Everything About IT Notes

Thursday, February 23, 2012

Performance Console အကြောင်း

ယခု ပြောပြမဲ့ အကြောင်းအရာလေးကတော့ Windows Server 2003 ထဲမှာပါဝင်တဲ့ Performance Console
အကြောင်းလေးပဲ ဖြစ်ပါတယ်။ (Network) ကွန်ယက်ချိတ်ဆက်ထားတဲ့ Computer တိုင်းမှာ သူတို့ရဲ့ လုပ်ဆောင်မှု (Performance) တွေကို Performance Console ကနေ ကြည့်ရှုနိုင်ပါတယ်။ Network ချိတ်ဆက်ထားမှုမရှိတဲ့Computer တွေမှာလည်း Performance Console ကိုစမ်းသပ်ကြည့်လို့ရပါတယ်။ Performance တွေကိုစောင့်ကြည့်တယ်လို့ပြောတာ ဆိုတော့ ကျွန်တော်တို့ ဒီနေရာမှာ သိထားရမှာက မိမိကဘာဖြစ်လို့ Performanceတွေကိုစောင့်ကြည့်သင့်သလဲ ဆိုတာက သိထားရမှာဖြစ်ပါတယ်။ ကျွန်တော် အခု ဒီနေရာမှာပြောနေတဲ့ Performanceဆိုတာကလဲ တစ်ခြားမဟုတ်ပါဘူး။ မိမိComputer System တစ်ခုလုံး ဘယ်လောက်ထိ အလုပ်လုပ်နေသလဲ ဆိုတဲ့Performance ကိုပြောတာဖြစ်တယ်။ မိမိ Computer System ရဲ့ Performance ကိုပြောတာဆိုတော့ မိမိ ComputerSystem ထဲမှာ ဘာတွေရှိလဲ။ CPU,Memory, Hard disk, Network နဲ့ Printer စတဲ့ မိမိရဲ့ Computer System နဲ့ပတ်သက်တဲ့ Performance တွေကို ပြောလိုက်တာပေါ့။

ကျွန်တော်တို့က အဲဒီ Performance တွေကို ဘာကြောင့်စောင့်ကြည့်သင့်သလဲ ဆိုရင်(၁) မိမိရဲ့ Computer System (CPU,Memory,Hard disk) စတာတွေ ဘယ်လောက်ထိ အလုပ်လုပ်နေတယ်ဆိုတာသိရမယ်။
(၂) မိမိရဲ့ Network Performance ဘယ်လောက်ထိ အလုပ်လုပ်နေသလဲ ဆိုတာသိရမယ်။
(၃) မိမိရဲ့ Computer System ထဲသို့ Hacker တွေဝင်ရောက်မှု ရှိလား၊ မရှိလား သိနိုင်တယ်။
(၄) Virus တွေမိမိရဲ့ Computer System ထဲသို့ ၀င်ရောက်မှု ရှိလား၊ မရှိလား သိနိုင်တယ်။
စတဲ့ အချက်တွေကြောင့် ကျွန်တော်တို့တွေသည် Performance Console ကနေတဆင့် မိမိ Computer System ရဲ့Performance ကိုစောင့်ကြည့်သင့်ပါတယ်။ ဥပမာ အနေနဲ့ ကျွန်တော်တစ်ခု ပြောပြမယ်။ ကျွန်တော်တို့မှာ ClientComputerများ Data သိမ်းဆည်းဖို့ရန် File Server တစ်ခု ထိုင်ထားတယ်ပေါ့ဗျာ။ အဲဒီ အခါမှာ Client Computer များကFile Server ထိုင်ထားတဲ့ Computer ကြီးဆီမှာ Data တွေသိမ်းဆည်းမယ်။ ယူသုံးကြမယ်ပေါ့ဗျာ။ အဲဒီတော့  File Serverဆိုတဲ့အတိုင်း အရမ်းအရေးကြီးတဲ့ File တွေ Data တွေကိုသိမ်းထားတာပေါ့ဗျာ။ အဲဒီ File Server မှာ NetworkAdministrator တစ်ယောက်က နေ့တိုင်း သူက File Server ကနေ Performance Console ကိုဖွင့်ပြီး Network ရဲ့Performanceကိုစောင့်ကြည့်နေရတယ်။  အဲဒီလို စောင့်ကြည့်ရင်း တစ်နေ့မှာ သူ့ရဲ့ Network Performance က အရင်ကNetwork Performance ထက်ကိုကျော်လွန်နေတာတွေ့လိုက်တယ်။ အဲဒီအခါမှာ Network Administrator က ချက်ချင်းသူ့ရဲ့ Network ကို trace လိုက်တာပေါ့။ အဲဒီအခါမှ သူဟာ ချက်ချင်းပဲ သိလိုက်တယ်။ သူ့ရဲ့ File Server ထဲက Dataတွေကို Hack ဖို့ရန်အတွက် Attack လုပ်နေတယ်ဆိုတာကို ချက်ချင်းပဲ သိလိုက်တယ်။ အဲဒီ အခါမှာ NetworkAdministrator ကမိမိရဲ့ File Server ထဲက Data တွေ Hacking အလုပ်မခံရအောင် ကာကွယ်သင့်တာတွေကာကွယ်လိုက်တော့တာပေါ့ ဒါကြောင့် ကျွန်တော်တို့တွေသည် Performance Console ကနေတဆင့် မိမိ Computer
System ရဲ့ Performance  တွေကိုစောင့်ကြည့်သင့်ပါတယ်။ ဒီတော့ Performance Consoleနဲ့ စောင့်ကြည့်ချင်တယ်
ဆိုရင်  အောက်မှာပြောပြ ထားတဲ့အတိုင်း အဆင့်ဆင့်လုပ်ကြည့်ရအောင်။
Start အောက်က Program Administrative
Tools ကိုသွားပါ။


