Adobe PageMaker(.pmd) ကို လေ့လာခြင်း
Adobe PageMakeနဲ့ပတ်သက်လို့ ကျနော်နားလည်သလိုအကြံပေးရရင်တော့ ပထမဆုံး Adobe Page Maker(.pmd) ကို လေ့လာသင့်ပါတယ်။ ရိုးရိုးစာစီစာရိုက်ဖို့အတွက်ဆိုရင်တော့ အားလုံးအိုကေမှာပါ။ နောက်တော့ ဒီဇိုင်းလေးတွေ နည်းနည်းပါးပါးလုပ်ဖို့လိုရင်တော့ Adobe Illustrator(.ai) ဖြစ်စေ၊ Corel Draw(.cdr) ဖြစ်စေပေါ့လေ အဲဒါကို ထပ်လေ့လာဖို့လိုပါမယ်။ (အဲဒီနှစ်ခုထဲက တခုဆိုရင် အိုကေမှာပါ။ နှစ်ခုလုံးတတ်ရင်တော့ ပိုကောင်းတယ်ပြောရမှာပေါ့လေ)။
အကယ်၍များ စာအုပ်မျက်နှာဖုံးတွေ၊ ပြက္ခဒိန်တွေလိုများ လုပ်ဖို့လိုအပ်လာမယ်ဆိုရင်တော့ Adobe Photoshop(.psd) ကို ထပ်လေ့လာဖို့လိုပါလိမ့်မယ်။ တဆက်တည်းမှာဘဲ Adobe Acrobat Professional(.pdf) (Writer- not reader) ကိုလည်း နည်းနည်းလေးတော့သိထားသင့်ပါတယ်။ .pmd ဖိုင်ကို .psd ပို့ဖို့အတွက် .pdf လုပ်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ မဂ္ဂဇင်းတွေလို စာအုပ်ကြီးတွေ Layout Design လုပ်ဖို့ရည်ရွယ်တဲ့သူအတွက်ကိုတော့ ပထမဆုံးပြောခဲ့တဲ့ Adobe PageMaker အစား Adobe InDesign ကို လေ့လာစေချင်ပါတယ်။ InDesign က .pmd ရဲ့ လုပ်ဆောင်ချက်တွေအားလုံးပါတဲ့အပြင် Illustrator ရဲ့လုပ်ဆောင်ချက်အချို့ကိုပါ ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။
အဲဒါအပြင် Multi Master Pages မာစတာပေ့ခ်ျ အများကြီးပေးထားပါတယ်။ Table of contact မာတိကာ ကိုလည်း Auto အလိုအလျှောက် လုပ်ပေးနိုင်ပါတယ်။ Bullet & Numbering စတာတွေ ကိုလည်း Auto ပေးပါတယ်။ ပြောရမယ့် အကြောင်းအရာကများနေတော့ ကျနော်လည်း ဘာကို အရင်ပြောရမယ် မသိဘူး ဗျာ။ အခုစာကိုတော့ Overview မိတ်ဆက်တာလို့ဘဲ သဘောထားလိုက်ပေါ့။ ကိုယ်အဓိက သိချင်တာကို မေးကြည့်ပါ။ ကျနော်ကြိုးစားပြီး ဖြေပေးပါမယ်။ အခြားသူတွေလည်း ၀င်ဖြေကြမှာပါ။
