Posted: 04 May 2012 10:08 AM PDT
ဒီပို့စ်လေးကိုတော့
မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် .. လုပ်တက်သွားရင်တော့ လွယ်တယ်လို့
ထင်ရပေမယ့် မသိသေးရင်တော့ တော်တော် ရွာပတ်ပါတယ် .. ဘာပဲပြောပြော
ဒီကောင်လေးကို လိုအပ်ပါတယ် .. ကျွန်တော်တို့ မှတ်ထားချင်တာလေး တွေကို
အလွယ်ရေးပြီး မှတ်ချင်တဲ့ အခါမှာ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့် ပြီးရင် Run Box ထဲမှာ notepad လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ Notepad ထဲမှာ အလွယ်တကူ မှတ်သား တက်ကြပါတယ် .. ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ Notepad မှာ Zawgyi-One Font ကိုမပြောင်း ပေးဘူးဆိုရင်လည်း မြန်မာလို ပေါ်မှာမဟုတ်သလို Save တဲ့အခါမှာလည်း Unicode ကိုပြောင်းပြီး မ Save ဘူးဆိုရင်လည်း Save တဲ့အခါမှာ မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး .. ဒါကြောင့် Notepad ကိုအသုံးပြု တဲ့အခါမှာ အခက်အခဲ ဖြစ်နေသူတွေ အတွက် ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် ..
အရင်ဆုံး Keyboard မှ Windows logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ Notepad လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆို Notepad လေးပွင့်လာ ပါလိမ့်မယ် .. အရင်ဆုံး ကျွန်တော် မြန်မာလို ရိုက်လို့ရအောင် ဖောင့်ဘယ်လို ချိန်းရမယ် ဆိုတာကို ပြပေးသွားပါမယ် ..
အပေါ်က အတိုင်း ပြောင်းပြီး သွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Notepad လေးကို Save လိုက်ပါ .. အောက်က ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ် ..
အောက်က ပုံအတိုင်း Unicode ကိုပြောင်းပေးလိုက်ပါ ..
Unicode ကိုပြောင်းပြီး သွားပြီ ဆိုရင်တော့ Save လိုက်ယုံပါပဲ ..
ပြီးရင်တော့ မိမိတို့ Save လိုက်တဲ့ Notepad လေးကို ပြန်ဖွင့်ကြည့်လိုက်ပါ .. မြန်မာဖောင့် ပေါ်နေတာကို တွေ့ ရပါလိမ့်မယ် ..
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
|
Posted: 04 May 2012 10:06 AM PDT
ကျွန်တော် Windows 7 မှာ Sound နဲ့ပါတ်သတ်ပြီး တော့ဖြစ်တက်တဲ့ Error လေးကို သူငယ်ချင်း တစ်ယောက် ကိုလဲ လုပ်ပေးဖြစ်ရင်းနဲ့ တကယ်လို့ မိမိတို့မှာ အခုလို Error မျိုးကြုံ လာရင် အလွယ်တကူ ဖြေရှင်းတက် သွားအောင် ရှင်းပြပေးသွားပါမယ်.. ကျွန်တော်တို့ G-Talk
ကိုအသုံးပြုတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ်ကဒီက ပြောနေတာကို တစ်ဖက်လူက
ကြားရပြီး သူပြောတာကို ကိုကမကြားရတာ မျိုးကြုံဖူး ကြပါလိမ့်မယ်.. ဒါက
ကျွန်တော်က အသုံးများတဲ့ G-Talk မှာပြောပြတာပါ.. တစ်ခြား Chat Program
တွေမှာလဲ ဒီတိုင်း လိုက်ပြင်ပေး ကြည့်ရင် အဆင်ပြေသွားပါလိိမ့်မယ်..