အဲဒီနောက် Performance ကို Mouse နဲ့ Click တစ်ချက်နှိပ် (ဒါမှမဟုတ်) Keyboard နဲ့ Enter ခေါက်ကြည့်ပါနော်။



လှုပ်ရှားနေတဲ့ အရောင် (၃) ရောင်ကို တွေ့ရပြီနော်။ ပုံရဲ့ ဘယ်ဘက်ခြမ်းကို ကြည့်လိုက်ပါဦးနော်။ Console root ဆိုတာရှိတယ်။



အဲဒီအောက်မှာတော့ System Monitor ဆိုတာရှိတယ်နော်။ အဲဒါက စောစောကပြောခဲ့တဲ့ ကိုယ့်စက်ထဲမှာရှိတဲ့System ကိုစောင့်ကြည့်တယ်ဆိုတာပေါ့။ အဲ...ပြီးတော့ Performance icons and alerts ဆိုတဲ့ ခေါင်းစဉ်တစ်ခုလည်းရှိပါသေးတယ်။ အဲဒါကို နောက်ပိုင်းမှာ လေ့လာရမှာ ဖြစ်ပါတယ်။
ပုံ-၂ မှာတွေ့ရတာကတော့ IPv4,NTDS,Memory နဲ့ Processor စတဲ့ စက်ထဲက System တွေရဲ့  အလုပ်လုပ်ပုံကို အရောင်လေးတွေနဲ့ ခွဲခြားဖေါ်ပြထားတာပါ။ ဒီတော့ ပုံမှန်အားဖြင့်တော့အရောင်သုံးရောင် (System ၃ မျိုး) ကိုပထမဆုံး အားလုံးမြင်တွေ့ကြရပါတယ်။ တစ်နည်းပြောရရင်တော့ Default အနေနဲ့ ပါရှိတယ်ပေါ့။ အဲ... စက်က Defaultအနေနဲ့ ပြထားတဲ့ အပိုင်းတွေကို မကြည့်ချင်ဘဲ အခြား System တွေကြည့်ချင်တယ်ဆိုရင် Add ဆိုပြီး အသစ်ထပ်ထည့်လို့ရပါတယ်။


အခုမြင်တွေ့နေရတဲ့ ပုံရဲ့အောက်မှာ အရောင်လေးတွေကို ရှင်းပြထားတာ ရှိတယ်။ အဲဒီ နေရာမှာ right click
နှိပ်လိုက်ပါ။ ပုံမှာတွေ့ရတဲ့အတိုင်း Add Counters, Save as နဲ့ Properties တွေပါရှိပါတယ်။
ပထမဆုံး Add Counters ဆိုတာကို နှိပ်ကြည့်ရအောင်။



