပြီး အပေါ်မှာ ပေးထားတဲ့ ပထမစာကြောင်းကို ရိုက်ထည့် (သို့မဟုတ်) copy-past နဲ့ ထည့်ပြီး Enter တချက်ခေါက်ပေးလိုက်ပါ..။



အောက်ကပုံမှာ ပြထားသလို Yes စာသား ပေါ်လာရင်တော့ နောက်ထပ်စာကြောင်းတွေကို တကြောင်းစီ ရိုက်ထည့်ပြီး Enter တချက်စီ ခေါက်သွားလိုက်ပါ..။





အပေါ်ကစာကြောင်းတွေအတိုင်း အဆင့်ဆင့်ပေါ်လာပြီးရင်တော့ Command Prompt ကို Exit နဲ့ ပိတ်လိုက်လို့ ရသွားပါပြီ..။ ဒါဆိုရင် ကွန်ပျူတာကနေ WIFI ထုတ်လွှတ်ပေးနေပါပြီ..။ ဒါပေမယ့် အင်တာနက် အသုံးပြုလို့ မရသေးပါ..။ ဒါကြောင့် အောက်ကပုံလေးတွေအတိုင်း Setting မှာ တချက် သွားပြောင်းပေးဖို့ လိုပါတယ်..။ Setting ကနေပဲ ဖြစ်ဖြစ်၊ Control Panel ကနေပဲ ဖြစ်ဖြစ် Network and Sharing Center ကို ဖွင့်ပါ..။ ရှော့ကပ်အနေနဲ့ဖွင့်မယ်ဆိုရင်တော့ Run ဘောက်စ်မှာ ncpa.cpl စာသားကို ရိုက်ထည့်ပြီး ဖွင့်လို့လည်း ရပါတယ်..။





အောက်ကပုံ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ပုံမှာ ကျနော့်စက်မှာတော့ Local Area Connection 13 လို့ ပေါ်နေပါတယ်..။ No Internet access ဖြစ်နေတဲ့အတွက် WIFI ထုတ်ထားပေမယ့်လည်း အင်တာနက်ကို အသုံးပြုလို့ မရသေးပါဘူး..။ ဒါကြောင့် မျှားနီပြထားတဲ့ Setting မှာ သွားပြောင်းပေးဖို့ လိုပါတယ်..။ အောက်ဆုံးပုံလေးတွေအတိုင်း ဆက်ကြည့်လိုက်ပါဗျာ..။



အောက်ကပုံမှာ မြင်ရတဲ့ အဆင့်မှာတော့ မိမိတို့ ပြန်ထုတ်လွှတ်ထားတဲ့ WIFI ကို မိမိတို့ ပေးထားတဲ့ နာမည်နဲ့ မြင်ရပါတယ်..။ ကျနော်ကတော့ LMB လို့ ပေးထားလို့ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့အတိုင်းပါ..။
ပြောင်းပေးရမှာက အနီရောင်နဲ့ ပြထားတဲ့ နေရာမှာပဲ ဖြစ်ပါတယ်..။ မိမိတို့ အသုံးပြုနေတဲ့ Broadband (or) WIFI နေရာမှာ Right Click >> Properties ကနေ ဝင်သွားလိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်းပါ..။



အောက်ကပေါ်လာတဲ့ အဆင့်မှာ Sharing နေရာမှာ အပေါ်ပိုင်းက ပြထားတဲ့ပုံတွေမှာ ပေါ်နေတဲ့စာသား Local Area Connection 13 စာသားကို ရွေးယူပေးရမှာပဲ ဖြစ်ပါတယ်..။ ဒီနေရာမှာ စက်တလုံးနဲ့ တလုံး မတူတဲ့အတွက် မိမိတို့ စက်မှာ ပေါ်နေတတ်တဲ့ စာသားတွေကိုပဲ ကြည့်ပြီး တူအောင် ရွေးယူပေးရမှာ ဖြစ်ပါတယ်..။ ပြီးရင်တော့ OK ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ ပြန်ထုတ်လွှတ်လိုက်တဲ့ WIFI မှာ အင်တာနက်ကို အသုံးပြုလို့ ရပါပြီ..။ တကယ်လို့ မရတတ်သေးတဲ့ သူများရှိခဲ့ရင် ကွန်ပျူတာမှာ အင်တာနက် Connection ကို Connect နဲ့ Disconnect ကို တလှည့်စီ ပိတ်လိုက်၊ဖွင့်လိုက် လုပ်ကြည့်ခြင်းဖြင့် အင်တာနက်ကို အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။



အပေါ်ကပုံလေးတွေအတိုင်း လိုက်ပြောင်းပေးပြီးရင်တော့ အောက်ကပုံလေးတွေအတိုင်း Shared နဲ့ Internet စာသားတွေ ပြောင်းလဲပေါ်နေရင်တော့ မိမိတို့ ပြန်ထုတ်လိုက်တဲ့ WIFI မှာ အင်တာနက်ကို ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။





အောက်ကပုံလေးကတော့ ကျနော့်ဖုန်းနဲ့ ကွန်ပျူတာမှ ဒီနည်းဖြင့် ပြန်ထုတ်ယူလိုက်တဲ့ WIFI အင်တာနက်ကို Connect လုပ်ပြီး အသုံးပြုထားတာပဲ ဖြစ်ပါတယ်..။ ဒီလောက်ဆိုရင်တော့ ဒီနည်းလေးကို အားလုံးပဲ အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်၍ အဆင်ပြေကြပါစေ..။



မှတ်ချက်။ ။စက်ပိတ်လိုက်တဲ့အခါမှာ ထုတ်လွှတ်ထားတဲ့ WIFI ပါ ပိတ်သွား၊ ပျောက်သွားပါတယ်..။ တခါပြန်အသုံးပြုလိုတဲ့အခါ အပေါ်ကနည်းအတိုင်း ပြန်ပြီး အဆင့်ဆင့် ပြန်လုပ်ပေးမှ WIFI ကို ပြန်လည် ထုတ်လွှတ်အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။

Credit: Lwin Min Bo

http://lwanmapyay.blogspot.com/

Sunday, February 2, 2014

0 comments

Proxy Server ဆိုတာ ဘာလဲ

Proxy  နဲ့ ပါတ်သတ်တာလေးတွေ တင်ပေးပါဦးပြောလာလို့ အားလုံး လေ့လာနိုင်အောင် လက်လှမ်းမှီသလောက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

 
Proxy Server ဆိုတာ ဘာလဲ

Proxy Server ဆိုတာ
သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ 
ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။

Anonymous Proxy Server ဆိုတာဘာလဲ

Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ 
IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။
 Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။

Free Proxy Server ဆိုတာဘာလဲ

Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ

HTTP Proxy

Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။

SOCKS Proxy

သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။

CGI Proxy

CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။

FTP Proxy

FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး

အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ 
ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။

ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။

ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့..