နောက်တစ်နည်းကတော့ ကျွန်တော်တို့ မိုက်ကိုရှေ့ ပေါက်ကနေ ထိုးပြီးအသုံး
ပြုတဲ့အခါမှာ အသံမလာ တာပဲဖြစ်ပါတယ်.. ဒါကတော့ Realtek HD Audio Driver ကိုအသုံးပြု ထားတဲ့သူ တော်တော်များများ ကြုံတွေ့ရတာတွေ့ ရပါတယ်..အဲ့ဒါကို ဘယ်လိုဖြေရှင်း ရမယ်ဆိုတာကိုပါ ကျွန်တော်ရေးပေးသွားပါမယ်..
အရင်ဆုံး
ကျွန်တော် မိုက်ကို ရှေ့ပေါက်ကနေ အသုံးပြုပြီး အသံမလာတဲ့ အခါမှာ
ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်.. ကျွန်တော်တို့ Realtek ကိုအသုံးပြုတဲ့ အောက်ကပုံ မှာဖော်ပြနေသလိုပဲ Icon
လေးပေါ်နေပါလိမ့်မယ်.. အဲ့ဒီကောင်လေးကို ကလစ်လိုက်ပါ.. ပြီးရင် အောက်မှာ
ပုံလေးတွေနဲ့ ရှင်းပြပေးထားသလို လိုက်ပြီးပြောင်းပေးလိုက်ရင် အဆင်ပြေသွား
ပါလိမ့်မယ်..
အောက်ကပုံလေးကို ကြည့်ကြည့်လိုက်ပါ.. Microphone ပုံလေး ပျောက်နေတာ တွေ့ရပါလိမ့်မယ်..
အောက်ကပုံအတိုင်း မိုက်ကရိုဖုန်း ပုံလေးပြန်ပေါ် လာပြီဆိုရင်တော့ အဆင်ပြေ သွားပါလိမ့်မယ်.. ပြီးရင်တော့ OK ပေးလိုက်ယုံပါပဲ..
နောက်တစ်ချက်ကတော့ G-Talk မှာ သူပြောတာကို ကြားရပြီး ကိုပြောတာကို မကြားရတဲ့ ပြသနာပါ.. ဒါကိုမပြောခင် ကျွန်တော် Sound type
တွေနဲ့ ပါတ်သတ်ပြီး သိသင့်တာလေး တစ်ခုပြောပြချင်ပါတယ်. ဘာကြောင့်
အခုလိုပြောရလဲ ဆိုတော့ အများစုက အသံမလာတော့ ဘူးဆိုတာနဲ့ ဘာမှမစဉ်စား
တော့ပါဘူး.. ရမ်းသမ်းမှန်းသမ်း နဲ့ကလိကြတာများပါတယ်.. အဲ့ဒါမှားပါတယ်.. Sound System ပိုင်းမှာ အဓိကက Input နဲ့ Output ပါပဲ.. Microphone က၀င်မယ်ဆိုရင် Speaker ကနေပြန်ထွက်မှာ ပါပဲ .. ဒါကရိုးရိုးလေးပါပဲ .. နောက်တစ်ခုက သူရဲ့ Sound Type
လေးတွေကို သိထားသင့်ပါတယ်.. ကျွန်တော်ပြောနေရင် ရှုပ်နေပါလိမ့်မယ် ..
ပုံလေးတွေနဲ့ ကြည့်လိုက်ရင် ပိုနားလည်သွားပါလိမ့်မယ်.. အရင်ဆုံး မိမိတို့
Tab Bar မှာရှိတဲ့ Speaker ပုံလေးကို Right Click ထောက်လိုက်ပါ.. ပြီးရင် Sound ဆိုတာလေးကို နှိပ်လိုက်ပါ.. Sound Option Box လေးပေါ်လာပြီဆိုရင် Playback ကို သွားလိုက်ပါ..
အောက်ကပုံမှာ ကျွန်တော် Sound Type
လေးတွေကို မျဉ်းအနီနဲ့ ပြပေးထားပါတယ်.. ကျွန်တော်တို့ မိုက်နဲ့စကား
ပြောတဲ့ အချိန်မှာ အဲ့ဒီကောင်လေးတွေကို သတိထားကြည့်ကြည့်ပါ ..