သူနဲ့သက်ဆိုင်တဲ့ Box တစ်ခုကျလာပါလိမ့်မယ်။



အဲဒီ Box ထဲကနေ ကိုယ်ကြိုက်တဲ့ အမျိုးအစား ၊ တစ်နည်းအားဖြင့် ကိုယ်ကြည့်ရှုချင်တဲ့ အပိုင်းကိုရွေးလို့ရပါတယ်။Performance Object ဆိုတဲ့နေရာမှာ မြားလေးတွေ့တယ်နော်။ အဲဒီ မြားလေးကို နှိပ်ကြည့်ပါ။



ပုံမှာတွေ့တဲ့အတိုင်း အများ ကြီးပဲနော်။ ကဲ... ကြိုက်တာသာရွေးပေတော့။ ဘယ် System အပိုင်းရဲ့ အလုပ်လုပ်
ပုံကို ကြည့်ရှုချင်လဲ။ ရွေးကြည့်ပါနော်။ ဥပမာ အနေနဲ့ လွယ်လွယ် System ကိုပဲ ရွေးကြည့်ရအောင်။



ရွေးပြီးရင် Click တစ်ချက်နှိပ်ပါ။ အဲဒီနောက် သူ့ရဲ့အောက်မှာ ရွေးချယ်ဖို့ အပိုင်း (၄) ပိုင်းရှိတယ်နော်။



All Counters (အကုန်လုံး) , ဒါမှမဟုတ် Select Counters from list (List ပေးထားပြီး ကြိုက်တဲ့ Counters
ရွေးခိုင်းတာပါ။) , All instances (အကုန်လုံး) , နောက်ဆုံးတစ်ခုကတော့ Select instances from list (List ထဲက
instances တွေကိုရွေးခိုင်းတာပါ။)ဒါပေမဲ့ပုံထဲမှာမြင်တွေ့နေရတာ နှစ်ခုကလင်းနေပေမဲ့ နှစ်ခုကမှိန်နေတယ်နော်။
ဘာလို့လဲဆိုတော့ Select Counters from list ဆိုတဲ့ Option လေးကိုရွေးထားလို့ပါ။ တစ်ကယ်လို့ All Counters ကိုရွေးခဲ့ရင်တော့ (၄) မျိုးစလုံး လင်းလာပါလိမ့်မယ်။ မှိန်နေခဲ့ရင် ရွေးချယ်လို့မရဘူးနော်။ ဒီတော့ လင်းနေမှရွေးလို့ရမှာပါ။Select instances ကိုသာရွေးခဲ့ရင် အဲဒီအောက်မှာ Total,0,1 စတဲ့ အပိုင်း (၃) ပိုင်းတွေ့ရမှာပါ။ ကြိုက်တာရွေးနိုင်ပါတယ်။ ဘယ်အပိုင်းဖြစ်ဖြစ် ကိုယ်ရွေးလိုက်တဲ့ အပိုင်းကို စက်က ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။အဲ...ရွေးချယ်နေတုန်း ကိုယ်လုပ်ဆောင်ချင်နေတဲ့ အရာကို မသိတော့ဘူးဆိုရင် Explain ဆိုတဲ့ ရှင်းပြထားတဲ့ iconလေးရှိနေပါသေးတယ်။



ဒီတော့ နားမလည်ရင် Explain ကိုနှိပ်ပြီး ရှင်းပြထားတာ ဖတ်ရုံပဲပေါ့။ ဒီလိုဆို နားမလည်စရာ အကြောင်းမရှိတော့
ဘူးပေါ့နော်။ စိတ်တိုင်းကျ ရွေးပြီးသွားပြီဆိုရင် Add ကိုနှိပ်လိုက်ပါ။



စောစောက အရောင် (၃) ရောင်ပဲရှိတာ အခု အရောင်တစ်ရောင် ထပ်တိုးလာပြီနော်။ ဒီတော့ အဲဒီ အရောင်နဲ့
ပတ်သက်ပြီး အောက်မှာရှင်းလင်းထားတာကိုလည်း ပုံမှာတွေ့ရတဲ့အတိုင်း မြင်တွေ့နိုင်ပါတယ်။ ဒီလိုဆိုတော့  ကိုယ်ကြည့်ရှု
ချင်တဲ့ အပိုင်းကို Add Counters လုပ်ရုံနဲ့ အလွယ်တကူ ကြည့်ရှုနိုင်ပြီပေါ့။



