SATA နှင့် PATA ကွာခြားချက်များ
ကဲ အခု ကွန်ပျူတာတွေမှာ
မရှိမဖြစ်အသုံးပြုကြရသော Hard Drive တွေနှင့် Motherboard ကို Data transfer
လုပ်နိုင်ဖို့အတွက် ဆက်သွယ်ရာမှာအသုံးပြုရတဲ့ Cable ၂ ခုအကြောင်းကို
ပြောပြချင်ပါတယ်။ အထူးသဖြင့်ကတော့ အဲ့ဒီ Cable ၂ ခုမှာ ဘယ်လိုကွာခြားချက်တွေ
ရှိကြတယ်ဆိုတာကို ပြောချင်တာပါ။ အဲ့ဒီ Cable တွေက PATA နှင့် SATA Cable
တို့ပဲ ဖြစ်ပါတယ်။ သိကြပြီးသားအတိုင်းပါပဲ PATA ဆိုတာ ကွန်ပျူတာ Hard Drive နှင့်
Motherboard မှာ ကြားမှာ အသုံးပြုရတဲ့ ကြားခံ ဆက်စပ်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်(PATA
မတိုင်မီကတော့ SCSI hard disk တွေကို သုံးပါတယ်) အဲ့သလိုပဲ SATA ဆိုတာဟာလည်း
ကြားခံဆက်သွယ်ရာမှာ အသုံးပြုရတဲ့ Cable ကြိုးတစ်ကြိုးပါပဲ။ ကွန်ပျူတာမှာ Hard
Drive နှင့် Motherboard ကို ဆက်သွယ်ပြီးတော့ အသုံးပြုတော့မယ်ဆိုလို့ရှိလျင် ဒီ
SATA နှင့် PATA Cables တွေကို အသုံးပြုရတော့မှာဖြစ်ပါတယ်။
ဒီ SATA နှင့် PATA ဟာ
အသုံးပြုတဲ့ နေရာချင်း အသုံးပြုပုံချင်းတော့တူတာမှန်သော်လည်းပဲ သူ့တို့နှစ်ခုမှာ
မတူညီတဲ့ လက္ခဏာရပ်တွေ၊ အရွယ်အစားတွေ၊ အလုပ်လုပ်ပုံချင်းတွေ၊ Bandwidth တွေ၊ Data
transfer လုပ်နိုင်တဲ့ Speed စတာတွေကတော့တစ်ခုနှင့်တစ်ခု မတူညီတာလေးတွေတော
့ရှိကြပါတယ်။ အခု အဲဒီ SATA နှင့် PATA ရဲ့ကွာခြားမှုရှိနေတဲ့ အချက်ကလေးတွေကို
ပြောကြရအောင်။ အဲသလိုမျိုး ကွာခြားမှုလေးတွေကိုသိထားတော့မှ ကိုယ့်ရဲ့ ကွန်ပျူတာမှာ
ဘယ် Cable ကိုသုံးရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေပိုနိုင်တယ်ဆိုတာကို
သိထားမှာဖြစ်ပါတယ်။ ကဲဒီတော့စရအောင်။
Serial ATA လိုပဲ Parallel
ATA ဟာလည်း ကွန်ပျူတာမှာအသုံးပြုတဲ့ Hard Drive တွေနှင့် Motherboard
ကြားဆက်သွယ်ပေးသော Cable ကြိုးတစ်ကြိုးပါပဲ။ ဒါပေမယ့် အဲ့ဒီ PATA မှာ အနည်းငယ်သော
အားနည်းချက်တွေရှိတဲ့ အတွက်ကြောင့် သိပ်မကြာခင်မှာပဲ Serial ATA ကို Paralle
ATAအစား အစားထိုး အသုံးပြုဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ တကယ်လည်း သူတို့နှစ်ခုကို
နှိုင်းယှုဉ်ကြည့်မယ်ဆိုလျင် SATA မှာ PATA ထက်သာတဲ့အချက်တွေအများကြီးရှိနေပါတယ်။
ကဲပထမဦးဆုံး SATA နှင့် PATA တို့ရဲ့ ကွာခြားမှုများစွာထဲက တစ်ချက်ဖြစ်တဲ့
အရွယ်အစားကွာခြားမှုကို ကြည့်ရအောင်။ နောက်ပြီး အဲ့ဒီ အရွယ်အစားကွာခြားမှုကြောင့်
ဘာတွေကွဲပြားတတ်သလဲဆိုတာတွေရဲ့ ကွာခြားမှုကိုလည်းပြောပြပါမယ်။
တကယ်တမ်း Serial ATA ( SATA )
နှင့် Parallel ATA ( PATA ) ကြိုး နှစ်ခုကို ယှဉ်ကြည့်မယ်ဆိုရင် PATA Cable က
SATA Cable ထက် ကြိုးပိုတိုပါတယ်။ SATA Cable တွေက PATA Cable တွေထက်ပိုရှည်ပါတယ်။
PATA Cable တွေက ၁၈ လက်မ လောက်သာရှည်လျားပါတယ်။ SATA Cable ကတော့ ၁ မီတာ
ရှည်လျားပါတယ်။ လက်မနှင့်တွက်မယ်ဆိုလျင်တော့ ၃၉.၄ လက်မထိရှည်လျားပါတယ်။
နောက်တစ်ချက်က PATA cable
