DHCP ဆာဗာ

windowsreference က ပေးတဲ့ ကျူတိုရီရယ် Guide Lines ကို ပြန်ပြီး ဖောက်သည်ချမှာပါ။ (နည်းနည်း မတူတာလေးတွေ၊ နောက်မှ လုပ်လို့ရတာတွေ၊ ကွဲလွဲတာလေးတွေ ရှိပေမယ့်၊ သူ demonstrate လုပ်တာလေးက ရိုးရှင်းပြီး အဆင်ပြေမယ် ထင်လို့ .. ပြန်လည် မျှဝေပါတယ်။
သူ့မူရင်းက အင်္ဂလိပ်လို ရေးထားတာဆိုတော့ သူရေးတဲ့ဝါကျတွေကို ကြည့်ပီး ဘာသာပြန်တာတော့ ဟုတ်ဘူးဗျ။ ပုံကြည့်ပီး စိတ်ကူးပေါက်သလို ဗမာဗားရှင်းနဲ့ ပြန်ရေးတာမို့ - စိတ်မချရင် ကျနော် ရေးတာတွေ မဖတ်နဲ့။ ပုံတွေပဲ ကွက်ကြည့်သွားပါ။
၀၁)
ဝင်းဒိုး ဆာဗာ 2003 မှာ DHCP ဆာဗာကို အင်စတော လုပ်ဖို့ အရမ်းလွယ်ပါသတဲ့။ ပထမဆုံး - ဒီလိုသွားပါ။
Start–>All Programs–>Administrative Tools–>Manage Your Server

၀၂)
Manage Your Server ဆိုတဲ့ ၀င်းဒိုးလေး ပေါ်လာပြီ ဆိုရင် Add or remove a role ကို ရွေးချယ်ပေါ့။

၀၃)
အောက်ပုံလေးမှာ ဖော်ပြထားတာလေးတွေကို သေချာစစ်ဆေးပြီးရင် Next ကို ကလစ်ခေါက်ပြီး ဆက်သွားပါ။

၀၄)
နောက်ပေါ်လာတဲ့ အဆင့်မှာ - Server Role as DHCP Server option ကို ရွေးချယ်ပြီး Next ကို ကလစ်ခေါက်၍ ဆက်သွားပါ။

၀၅)
Summary selection ဆိုတာလေး ပေါ်လာပါမယ်။ Next ကို ကလစ်ခေါက်ပြီး ဆက်သွားရုံပါပဲ။

၀၆)
DHCP ဆာဗာ အင်စတော်လေးရှင်း progress ဆိုပီး ပေါ်ပြီး ၊ အင်စတော လုပ်ပါလိမ့်မယ်။ (အဲ့ဒီမှာ win server 2003 installer ခွေ တောင်းသေးတယ် ထင်တာပဲ။ ဒီထဲမှာတော့ ပြောမသွားဘူး။ တောင်းရင် ထည့်ပေးလိုက်ပေါ့) ပြီးသွားလျှင် new scope welcome screen ကြီးပေါ်လာပါလိမ့်မယ်။ Next နဲ့ ဆက်သွားပါ။

၀၇)
scope ဆိုတာ အခု DHCP ဆာဗာက ချပေးတဲ့ IP ကို လက်ခံအသုံးပြုမယ့် sbunet တစ်ခုတည်းပေါ်က IP addresses အစုအပေါင်း ဖြစ်ပါတယ်တဲ့။ ဒီတော့ အခုပေါ်လာတဲ့ new scope wizard ( Scope Name ကဏ္ဍ) မှာ မိမိ ပေးလိုတဲ့ Scope ရဲ့ အမည် နဲ့ ဖော်ပြချက် ( name & description) ကို ဖြည့်ပီး Next လုပ်ပေါ့။

၀၈)
အခုတော့ new scope wizard ( IP Address Range ကဏ္ဍ) ကို ရောက်လာပြီ ဖြစ်တဲ့အတွက် မိမိပေးလိုတဲ့ IP Address Range ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပုံကြည့်ရင် ရှင်းသွားမှာပါ။ ပြီးရင် ထုံးစံအတိုင်း Next ပေါ့။