(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။

(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။

(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။

(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။


Credit
: http://skyboywaiyan.blogspot.com

အသေးစိတ် ရှောင်တိမ်းရေး proxy များ
အောက်မှာ ဖော်ပြထားတဲ့ ကိရိယာတွေနဲ့ proxy တွေကို အသုံးပြုပြီး အင်တာနက် ပိတ်ဆို့မှုတွေကို ရှောင်တိမ်းနိုင်တယ်။ ရှောင်တိမ်းရေး ကိရိယာအသစ်တွေကို ပုံမှန် ထုတ်လုပ်နေကြပြီး၊ လက်ရှိ သုံးစွဲနေတဲ့ ကိရိယာတွေကို မကြာခဏ မွမ်းမံပေးလေ့ ရှိကြတယ်၊ ဒါကြောင့် အွန်လိုင်း လုံခြုံရေး-သေတ္တာ ကွန်ရက် စာမျက်နှာကို လေ့လာထားသင့်တယ်။

Virtual Private Network (VPN) အခြေပြု proxies များ

အောက်မှာ ဖေါ်ပြထားတဲ့ VPN proxies တွေဟာ "လိုင်းချိတ်ဆက်"တဲ့အခါ အဲဒီ proxy ကနေတဆင့် အင်တာနက်လိုင်း တစ်လုံး ဖြတ်သန်းသွားတယ်။ မိမိနေထိုင်တဲ့ နိုင်ငံမှာ ပိတ်ဆို့ခံရတဲ့ အီးမေးလ် (သို့) လက်ငင်း စာတိုပေးပို့ရေး ဌာနတွေကို အသုံးပြုတယ် ဆိုရင် ဒါတွေက အထောက်အကူ ပြုနိုင်တယ်။
Riseup VPN ကတော့ Riseup ဆာဗာမှာ အီးမေးလ် အကောင့် ရှိထားတဲ့ သုံးစွဲသူတွေ အတွက် ဖြစ်ပါတယ်။ ဒီစုစည်းချက်ဟာ အသုံးပြုပြီး လုံခြုံမှုရှိ၊ သီးသန့်ဖြစ်တဲ့ အခမဲ့ VPN proxy ဆာဗာကို ဆက်သွယ်ပေးတယ်။ Riseup VPN အကြောင်းနဲ့ ၄င်းကို ဆက်သွယ်နည်းကို လေ့လာ ဖတ်ရှုပါ။


Hotspot Shield ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့၊ ဒီကိရိယာကို ဒေါင်းလုဒ် လုပ်ပြီး ထည့်သွင်းဖို့ လိုပါတယ်။ Hotspot Shield ကို တည်ဆောက်တဲ့ ကုမ္ပဏီဟာ ထောက်ပံ့ငွေကို ကြော်ငြာကနေ ရရှိတာ ဖြစ်တယ်။ အဲဒါကြောင့် စာဝှက်စနစ် အသုံးမပြုတဲ့ ကွန်ရက် စာမျက်နှာတွေကို ကြည့်ရှုတဲ့ အခါတိုင်း ဘရောင်ဆာ ဝင်းဒိုးရဲ့ ထိပ်ပိုင်းမှာ "နဖူးစည်း စာတမ်း ကြော်ငြာ" တစ်ခုကို မြင်တွေ့နေရမှာ ဖြစ်တယ်။ အတည်ပြုလို့ မရပေမဲ့၊ အဲဒီကုမ္ပဏီရဲ့ အဆိုအရ၊ ဒီကိရိယာကို သုံးစွဲနေတဲ့ သူတွေရဲ့ IP လိပ်စာတွေကို သိမ်းထားတာတို့၊ ကြော်ငြာဌာနတွေဆီ ပေးပို့တာတို့ မလုပ်ပဲ၊ ဖျောက်ဖျက်ပေးတယ်လို့ ဆိုပါတယ်။


Your-Freedom ဟာ သီးသန့်ဖြစ်ပြီး၊ လုံခြုံမှုရှိတဲ့၊ VPN/SOCKS ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်တယ်။ အဲဒါဟာ အခမဲ့ ရှောင်တိမ်းရေး ဝန်ဆောင်မှု တစ်ခုခုကို ဆက်သွယ်ရာမှာ အသုံးပြုနိုင်တဲ့ အခမဲ့ ဆော့ဗ်ဝဲ ကိရိယာ တစ်ခု ဖြစ်တယ်။ bandwidth နဲ့ မိမိ သုံးစွဲနိုင်တဲ့ အချိန် အတိုင်းအတာကို (တစ်ရက်ကို ၃ နာရီ၊ တစ်ပတ်ကို ၉ နာရီ စသဖြင့်) ကန့်သတ်ထားတယ်။ ပိုမို မြန်ဆန်ပြီး ကန့်သတ်ချက် နည်းတဲ့ စီးပွားဖြစ် ဝန်ဆောင်မှု တစ်ခုခုကို အခကြေးငွေ ပေးပြီး အသုံးပြုနိုင်တယ်။ Your-Freedom ကို အသုံးပြုနိုင်ဖို့ ဒီကိရိယာကို ဒေါင်းလုဒ် လုပ်ပြီး အကောင့်တစ်ခု ဖွင့်ထားပါ။ ဒီနှစ်မျိုး စလုံးကို Your-Freedom ကွန်ရက် စာမျက်နှာပေါ်မှာ လုပ်ဆောင်နိုင်ပါတယ်။ အင်တာနက်ကို ချိတ်ဆက်တဲ့အချိန်မှာ OpenVPN proxy ကို အသုံးပြုနိုင်ဖို့ ဘရောင်ဆာကို ပြုပြင်ဖန်တီးဖို့ လိုအပ်တယ်။ အသေးစိတ် အကြောင်းအရာကို Sesawe စီမံချက် ကွန်ရက်စာမျက်နှာမှာ လေ့လာနိုင်ပါတယ်။


Freegate ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးထွက် Freegate ဗားရှင်းကို ဒေါင်းလုဒ် ဆွဲပြီး ၄င်းနဲ့ပါတ်သက်တဲ့ စိတ်ဝင်စားစရာ ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။

SecurityKISS ဟာ အများသုံးဖြစ်ပြီး၊ လုံခြုံမှုလည်းရှိ၊ VPN အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့ အခမဲ့ ပရိုဂရမ် တစ်ခုကို ဒေါင်းလုဒ် လုပ်ပြီး ဖွင့်သုံးနိုင်တယ်။ အကောင့် တစ်ခုကို မှတ်တင်စရာ မလိုဘူး။ proxyကို ဖြတ်သွားတဲ့ အင်တာနက် စီးဆင်းမှုအတွက် အခမဲ့ သုံးစွဲသူတွေရဲ့ တစ်နေ့တာ သုံးစွဲခွင့်ကို MB ၃၀၀ အဖြစ် ကန့်သတ်ထားပေးတယ်။ အခကြေးငွေ ပေးသွင်းသူအတွက် ကန့်သတ်ချက်တွေ မရှိပဲ VPN ဆာဗာတွေကို ပိုမို သုံးစွဲနိုင်တယ်။ အသေးစိတ်ကို လေ့လာဖို့ SecureKISS ပင်မစာမျက်နှာကို ဖတ်ရှုပါ။

