Everything About IT Notes

Wednesday, February 22, 2012

MTU Limit - Test and change your connection's MTU limit
ဒီကောင်လေးကတော့ ကျွန်တော်တို့ Network Connection တွေမှာ Maximum Transfer Limit လို့ ခေါ်တဲ့  MTU Value ကို စမ်းပုံ နဲ့  Fix ဖြစ်အောင်ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးပေးပါမည်။ MTU အရမ်းများနေရင်လည်း Data Package တွေ လိုရာကို မရောက်ဘဲ လမ်းများ Loss ဖြစ်နိုင်ပြီးတော့  နဲနေရင်လည်း Browsing လုပ်တာ နှေးမယ်။ Upload တင်တာ ကြာမယ် စသည်ဖြင့် Error လေးတွေ ရှိနိုင်ပါတယ်။ ဒီကောင့်ကို စစ်ဖို့အတွက်
 RUN >>> cmd >>> netsh interface ipv4 show subinterfaces လို့ ရိုက်ပါမယ်။ Default MTU Size ကတော့  1500 bytes ဖြစ်ပြီးတော့  VPN Connection ဆိုရင်တော့  1400 Bytes ဖြစ်ပါမယ်။ ဒါပေမဲ့  1500 Byte အပြည့် တော့ မရနိုင်ပါဘူး။ Effective ဖြစ်တဲ့  ပမာဏ က တော့ 1472 Bytes ဆိုရင်တော့ အကောင်းဆုံးလို့ ပြောလို့ ရပါတယ်။


အောက်က ပုံကတော့ ကိုယ့်ရဲ့ MTU Size ကို စမ်းတာ ဖြစ်ပါတယ်။



တကယ်လို့ များ နဲနေတယ် ဒါမှမဟုတ် အရမ်းများနေတယ် ဆိုရင်တော့ မမှန်သေးပါဘူး။ အဲ့တော့ ကျွန်တော်တို့ ရဲ့  Connection ကို သိရအောင် အချစ်တော်ကြီး Google ကို လှမ်း Ping ပါမယ်။
Command ကတော့  ဒီကောင်ပါ .... >>>>>> ping google.com -f -l 1472
အကယ်၍များ အောက်က ပုံလို Reply လေးခု ( ၄ ကြောင်း ) ပြန်တက်မလာဘူးဆိုရင်တော့  Error ရှိနေပါပြီ။



အောက်က ကွန်မန်း ကို ရိုက်ထဲ့ရပါမည်။ Local Area Connection ဆိုတဲ့ နေရာမှာ မိမိ ရဲ့ နက်ဝင်နေတဲ့ ကွန်နက်ရှင်ကို ထည့်ပေးပါ။ ကိုယ်က Local Area Connection2 နဲ့ ချိတ်ထားတာ ဆိုရင် Local Area Connection2 လို့ ပြောင်းရိုက်ရမှာဖြစ်ပါတယ်။

Quote
netsh interface ipv4 set subinterface "Local Area Connection" mtu=1490 store=persistent


For Wireless Connection

Quote
netsh interface ipv4 set subinterface "Wireless Network Connection" mtu=1490 store=persistent

0 comments:

Post a Comment