၀၉)
အခု ရောက်လာတာကတော့ new scope wizard ( Add Exclusions ကဏ္ဍ) ပါ။ Scope ထဲမှာ ပေးထားတဲ့ IP Address Range ထဲကနေမှ .. DHCP ဆာဗာကနေ ချပေးတဲ့အခါ ဘယ် အိုင်ပီတွေကိုတော့ဖြင့် ချမပေးဘူး။ ဘယ် IP Address ကနေ ဘယ် IP Address အထိတော့ ပယ်မယ် ... ဆိုတာမျိုးတွေ အတွက် ရွေးချယ်ရမှာပါ။

၁၀)
new scope wizard ( lease Duration ) ကို သတ်မှတ်ပေးရတော့မှာ ဖြစ်ပါတယ်။ DHCP ကနေ ချပေးထားတဲ့ အိုင်ပီကို ယူဇာတစ်ယောက်ဟာ ဘယ်လောက်အထိ အသုံးပြုခွင့်ရမလဲ ဆိုတာကို သတ်မှတ်ပေးရမှာပါ။ ပုံမှာ ပေးထားတဲ့ အတိုင်းဆိုရင် ၈ ရက်ပေါ့။ ၈ ရက်ပြည့်ရင် အိုင်ပီအသစ်တစ်ခု ထပ်ပြောင်းပါလိမ့်မယ်။

၁၁)
ဒါကတော့ သိတဲ့အတိုင်း ဂဂျီးဂဂျောင်ထမေးတာပေါ့ဗျာ။ အထက်မှာ ဟိုဖြည့် ဒီဖြည့် လျှောက်ဖြည့်လာပြီးမှတော့ Yes,I want to configure these option now ကို သာ ရွေးပီး Next လုပ်ပေါ့။ အဲ့လိုမှ မဟုတ်လည်း နောက်မှ ဂါး (Configure) ချင်တယ် ဆိုလည်း No .. ဘာညာသာဒကာ radio button ကို ရွေးပေါ့လေ။

၁၂)
ဒါလေးကတော့ - new scope wizard ( Router _ Default Gateway) ကို သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် Next ။

၁၃)
new scope wizard ( Domain Name & DNS Servers ) မှာ ဖြည့်ကြဦးပေါ့။ ကိုယ့်နက်ဝါ့ခ်မှာ ထိုင်ထားတဲ့ DNS ဆာဗာရဲ့ အိုင်ပီတို့၊ ဒိုမိန်းနိမ်းတို့ ဖြည့်ပီး Next သာ ခေါက်။

၁၄)
လာပြန်ပြီ။ new scope wizard ( WINS Servers ) ။ ရှိရင်ထည့်။ မရှိရင် မထည့်နဲ့။ ဘာမှတော့ မဖြစ်ဘူး ထင်တာပဲ။ ရဲဘော် ဆက် Next ။း-)

၁၅)
new scope wizard ( Activate scope ) တဲ့။ သိတယ်မို့လား။ ဘာလုပ်ပီး ဘာနိပ်ခ် ရမယ် ဆိုတာ။

၁၆)
DHCP ဆာဗာရဲ့ နယူးစကုပ် အင်စတော်လေးရှင်း ဤတွင် နိတ္ထိတံလေတော့သတည်း။ ဒီတစ်ခေါက်တော့ မ Next တော့ဘူး။ Finish တဲ့း-)

ဒါဆို အောက်ကလို မက်ဆေ့ခ်ျလေး ပေါ်လာပါပြီ။

၁၇)

- DHCP ကို ဂါး ကြမယ်။

၁၈)
Authorization ပြီးတဲ့အခါ DHCP ဆာဗာကြီး စပြီး run နေပါတော့သတည်း။ ပုံတွင် ကြည့်ပါ။

၁၉)
ပြီးပါပြီ။
နည်းနည်းပြောစရာ ဆိုလို့ reservation လုပ်တာလေးပါ။ DHCP ဆာဗာကနေ IP address တွေကို reserve လုပ်ခွင့် ပြုပါတယ်။ ဒါပေမယ့် reservation လုပ်ပေးထားချင်တဲ့ စက်တိုင်းရဲ့ ( network card တိုင်းရဲ့ )physical address ခေါ်တဲ့ MAC တွေကို သိထားဖို့တော့ လိုပါမည်။ အောက်မှာ ပြထားတဲ့ ပုံလေးမှာ စပ်စုကြည့်ပါ။

