RAM အကြောင်းလေ့လာရအောင် ( ၂ )

Ram တွေကို Active ဖြစ်နေတဲ့ Program တွေအတွက် Data သိုလှောင်ဖို့ အတွက် အဓိက System Memory အဖြစ်သုံးတယ် ဆိုတာ သိပီးပီဟုတ် ..။
Ram ကို နှစ်မျိုးထပ်ခွဲပါတယ်
1. SRAM ( Static Random Access Memory )
2. DRAM ( Dynamic Random Access Memory)
1. SRAM ( Static Random Access Memory )
SRAM တွေဟာ DRAM တွေထက် အရွယ် ပိုကြီးပီး
ပိုမို မြန်ဆန်တဲ့ နှုန်းနဲ့ လုပ်ဆောင်နိုင်ပီး Power ပေးသမျှ ကာလ ပတ်လုံး
Refresh လုပ်စရာမလိုအောင်ကို Data တွေကို သိုလှောင်ပေးထားနိုင်ပါတယ်..။
သို့သော် ကုန်ကျစရိတ် များပြားချင်း ၊ အပူစွန့်ထုတ်မှုများပြားချင်း ၊
နေရာပိုယူချင်းတွေ ကြောင့် Main Memory အဖြစ် အသုံးမပြုဘဲ Cache Memory
အဖြစ်ပဲ CPU မှာ တပ်ဆင်အသုံးပြုပါတယ်..။ Processor CPU တွေမှာ L 1 Cache ၊ L
2 Cache ဘယ်လောက် MB ပါတယ်လို့ ပြောကြတာဟာ SRAM ကို ပြောတာပါ...။
2. DRAM ( Dynamic Random Access Memory)
ကွန်ပျူတာ မှာ Main Memory အဖြစ်
အသုံးပြုတဲ့ Memory Chip အမျိုးအစားဖြစ်ပါတယ်..။ အကုန်အကျ သက်သာချင်း ၊
နေရာ သိပ်မယူဘဲ Memory Capacity အတော် များများ ရအောင်
တည်ဆောက်နိုင်ခြင်းတို့ကြောင့် PC မှာ DRAM ကို
တပ်ဆင်အသုံးပြုချင်းဖြစ်ပါတယ်...။ ဒါကြောင့် DRAM ရဲ့ လုပ်ဆောင်နိုင်မှု
နှေးကွေးလွန်းတာကြောင့် ပိုမို မြင့်မားတဲ့ Processor များနဲ့
တွဲသုံးနိုင်စေဖို့ DRAM Architecture ကိုတိုးမြှင့်ခဲ့ရာမှ
SDRAM , DDR SDRAM , DDR (II) SDRAM , DDR(III) SDRAM
စတဲ့ Memory Chip တွေကို အဆင့်ဆင့်ပြောင်းလဲ သုံးစွဲ ကြပါတယ်..။
ref: //http://myokokyaw.blogspot.com/search/label/RAM
0 comments:
Post a Comment