Everything About IT Notes

Friday, March 14, 2014

Printer တုပ်ကွေး ဘယ်လိုကုမလဲ ( Do It Yourself )


Printer တုပ်ကွေး ဘယ်လိုကုမလဲ ( Do It Yourself )
ပရင်တာတုပ်ကွေးအတွက် ဆေးတိုက်ခြင်း
ဖြစ်လာပြီဆိုတော့လည်း အရေးပေါ်ဆေးသေတ္တာထုတ်ပြီး ဆေးတိုက်တာပေါ့.. ဒါကတော့ Printer
Software မှာ တွဲပါလာတဲ့ Nozzle Check/ Head Cleaning ပဲလေ.. သိသူများ
လုပ်တတ်သူများကတော့ ကျော်သွားလိုက်ပါ.. Beginner များအတွက် ပုံနဲ့တကွ
ဖော်ပြပေးလိုက်ပါတယ်..
Start menu ကိုနှိပ်ပြီး Devices & Printers ကို သွားပါ။ အဲ့ဒီမှာ မိမိ printer ကိုရှာပါ။ တွေ့ရင် Right Click
နှိပ်ပြီး Printing Preferences ကို ရွေးပါ။ အောက်ကပုံအတိုင်း Maintenance >> Nozzle Check(N) ကိုနှိပ်ပါ။
တချို့စက်တွေမှာကျတော့ Maintenance မပါရင် Utility မှာ ရှာပါ။


Printer မှာ A4 စာရွက်လွတ်တစ်ရွက်ထည့်ထားပြီး Print ကို နှိပ်ပါ.. ထွက်လာတဲ့ စာရွက်ပေါ်က pattern ကိုကြည့်ပါ။
အောက်က ပုံမှာ ပြထားတဲ့အတိုင်းပဲ Good ဆိုတဲ့ pattern လိုမျိုး အပေါက်အပြဲမရှိ တညီတညာတည်း
ဖြစ်ရမယ်။ Cleaning needed လို ကွက်ကြားပျောက်နေရင်ပဲဖြစ်ဖြစ်၊ လုံးဝနီးပါးပျောက်နေရင်ပဲဖြစ်ဖြစ် Clean ကိုနှိပ်ပါ။


Start Head ..
Box Print nozzle
check pattern pattern ပြန်
clean လုပ်ပါ။ ၂ ကြိမ်လောက် cleaning လုပ်လိုက်တာနဲ့ ကောင်းသွားတတ်ပါတယ်.. မရသေးရင်
ထပ်လုပ်ပေါ့.. မရသေးရင် ထပ် ထပ်ပြီး လုပ်ပေါ့... ဒါပေမယ့်..
Head Cleaning ဆိုတာက အကြိမ်ကြိမ်လုပ်လို့တော့ မကောင်းပါဘူး။ စက်ရဲ့ counter သက်တမ်း၊
head ရဲ့ သက်တမ်းကို ပိုပြီး တိုစေတယ်။ တစ်ကြိမ်ဆေးရင် ဆေး ကအတော်ကုန်တာကလား..
ပျောက်တာက တစ်ရောင် နှစ်ရောင်တည်း.. မပျောက်တဲ့ ကာလာတွေအတွက်ပါ ကုန်သေး.. ဒီတော့
Cleaning အကြိမ်ကြိမ် လုပ်လို့မှ မရတော့ရင် ဆေးထိုးကြတာပေါ့။
ပရင်တာတုပ်ကွေးအတွက် ဆေးထိုးခြင်း
လိုအပ်တဲ့ ပစ္စည်းအရင်ရှာထားပါ။
 * 25 ml/cc ၀င် တစ်ခါသုံး ဆေးထိုးပြွတ်
 * အကြောဆေးသွင်းပိုက်
 * မိတ္တူကူးစက်သုံး သန့်ရှင်းရေးအ၀တ်စ (စွပ်ကျယ်စ)
 * Head cleaning ဆေးရည် (မရှိရင်လည်း သောက်ရေသန့် သုံးလို့ရပါတယ်)
ဘယ်ကာလာပျောက်နေလဲ သိအောင် Nozzle Check အရင်ထုတ်ကြည့်ပါ..
နမူနာပုံမှာ color (၃) နဲ့ (၄) လုံးဝနီးပါး ပျောက်နေပါတယ်.. (၅) (၆)က ကွက်တိကွက်ကြား .. ဒါက
ကိစ္စမရှိဘူး..
Nozzle check ထုတ်ပြီးရင် မှင်ဘူးတွေ ထုတ်ရမှာမို့ printer ပေါ်က ဆေးစက်ပုံ button ကို
နှိပ်လိုက်ပါ။ မှင်ဘူးထုတ်လို့ရတဲ့နေရာကို သူ့အလိုလို ရွေ့ပေးပါလိမ့်မယ်.. ပါဝါ ကြိုးကို ဖြုတ်ပါ..
ဆေးစက်ပုံ button မပါဘူး (သို့မဟုတ်) ပျက်နေတယ်ဆိုရင်တော့ power ပိတ်လိုက်တဲ့အချိန်
(သို့မဟုတ်) ဖွင့်လိုက်တဲ့အချိန်မှာ ink carrier ဟာ အပေါ်ကို အနည်းငယ် ကြွလာပြီး ဘယ်ဘက်ကို
ရွှေ့သွားပါလိမ့်မယ်.. အဲ့ဒီအချိန်မှာ ပါဝါကြိုး ဖြုတ်လိုက်ပါ.. ပြီးရင် မှင်ဘူးတွေ ထုတ်လို့ရတဲ့နေရာထိ
ink carrier ကို ပြန်ဆွဲလာပါ..