DHCP ဆိုတဲ့ Dynamic Host Configuration Protocol ကတော့ Network သမားတိုင်းမသိတဲ့သူမရှိဘူးလို့ ပြောရမှာပါပဲ။ သူက IP Address တွေကို Automatically ချပေးနိုင်တဲ့ကောင်ပေါ့။ ဟုတ်ပါပြီ။ ဒီကောင်တွေက မသုံးမဖြစ်သုံးနေရတာဆိုတော့ ဒီကောင်တွေရဲ့ ပြဿနာတွေကလည်း အမြဲကြုံတွေ့နေရမှာပဲလေ။ ဒါကြောင့် သင်တို့အတွက်ကို အမြဲစဉ်းစားပေးနေတဲ့ ကျွန်တော်က DHCP Serv er မှာဖြစ်တတ်တဲ့ ပြဿနာတွေရယ်၊ ဘယ်လို Troubleshoot လုပ်ရမယ်ဆိုတာကို ပြောပြပါ့မယ်။ Steps by Steps ပေါ့။
(၁)Client မှာဘယ်လို Configuration လုပ်ထားလဲစစ်ကြည့်ပါ။
Client ဆီမှာ Connection လွတ်သွားရင်သော်လည်းကောင်း၊ Client အသစ်အတွက် Configuration ချကာစမှာသော်လည်းကောင်း၊ DHCP Failure ဆိုပြီး ပေါ်လာတတ်ပါတယ်။ ဒါဆိုရင်တော့ Client ကပဲဖြစ်သလား၊ ဘယ်နေရာကဖြစ်သလဲဆိုတာကို အရင်စဉ်းစားဖို့ လိုပါတယ်။ ဒီတော့ DHCP ရဲ့ IP ချတာကိုရရဲ့လားကြည့်ရအောင်။ ကြည့်နည်းကတော့ လွယ်ပါတယ်။ Command Prompt ထဲမှာ IPconfig /all ဆိုပြီး ထည့်ကြည့်ပေါ့။ အဲဒီမှာ DHCP Enabled လည်းဖြစ်နေမယ်၊ IP Address လည်း ကျနေတယ်ဆိုရင်တော့ ဒါကောင်းပါတယ်။

နောက်တစ်မျိုးကတော့ Task Menu ပေါ်မှာပေါ်နေတဲ့ Network Connection လေးပေါ်မှာ Click နှိပ်ရင်အောက်က ပုံအတိုင်းပေါ်လာလိမ့်မယ်။