ဒုတိယ အနေနဲ့ မြင်တွေ့ရတာကတော့ Save as ပါ။



Save ဆိုတဲ့အတိုင်း ကိုယ် Save လုပ်ချင်တဲ့အခါ သိမ်းနိုင်တာပေါ့နော်။



နောက်ဆုံးတစ်ခုကတော့ Properties ပါ။



အဲဒီ Properties ကိုနှိပ်လိုက်ရင် အပိုင်းအနေနဲ့ (၅) ပိုင်းတွေ့ရမှာပါ။
General,Source,Data,Graph နဲ့ Appearance တို့ဖြစ်တယ်နော်။



ပထမဆုံး General ဆိုတဲ့ Tab လေးကိုကြည့်ရအောင်နော်။ View ဆိုပြီးတော့ ထိပ်ဆုံးမှာတွေ့တယ်နော်။ အဲဒါကတော့
ကိုယ်ဘယ်ပုံစံနဲ့ ကြည့်ချင်လဲ ဆိုတာပါပဲ။ ဥပမာ-အခု မြင်နေရတဲ့ပုံက Graph ပုံနော်။ ဒါကြောင့် ပုံမှာတွေ့လား။ Graph
ကိုရွေးထားတာလေ။ Graph ပုံစံနဲ့ မကြည့်ချင်ဘူးဆိုရင် အခြား (၂) မျိုး ဖြစ်တဲ့ Histogram နဲ့ Report  ထဲက ရွေးကြည့်ပါ။
ပြီးရင် ဘယ်လိုဖေါ်ပြထားလဲ ဆိုတာ ရှာကြည့်နိုင်ပါတယ်။ ပုံမှာလည်း ပြပေးထားတယ်နော်။
အဲ... ပြီးတော့ အခြားကြိုက်နှစ်သက်ရာကို မိမိ စိတ်ကြိုက်ပြင်ဆင်ရွေးချယ်ပြီး လေ့လာကြည့်လို့ရပါတယ်။



ဒုတိယ အပိုင်းကတော့ Source နော်။ အဲဒီမှာလည်း ကိုယ့်စိတ်ကြိုက်ပြင်ဆင်ပြီး လေ့လာကြည့်ပါ။ Data Source
မှာရှိတဲ့ ရွေးချယ်စရာ (၃) ခုထဲမှ ကြိုက်တာရွေးပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။



နောက်တစ်ခုကတော့ Data ပေါ့။



အဲဒီ မှာတော့ Counters နဲ့ ပတ်သက်တဲ့ အပိုင်းတွေကို မြင်တွေ့ရမှာပေါ့။ ကြိုက်နှစ်သက်သလိုရွေးချယ်ပြီး
လေ့လာနိုင်ပါတယ်။ ပုံထဲမှာမြင်တွေ့ရသလိုပါပဲ။ Counters အသစ်ထပ်ထည့်ချင်တယ် ဆိုရင်လေ Add ဆိုတာကို နှိပ်ပြီးကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ အရောင်၊ Line ရဲ့ အရွယ်အစားနဲ့ ပုံစံ (Style) ကိုလည်း ရွေးချယ်နိုင်ပါတယ်။









(၄) ခုမြောက်က Graph တဲ့။ ကိုယ်မြင်တွေ့ချင်တဲ့ အရွယ်အစားကို ရွေးချယ်ပြောင်းလဲ နိုင်ပါတယ်။



နောက်ဆုံးတစ်ခုကတော့ Appearance  ပါ။



ကြိုက်နှစ်သက်ရာ အရောင် ကို ရွေးချယ်နိုင်ပါတယ်။



မကြိုက်သေးဘူးဆိုရင်လည်း Customize ဆိုပြီး ရွေးလို့ရသေးတယ်နော်။



အဲဒီအပြင် Font ကိုလည်းစိတ်ကြိုက်ရွေးချယ်ပြီး စမ်းသပ်ကြည့်နိုင်ပါသေးတယ်နော်။ ပုံလေးတွေကို လေ့လာကြည့်ပါဦး။



ဒီလောက်ဆိုရင် Performance Console နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို တော်တော်လေး စုံစုံလင်လင် သိရှိသွားလောက်ပါပြီနော်။ ဒီတော့ စိတ်ကြိုက်သုံးစွဲ လေ့လာကြည့်နိုင်ပြီပေါ့နော်။

0 comments:

Post a Comment