မိမိတို့အသုံးပြု နေတဲ့ Sound Type က ညာဘက်မှာ အစိမ်းရောင် တုံးလေးတွေ ပြေးနေမှာဖြစ်ပါတယ်.. ကျွန်တော်တို့ အနေနဲ့ အဲ့ဒီအသုံးပြုနေတဲ့ Sound Type အမျိုးအစားကို Gtalk မှာပါလိုက်ပြီး ပြောင်းလဲပေးဖို့ လိုပါလိမ့်မယ်.. အောက်ကပုံမှာကြည့်ပါ SB Audigy နဲ့ VIA High Definition Audio ဆိုပြီး နှစ်မျိုးတွေ့ရ ပါလိမ့်မယ်..ကျွန်တော် လက်ရှိသုံးနေတာက VIA High Definition Audio အမျိုးအစားပါ.. ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ G-talk မှာမိမိဆီက အသံမလာတာမျိုးကြုံလာရမယ်ဆိုရင် အခုဒီမှာ မိမိတို့သုံးနေတဲ့ Sound Type အမျိုးအစားကို G-Talk မှာပါ လိုက်ပြောင်းပေးလိုက်ရင် အဆင်ပြေသွား ပါလိမ့်မယ်..
နောက်တစ်ချက် Tab Bar ပေါ်မှ Sound Icon လေးကိုကလစ်လိုက်ပါ .. ပြီးရင် Mixer ကိုနှိပ်လိုက်ပါ..
အောက်ကပုံအတိုင်း Speaker ကိုထောက်လိုက်ရင် ပေါ်လာပါလိမ့်မယ်..ဒီကောင်လေးကို ဘာလို့ ပြရလဲဆိုတော့ ဒီကောင်က ကျွန်တော်တို့ Speaker Out ပါ .. ကျွန်တော်တို့ သီချင်းဖွင့်တာပဲ ဖြစ်ဖြစ် G-Talk ကနေစကား ပြောတာပဲဖြစ်ဖြစ် ထွက်မဲ့အသံက ဒီကောင်လေးကနေ တစ်ဆင့်ထွက်လာမှာပါ.. ဒီမှာလဲ ကျွန်တော် Sound Type တွေကို အနီရောင်နဲ့ ပြပေးထားပါတယ်.. ဒီအောက်ကပုံမှာ Speaker က VIA High Defination Audio
ကိုရွေးထားတာ တွေ့ရပါလိမ့်မယ်.. ဘာလို့အဲ့ဒီကောင်ကို ရွေးထားရသလဲဆိုတော့
အပေါ်က ပုံမှာပြန်ကြည့်လိုက်ပါ.. အပေါ်မှာ ကျွန်တော်ပြောခဲ့ပါတယ် ..
အခုကျွန်တော့် စက်မှာသုံးနေတဲ့ Sound Type က VIA High Defination Audio ဖြစ်ပါတယ်.. အဲ့ဒီအတွက် ဒီမှာလဲ VIA High Defination Audio ကိုရွေးပေးထားတာပါ .. တကယ်လို့သာ ကျွန်တော်တို့က VIA High Defination Audio ကိုရွေးမပေးပဲနဲ့ Speaker ချင်းအတူတူ SB Audigy ကိုရွေးပေးလိုက်မယ်ဆိုရင် ဘာသံမထွက်မှာမဟုတ်ပါဘူး.. ကျွန်တော်တို့က အပေါ်ကပုံမှာလို Sound Option မှာသွားကြည့်တဲ့အခါ SB Audigy ကိုရွေးပေးထားတာ ဆိုရင်တော့ အခုဒီပုံမှာလဲ SB Audigy ကိုပဲရွေးပေး ရမှာဖြစ်ပါတယ်.. ဒါမှ မိမိတို့ကွန်ပျူတာက အသံက အပြင်ကိုထွက်လာမှာဖြစ်ပါတယ်.. တကယ်လို့ ကျွန်တော်တို့က Realtek ကိုသုံးထားတယ်ဆိုရင်လဲ ဒီနေရာမှာ Realtek ကိုရှာပြီး ရွေးပေးလိုက် ယုံပါပဲ..
