အိမ်သုံး Proxy Server(သို့မဟုတ်)CCProxy

မိမိတို့အိမ်မှာ အင်တာနက်တပ်ဆင်ရင် သားသမီးတွေအတွက် မကြည့်သင့်တဲ့ဝက်ဆိုက်တွေကို ပိတ်ပင်ချင်သလား ?
အင်တာနက်ကဖေးများအတွက် user တွေကို bandwidth ကန့်သတ်ချင်ပါလား ?
web cache အနေနဲ့ အင်တာနက် speed ကိုပိုမိုမြန်စေချင်ပါလား ?
မိမိတို့ ပေးသုံးစေချင်တဲ့ စက်ကိုပဲ ip address, mac address စသဖြင့် password နဲ့ပါ control လုပ်ချင်ပါသလား ?
client စက်တွေကို ဘယ်အချိန်ကနေ ဘယ်အချိန်ထိပဲ အချိန်နဲ့ ကန့်သတ်အသုံးပြုစေချင်ပါသလား ?
client စက်တွေ ဘယ်ဆိုက်တွေ ဖွင့်နေတယ် ၊ ဘာလုပ်နေလဲဆိုတာ အလွယ်တကူ သိချင်ပါသလား ?
စသဖြင့် စသဖြင့် အဲဒါတွေကို အလွယ်တကူ လုပ်ဆောင်ချင်ရင်တော့ CCproxy software နဲ့ လုပ်နိုင်ပါတယ်။
အဲလိုလုပ်ဆောင်ဖို့အတွက် ဆာဗာထိုင်မဲ့စက်မှာ NIC(Network Card) ၂ ခု ရှိရပါမယ်။
တစ်ခုက အင်တာနက်ကြိုးအ၀င်ဖြစ်ပြီး ၊ နောက်တစ်ခုက မိမိအင်တာနက်ပြန်ပေးမဲ့ local network အတွက် ဖြစ်ပါတယ်။
အဲဒါတွေ ပြည့်စုံပြီးဆိုရင်တော့ CCproxy software ကို ဒေါင်းလုပ်လိုက်ပါ ။
CCProxy ရဲ့ မူရင်း official site က http://www.youngzsoft.net/ccproxy/ ပါ ။
အဲ့ကနေ trial version ကို ဒေါင်းနိုင်သလို ၊ အသုံးပြုပုံ user guide ကိုလဲ ဒေါင်းနိုင်ပါတယ်။ ကျွန်တော်အဲဒါကိုဖတ်ပြီး အခုမြန်မာလို ပြန်တင်ပြလိုက်တာပါ။
trial version ဟာ client စက် ၃ လုံးကို control လုပ်နိုင်ပြီး ၊ အဲဒီထက်ပိုမိုများတဲ့စက်တွေကို ထိန်းချုပ်အသုံးပြုချင်ရင်တော့ ဖူးဗားရှင်းဝယ်သုံးရပါမယ်။
အခုကျွန်တော်တင်ပေးထားတဲ့လင့်က ဖူးဗားရှင်းပါ ။ ကီးဂျန်းကနေ ကီးထည့်ပြီး activate လုပ်လိုက်ပါ။
ဆာဗာထိုင်မဲ့စက်မှာ အင်စတောပြီးရင် ဖွင့်လိုက်ပါ။

အရင်ဆုံး ip setting တွေ သတ်မှတ်ပါမယ်။ Control Panel >>>> Network Connection ကနေ(window 7 တွေအတွက် Open Network and Sharing Center) ကိုဖွင့်လိုက်ပါ။
Network Adapter ၂ ခုတွေ့ရပါလိမ့်မယ်။ တစ်ခုက အင်တာနက်ရဖို့အတွက် သုံးတဲ့ တစ်ခုဖြစ်ပြီး ၊ နောက်တစ်ခုက ကျွန်တော်တို့ အင်တာနက်ပြန်ပေးမဲ့ Network Adapter ပါ။
ဒီတော့ အင်တာနက်ရတဲ့ network adapter-1(ရှင်းလင်းအောင် adapter-1 လို့ကျနော်နာမည်ပေးထားလိုက်မယ်) ကို right click ထောက်ပြီး Sharing ကနေ
အခုလို မိမိအင်တာနက် ပြန်ပေးမဲ့ Network Adapter-2 ကို ရွေးပေးလိုက်ပါ။

ပြီးပါက မိမိအင်တာနက်ပြန်ပေးမဲ့ Network Adapter-2 မှာ IP Address တစ်ခု သတ်မှတ်ပေးရပါမယ်။
အများအားဖြင့် Network Adapter-1 ကနေ Share ပေးလိုက်တာနဲ့ Adapter-2 မှာ အော်တို အိုင်ပီ သွားသတ်မှတ်ပေးပါတယ်။ မပေးရသေးလဲ ပေးလိုက်ပါ။
ip - 192.168.0.1
subnet - 255.255.255.0

