Internet Connection Sharing ( ICS )
ကျနော် အခုဆွေးနွေးမှာ ကတော့  NIC ( Network Interface Card ) ၂ ခုနဲ့  Internet Connection ကို ဘယ်လို Share လုပ်မလဲ ဆိုတာလေး ပါ။
ကျနော့် မှာ NIC ၂ ခုရှိတယ် ဆိုပါတော့  ၁ ခုက Internet ရနေတယ် ... နောက် ၁ ခုနဲ့  ၁ ခြားစက် ၁ လုံးကိုပြန်ရှယ်ချင်တယ် ဗျာ ...
အိုကေ .... စလိုက်ကြရအောင် ...။
ပထမ သိထားရမှာ က Server နဲ့  Client ... နက်ပေးမယ့် စက်က Server ဖြစ်ပြီးတော့  ယူမဲ့စက်က Client ဖြစ်ပါမယ် ...။
Server စက်နဲ့  Client ကို LAN ချိတ်လိုက် ပါမယ် ...
အရင်ဆုံး Server စက်ကို Configuration အရင် လုပ်ပါမယ် ..... Server စက်မှာ နက်ဝပ် ကဒ် ၂ ကဒ် ရှိပါမယ်...
၁ ကဒ်က နက်ဝင်နေတဲ့  ကဒ် ဖြစ်ပြီး ကျန် ၁ ကဒ် က Client နဲ့  LAN ချိတ်ထားတဲ့  ကဒ် ဖြစ်ပါမယ်။

Server Configuration
Net ဝင်နေတဲ့ ကဒ်ကို Right Click >>>> Properties >>>> Advanced ကိုသွားပါ ... Allow the other network user ......... ကိုအမှန်ခြစ်ပေးလိုက်ပါ။

ဒါဆိုရင် နက်က LAN Adapter ကနေပြနထွက်နေပါပြီ ... LAN Adapter ကို Right Click >>>> Properties >>>> Internet Protocol (TCP/IP) ကို Select လုပ်ပြီး Properties ကို ကလစ်ပါ။
Use the following IP Address ကို Select လုပ်ပြီး ရွေးလိုက်ပါ ပြီး ရင်အောက်က အတိုင်းပေးလိုက်ပါ။
IP >>>>>> 192.168.0.1
Subnet >>>>>> 255.255.255.0


ကဲ ဒါဆိုရင် Server ဘက်က လုပ်ဆောင်မှု အားလုံးပြီးသွားပါပြီ ...
Client Configuration
နက်ယူမဲ့  စက်ကို ပြင်ပါမယ် နက်ဝက် Adapter ကို Right Click >>>> Properties >>>> Internet Protocol (TCP/IP) ကို Select လုပ်ပြီး Properties ကို ကလစ်ပါ။
အောက်က ပုံ အတိုင်း ပေးလိုက်ပါ။
Ip >>>>>>>>> 192.168.0.2
Subnet >>>>>>>>> 255.255.255.0
Default gateway >>>>>>>>> 192.168.0.1
DNS >>>>>>>>> 192.168.0.1

ကဲ ဒါဆိုရင် အားလုံးပြီးသွားပါပြီ ... ဒါကတော့  ICS ရိုးရိုးလေးပါ ...
192.168.0.XX ဆိုတာက Private IP Class C ကိုသုံးထားတာဖြစ်ပါတယ် ...။
Snbnet Mask ကို 255.255.255.0 ပေးထားတဲ့  အတွက် အများဆုံး စက် 254 ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်...
Ip Range တွေ ကတော့  192.168.0.1 ကနေ 192.168.0.254 အထိဖြစ်ပါမယ် .....။
0 comments:
Post a Comment