အပေါ်မှာ ရှင်းပြခဲ့သလို မိမိတို့ အသုံးပြုထားတဲ့ Sound Type ကိုသိပြီဆိုရင်တော့ G-Talk ကိုဖွင့်လိုက်ပါ.. ပြီးရင် Setting ကိုသွားလိုက်ပါ.. ဒီနေရာမှာတစ်ခုပြောချင်တာက ဘာ Error မှမတက်ရင် သက်သက်ကြီး လိုက်ပြောင်းပေးစရာမလိုပါဘူး.. ကျွန်တော်အပေါ်မှာပြောခဲ့သလို ကိုယ်ပြောတာကိုကြား ရပြီး သူပြောတာကို မကြားရတာ ပဲဖြစ်ဖြစ် Error တစ်ခုခုကြုံ လာမှသာ ပြောင်းပေးရမှာဖြစ်ပါတယ်..
အပေါ်ကပုံအတိုင်း Input - microphone or headset မှာ မိမိတို့အသုံးပြုတဲ့ Sound Type ကိုရွေးပြီးပြောင်းပေး လိုက်ပါ..ပြီးရင် OK ပေးလိုက်ယုံပါပဲ.. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ဒီလောက်ဆိုရင်တော့ အားလုံးပဲ သဘောပေါက် သွားလိမ့်မယ်လို့ ထင်ပါတယ်..
ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင်အောက်မှာေ
Download Ifile.it ၊ Download Mediafire ၊ Download Multiupload
အားလုံးပဲအဆင်ပြေကြပါစေ.. ကျေးဇူးတင်ပါတယ်ခင်ဗျာ..
|
Posted: 04 May 2012 10:05 AM PDT
ကျွန်တော်အခု Window 7 နဲ့ Window Vista မှာအဖြစ်များနေတဲ့ Desktop ပေါ်က Shortcuts လေးတွေနဲ့ Application Files-Types လေးတွေ Adobe Reader Icon အဖြစ်ပြောင်းသွားတဲ့ Error လေးပဲဖြစ်ပါတယ်။ စာဖိုင်တွေမဟုတ်တဲ့ တခြား Setup ဖိုင်ပဲဖြစ်ဖြစ်၊ Video ဖိုင်ပဲဖြစ်ဖြစ် အမှတ်တမဲ့နဲ့ Adobe Reader နဲ့သွားဖွင့်မိတဲ့ အချိန်မှာ အခုလို Error တက်ခြင်းဖြစ်ပါတယ်။ ဒီ Error လေးကို Window 7 မှာ အဖြစ်များပါတယ်။ ဒါပေမယ့် Adobe reader လေးကို ပြန်ဖြုတ်လိုက်ရင်တော့ ပြန်ပြီးတော့ ကောင်းသွားပါတယ်။ ဒါပေမယ့် Adobe reader ကိုပြန်ပြီးတော့ Run တဲ့ အချိန်မှာတော့ပြန်ပြီး Error ထပ်တက်ပါတယ်။ ကျွန်တော်တို့ အခု အဲ့ဒီ Error လေးကို ဖြေရှင်းကြည့်ရအောင်ဗျာ။
ကျွန်တော်တို့အခု Notepad လေးကိုဖွင့်လိုက်ပါ။ပြီးရင် ကျွန်တော်အောက်မှာပေးထားတဲ့ စာလေးတွေ ကို Notepad လေးထဲကို ကူးထည့်ပေးလိုက်ပါ။ အခုရေးပေးမယ့်ကောင်လေးက Window 7 အတွက် ဖြစ်ပါ တယ်။အနီရောင်နဲ့စာလေးတွေကိုအကု
Windows Registry Editor Version 5.00 ;For [.LNK] and [.EXE] - Windows 7 [HKEY_CLASSES_ROOT\.LNK] @="lnkfile" [HKEY_CLASSES_ROOT\.LNK\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\.LNK\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\.LNK\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\.LNK\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\.LNK\ "Handler"="{ceefea1b-3e29- "IconPath"=hex(2):25,00,53,00, 74,00,25,00,5c,00,73,00,79,00, 