အဲဒါပြီးရင်တော့ ဆာဗာဘက်က လုပ်ဆောင်မှု ပြီးပါပြီး ။
အင်တာနက် ရယူမဲ့ client စက်တွေရဲ့ Network Connection မှာ ip address သတ်မှတ်ပေးရပါဦးမယ်။
ipv4 setting မှာ အခုလိုပဲ အိုင်ပီတွေကို သတ်မှတ်ပေးလိုက်ပါ။
ip - 192.168.0.2
subnet - 255.255.255.0
default gateway - 192.168.0.1
preferred dns - 192.168.0.1
အဓိက concept က ဆာဗာစက်ရဲ့ IP Address ဟာ client စက်ရဲ့ Default Gateway ဖြစ်ရပါမယ် ။
ဒီတော့ ဆာဗာစက်ကို ဘယ်လိုပေးပေး client စက်မှာ default gateway အဖြစ် ထည့်ပေးရမှာဖြစ်ပါတယ်။

အခုလို သတ်မှတ်ပေးလိုက်ပါ ။ ဒါဆိုရင် client စက်မှာ အင်တာနက်သုံးလို့ရနေပါပြီး ။ ဒါဟာ ICS(Internet Connection Sharing) ရိုးရိုးလေးပါ ။
ကျွန်တော်တို့က ဆာဗာထိုင်ပြီး control လုပ်ချင်တာဆိုတော့ client စက်ရဲ့ browser တွေမှာ အောက်ပါအတိုင်း setting ချပေးရပါမယ်။

မိမိသုံးတဲ့ browser ပေါ်မူတည်ပြီး setting ကို အထပ်ပါအတိုင်းချလိုက်ပါ ။
ဒါဆို ဆာဗာကနေ client စက်တွေ control လုပ်လို့ရနေပါပြီး။
ဆာဗာကနေ အသေးစိတ် control လုပ်ဖို့အတွက် ဆာဗာစက်မှာ run ထားတဲ့ CCProxy ကို ကြည့်ရအောင် ..
client စက်တွေကို ip နဲ့ control လုပ်ချင်ရင် Account ကနေ New လုပ်ပြီး မိမိအင်တာနက်ပေးချင်တဲ့စက် ip ကိုထည့်ပြီး လုပ်နိုင်ပါတယ်။

မိမိ ဘန်းချင်တဲ့ဆိုက်တွေကို ပုံမှာမြင်ရတဲ့အတိုင်း Web Filter ကနေ ဘန်းချင်တဲ့ဆိုက်နာမည်ကို ထည့်ပေးလိုက်ယုံပါပဲ ။
ထို့အတူ client စက်တွေကို time နဲ့ limit ပေးချင်ရင်လဲ time schedule ကနေ လုပ်နိုင်ပါတယ်။
Download and Upload bandwidth သတ်မှတ်ချင်ရင်တော့ User Create လုပ်တဲ့အချိန်မှာ လုပ်နိုင်ပါတယ်။

နောက်တစ်ခုက Client စက်တွေ ဘယ်ဆိုက်တွေ ကြည့်နေတယ် ၊ ဘာတွေဒေါင်းလုပ်ချနေတယ် စတာတွေကို ကြည့်ချင်ရင်တော့ Monitor ကနေ ကြည့်နိုင်ပါတယ်။

စသဖြင့်တွေ အများကြီး ကျန်ပါသေးတယ် ။ ကျန်တာတွေကို မိမိစိတ်ကြိုက်ကလိနိုင်ပါတယ်။
သူ့ရဲ့မူရင်းဆိုက်ကနေ user guide ကို ဖတ်ပြီး လုပ်ကြည့်လိုက်ပါခင်ဗျာ ။
အဆင်ပြေပြေ သုံးနိုင်ကျပါစေခင်ဗျာ ။
မှတ်ချက် ။ ။ မိမိအင်တာနက် ကော်နက်ရှင်က proxy number ထည့်ပေးရတဲ့ parent proxy မျိုးဆိုရင် Options --> Advanced ကနေ
Cascading မှာ မိမိ proxy host and port ကို ထည့်ပေးလိုက်ရင်ရပါတယ်။
ပုံ ၂ က ရှင်းဘူးဗျာ... ကျွန်တော့်မှာ အဲလို အရှယ်ခံရမယ့် နက်ဝပ်ကဒ် လာမပေါ်ဘူး... ဘယ်လိုလုပ်ရမလဲ... ကူပါဦးဗျာ...
ReplyDelete