Psiphon3 ဟာ လုံခြုံပြီး၊ အများသုံး VPN နဲ့ SSH အခမဲ့ ရှောင်တိမ်းရေး proxy တစ်ခု ဖြစ်ပါတယ်။ အဲဒါကို အသုံးပြုနိုင်ဖို့ အခမဲ့ ဆော့ဗ်ဝဲ ပရိုဂရမ် ရရှိနိုင်တဲ့ လင့်ခ်တစ်ခုကို တောင်းဆိုရမှာ ဖြစ်ပြီး အဲဒီ ပရိုဂရမ်နဲ့ proxy ကို စီစဉ်သတ်မှတ်သွားမှာ ဖြစ်တယ်။ လင့်ခ်ကို တောင်းဆိုဖို့ get@psiphon3.com ဆီ အီးမေးလ် တစ်စောင် ပေးပို့ပါ။ Psiphon3 ပင်မစာမျက်နှာကို လေ့လာ ဖတ်ရှုပါ။

ကွန်ရက် Proxies များ

Psiphon2 ဟာ သီးသန့် ဖြစ်ပြီး အမည်ဝှက်တဲ့ webproxy ဆာဗာ နည်းစနစ် တစ်ခု ဖြစ်တယ်။ Psiphon2 ကို အသုံးပြုဖို့ မိမိဆီမှာ proxy ဆာဗာရဲ့ ကွန်ရက် လိပ်စာ (URL) နဲ့ အကောင့်တစ်ခု (သုံးစွဲသူ၊ စကားဝှက်) ရှိထားဖို့ လိုအပ်တယ်။ psiphon2 ကို ဖွင့်ဖို့ psiphon2 အကောင့် ရှိထားတဲ့ သုံးစွဲသူ တဦးဦးဆီကနေ ဖိတ်ကြားချက် တစ်ခု ရယူရမှာ ဖြစ်တယ်။ ဒီနေရာမှာ ထုတ်ပြန်ထားတဲ့ သုံးစွဲနည်း စာအုပ်ငယ်ထဲမှာ ပါတဲ့ ဖိတ်ကြားချက်ကိုလည်း အသုံးပြုနိုင်ပါတယ်။ Psiphon2 ပင်မ စာမျက်နှာကို ဖတ်ရှုပါ။

Peacefire ဟာ အများသုံးဖြစ်ပြီး၊ သုံးစွဲမှုအပေါ် မူတည်ပြီး လုံခြုံမှု ရှိနိုင်သလို၊ လုံခြုံမှု မရှိတဲ့ ကွန်ရက် အခြေပြု proxy အစုအဝေး တစ်ခုကို ဖန်တီးပေးနိုင်တယ်။ Peacefire proxy တစ်ခုကို အသုံးပြုတဲ့အခါ၊ မိမိနဲ့ proxy ကြားမှာ လုံခြုံမှု ရှိတဲ့ ဆက်သွယ်ရေးလိုင်း တစ်ခု တည်ဆောက်ဖို့ HTTPS လိပ်စာကို ထည့်သွင်းပေးရမှာ ဖြစ်တယ်။ proxy အသစ်တွေကို အီးမေးလ် အုပ်စု စာရင်းကနေ ပုံမှန် ထုတ်ပြန် ကြော်ငြာပေးလေ့ရှိတယ်။ မွမ်းမံချက်တွေကို ရရှိဖို့ Peacefire ကွန်ရက် စာမျက်နှာမှာ မှတ်ပုံတင်နိုင်တယ်။

မပြည်စုံသေးဘူးထင်ရင် ဒီနေရာမှာ ဆက်လက်လေ့လာနိုင်ကြပါတယ်..။

Credit & Ref: //၀င်းကမ္ဘာကျော်
https://securityinabox.org/my/chapter_8_5

Wednesday, November 20, 2013

0 comments

How to Customize Network Sharing Settings in Windows 7

I will continue our series on Windows 7 networking with an article about how to set your network sharing settings. Compared to older versions of Windows, Windows 7 makes it is easier to set such settings. In this article I will cover the following: where to find the network sharing settings, how to turn on or off network discovery, file sharing, media streaming, password protection, how to set encryption for sharing connections and how to configure HomeGroup connections.

Where to Find the Network Sharing Settings

First, you have to open the Network and Sharing Center. On the left side of its window, there is a link called 'Change advanced sharing settings'. Click on it and the appropriate window will open. An alternative is to search for the word sharing in the Start Menu search box. One of the first search results will be called 'Manage advanced sharing settings'. Click on it and the 'Advanced sharing settings' window will open.
Network Sharing Settings
In the 'Advanced sharing settings' window you will see lots of settings, split in two categories: Home or Work and Public.

Network Sharing Settings
These categories have some arrows on the right side of their top row. If you click on it, the category will minimize or expand.
Network Sharing Settings
First, you will need to modify the settings of the current profile, whatever that might be. You can change the sharing settings for the other profile too and they will be applied once you connect to a network to which that profile applies. Next, I will be describing all available settings one by one and give you recommendations for how to configure them.

Turn On or Off Network Discovery

The first setting from the list is called Network Discovery. When it is turned on, this setting allows your computer to search for other devices on the network it is connected to. Also, it allows other computers on the same network to find it.
Network Sharing Settings
Recommendation: If you are connected to a home or work network, it is best to turn on this settings. For public networks, it is best to turn it off so that your computer won't be visible to other computers.

Turn On or Off File & Printer Sharing

Next, you can enable or disable the file & printer sharing. When turned on, this feature allows you to share content with other computers from your network. With it turned off, you won't be able to share anything. Even if your computer is visible for other devices on the network, nobody will be able to access any shared files or folders.
Network Sharing Settings
Recommendation: Turn it on for home or work networks. Turn it off for public networks.

Turn On or Off Public Folder Sharing

One way to share files and folders is to move them to the so called Windows 7 Public folders. These are found in 'C:\Users\Public\'. If this option is turned on, anything that you copy to those folders will be visible to other computers on your network.
Network Sharing Settings
Recommendation: Turn it off. Personally, I don't need this feature. I prefer to share directly the files and folders I want to have shared, without having to copy them to another location. In the end it is a matter of personal work style. If you find these public folders useful, you can turn the feature on. However, on public networks it is highly recommended to turn this feature off.