00,68,00,65,00,6c,00,6c,00,33, 31,00,36,00,37,00,36,00,39,00, "ItemName"="@shell32.dll,- "MenuText"="@shell32.dll,- "NullFile"="" [HKEY_CLASSES_ROOT\.LNK\ "DontRename"="" [HKEY_CLASSES_ROOT\lnkfile] @="Shortcut" "EditFlags"=dword:00000001 "FriendlyTypeName"="@shell32. "IsShortcut"="" "NeverShowExt"="" [HKEY_CLASSES_ROOT\lnkfile\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\lnkfile\ @="{1d27f844-3a1f-4410-85ac- [HKEY_CLASSES_ROOT\lnkfile\ @="{37ea3a21-7493-4208-a011- [HKEY_CLASSES_ROOT\lnkfile\ @="" [HKEY_CLASSES_ROOT\lnkfile\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\lnkfile\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\lnkfile\ @="{513D916F-2A8E-4F51-AEAB- [-HKEY_CURRENT_USER\Software\ [HKEY_CURRENT_USER\Software\ "lnkfile"=hex(0): [HKEY_CLASSES_ROOT\.EXE] @="exefile" "Content Type"="application/x- [HKEY_CLASSES_ROOT\.EXE\ @="{098f2470-bae0-11cd-b579- [HKEY_CLASSES_ROOT\exefile] @="Application" "EditFlags"=hex:38,07,00,00 "FriendlyTypeName"=hex(2):40, 00,6f,00,6f,00,74,00,25,00,5c, 32,00,5c,00,73,00,68,00,65,00, 00,2c,00,2d,00,31,00,30,00,31, [HKEY_CLASSES_ROOT\exefile\ @="%1" [HKEY_CLASSES_ROOT\exefile\ "EditFlags"=hex:00,00,00,00 [HKEY_CLASSES_ROOT\exefile\ @="\"%1\" %*" "IsolatedCommand"="\"%1\" %*" [HKEY_CLASSES_ROOT\exefile\ "HasLUAShield"="" [HKEY_CLASSES_ROOT\exefile\ @="\"%1\" %*" "IsolatedCommand"="\"%1\" %*" [HKEY_CLASSES_ROOT\exefile\ @="@shell32.dll,-50944" "Extended"="" "SuppressionPolicyEx"="{ [HKEY_CLASSES_ROOT\exefile\ "DelegateExecute"="{ea72d00e- [HKEY_CLASSES_ROOT\exefile\ @="Compatibility" [HKEY_CLASSES_ROOT\exefile\ @="{1d27f844-3a1f-4410-85ac- [HKEY_CLASSES_ROOT\exefile\ @="{86C86720-42A0-1069-A2E8- [HKEY_CLASSES_ROOT\exefile\ [HKEY_CLASSES_ROOT\exefile\ @="{86F19A00-42A0-1069-A2E9- [HKEY_CLASSES_ROOT\exefile\ @="{513D916F-2A8E-4F51-AEAB- [-HKEY_CURRENT_USER\Software\ [HKEY_CURRENT_USER\Software\ "exefile"=hex(0):
အနီနဲ့ရေးထားတဲ့စာလေးတွေကို အကုန်ကူးထည့်ပြီးသွားပြီဆိုရင် File name ကို Exe.reg ဆိုတဲ့ Name နဲ့ Save ပေးပါ။နောက်တစ်ခုက Save as type ဆိုတဲ့ နေရာမှာ All files ဆိုတာ လေးကိုလည်းပြောင်းပေးဖို့လိုပါ
