Socket 754
အရင်တပတ်က
Socket 775 (LGA 775)/ Socket T အကြောင်း တင်ပြပြီးတဲ့နောက်မှာတော့ Socket
754 အကြောင်းလေးကို ထပ်မံတင်ပြလိုက်ပါတယ်။Socket 754 အား ၂၀၀၃ ခုနှစ်၊
စက်တင်ဘာလတွင် စတင်ထုတ်လုပ်ခဲ့ပြီး ၅ လအကြာမှာတော့ Socket 940 ဆိုပြီး
ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ ထို Socket များဟာ Workstation-Class Desktop
နှင့် Mobile Processorများ အတွက်ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် နှစ်အလယ်မှာတော့
Socket 939 ထွက်ပေါ်လာခဲ့ပြီး ၎င်းဟာ Athlon 64Line Microprocessor
နှင့်တွဲဖက်အသုံးပြုနိုင်ပါတယ်။ ထို
Socket 939 ဟာ Dual-Channel Memory Controllerစနစ်ဖြစ်ပြီး Hyper
Transport Link များအတွက် ပိုမိုမြန်ဆန်စွာလုပ်ဆောင်နိုင်ပါတယ်။
Socket 754 ဟာ Desktop Processor (3700+)
သို့မဟုတ် 2.4 GHz တို့နှင့်တွဲဖက်အသုံးပြုနိုင်ပြီး MobileProcessor
(400+(သို့) 2.6 GHz) နှင့်လည်း အသုံးပြုနိုင်ပါတယ်။ ထို Socket ဟာ
Single-Channel DDRSDRAM Memory Controller ကို Support လုပ်နိုင်ပြီး 800
MHz Hyper Transport ရှိပါတယ်။ထို Socket 754 အတွင်း 754 Pin-Hole
ပါဝင်တာကြောင့် “Socket 754″ ဟု ခေါ်တွင်ခြင်းဖြစ်ပြီး Pin-Holeများအား 29 x
29 Grid အနေဖြင့် Arrange လုပ်ထားပါတယ်။ Socket ၏ အရွယ်အစားမှာ 4.65 cm x
5.48 cm(သို့) 1.83 ” ရှိပါတယ်။
Support Processor
(Table)
Compatible Sockets
None
Compatible Package Types
ထို Socket အား 754-Pin Lidded Micro PGA
နှင့် 754-Pin Lidless Organic Micro-PGA
ဆိုပြီးထုတ်လုပ်ထားပါတယ်။Upgrading Socket 754 Motherboardသင့်အနေဖြင့်
ပိုမိုမြန်ဆန်သော Socket 754 Microprocessor
များသို့ပြောင်းလဲအသုံးပြုလိုပါက AMN 4000BK x 5 BU ဟာ
အတော်လေးကောင်းပါတယ်။ ဒါပေမယ့် Motherboard ဟာ Mobile 64
Microprocessorများကို Support လုပ်ဖို့တော့ လိုအပ်ပါတယ်။ တကယ်လို့ ထို
Mobile Athlon 64 CPU များကို Supportမလုပ်ဘူးဆိုရင်တော့ Athlon 64 3700+
ADA 3700 AEP 5 AR (ADA 3700 Box) ဟာ Upgrade ပြုလုပ်ရန်သင့်တော်ပါတယ်။
ထို့ပြင် Athlon 64 ကိုလည်း Support မလုပ်နိုင်ဘူးဆိုရင်တော့ Athlon 64
Microprocessorဟာ သင့်တော်ပါတယ်။
Source: MY DATA Game & Software CD/DVD
0 comments:
Post a Comment