Turn On or Off Media Streaming

The next setting is about media streaming. This feature allows you to stream multimedia files (pictures, video, music) by using Windows Media Player. In this section, Windows 7 it will tell you if it is turned on or off. If you want to change the current status, click on the 'Choose media streaming options' link.
Network Sharing Settings
If it is turned on, you will see a window listing your computer and others from your network which have media streaming enabled. If you don't need to use such a feature, you can disable it by clicking on the 'Block All' button and then on OK.
Network Sharing Settings
If media streaming is turned off and you will be asked to turn it on. Click on 'Turn on media streaming'. Then, you will see a window similar to the one above, where you can edit your media streaming settings.
Network Sharing Settings
Recommendation: Turn it on only if you use media streaming. For public networks always turn it off.
We will cover more about media streaming and how to use it in a separate article, dedicated only to this topic. So, stay tuned for future updates on our site.

Encryption for File Sharing Connections

The next setting is about the type encryption used for file sharing connections, when computers connect to each other and copy files and folders from one to the other. By default, this is set to 128-bit encryption.
Network Sharing Settings
Recommendation: Leave it set to 128-bit encryption, unless you have issues with some older devices or computers with operating systems which cannot properly access your shared files and folders.

Turn On or Off Password Protected Sharing

Password protected sharing allows people to access your shared files and folders only if they have a user account and password set on your computer. If they don't know such details, they cannot connect to your shared items. This feature comes into play with computers which are not included in your HomeGroup (in case you defined one) or for computers for a public network.
Network Sharing Settings
Recommendation: Turn it on at all times.

Configure HomeGroup Connections

We've covered the HomeGroup feature extensively in one of our previous articles. By default, a HomeGroup has its own password which all computers who join it, must know. If you happen to use the same username and password on all computers from the HomeGroup, you can set Windows 7 to use that, instead of the separate HomeGroup password. However, this is not a recommended practice. Using the same username and password across all your HomeGroup computers can be a security risk.
Network Sharing Settings             Ref: http://it-ghost.blogspot.com
0 comments

Router ရဲ့ Default IP Adress List တွေပါ...

Router ရဲ့ Default IP Adress List
Credit & Ref: http://it-ghost.blogspot.com/search/label/Networking



Router ManufacturersDefault IP Addresses
3Com192.168.1.1
Apple10.0.1.1
Asus192.168.1.1, 192.168.1.220
Belkin192.168.2.1, 10.1.1.1
Buffalo192.168.11.1
Dell192.168.1.1
D-Link192.168.0.1, 0.30, 0.50, 1.1, 10.1.1.1
Linksys192.168.0.1, 1.1
Microsoft192.168.2.1
Motorola192.168.10.1, 20.1, 30.1, 62.1, 100.1, 102.1, 1.254
MSI192.168.1.254
Netgear192.168.0.1, 0.227
Senao192.168.0.1
SpeedTouch10.0.0.138, 192.168.1.254
Trendnet192.168.0.1, 1.1, 2.1, 10.1,
U.S. Robotics192.168.1.1, 2.1, 123.254
Zyxel192.168.1.1, 2.1, 4.1, 10.1, 1.254, 10.0.0.2, 0.138     





Wednesday, November 6, 2013

0 comments

IP Address (အင်တာနက် လိပ်စာ) အကြောင်း သိကောင်းစရာ

IP Address ဆိုတာ Internet Protocol Address ဖြစ်ပါတယ်။ မြန်မာလို တည့်တည့် ဘာသာပြန်ရရင် နိုင်ငံတကာ ကွန်ပြူတာ ဆက်သွယ်မှု ကွန်ရက် နားလည်မှု သဘောတူညီချက် လိပ်စာ လို့ အဓိပ္ပါယ် ရောက်ပါတယ်။

ဒီတော့ IT Term တစ်ချို့ က မြန်မာလို့ ဘာသာမပြန်ပဲ အင်္ဂလိပ်လို မှတ်ထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တစ်ချိန် ကွန်ပြူတာတွေ မပေါ်မှီ၊ အင်တာနက် မပေါ်မှီ တစ်နေရာကနေ တစ်နေရာ စာပို့တဲ့အခါ လိပ်စာ အပြည့်အစုံရေးလို့၊ လူအမည်ရေးလို့ စာတိုက်ပုံးထဲ ထည့်ရပါတယ်။

ယခုလည်း ယင်းသဘောတရားပါပဲ။ ဘယ်ကွန်ပြူတာက ဘယ်ကွန်ပြူတာကို ပို့ပါတယ်။ ဘယ်နိုင်ငံ ကွန်ရက်ကနေ ပို့ပါတယ် အစရှိသဖြင့် သိရှိအောင် အင်တာနက်လိပ်စာ ဆိုပြီး IP Address ဆိုတာ ပေါ်ထွန်းလာပါတယ်။ 

Physical IP Address

IP Address ကို နှစ်မျိုးထပ်ခွဲရင် ပုံမှာ ပြထားတဲ့အတိုင်း ပါပဲ။ Physical Address နဲ့ Virtual Address ပါ။ Physical Address ဆိုတာ ရူပဗေဒဆိုင်ရာ လိပ်စာလို့ ဘာသာမပြန်မိပါစေနဲ့။ ထိတွေ့ကိုင်တွယ်၍ရသော လိပ်စာလို့လည်း ဘာသာမပြန်ရပါဘူး။ အချက်အလက် ပို့လွတ်လိုက်တဲ့ ပစ္စည်းရဲ့ လိပ်စာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ယင်းကတော့ Mac Address ပါ။ Machine Address ဖြစ်ပါတယ်။ ဒါက ထုတ်လုပ်သူတို့ ကွန်ပြူတာ၊ မိုဘိုင်းတွေထဲမှာ ပုံသေ ပါလာပြီးသား လိပ်စာ ဖြစ်ပါတယ်။

Virtual IP Address

နောက်တစ်မျိုးကတော့ Virtual Address ပါ။ ထိတွေ့၍ မရသော လိပ်စာလို့ ဘာသာမပြန်ရပါဘူး။ အင်တာနက်ကွန်ရက်တွေမှာ ပို့လွတ်တဲ့အခါ ကွန်ပြူတာ ကြီးက လိုက်ရွေ့ သွားခြင်း မဟုတ်ပဲ အချက်အလက်ကပဲ သွားတာပါ။ ယင်းအချက်အလက်က ဘယ်ကနေလာတယ် ဆိုတာကို Virtual Address နဲ့ ခွဲခြားရပါတယ်။ သူ့ကို ထပ်ခွဲမယ်ဆိုရင် Public IP Address နဲ့ Private IP Address ဆိုပြီး နှစ်မျိုး ထပ်ကွဲနေပြန်ပါသေးတယ်။