အဲဒီကမှ Support ဆိုတဲ့ Tab မှာသွားကြည့်ကြည့်။

Address Type မှာ "Assigned by DHCP" ဖြစ်နေရင်တော့ ဒါဟာ DHCP Server နဲ့ကောင်းကောင်း Network မိနေပါတယ်။ ဟိုလိုမျိုး DHCP Failure ဆိုတဲ့ Warning msg လည်း ပေါ်စရာမလိုပါဘူး။ ဒီလိုမျိုး Setting တွေမှန်ကန်နေရင်းနဲ့မှ Error Warning တွေတက်လာတယ်ဆိုရင်တော့ ဒါဟာ Local Client ကဖြစ်တာမဟုတ်တော့ပါဘူး။
(၂) Address Conflict ဖြစ်ခြင်း
တကယ်လို့ IP Address တစ်ခုတည်းကို ကွန်ပျူတာနှစ်လုံးမှာ ပြိုင်တူချလိုက်မိတယ်ဆိုရင် Address Conflict Error ဖြစ်တတ်ပါတယ်။ အဲဒီ Error ကိုတော့ System Tray နားမှာ ပြပါလိမ့်မယ်။ ဒါဆိုဘာကြောင့် DHCP သုံးထားရဲ့သားနဲ့ Address တူတူတွေချပေးကုန်တာလဲ။ ဒါဟာ DHCP Server တွေ Compete ဖြစ်ရင် (သို့မဟုတ်) DHCP Scope အပြောင်းအလဲရှိရင် ဖြစ်တတ်ပါတယ်။
DHCP Server Compete ဖြစ်တာကိုတော့ Windows Support Tool တစ်ခုဖြစ်တဲ့ Dhcploc.exe နဲ့ စစ်ဆေးလို့ရပါတယ်။ အဲဒါနဲ့ Check လုပ်ကြည့်လို့ Compete ဖြစ်နေတဲ့ DHCP Server ကို တွေ့တဲ့အခါကျရင် Remove လုပ်လိုက်ပေါ့။ ဒါဆိုရင် အဆင်ပြေနိုင်ပါတယ်။
အဲ..DHCP Scope Change ပြီးမှဖြစ်တာဆိုရင်တော့ Conflict Error တက်နေတဲ့ Client ဘက်မှာ IP Address ကို Renew ပြန်လုပ်ကြည့်ပေါ့။ Renew လုပ်တာကတော့ လွယ်ပါတယ်။ Command Prompt ထဲမှာ
"ipconfig /renew"ဆိုပြီး Run ပေးလိုက်ပါ။

(၃) DHCP Address မရရှိခြင်း
သင် Connection မရလို့ ipwnfig /all ခေါ်ကြည့်လိုက်တဲ့အခါ DHCP ကနေ IP မရဘဲ APIPA (သို့) Alternate Configuration ကဟာပဲ ရနေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ Command Prompt ထဲမှာ "ipconfig / renew" ပြန်လုပ်ရင်လုပ် (သို့မဟုတ်) Connection Status ရဲ့ Repair Button ကိုနှိပ်ပြီး Repair ပြန်လုပ်ကြည့်ပါ။

ဒီလိုလုပ်တာလဲပြန်မကောင်းဘူးဆိုရင်တော့ DHCP Server ရယ်၊ Scope ရယ်ကို စစ်ဆေးကြည့်ရပါတော့မယ်။ Server ထဲမှာသင်ချထားတဲ့ Configuration တွေမှန်ကန်ရဲ့လား စစ်ဆေးပါ။ ဘာတွေစစ်တာလဲလို့မေးရင်တော့ Server ကို Fully
Installed မှ လုပ်ထားရဲ့လား၊ သေချာ Configure ချထားလား၊ Scope ဆောက်ထားရဲ့လား၊ Authorized ကောလုပ်ထားရဲ့လားစတာတွေပေါ့။
တကယ်လို့ Scope ကို စစ်ဆေးမယ်ဆိုရင်တော့ Scope က Active ဖြစ်ရဲ့လား၊ Scope ထဲက Liease တွေကို Assig ချပေးထားတာရော မှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးရပါမယ်။

(၄) တခြား Scope က Address ရနေခြင်း
DHCP ကနေ IP Address က ရတော့ရနေပါရဲ့။ သို့သော် ကိုယ်ကျစေချင်တဲ့ Scope ကမကျဘဲ၊ တစ်ခြား Scope ကနေကျနေတယ်လား။ ဒါဆိုရင် အရင်ဆုံးစစ်ဆေးသင့်တာကတော့ Network ထဲမှာ Compete ဖြစ်နေတဲ့ Server တွေများရှိသလားစစ်ဆေးရမှာပါပဲ။
ဒါဆို စစ်ချင်ရင်တော့ (၂)အချက်တုန်းက ကျွန်တော်ပြောခဲ့သလို Dhcploc.exe နဲ့သာစစ်ကြည့်ပါ။ ရှိရင်တော့ Remove လုပ်ပစ်ပေါ့လေ။ ကဲ....မရှိဘူးဗျာဆိုရင်တော့ရှိသမျှ DHCP Server အားလုံးထဲက Scope တွေများထပ်နေသလား ကြည့်ကြည့်ပါတော့။
ဒါတွေကတော့ DHCP Server ကို Troubleshoot လုပ်တဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
စိတ်ကျေနပ်နိုင်ကြပါစေဗျာ။

0 comments:
Post a Comment