Windows Registry Editor Version 5.00 ;For [.LNK] and [.EXE] - Windows Vista. [HKEY_CLASSES_ROOT\.lnk] @="lnkfile" [HKEY_CLASSES_ROOT\.lnk\ [HKEY_CLASSES_ROOT\.lnk\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\.lnk\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\.lnk\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\.lnk\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\.lnk\ "Handler"="{ceefea1b-3e29- "IconPath"=hex(2):25,00,53,00, 74,00,25,00,5c,00,73,00,79,00, 00,68,00,65,00,6c,00,6c,00,33, 31,00,36,00,37,00,36,00,39,00, "ItemName"="@shell32.dll,- "MenuText"="@shell32.dll,- "NullFile"="" "Command"=- [HKEY_CLASSES_ROOT\.lnk\ "DontRename"="" [HKEY_CLASSES_ROOT\lnkfile] @="Shortcut" "EditFlags"=dword:00000001 "FriendlyTypeName"="@shell32. "NeverShowExt"="" "IsShortcut"="" [HKEY_CLASSES_ROOT\lnkfile\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\lnkfile\ [HKEY_CLASSES_ROOT\lnkfile\ [HKEY_CLASSES_ROOT\lnkfile\ @="{37ea3a21-7493-4208-a011- [HKEY_CLASSES_ROOT\lnkfile\ @="" [HKEY_CLASSES_ROOT\lnkfile\ @="{00021401-0000-0000-C000- [HKEY_CLASSES_ROOT\lnkfile\ @="{00021401-0000-0000-C000- [-HKEY_CURRENT_USER\Software\ [HKEY_CLASSES_ROOT\.EXE] @="exefile" "Content Type"="application/x- [HKEY_CLASSES_ROOT\.EXE\ @="{098f2470-bae0-11cd-b579- [HKEY_CLASSES_ROOT\exefile] @="Application" "EditFlags"=hex:38,07,00,00 "FriendlyTypeName"=hex(2):40, 00,6f,00,6f,00,74,00,25,00,5c, 32,00,5c,00,73,00,68,00,65,00, 00,2c,00,2d,00,31,00,30,00,31, [HKEY_CLASSES_ROOT\exefile\ @="%1" [HKEY_CLASSES_ROOT\exefile\ [HKEY_CLASSES_ROOT\exefile\ "EditFlags"=hex:00,00,00,00 [HKEY_CLASSES_ROOT\exefile\ @="\"%1\" %*" "IsolatedCommand"="\"%1\" %*" [HKEY_CLASSES_ROOT\exefile\ [HKEY_CLASSES_ROOT\exefile\ @="\"%1\" %*" "IsolatedCommand"="\"%1\" %*" [HKEY_CLASSES_ROOT\exefile\ [HKEY_CLASSES_ROOT\exefile\ @="{86C86720-42A0-1069-A2E8- [-HKEY_CURRENT_USER\Software\
အခုရေးပေးထားတာလေးက Window Vista အတွက်ပါ။ ဒီကောင်လေးကိုလည်း အပေါ်မှာရေးပေးထား
တဲ့အတိုင်း Exe.reg ဆိုတာရယ် File types မှာ All files ကိုပေးပေးပါ။ သူကို့လုပ်ရတာအဆင်မပြေ
ရင်ကျွန်တော် လုပ်ထားတာလေးကို တင်ပေးထားပါတယ်။ အောက်မှာယူလိုက်ပါ။
For Window 7 For Window Vista