image ထည့်ဖို့အတွက် Ctrl+D ဆိုတာကို PageMaker မှာရော InDesign မှာပါသုံးပါတယ်။ မီနူးထဲမှာ ဆိုရင် တော့ File > Place = Ctrl+D ဖြစ်ပါတယ်။ ဒုတိယမေးခွန်း စာအုပ်မာဂျင်အတွက်ကတော့ မဂ္ဂဇင်းတွေ၊ ၀တ္ထုတွေမှာ အများအားဖြင့်တော့ Left, Right အတွက် .75 inch ထားကြပြီး Top, Bottom တို့အတွက်ဆိုရင် 1inch စီထားကြတာတွေ့ပါတယ်။ Top, Bottom မှာက Header/Footer မှာ စာတွေ (စာအုပ်နာမည်/ရေးသူ စတာတွေ) ထည့်ဖို့အတွက် နေရာပိုချန်ထားတာတွေ့ပါတယ်။ စာအုပ် size ကိုတော့ ဖြေမတတ်ပါ။ ကိုယ့်စာအုပ်ဘယ်အရွယ်လဲဆိုတာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမှာကိုး။ မဂ္ဂဇင်းဆိုတမျိုး၊ ၀တ္ထုအရွယ်ဆိုတမျိုးပေါ့လေ။
ဘယ်အမျိုးအတွက်မဆို Margin ကတော့ စောစောကအတိုင်းပဲ အတွေ့များပါတယ်။ InDesign image setting ချတာဘာကို ဆိုလိုသလဲ သိပ်နားမလည်ဘူးဗျာ။ ကျနော်နားလည်သလို ပြောကြည့်မယ်။ 1) image အရွယ်ညိတာကို ပြောတာဆိုရင်တော့ ကိုယ်လိုချင်တဲ့အရွယ်အရင်ချိန်လိုက်ပါ။ Selection tool ကို သုံးပြီးတော့ ချုံ့ချင်ချုံ့/ချဲ့ချင်ချဲ့ပေါ့ဗျာ။ အဲဒီမှာ သူ့ရဲ့ bounding box သာ ကြီးသွား/ငယ်သွားတာ ကိုတွေ့ပါမယ်။ ရုပ်ပုံကတော့ ကြီးလာ/ငယ်လာမှာ မဟုတ်ပါဘူး။
အဲဒီအတွက် အဲဒီရုပ်ပုံကို Right Click > Fitting > Fit Content to Frame ကို ကလစ်လုပ်ပေးလိုက်ရင် အိုကေသွားမယ် ထင်ပါတယ်။ 2) နောက်ပြီးတော့ InDesign image ကို in Line with text ထားတာ ပိုကောင်းပါတယ်။ (in Line with text ဆိုတာကတော့ အဲဒီရုပ်ပုံကို copy ပြီး စာကြောင်းထဲမှာ text tool နဲ့ ကလစ်ချပြီး paste လုပ်တာကို ဆိုလိုပါတယ်။) စာတွေရွှေ့တဲ့အခါ သူလည်းလိုက်ပြီးရွှေ့နေမယ်ပေါ့ဗျာ။ in Line ထားလို့ စာကြောင်းတွေနဲ့ ကပ်နေရင် သူ့ကို Right Click > Anchored Object > Options ကိုဖွင့်ပါ။ Abobe Line ကို Check လုပ်ပြီး သူ့အောက်က Space Before/Space After တို့ကနေ Line အစိတ်အကျဲကို ပြန်ချိန်ပေးနိုင်ပါတယ်။ သူတို့ကြားမှာရှိတဲ့ Alignment ကတော့ ရုပ်ပုံကို ဘယ်/ညာ/အလယ်စင်တာ စသဖြင့် ထားပေးဖို့ပါ။
လိုအပ်သူအချို့အတွက်ပေါ့ဗျာ။ ဒဒွေး ဒုက္ခပေးနေတယ်ဆိုရင် ဒီမှာကြည့်နိုင်ပါတယ်။
