Desktop ကို Hide မယ်
ကျွန်တော်အခု တင်ပြမည့်နည်းကတော့ မိမိ Desktop ပေါ်က Icon တွေကို Hide
သွားအောင် လုပ်သလို Desktop Background ကိုလဲ အခြားသူ ချိန်းသွားလို့
မရအောင်လုပ်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိပါတယ်။ Desktop ပေါ်မှာ
Right click ထောက်ပြီး Show Desktop Icon ကို အမှန်ခြစ်ဖြုတ်လိုက်မှာပေါ့
လို့ ပြောလို့ရပါတယ်။ ဟုတ်ကဲ့ လုပ်လို့ရပါတယ်။ ဒါပေးမဲ့ အခြားသူတွေ
ပြန်ဖော်လို့ရပါတယ်။ ကျွန်တော် အခုတင်ပြတဲ့နည်းက Desktop ပေါ်မှာ Right
click ကို ပေးလို့ မရတော့ပါ။ Icon တွေ Hide သွားသလို Desktop ပေါ်မှာ Right
click ပါ ခွင့်မပြုတော့ပါဘူး။ Desktop ကိုတွေ့ချင်ရင်တော့ Folder
တစ်ခုဖွင့်ပြီး။ ဘယ်ဘက်က Sidebar မှာ Desktop ကို နိုပ်ပြီး
ဖွင့်လို့ရပါတယ်။ ( မှတ်ချက်။ ။ အဲဒီ Desktop ထဲမှာ Right click
ထောက်ပြီးရင်တော့ Desktop Background ကို ပြောင်းလို့ ရနိုင်ပါတယ်။
ဒါပေးမဲ့ အတော်အတန့်တော့ သတိမထားမိနိုင်ပါဘူး။ Refresh ပေးချင်လဲ
အဲဒီပေါ်မှာကနေ Refresh ပေးလို့ရပါတယ်။) မိမိ Desktop ပေါ်က Icon တွေကို Hide
ချင်တယ်။ Desktop Background ကို အခြားသူ ပြောင်းလို့ မရအောင်
လုပ်ချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း လုပ်ဆောင်လိုက်ပါ။
လုပ်နည်း
1. Start >> Run >> Regedit လို့ရိုက်ပြီး။ Enter ခေါက်ပါ။
2. HKEY_Current_User >> Software >> Microsoft >> Windows >>Current Version >> Policies >> Explorer စတဲ့အတိုင်း ရောက်အောက်သွားပြီး Explorer ကို Double click နိုပ်ပြီး ဖွင့်လိုက်ပါ။
3. ညာဘက်က ကွက်လက်မှာ Right click ထောက်ပြီး။ New >> DWORD Value ကို click လိုက်ပါ။
4. DWORD Value ကို click လိုက်ရင် New value #1 ဆိုပြီ အောက်ပါအတိုင်းတွေ့ရပါမည်..။ Rename ကို NoDesktop လို့ ပေးလိုက်ပါ။
5. NoDesktop ပေါ်မှာ Right click ထောက်ပြီ Modify ကို click လိုက်ပါ။
6. Modify ကို click လိုက်ရင် အောက်ပါအတိုင်း Value Data မှာ (1) လို့ရိုက်လိုက်ပါ။ ပြီရင် Computer ကို Restart ချလိုက်ပါ.။ ဒါဆိုရင် Desktop ပေါ်က Icon တွေ အကုန် Hide သွားသလို Right click ထောက်လို့လဲ မရတော့ပါဘူး။ ပြန်လိုချင်က Value Data ကို (0) ပေးလိုက်ပါ။ ပြီရင် Computer ကို Restart ချလိုက်ပါ။ Desktop ပေါ်မှာ Icon တွေ ပြန်ပေါ်လာသလို Right click လည် ထောက်လို့ရပါပြီး။ ကျေးဇူးတင်ပါတယ်။

0 comments:
Post a Comment