Public IP Address

Public IP Address ဆိုတာ ပြည်သူ့ IP Address မဟုတ်ပါဘူး။ အင်တာနက် ကွန်ရက်များ အများသူငှာ Public တစ်ခုလုံးက ဘယ်လိပ်စာ ဘာကိုပြောတယ်ဆိုတာ သိအောင် မှတ်သားထားတဲ့ လိပ်စာ ဖြစ်ပါတယ်။ ဥပမာ 203.81.160.0 ကနေ 203.81.175.255 ဆိုတာ မြန်မာပြည်က တရားဝင် ဝယ်ထားတဲ့ IP Address ပါ။ အခြား IP Range လည်း ရှိပါသေးတယ်။

ကားစကားငှားသုံးရရင် ကားနံပါတ် အသေဝယ်ထားတဲ့ သဘော ဖြစ်ပါတယ်။ နိုင်ငံတကာ အင်တာနက်ကွန်ရက်နဲ့ ချိတ်ဆက်တဲ့အခါ ယင်းနံပါတ်အသေနဲ့ သာ သွားလာရခြင်း ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုတို့ ဘာတို့လုပ်တဲ့အခါ ယင်း IP Address ကို Ban ရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ PayPal တို့ဘာတို့ ဖွင့်မရသေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည် အနေနဲ့လည်း ဘယ်ဆိုဒ်တို့ ဘယ်ဆိုဒ်တို့ကို ကြည့်ခွင့်မရှိဆိုပြီး Proxy server မှာ ပိတ်တဲ့အခါ ပိတ်ချင်တဲ့ ဝဘ်ဆိုဒ်လိပ်စာ /IP Address ကိုထည့်ထားရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချိန်တုန်းက Youtube ဆိုတာ ကြည့်လို့မရခဲ့ပါဘူး။

URL Address Bar မှာ 31.13.82.1 ကို ရိုက်ထည့်ပြီး Enter ခေါက်ကြည့်ပါ။ Facebook ကျလာပါလိမ့်မယ်။

Private IP Address

ပုဂ္ဂလိ IP Address လို့ ဘာသာမပြန်ရပါဘူး။ ကျနော် ကတော့ မိမိ အဆင်ပြေသလို ပေးလို့ ရတဲ့ IP Address လို့ပဲ မှတ်ထား မိပါတယ်။ သို့ပေမယ့် အဲ့တစ်ခုတည်းနဲ့ဆိုရင်မှားသွားပါလမ့်မယ်။ ကြိုက်ရာပေးတာ တောင်မှ Class A, Class B, Class C ဆိုပြီး ထပ်ကွဲ ပါသေးတယ်။ Public လို့ခေါ်တဲ့ နိုင်ငံတကာ အင်တာနက်ကွန်ရက်တွေ ပေါ်ကို မသွားပါဘူး။ ကုမ္မဏီတွင်း၊ မြို့ နယ်တွင်း မိမိတို့ Locak စက်တွေမှာ သွားလာတဲ့ IP Address ဖြစ်ပြီး အင်တာနက် သုံးချင်၊ အပြင်ထွက်ချင်တဲ့အခါမှ Public IP Address သို့ ပြောင်းလဲ ပေးပါတယ်။

အနီးစပ်ဆုံး ဥပမာ ပေးရရင် - လိုင်စင်မဲ့ကားတွေ မြို့ထဲသွားတော့မယ်ဆိုမှ လူမြင်လို့ကောင်းမယ့် နံပါတ်တစ်ခုပြောင်းတပ်လိုက်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ Local မှာကျ ဒီကားက ဘယ်သူ့ကားဆိုတာ သိနေပါတယ်။ ဒီသဘောပါပဲ။ Private IP Address က သူ့ Local မှာ အလုပ်လုပ်တဲ့အခါ Local IP Address နဲ့ပဲ အလုပ်လုပ်ပြီး အင်တာနက် ကွန်ရက်ပေါ် ပြေးလွှားပြီဆိုမှ Public IP Address သို့ ပြောင်း လဲ ပေးရပါတယ်။ ဒါကို ကြားမှာ ပြောင်းလဲပေးတဲ့ စနစ်ကိုလည်း Service Provider များက အများစု ဝန်ဆောင်မှု ပေးပါတယ်။

ဥပမာ ကျနော်တို့ ရုံးတွင်းက ကွန်ပြူတာတွေ အင်တာနက်မသုံးဘူး။ မချိတ်ဘူး။ ကွန်ပြူတာအချင်းချင်းပဲ အချက်အလက်တွေပို့မယ်ဆိုရင် Private IP Address နဲ့ တင်လုံလောက်ပါတယ်။ သို့ပေမယ့် ယင်းသို့ ပို့နေရင်း၊ လုပ်နေရင်းက အင်တာနက်လေးသုံးမယ်။ အခြားနိုင်ငံက ရုံးခွဲကို အီးမေးလ်ပို့မယ်ဆိုရင်တော့ အင်တာနက် ဆိုတာကြီး လိုအပ် လာပြီ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ Public IP Address ကိုလည်း အသုံးပြုရပြီ ဖြစ်ပါတယ်။

IP Address အသုံးဝင်ပုံ

စာပို့တဲ့သူတင်မကပါဘူး။ စာတိုက်ပုံးမှာလည်း နံပါတ်ပါရှိပါတယ်။ စာတိုက်ရုံးမှာလည်း လိပ်စာရှိပါတယ်။ စာရမယ့်သူမှာလည်း လိပ်စာရှိပါတယ်။ စာရမယ့်သူ အမည်လည်း ရှိပါတယ်။

ထိုနည်းတူစွာပါပဲ IP Address ဆိုတာ Facebook မှာလည်းရှိရပါတယ်။ Google မှာလည်းရှိပါတယ်။ အီးမေးလ်ပို့မယ့်သူမှာလည်း ရှိရပါမယ်။ အီးမေးလ်ပို့ပေးမယ့် Service Provider မှာလည်း ရှိရ ပါတယ်။ Email လက်ခံမယ့်သူဆီမှာလည်း ရှိရပါတယ်။ ပို့တဲ့သူနဲ့ လက်ခံတဲ့သူကို ခွဲခြားမှုကျ Service Provider က သတ်မှတ်ပေးတဲ့ လိပ်စာနဲ့ ကွန်ပြူတာတို့ရဲ့   Physical Address (Mac Address) က အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်။

အလွယ်ကူဆုံးဖြစ်အောင် ကြိုးစား ရှင်းပြမိတာလေးပါ။ ဒီထက်ပိုတဲ့ ရှင်းလင်းမှုကို What is IP Address လို့ Google search မှာ ရှာကြည့် ဖတ်ရှု နိုင်ပါတယ်။ ဝီကီမှာလည်း ဖတ်ရှု နိုင်ပါတယ်။

Private IP address range

Class A - 10.0.0.0 to 10.255.255.255
Class B -  172.16.0.0 - 172.31.255.255
Class C - 92.168.0.0 - 192.168.255.255