သိတဲ့အတိုင်းပဲ။ Adobe ထုတ်ကုန်တွေမှာ ဒဒွေးဒုက္ခပေးနေတာ ကြာပါပြီ။ နေရာကလဲ တခုနဲ့တခု မတူပြန် ဘူး။ အခု ကျနော်ပြောမယ့်နေရာတွေကတော့ CS2 version အတွက်ဖြစ်ပါတယ်။ CS3 မှာ ထပ်ပြောင်း သွားသေး သလားတော့ ကျနော်မသုံးကြည့်ရသေးလို့ မသိပါခင်ဗျာ။ InDesign ... Edit > Preference > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။ Illustrator ... File > Document Setup > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။ Photoshop ... Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို Uncheck လုပ်ပါ။ PageMaker 7 ... File > Preference > General > More > Use Typographer's Quotes ကို Uncheck လုပ်ပါ။ Corel Draw 12 ... Tools > Options ကိုဖွင့်ပြီး အဲဒီထဲက Text > QuickCorrect ကိုထပ်ဖွင့်ပါ။
အဲဒီမှာမှ ညာဘက်ခြမ်းမှာ အပေါ်ဆုံးဒုတိယတခုဖြစ်တဲ့ Change Straight quotes to typographic quotes ကို Uncheck လုပ်ပေးပါ။ (အပေါ်ဆုံးတခုကိုလည်း Uncheck လုပ်ထားဖို့လိုမယ်ထင်ပါတယ်။ သူကတော့ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို Capital စာလုံးလုပ်ပေးဖို့ဖြစ်ပါတယ်။ မြန်မာစာ အတွက်ဆိုရင် အဲဒါကို Uncheck လုပ်ထားပါ။) Microsoft Word ... Tools > Auto Correct ကိုဖွင့်ပါ။ အဲဒီထဲက Auto Format As You Type ကိုထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို Uncheck လုပ်ပေးပါ။ ဒါဆိုရင် ဒဒွေး ဒုက္ခမပေးနိုင်တော့ပါဘူးလေ။
PageMaker မှာ ဆိုရင်တော့ ကျနော်တို့အနေနဲ့ Table ကို Manual ဘဲလုပ်ပါတယ်။ ဆိုလိုတာက ဇယား ကော်လံတွေကို Tab သုံးပြီးချိန်ပါတယ်။ ပြီးမှ Rectangle / Line tools တွေကို သုံးပြီး ဇယားဖြစ်အောင် လုပ်ခဲ့ကြပါတယ်။ PageMaker မှာ Auto အနေနဲ့ Edit > Insert Object ကနေ Adobe Table 3 ကို ခေါ်သုံးနိုင်ပေမယ့် (ကျနော်သုံးမတတ်လို့လားတော့ မသိဘူး) အဆင်မပြေဘူးဗျ။ အဲဒါကြောင့် Manual ဘဲလုပ်ဖြစ်ခဲ့တယ်။ အခုတော့ ကျနော် PageMaker မသုံးတော့ဘူး။ InDesign ကိုပြောင်းသုံးလိုက်တယ်။ ဒီမှာကတော့ တော်တော့ကိုအဆင်ပြေတယ်။
ပမာတခုအနေနဲ့ ပြရရင် ...
၁။ InDesign မှာ File > New > Document လုပ်ပါ။
၂။ Text tool နဲ့ စာရွက်ပေါ်မှာ text frame ချပါ။ (စာရွက်ပေါ်မှာ drag ဆွဲပါ။ InDesign မှာက text frame ချပြီးမှဘဲ စာရိုက်လို့ရမယ်။ table ထည့်လို့ရပါတယ်။)