ပြီးရင် မှင်ဘူးတွေထုတ်ပြီး လွတ်ရာကျွတ်ရာမှာ ခဏတင်ထားပါ.. ဆေးမယို မဖိတ်အောင်လည်း ဂရုစိုက်ပေါ့..
မှင်ဘူးတွေ ထုတ်ပြီးရင် ပုံပါအတိုင်း Nozzle ငုတ်တွေကို တွေ့ပါမယ်.. Print out ထုတ်ထားတဲ့ Nozzle
Pattern မှာ နံပါတ် (၃) နဲ့ (၄) ကာလာပျောက်နေတာဖြစ်လို့ နံပါတ်(၃)(၄) ငုတ်ကို ဆေးထိုးပေးရပါမယ်..
အကြောဆေးသွင်းပိုက်ကို ၂ လက်မခန့်ဖြတ်ပြီး ဆေးထိုးပြွတ်မှာ စွပ်ပါ။ ကြပ်နေဖို့လိုပါတယ်။ ပြီးရင်
တစ်ဖက်ကို ငုတ်မှာ စွပ်ပြီး စုပ်လိုက် ပြန်ထိုးလိုက် လုပ်ပါ။ head ထဲက ink ကုန်သွားတဲ့အထိလုပ်ပါ..
ပြီးရင် ink carrier ကို ဘေးသို့ တွန်းဖယ်လိုက်ပါ။ ဖယ်လိုက်တဲ့နေရာမှာ ခုန ဆေးထိုးလို့
ထွက်ကျလာတဲ့ ink တွေကို စွပ်ကျယ်စနဲ့ အသာအယာသုတ်ပါ။ ink carrier ထဲမှာ
ပေနေတာရှိရင်လည်း သုတ်ပါ။
တချို့စက်တွေက ဒီအဆင့်မှာတင် ရသွားတာလည်းရှိတယ်.. ဒါကြောင့် မိမိရဲ့ စက်အခြေအနေကို
သိဖို့တော့လိုတယ်.. ဒါကတော့ စောနက ထုတ်ထားတဲ့ Nozzle check pattern ကို ကြည့်ပြီး
ဆုံးဖြတ်ပေါ့.. ဒီနေရာမှာ ရပ်ပြီး nozzle check ထုတ်ကြည့်ကြမလား.. အောက်ကအဆင့်တွေ
ဆက်လုပ်မလား.. pattern မှာက လုံးဝကို ပျောက်နေတာဆိုရင်တော့ ပိုသေချာအောင်
ဆက်လုပ်တာပေါ့.. ခဏခဏ ဖြုတ်ရတပ်ရနဲ့ အလုပ်ရှုပ်တယ်လေ..
ဆေးထိုးပြွတ်ထဲ head cleaning ဆေးရည် (သို့မဟုတ)် သောက်ရေသန့် အနည်းငယ် စုပ်ယူပြီး ခုန
လို စုပ်လိုက် ပြန်ထိုးလိုက် လုပ်ပေးပါ။ စက်ထဲမှာ ပေနေတာ စိုနေတာတွေကိုလည်း စွပ်ကျယ်စနဲ့
ခြောက်အောင် သုတ်ပါ.. စိုနေတာ များတယ်ဆိုရင် ဆံပင်အခြောက်ခံစက် Dryer သုံးပြီး လေအေးနဲ့
ခြောက်အောင် မှုတ်နိုင်ပါတယ်။ ink carrier ထဲကိုတော့ မမှုတ်နဲ့ပေါ့..
ပြီးပြီဆိုရင် ဖြုတ်ထားတဲ့ မှင်ဘူးတွေ ပြန်တပ်၊ power ဖွင့် Nozzle Check ထုတ်ကြည့်ပါ။
လုံးဝပျောက်နေတဲ့ color ပြန်ပေါ်လာပါလိမ့်မယ်.. ဒါပေမယ့် အပြည့်အ၀ မပေါ်ဘဲ ကွက်ကြား
ကွက်ကြားဖြစ်နေသေးရင် head cleaning လုပ်ကြည့်ပါ.. ကောင်းသွားပါလိမ့်မယ်..
ဘယ်လိုပဲ လုပ်လုပ် မရတော့အောင်ဆိုးနေရင်တော့  Head ဖြုတ်ပြီး ဆေးစိမ်၊ Drip
သွင်းရပါလိမ့်မယ်.. ဒါကတော့ နားလည် ကျွမ်းကျင်မှု အထူးလိုအပ်တဲ့အတွက် ရေးပြဖို့
အဆင်မပြေပါဘူး... ပိုရှင်းသွားအောင် လုပ်ပုံလုပ်နည်း ဆင်တူတဲ့ Video file လေး
တင်ပေးထားပါတယ်.. ဒေါင်းပြီး ကြည့်ပါ...
Credit => http://frozenresearch.blogspot.com/

0 comments:

Post a Comment