8 bit ပါရှိသော 1 byte မှ စုစုပေါင်း 4 byte ဖွဲ့စည်းမှု ကို IPv4 Address လို့ ခေါ်ပါတယ်။ ကားနံပါတ်လိုပါပဲ။ နံပါတ်တွေ မလောက်တော့တဲ့အခါ IPv6 Address ဆိုပြီး ပေါ်လာမှာ ဖြစ်ပါတယ်။ စုစုပေါင်း ဖွဲ့စည်းမှုက 128 bits တောင် ရှိလာမှာ ဖြစ်ပါတယ်။ ယခုလို လိပ်စာများပြား မှုကြောင့် နောင်ပိုင်း အိုင်တီပစ္စည်းတွေတိုင်းမှာ ကိုယ်ပိုင် IP လိပ်စာများ ရှိလာမယ်လို့ ကြားသိရပါတယ်။

ယင်းအမည်တွေကို အဆင်ပြေသလိုပေးလို့ မရပါဘူး။ ပေးပုံ ပေးနည်း သင်္ချာနဲ့ တိတိကျကျ တွက်ချက်ပြီး ပေးရတာ ဖြစ်ပါတယ်။

Mac Address

Machine Address ကတော့ 48 bits ပါ။ ဒါက ကွန်ပြူတာထုတ်လုပ်သူတို့က ၎င်းတို့ ပစ္စည်းအပေါ် ချပေးတဲ့ လိပ်စာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ယင်းလိပ်စာတွေကို ပြောင်းလဲလို့ မရပါဘူး။ Physical Address ဖြစ်လို့ ဖြစ်ပါတယ်။

ဥပမာ - 01-23-45-67-89-ab

IP Address အကြောင်းအခြေခံအားဖြင့် အကြမ်းဖျဉ်း သိရှိပြီလို့ မျှော်လင့် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
Ref : http://www.yoyarlay.com
Credit & Ref:  ၀င်းကမ္ဘာကျော်

Wednesday, October 23, 2013

0 comments

Networking ၏ အခြေခံကျသောအကြောင်းအရာများ (၁) Written By Einstein Kelvin



Network is a Group of Internet,that sharing resource & installation.

မြန်မာလို ရှင်းရင် ပိုရှုပ်မှာ စိုးလို့.. အင်္ဂလိပ်လိုပဲ ပြောလိုက်ပါတယ် . :P


ကွန်ယက်ဆိုသည်မှာ  Data တွေ မျှဝေဖို့ ထည့်သွင်းတည်ဆောက်ဖို့ အတွက် ဖွဲ့စည်းထားတဲ့ အင်တာနက် အကြီးစားကြီး  ပါ...
Network ကို Tepology ၄ မျိုးနဲ့ ခွဲပြီး လေ့လာနိုင်ပါတယ်..
Tepology ဆိုတာကတော့ Basic Structure Of Network Technology ကိုပြောတာပါ..အခြေခံတည်ဆောက်မှူပုံစံပေါ့.
၎မျိုးခွဲထားပါတယ်.

1 . Ring Tepology
2 .Bus Tepology
3 .Star Tepology
4 .March Tepology .....ဆိုပြီးတော့ အပိုင်းပိုင်းခွဲထားပါတယ်..


1. Ring Tepology

     ဒီနည်းပညာကတော့ အရင်ဦးဆုံး ပေါ်ထွက်ခဲ့တဲ့ ချိတ်ဆက်နည်းတစ်ခုပေါ့..
Computer ၄ လုံးဒါမှမဟုတ် Node ၄ ခု ပုံမှာ ပြထားတဲ့ အတိုင်း Network ချိတ်ကြတယ်ဆိုပါတော့..
Node ဆိုတာကတော့  Network တစ်ခု အတွင်းမှာ ရှိတယ်..ချိတ်ဆက်နိုင်တဲ့ Device တွေကို ချုံ့ပြောတာပါ..
ထားပါတော့  Computer ၄ လုံး ပုံထဲက အတိုင်း  လက်စွပ် ပုံစံ ချိတ်ကြတယ်ဆိုပါတော့.
မရဘူး မဟုတ်ဘူး ရပါတယ်...ဒါပေမယ့် အဲ့ထဲက Computer တစ်လုံးပျက်သွားတယ်ဆိုပါတော့ ကျန်တဲ့ ကွန်ပျူတာ ၃ လုံးပါ Network ပြတ်တောက်သွားပါလိမ့်မယ်..
အဓိက အားနည်းချက်က အဲ့ဒါပါ..
ဒါကြောင့် ပညာရှင်တွေက  ဒီ Ring Tepology ကို ငြင်းပယ်ပြီး. နောက် နည်းပညာ သစ်တစ်မျိုး ရှာဖွေပြန်ပါတယ်..

2. Bus Tepology

   ဒါကတော့ ဒုတိယမြောက် တီထွင်ခဲ့တာပါ..
 Node တွေကို Bus ကား ပုံစံ ပုံမှာ ပြထားတဲ့ အတိုင်း ချိတ်ဆက်ထားတာပေါ့.
သူချိတ်တဲ့ ပုံစံကတော့ Computer တစ်လုံးက Electrons တွေ လွှတ်လိုက်တယ်ဆိုပါတော့  အဲ့ဒီ့ Electrons တွေက Cable တစ်လျှောက် ပြေးပါတယ်..
Computer တစ်လုံးနဲ့တွေ့တိုင်း.  IP တွေ MAC Address တွေ တိုက်ကြည့်ပါတယ်..သဘောကတော့  လိပ်စာမှန်ရဲ့လားပေါ့..မှန်တယ်ဆို ထားခဲ့တယ်..မမှန်ဘူးဆိုရင် ဆက်သွားတယ်..
စာပို့သမားကြီး တစ်ယောက်လိုပဲလေ..တစ်အိမ်တက် တစ်အိမ်ဆင်း  လျှောက်မေးနေတော့ အချိန်တွေ ကြန့်ကြာတာပေါ့..ပြီးတော့ Cable ရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာလည်း Terminal လို့ ခေါ်တဲ့ အပိတ်ခေါင်းလေးတွေ နဲ့ ပိတ်ပေးရပါသေးတယ်..
Eletrons တွေ တစ်လုံးနဲ့ တစ်လုံး မတိုက်မိအောင်ပေါ့..
ဒီနည်းလမ်းကတော့ ကောင်းတော့ ကောင်းပါရဲ့  ကြာတယ် ဆိုပြီးတော့  ပညာရှင်တွေက နည်းပညာအသစ်တွေ ရှာဖွေ ခဲ့ပြန်ပါတယ်..