၃။ Table > Insert Table လုပ်ပြီးပေါ်လာတဲ့ box မှာ Row 5, Column 5 ရွေးပါ။
၎။ Table တခုလုံးကို select လုပ်ပါ။
၅။ အဲဒီ select လုပ်ထားတဲ့ table ပေါ်မှာ right click > table options > alternating fill ကိုရွေးပါ။
၆။ အပေါ်ဆုံးက None ကို Every Other Row ပြောင်းပါ။
၇။ သူ့အောက်က First အပိုင်းမှာ Color တခုရွေးပါ။
၈။ ဘေးက Next အပိုင်းမှာ Color None ထားပြီး Ok လုပ်ပါ။ ကဲ ... ဘာပြောင်းသွားလဲ ကြည့်လိုက်ပါဗျာ ... ။
ကျနော်ပြောခဲ့တာတင်မက အခြားဟာလေးတွေကိုလည်း စမ်းသပ်ကြည့်ပါဦး။ Table က in Line ဖြစ်နေတဲ့အတွက် text တွေနဲ့ငြိနေရင် select လုပ်ပြီး right click > table options > table setup ကိုဖွင့်ပါ။ သူ့အောက်ဆုံးနားလေးမှာ Table spacing ... Space before/space after ဆိုတာရှိပါတယ်။ ကိုယ်နှစ်သက်သလို ပြောင်းပေးနိုင်ပါတယ်။ အိုကေမယ်ထင်ပါတယ်နော။ InDesign အသုံးပြုပုံကို အစကနေ ပြောပြချင်တယ်ဗျာ။ ဒါပေမယ့် ကျနော်ကိုယ်တိုင်က စနစ်တကျ သင်ခဲ့ရတာမဟုတ်တော့ ဘယ်ကစရမယ် မသိဘူးဖြစ်နေတယ်။ မေးခွန်းများရှိရင်တော့ ကြိုးစားပြီး ဖြေပေးပါမယ်။ အခြေခံအစက လေ့လာချင်တယ်ဆိုရင်လည်း ပြောပါ။
ပုံမှန် Font တွေအတွက်ဆိုရင်တော့ Bold အတွက် မီနူးဘားအောက်မှာ Control bar ရှိပါတယ်။ မတွေ့ရင် Window > Control ကိုဖွင့်လိုက်ရုံပါပဲ။ အဲဒါမှ မရရင်တော့ Window > Workspace > Default ကိုကလစ်လုပ်ပေါ့ဗျာ။ အဲဒီ Control bar ဘယ်ဘက်ဒေါင့်ဆုံးမှာ Font ရွေးဖို့နေရာရှိတယ်။ သူ့အောက်မှာမှ (ပုံမှန်အားဖြင့်ဆို Regular လို့ပြထားတာရှိတယ်။) Regular ကို Bold ပြောင်းပေး လိုက်ပေါ့ဗျာ။
PageMaker Toolbar ဆိုတာလည်း ပါပါ တယ်။ အင်ဒီဇိုင်းနဲ့ ဖယ်မလီယာမဖြစ်ခင်မှာ အဲဒီ toolbar ကတဆင့် အဆင်ပြေအောင်သုံးနိုင်မယ် ထင် ပါတယ်။ ဒါပေမယ့်ဗျာ ...
ဖောင့်ထည့်ချင်ရင် Control Panel -> Fonts -> install က နေ ဖောင့်ဖိုင်ကိုရွေးပြီး install လုပ်ပေးရင် ရပါတယ် ... အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းတစ်လည်လည်ဆိုသလိုပဲ Pagemaker က သုံးလို့အကောင်းဆုံးပါပဲဗျာ ...
