Everything About IT Notes

Saturday, November 17, 2012

CPU ကို ဘယ်လို Upgrade လုပ်မလဲ


Processor ကို upgrade ပြုလုပ်ခြင်းဟာ သင့်ရဲ့ old PC ကို ပိုမိုကောင်းမွန် မြန်ဆန်စေပါတယ်။ Intel နဲ့AMD ဟာ ဈေးကွက်မှာ processors တွေကို ဈေးနှုန်း သက်သက်သာသာနဲ့ အပြိုင်အဆိုင် ရောင်းချပေးနေတာကြောင့် user တွေဟာ old PC မှာ CPU တွေကို upgrade ပြုလုပ်လာကြပါတယ်။ CPU ကို upgrade လုပ်ဖို့အတွက် ပထမဦးဆုံးအချက်က သင့်ရဲ့ PC motherboard ဟာ ဘယ်လို CPUအမျိုးအစားတွေကို support လုပ်လဲဆိုတာ သိရပါမယ်။ ဒါကို product documentation ဒါမှမဟုတ်ထုတ်လုပ်သူတွေရဲ့ website တွေမှာ ရှာဖွေနိုင်ပါတယ်။ CPU ကို celeron ကနေ pentium upgradeလုပ်လိုက်ရင်တောင် သင့်ရဲ့ ကွန်ပျူတာဟာ အရင်ထက် 50% ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။

CPU ဖယ်ရှားဖို့ နည်းလမ်းအဆင့်ဆင့်
(1) Case ကိုဖွင့်ပါ။
Case ကို unplug လုပ်ပြီး ဖြုတ်လို့တပ်လို့ လွယ်ကူမယ့် အနေအထားမှာ ထားပါ။ အလင်းရောင်ကောင်းစွာရဖို့လည်းလိုအပ်ပါတယ်။ ပြီးရင်တော့ case cover ကို ဖွင့်ပါ။

(2) Motherboard ကို ဖယ်ရှားလိုက်ပါ။
Motherboard ကို ဖယ်ရှားပြီးမှ CPU ကို ဖြုတ်တာဟာ ပိုမိုကောင်းမွန်ပါတယ်။ ဒါဟာ အခြားအစိတ်အပိုင်းတွေကို မတော်တဆထိခိုက်မိခြင်းမှလည်း ကာကွယ်နိုင်ပါ တယ်။
(3) Old CPU & Fun ကို ဖြုတ်ပါ။
CPU နဲ့ဆိုင်တဲ့ installation/removal instruciton တွေကို သေချာစွာဖတ်ထားဖို့လိုပါတယ်။ CPU ကိုဖယ်ရှားဖို့အတွက် CPU ပေါ်မှာတပ်ဆင်ထားတဲ့ fun ကို ပထမဦးစွာဖယ်ရှားပါ။ ပြီးတော့မှ CPU socketမှာရှိတဲ့ lever လေးကို အသာမတင်ပြီး CPU ကို ဖြည်းညှင်းစွာထုတ်ယူလိုက်ပါ။
(4) New CPU & Fan ကို တပ်ဆင်ပါ။
Install လုပ်ဖို့ အဆင်သင့်မဖြစ်သေးခင်အထိ CPU အသစ်ကို မထုတ်ပါနဲ့။ အားလုံး ready ဖြစ်ရင် CPU ကိုဘေးဘက်ထောင့်စွန်းကနေ ကိုင်ပြီး CPU socket မှာ insert လုပ်ပါ။ ပြီးရင် lever ကို ပြန်ချပေးပါ။ New funကို တပ်ဆင်ပါ။
Source: MY DATA Game & Software CD/DVD

0 comments:

Post a Comment