3 . Star Tepology

  ဒါကတော့   ကမ္ဘာမှာ အခု လက်ရှိ အသုံးပြုနေတဲ့ ချိတ်ဆက်မှူ နည်းပညာတစ်ခုပါ...
ပုံမှာ ပြထားတဲ့ အတိုင်းပဲ   Switch တစ်ခု ကြားခံပြီး ကွန်ပျူတာတွေ အလုံးပေါင်း မြောက်မြားစွာ တပြိုင်နက် ချိတ်လို့ရတယ်..
ကွန်ပျူတာ တစ်လုံးပျက်သွားရင်လည်း  သူ့အလုပ်ကို သူဆက်လုပ်ပါတယ်..
ပိုပြီး တိကျလာတဲ့ အတွက်  မြန်မြန်ဆန်ဆန်  Sharing တွေ လုပ်နိုင်တာပေါ့.. Switch ဆိုတာကတော့ Network ခေါင်းတွေ အများကြီး စိုက်လို့ရတဲ့ Device တစ်ခုပါ..
အခုလက်ရှိတော့ ကျွန်တော်တို့ အားလုံးက Star Tepology နဲ့ပဲ အလုပ်လုပ်နေကြတာပါ..

4.  March Tepology

ဒါကတော့  အသုံးနည်းပါတယ်...
နိုင်ငံ တစ်နိုင်ငံနဲ့  တစ်နိုင်ငံ  Network ချိတ်တာမျိုး မှာ  အသုံးပြုပါတယ်...
Network ဆက်ကြောင်းတွေ  ပြတ်တောက်နေရင်လည်း ဆက်သွယ်နိုင်တာပေါ့..
ဆက်ကြောင်းတွေက များပေမယ့်  အရမ်းကို အသုံးဝင်တဲ့ နည်းပညာ တစ်ခုပါ...

Sunday, September 29, 2013

0 comments

Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း

Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။

မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ်တာကတော့ အင်တာနက်ရရှိနေတဲ့ Network ကြိုးတစ်ချောင်းနှင့် Router တစ်လုံးပဲလိုအပ်ပါတယ်။

အရင်ဆုံး ဆက်သွယ်ရေးက ချပေးတဲ့ Moden နဲ့Splitter တပ်ဆင်ပုံလေးကိုပြောပါ့မယ်။ ပုံလေးကိုအရင်ကြည့်လိုက်ပါ။
Moden က ထွက်လာတဲ့ lan ကြိုးကို Router ရဲ့ Lan အပေါက် အ၀ါမှာထိုးပါ။
အာက်ကပုံလေးမှာပြထားပါတယ်။ ဖုန်းကြိုးကိုတော့ Splitter ဘူးရဲ့ တစ်ပေါက်ထဲရှိတဲ့ ဘက်မှာတပ်ပါ။
နှစ်ပေါက်ပါတဲ့ ဘက်က moden ဆိုအပေါက်မှာ ဖုန်းကြိုး တစ်ချောင်းကို တပ်ပါ ကျန်တစ်ဖက်ကိုတော့ Moden ရဲ့ ဖုန်းလိုက်ပေါက်မှာတပ်ပါ။ ကျန်တစ်ပေါက် မှာ ဖုန်းဆိုတဲ့ အပေါက်လေးလွတ်နေပါအုံးမယ် အဲဒီမှာ အိမ်က ကြိုးဖုန်းလည်း သုံးအုံးမယ်ဆိုရင်တော့ ဖုန်းကြိုးကို တပ်ပြီး ဖုန်းပါထိုးနိုင်ပါတယ်။

ပုံမှပြထားတဲ့အတိုင်း Lan ကြိုးကို Lan အပေါက် အ၀ါ မှာတပ်ပြီး ကျန်ကြိုးတဖက်ကို ကွန်ပြူတာမှာတပ်ပါ။ အပြာကတော့ Wan ပါ ဆက်သွယ်ရေးကချပေးတဲ့ Moden က ထွက်လာတဲ့ Lan Cable ကို တပ်ရမှာပါ။
အပေါ်ပုံမှာပြထားတဲ့ အတိုင်း Router ဘူးခွံရဲ့ တစ်နေရာရာမှာ ပါမယ်ထင်ပါတယ်။
USer Name = admin
Password = admin
IP Address = 192.168.0.1

ဘာကြောင့်ဖော်ပြပေးတာလည်းဆိုတော့ သူ့ရဲ့ Defaults ဆိုတာကို သိစေချင်လို့ပါ။
ကျွန်တော် လုပ်ဖူးတဲ့ Router တော်တော်များများကတော့ အဲ့အတိုင်းပါပဲ။
Firefox ကို ဖွင့်ပါ (အခြား Browser လည်းရပါတယ်) Router ရဲ့ IP ကို ရိုက်ပါမယ်။
သဘောကတော့ Router, CPE ထဲကိုဝင်ချင်ရင် သူ့ရဲ့ IP ကို ရိုက်ထည့်ရပါတယ်။
ပထမဆုံးပုံမှာပြထားတဲ့ အတိုင်း User Name = admin / Password = admin ကိုရိုက်ဝင်ရပါမယ်။
အဲ့ခါ သူရဲ့ Page Setting ကိုရောက်ပါလိမ့်မယ်။ 
ဘာကြောင့် admin ရိုက်ရလည်းဆိုတော့ သူရဲ့မူရင်း Default မှာပြထားလို့ဖြစ်ပါတယ်။
Page Setting ကိုရောက်ပြီဆိုရင်တော့ နှစ်ပိုင်းခွဲမှတ်လိုက်ပါခင်ဗျာ။ 
အလွယ်ပေါ့နော် WAN နဲ့ LAN  ပေါ့ဗျာ :D

Lan ပိုင်းကိုပြောပါ့မယ် အဲဒါကတော့ Router  တွေ့ရဲ့ Default IP ပါ။ Router ထဲကို ၀င်တုန်းက ရိုက်ခဲ့တဲ့ IP 192.168.0.1 ဆိုလိုပါတယ်။ မိမိကြိုက်တဲ့ IP ကို ပြောင်းလဲသတ်မှတ်ခွင့်ရပါတယ်။
သတိထားရမှာ တစ်ခုက Lan နဲ့ Wan IP တူနေလို့မရပါဘူး။
Eg. Wan က ဆက်သွယ်ရေးက ချပေးတဲ့နံပါတ်ပါ။ Gateway က အဓိကပါ။
ကိုယ့်ကိုချပေးတဲ့နံပါတ်ကို ဥပမာအနေနဲ့ပြပါ့မယ်။

ip address =192.168.1.2
subnet mask = 255.255.255.248
default gateway = 192.168.1.1

primary dns = 203.81.64.18
secondary dns = 203.81.64.19

Wan ရဲ့ default gateway 192.168.1.1 ဆိုရင်  Lan ရဲ့ IP ကိုလွဲပေးလိုက်ပါ။

Lan ကို 192.168.0.1 ပေါ့ခင်ဗျာ ဒါမှမဟုတ် 192.168.10.100 ကြိုက်တာပေးလို့ရပါတယ်။ ဒါဆိုရင်တော့ နောက်တစ်ခါ Router ထဲကို ပြန်ဝင်ချင်တယ်ဆိုရင်တော့ မိမိပြောင်းလိုက်တဲ့ lan ip နံပါတ်ကို ရိုက်ပေးပြီးဝင်ရမှာဖြစ်ပါတယ်။