-Win---(Bold) Fonts ,DTP သမားတွေ မကြာခဏတွေ့ရတက်တဲ့ ကိစ္စလေးပါ.. စာတွေ ရိုက်ပြီးလို့ နှစ်သက်ရာစာတွေ၊ခေါင်းစဉ်တွေကို Bold လုပ်ချင်လို့ Bold icon ကိုနှိပ်လိုက်တဲ့အခါ Bold လုပ်လို့ရပြီး letters မှာ Bold မရပါ။ Print ထုတ်တဲ့အခါမှာ Bold လုပ်ထားတာတွေမပါလာတော့ပါ။ဒါနဲ့ error တွေရှိလာလို့ လိုက်ရှာကြည့်တော့ office,pagemaker7.0,works တွေမှ ဘာမှပြဿနာမရှိ၊ event viewer မှာလဲ ဘာမှမတွေ့ရ။ ဒီလို Bold မရတဲ့ error တွေကို Windows XP “ Vista စတဲ့ OS တွေပေါ်မှာတင်ထားတဲ့ MS officeXP, SP1, 2007. Works . Pagemaker7.0 ကိုအသုံးပြုပြီး ATM software (Adobe Type Manager “Deluxe-4.1,4.0) Install လုပ်ထားတဲ့ Computer တွေမှာတွေ့ရပါတယ်။ မသင်္ကာလို့ ATM ထဲက Bold မရတဲ့ -Win--- Fonts တွေကို Remove လုပ်၊ပြီရင် c:Windowsfonts ထဲက မရတဲ့ -Win--- Fonts တွေကို Delete လုပ်ပြီး DTP Software အားလုံးကို ပိတ်လိုက်တယ်။ မူရင်းCDထဲက -Win--- Fonts တွေကို C:.... fonts ထဲကို Copy လုပ်လိုက်တယ်( Fonts မှာ TTF,PFM)နှစ်မျိုးလုံးကိုတွေ့ရတယ်) winword ကိုခေါ်ပြီး Bold မရတဲ့ Fonts တွေကို ပြန်ပြီအသုံးပြုကြည့်တယ်  Bold လို့ရတယ် Print ထုတ်တဲ့အခါမှလည်ပြန်တွေ့ရတယ်။
အားလုံးကောင်းသွားတယ်။ Bold ထားတဲ့ letters တွေကို Copy လုပ်ပြီး pm70 ထဲမှာ Paste လုပ်တဲ့အခါ အဆင်ပြေတယ်။သို့သော်လည်း ATM ထဲမှာ Bold မရတဲ့ -Win--- Fonts တွေလုံးဝမထည့်ထားပါဘူး၊ ထည့်လိုက်ရင် မကြာခဏ ဒီလိုပြဿနာတွေဖြစ်တက်ပါတယ်။ Adobe CS အုပ်စုတွေမှာ ဘယ်လို သက်ရောက် မှု ရှိတယ်ဆိုရာစာဖတ်သူ ဂရုစိုက်ကြည့်ပါ။ကျွန်တော်လည်း ATM ရဲ့အသုံးဝင်မှုကို လေ့လာ အဖြေးရှာဆဲပါ။ ရွှေမြို့တော်ရဲ့ DTP လုပ်ငန်းတွေမှာ ယနေ့အချိန်ထိ Win--- Fonts တွေကိုသုံးတာ များပါတယ်။ myanmar,Zawgyi သုံးတာ အလွန်အလွန်နည်းပါတယ်။ တစ်ခုတော့ ရှိတယ် လက်ကွက် စာရွတ်တစ်ခုကို (၁၀၀)ကျပ်နဲ့ရောင်းပါတယ်။ဒုတိယအသုံးအများဆုံးက CE, Metrix Fonts တွေပါ။ Metrix Fontက PDF ပြောင်းတဲ့အချိန်မှာ ပြဿနာများပါတယ်။
လိပ်စာကဒ်၊ ဖိတ်စာ (မင်္ဂလာဆောင်၊အလှူ)ပြုလုပ်တဲ့နေရာမှာ များစွာအထောက်အကူပြုပါတယ်။ Bold ပြဿနာ ဖြေရှင်းနည်းအမျိုးမျိုးက တစ်ခုကိုတင်ပြခြင်းဖြစ်ပါတယ် DTP သမားတွေ လုပ်ငန်းလုပ် ကိုင် တဲ့နေရာမှာ အမြဲကြုံတွေ့ရတာ တစ်ခုရှိတယ် customer ဆိုတာ logical အရအမြဲမှန်ပါတယ်။ ကွန်ပျူတာ သမားအတွက် physical အရ မှန်နေပါတယ်။ Next Post တွေမှာ ရှင်သန်အောင်မြင်နေဆဲ pagemaker ၊Font Character တွေကိုကောင်းစွာကြည့်လို့ရတဲ့ Character Map pro အကြောင်း ဆက်လက်တင်ပြ သွားပါမည်။
0 comments:
Post a Comment