ကျွန်တော် Ziddu မှာ တင်ပေးထားပါတယ်။ နောက်တစ်နည်းကတော့ Default Programs လုပ်တဲ့နည်းနဲ့ ရှင်းကြည့် ခြင်းဖြစ်ပါတယ်။ Start menu ကနေ Default Programs ကိုပေးလိုက်ပါ။ အဲ့ဒီကနေ Set your default programs ဆိုတာလေးကို ရွေးလိုက်ပါ။ အဲ့ဒီကနေ ကျွန်တော်တို့ web browser တစ်ခုခု ဒါမှမဟုတ်ကိုယ်လိုချင်တဲ့ item လေးတစ်ခုခုကို list ထဲကနေရွေးပေးလိုက်ပါ။ ရွေးပြီးတာနဲ့ Set this program as default ဆိုတာလေးကိုပေးပြီး Ok ပေးလိုက်ပါ။ အဲ့ဒါပြီးရင်တော့ စက်ကို Restart ချပေးပြီး စစ်ကြည့်လိုက်ပါ။
ဒါမှမရသေးဘူးဆိုရင် နောက်ထပ် တစ်နည်းထပ်ပြောပါ့မယ်။ အခုတစ်နည်းက ကျွန်တော်တို့ ရဲ့Hidden Files and Folders တွေကနေပြီးဖြေရှင်းတာဖြစ်ပါတယ်။ အခုကျွန်တော်တို့ Hidden Filesနဲ့ Folders တွေကိုပြန်ဖေါ်ပါ့မယ်။ Window 7 မှာဆိုရင် Start menu ကနေပြီးတော့ Control Panel ကိုရွေးလိုက်ပါ။ အဲ့ဒီကနေမှ Appearance and Personalization ဆို တာကိုရွေးပေးပါ။ အဲ့ဒီကနေ Folder Option ကိုရွေးပေးပါ။ Folder မှာ View tab ကိုရွေးလိုက်ပါ။ အောက်က Advance settings မှာ Show hidden files, folders, and drives ဆိုတာလေးကိုရွေးပေးပြီးOK ပေးလိုက်ပါ။ Window Vista မှာဆိုရင်လည်းအတူတူပါပဲ။ Hidden Files and Folders တွေကိုဖေါ်ပြီးရင်တော့ C:\Users\Owner\AppData\Local’ folder နဲ့ hiddenဖြစ်နေတဲ့ IconCache.dbfile ဆိုတာလေးကို Delete လုပ်လိုက်ပါ။ ဒီမှာပဲ နောက်ထပ် တစ်နည်းထပ်လုပ်ကြည့်ပါ့မယ်။ အခုtask manager လေးကိုဖွင့်လိုက်ပါ။ CTRL+SHIFT+ESC ပဲနှိပ်နှိပ် Run မှာ taskmgr.exe ဆိုတာကိုရိုက်ထည့်ပြီး Run လို့လဲရပါတယ် ။ အဲ့ဒီကနေ Process tab ကိုရွေးလိုက်ပါ။ အောက်မှာ Explorer.exe process ကိုရွေးပေးပြီး End Process ပေးလိုက်ပါ။ ပြီးရင် Run ကနေပြီးတော့cmd ကိုရိုက်ထည့်ပြီး command prompt ကိုဖွင့်လိုက်ပါ။ အဲ့ဒီမှာ ကျွန်တော်အောက်မှာ ပြထားတဲ့အတိုင်းရိုက်ထည့်ပေးလို
CD /d %userprofile%\AppData\Local
DEL IconCache.db /a
EXIT
ပြီးတာနဲ့ RUN မှာ EXPLORER.EXE ကိုရိုက်ထည့်ပြီး ပြန်ဖွင့်ပေးလိုက်ပါ။ပြီးရင်တော
ခင်ဗျာ။
မိတ်ဆွေတို့ရဲ့Thank ဆိုသောစကားတစ်ခွန်းသည်နောက်ထပ်
အားလုံးပဲအဆင်ပြေကြပါစေ။ကျေးဇူး
Ref: နေမင်းမောင် (နည်းပညာ)
|
How to Steam Backup & Restore Video Tutorial လေ့လာချင်သူများအတွက်
-
ကျွန်တော် ဒီတစ်ခါတော့ D2 Steam Game တွေ Update လုပ်ထားပြီသား
PC ကနေ Steam ကို Backup လုပ်ပြထားပြီ Update မလုပ်ရသေးတဲ့
တစ်ခြား PC တစ်လုံးမှာ Steam ကို Res...
7 years ago
0 comments:
Post a Comment