 WAN ကို Setting ထည့်ပါ့မယ်။





             Network မှတဆင့် Internet Access ကိုနှိပ်ပါ။ Wan only ကိုရွေးပြီး Save လုပ်ပါ။










 Network ကို နှိပ်ပါ။

Wan connection Type မှာ Static IP ကို ရွေးပေးပါ။
IP Address, Sub Mark, Default Gateway, DNS တွေကို ဖြည့်ပေးပြီး Save ပါ။
(MPT ကချပေးတဲ့ IP တွေကိုဖြည့်ပေးရမှာပါ)
 Wan အပိုင်းတော့ပြီးပါပြီ။ 
Router ထဲသို့ အင်တာနက်ရောက်မရောက်ကို သိရအောင် Status မှာ Page ရဲ့အောက်ဆုံး Teaffic Statistic မှာ ကြည့်နိုင်ပါတယ်။ Received မှာ ပြပြီဆိုရင်တော့ ok ပါပြီ။


 Router ထဲကို အင်တာနက်ရောက်ပြီဆိုတော့ ပြန်လွှင့်ဖို့အတွက် Wireless အပိုင်းကို ဆက်ပါမယ်။

WIRELESS
*********
WiFi လွှင့်ဖို့အတွက် Wireless ကို Setting ထည့်ပါမယ်...  Wireless ကိုနှိပ်ပါ။
SSID မှာ မိမိအသုံးပြုလိုတဲ့ နာမည်ကို ထည့်ပြီး SAVE ပါ။ wifi လေးပါ တစ်ခါထဲလွှင့်ချင်တယ် ဆိုရင်တော့
Enable wireless Router Radio ဆိုတဲ့ဘေးနားကအမှတ်လေးကိုခြစ်ပေးလိုက်ပါ။
SAVE ကိုနှိပ်လိုက်တဲ့အခါ အပေါ်မှာပြထားသည့်ပုံအတိုင်း မြင်ရပါလိမ့်မယ်။ 
Click Here ကိုနှိပ်ပါ။
Reboot ကိုနှိပ်ပါ။
အပေါ်မှာပြထားသည့်ပုံအတိုင်း Restarting လုပ်ပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ Page Setting မှ Wriless မှာ မိမိပြောင်းလည်းလိုက်တဲ့ နာမည်ကို ပြောင်းလည်းပြီး မြင်တွေ့ရမှာပါ။
ကွန်ပျူတာရဲ့ Wireless ကို ဖွင့်ကြည့်လိုက်ပါဦး။ 
အပေါ်ပုံမှာ ပြထားသလို မိမိနာမည်နဲ့ Wifi လိုင်းလွှင့်ပြီး ဖော်ပြပေးနေပါလိမ့်မယ်။
Security အတွက် ဘာ Password မှ မထည့်ထားရသေးတော့ ( ? ) ပုံလေးနဲ့ ပြနေမှာပါ။
Password ထည့်လွှင့်ဖို့ Setting ဆက်ထည့်ပါမယ်။
Wireless ကို နှိပ်ပါ။
Security Settings ကိုနှိပ်ပါ။
မြှား (၁) မှာပြထားတဲ့ Version မှာ WPA2 PSK ကိုရွေးပေးပါ။
မြှား (၂) Encryption မှာ Automatic အတိုင်းထားလည်းရပါတယ်။
မြှား (၃) PSK Password မှာ မိမိ အသုံးပြုလိုတာ ထည့်ပါ။
အနည်းဆုံး အက္ခရာ သို့မဟုတ် နံပါတ် ဒါမှမဟုတ် အက္ခရာ + နံပါတ် + လက္ခဏာပါ ပေါင်းပြီးထည့်ပေးလို့ရပါတယ် အနည်းဆုံး ( ၈ ) လုံးတော့ထည့်ပေးပါ။ ပြီးသွားရင်
Save လုပ်ပါ။
Save နှိပ်လိုက်ပါက အပေါ်ကပုံအတိုင်း တွေ့ရမည်ဖြစ်ပြီး မြှားပြထားသည့် Click Here ကို နှိပ်ပါ။
Reboot ကို ထပ်နှိပ်ပါ။

Restarting လုပ်ပါလိမ့်မယ်။ ခဏဆောင့်ပေးပါ။
ပြန်တက်လာတဲ့ အခါမှာ ကွန်ပျူတာက WiFi ကို ကြည့်လိုက်ပါက 
အပေါ်မှာ ပြထားသည့်ပုံအတိုင် Security Type မှာ WPA2-PSK လို့ပြောင်းလည်းဖော်ပြနေပါလိမ့်မယ်။
============================================
ဒီနေရာမှာ တစ်ခုပြောချင်တာက Router ကို ၀င်တဲ့ IP က WiFi လိုင်းကိုဝင်ချိတ်သုံးယုံနဲ့ သိတာပေါ့နော်။
IP ကို သိလို့ Router ကို ၀င်ရင် User Name နဲ့ Password ကို မူရင်းအတိုင်း 
admin ထားမယ်ဆိုရင် ကိုယ့် Router ထဲ ၀င်ချင်တိုင်း ၀င်လို့ရသွားပြီပေါ့။ 
အဲ့တော့ ကျွန်တော်တို့ Router ထဲ ၀င်တဲ့ User Name နဲ့ Password ကို ပြောင်းပါမယ်။
============================================
Maintenance ကို နှိပ်ပါ။
System Tools မှတဆင့် Password ကို နှိပ်ပါ။
ပုံမှာပြထားသည့်အတိုင်း 
Old user Name မှာ အရင်သုံးခဲ့တဲ့ admin
Old Password မှာ အရင်သုံးခဲ့တဲ့ admin
New တွေမှာတော့ မိမိအသစ်သုံးလိုတာကို ဖြည့်ပေးလိုက်ပြီး Save လုပ်ပါ။

ဒီအတိုင်းပြန်တက်လာပြီး အသစ်ပြုလုပ်လိုက်တဲ့ User Name နဲ့ Password ကို အသုံးပြုနိုင်ပါပြီ။
Router ကို အင်တာနက်ရရှိစေပြီး WiFi လည်း ပြန်လွှင့်ပေးပြီးပါပြီ။ ကြိုးဖြင့်လည်း အသုံးပြုနိုင်ပါပြီ။

(လိုအပ်တာများရှိရင်လည်း အကြံပေးနိုင်ပါတယ်ခင်ဗျာ)

Credit >>>> www.pyayblogger.com
 အားလုံးအဆင်ပြေကြပါစေ...........

Aung Ko Htet (IT Studier) 
 
Credit & Ref:  ၀င်းကမ္ဘာကျော်