Everything About IT Notes

Saturday, March 31, 2012

Secret Run Command

ကျွန်တော်တို့ Run Box မှာ ရိုက်ထည့်လို့ရတဲ့ Command တော်တော်များများကို သူငယ်ချင်းများအားလုံး သိပြီးသားဖြစ်ကြမှာပါ။ အခုပြောမှာကတော့ အင်မတန်လူသိနည်းတဲ့ Run Box Command လေးတွေ ပါပဲ။ ဗဟုသုတ အဖြစ်ဝေမျှလိုက်ပါတယ်။ Run Command လေးတွေ စမ်းသပ်ချင်တဲ့ သူငယ်ချင်းများ အတွက်ပေါ့။
Command
1. အစက်ကလေး တစ်စက်ကတော့ Home Directory ဆီကိုရောက်ပါလိမ့်မယ်။


2. အစက်လေး နှစ်စက်ဆိုရင်တော့ User Directory ဆီကို ရောက်ပါလိမ့်မယ်။


3. အစက်ကလေး သုံးစက်ဆိုရင်တော့ my computer ကိုရောက်ပါလိမ့်မယ်။


4. “ \ “လေးတစ်ချောင်းကတော့ SystemDrive ထဲကိုရောက်ပါလိမ့်မယ်။


အားလုံးပဲ လိုသလိုအသုံးပြူဖို့ပါ။


Low Drive Space messages ကို Disable ပေးနည်း

Low Hard Drive Space warning messages ကို Disable ပေးနည်း
ကျွန်တော်တို့ ကွန်ပျူတာ သုံးတဲ့ သူငယ်ချင်းအားလုံး ကြုံဖူးကျမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ခါတလေး Program တွေ Run လို့ဘဲ ဖြစ်ဖြစ် ဖိုင်ဆိုဒ် အကြီးကြီးတွေ ကြောင့်ဘဲ ဖြစ်ဖြစ် “You are running out of disk space on drive C or D. To free space on this drive by deleting old or unnecessary file, click here.” alerts Message တက်လာတာ အားလုံးကြံဖူးကျမှာပါ။
အဲဒီ warning message တက်လာတဲ့အခါမှာ မိမိရဲ့ Disk Space ကို maintenance လုပ်ဖို့အတွက် လိုအပ်မှာဖြစ်ပါတယ်။ အသုံးမလိုသေးတဲ့ Program တွေကို unstalling လုပ်၊ မလိုအပ်တဲ့ Temporary files တွေကို delete လုပ်ရမှာဖြစ်ပါတယ် ။ ဒါပေမဲ့ တစ်ခါတလေး အဲဒီ လုပ်ရင်နဲ့တင် အဆင်မပြေပါဘူး။ အထပ်ပါ Message ကို တက်လာနေတုန်းပါဘဲ။ ဒါကြောင့် အထပ်ပါ warnings Message ကို Registary ကနေ Disabled ပေးတဲ့နည်းဖြစ်ပါတယ်။
ဒါပေမဲ့ မိမိက Registry ကို ၀င်ရောက် မပြုလုပ်ခင် Back up ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Registry က အမှားမခံလို့ ဖြစ်ပါတယ်။ တစ်စုံတစ်ခု မှားသွားရင် ပြန်ပြီ Export လုပ်လို့ရအောင်ဖြစ်ပါတယ်။ အထပ်ပါ Alert Message ကို မတက်လာစေချင်က အောက်ပါအတိုင်း လုပ်ဆောင်လိုက်ပါ။


1.Start >> Run >> Regedit လို့ရိုက်ပြီ Enter ခေါက်လိုက်ပါ။
2.HKEY_CURRENT_USER >> Software >> Microsoft >> Windows >> CurrentVersion >> Policies >> Explorer စတဲ့အတိုင်း ရောက်အောင်သွားလိုက်ပါ။
ညာဘက်က နေရာလွတ်မှာ Right click ထောက်ပြီ New >> DWORD value ကို click လိုက်ပါ။ Rename ကို NoLowDiskSpaceChecks လို့ပေးလိုက်ပါ။ အဲဒီ Name ကိုဘဲ Double click နိုပ်ပြီး set its value ကို 1 လို့ရိုက်ပြီး OK ပေးလိုက်ပါ။
3.မိမိစက်ကို Restart ချလိုက်ပါ။

မှတ်ချက်။ ။ ကျွန်တော် ပုံမရိုက်တော့ဘူး။ ပုံစံသူ ပုံရိုက်ထားတဲ့ Link မှာ နားမလည်ရင် ကြည့်လို့ရအောင် ဒီမှာ သွားကြည့်နိုင်ပါတယ်။ အဲ့ဒီအတိုင်း လုပ်ဆောင်ရမှာဖြစ်ပါတယ် ။ ခေါင်းစဉ်ဘဲ လွဲသွားတာဖြစ်ပါတယ်။

0 comments:

Post a Comment