တွေဟာ SATA Cable တွေထက် အရွယ်အစားလည်းပိုကြီးပါတယ်။ ပိုပြီးတော့လည်း
ပြက်ကျယ်ပါတယ်။ အဲသလိုမျိုး ကြိုးကကြီးနေတော့ Drive တွေကိုချိတ်ဆက်အသုံးပြုရာမှာ
ကြိုးကပြက်ကျယ်ပြီးတော့ ရှုပ်နေတဲ့အခါကျတော့ ကွန်ပျူတာရဲ့ Air flow ဖြစ်မှုကို
ကြိုးနဲ့ပိတ်ကာထားသလိုဖြစ်ပြီးတော့ လေ၀င်လေထွက်မရှိတာမျိုးကိုဖြစ်စေပါတယ်။ ကွန်ပျူတာ
Air Flow မဖြစ်တော့ လေ၀င်လေထွက်မကောင်းဖြစ်ပြီး Heat တက်တာပေါ့။ ကွန်ပျူတာကို
အပူတက်စေတာပေါ့။ ကွန်ပျူတာက အပူသည်လေ။ အပူကြောက်တယ်။ အဲ့သလိုမျိုး အပူသည်ကို
အပူသွားပေးတော့ ဘယ်ကောင်းပါ့မလား။ ဒါဟာဆိုလို့ရှိရင် PATA Cable ရဲ့
အားနည်းချက်တစ်ရပ်ပဲဖြစ်ပါတယ်။ ကွန်ပျူတာအပူတက်တာဟာ ကွန်ပျူတာ Failure
ဖြစ်ဖို့ကိုလွယ်ကူစေပါတယ်။ အပူကြောင့် ကွန်ပျူတာ ရဲ့ performanance
ကိုကျဆင်းစေနိုင်ပါတယ်။ ဒါဟာ PATA cable ကြိုးကြီးမားမှုကြောင့်ဖြစ်ပေါ်လာတဲ့
ဆိုးကျိုးတွေပါပဲ။ SATA cabLe ကျတော့ ဒီလိုမျိုးမရှိပါဘူး။
နောက်ပြီးတော့ PATA cable
တွေဟာ SATA cable တွေလောက် အလျားမရှည်တဲ့အပြင် ပြက်လည်းကျယ်တယ်။ Wire
ကြိုးတွေလည်းအများကြီးပဲ။ PATA cable တွေမှာ pin အရေအတွက်က 40 wire သို့မဟုတ် 80
wire တောင်ရှိပါတယ်။ ကွန်ပျူတာရဲ့ Device တွေချိတ်ဆက်အသုံးပြုတဲ့အခါကျတော့
နေရာပိုယူနေတာပေါ့။ ဒီတော့ အဲဒီ ကြိုးကပြက်ကျယ်ပြီး တစ်ခြားပစ္စည်းတွေရဲ့ရှေ့ကနေ
ပိတ်နေသလိုဖြစ်နေတော့ Air Flow လေ၀င်လေထွက်မကောင်းပြန်တော့ဘူးပေါ့။
ကဲ SATA cable ကျတော့ PATA
cable တွေလိုမျိုး ကြိုးကြီးကအကြီးကြီးဖြစ်မနေတော့ဘူး။ သူ့ရဲ့
အရွယ်အစားကသိပ်ကြီးကြီးမဟုတ်ဘူး။ Pin အားဖြင့် 7 wire ပဲရှိပါတယ်။ SATA
cable ကြိုးပြားလေးကသေးသေးလေး။ ပြောရမယ်ဆိုရင်လူတစ်ယောက်ရဲ့
လက်ညှိုးအရွယ်သာသာလေးလောက်ပဲရှိပါတယ်။ နောက်ပြီးတော့ ကြိုးကလည်းရှည်တာဆိုတော့
အလွယ်တကူ လွတ်လွတ်လပ်လပ်လေး တပ်ဆင်နို်င်တာပေါ့။ SATA cable ကကြိုးက
ပိန်ပိန်ပါးပါးလေးဆိုတော့ PATA cable တွေလိုမျိုး ကြိုးရှုပ်တာတို့၊ နေရာယူတာတို့၊
တခြား Hardware ပစ္စည်းတွေရဲ့ရှေ့ကပိတ်ကာထားသလိုမျိုးတို့ မဖြစ်တော့ဘူးပေါ့။
ဒါ့ကြောင့် Air Flow လည်းကောင်းတယ်။ ကွန်ပျူတာကိုအပူသက်သာစေတယ်။
အပူသက်သာခြင်းဟာကွန်ပျူတာကို အများကြီး ကွန်ပျူတာရဲ့ performance ကို တက်စေပါတယ်။
ဒါဟာဆိုရင် PATA နှင့်မတူတဲ့ SATA cable ရဲ့ အားသာချက်တစ်ရပ်ဖြစ်ပါတယ်။
နောက်ထပ်ပြီးတော့ SATA နှင့်
PATA တို့ရဲ့ မတူညီတဲ့ ကွဲပြားတဲ့အချက်တွေကိုပြောပြပါအုံးမယ်။ SATA နှင့် PATA ဟာ
Data transfer လုပ်တဲ့ channel လမ်းကြောင်းလည်းမတူကြပါဘူး။ PATA တွေဟာ Data
transfer လုပ်တဲ့အခါမှာ Parallel channel နဲ့သွားတာဖြစ်ပါတယ်။ PATA တွေဟာ Data
တွေ၊ အချက်အလက်တွေကို Send ပို့တဲ့အခါမှာပဲဖြစ်စေ၊ receiving
လက်ခံတဲ့အခါမှာဖြစ်စေ ဒီ လမ်းကြောင်းတစ်ခုတည်းကိုပဲ တစ်ပြိုင်တည်းသုံးတာဖြစ်ပါတယ်။
ဆိုလိုတာက တချိန်တည်းတပြိုင်တည်းမှာ အချက်အလက်တွေကို
အပြိုင်ပို့လွှတ်လက်ခံတာဖြစ်ပါတယ်။ SATA ကျတော့အဲ့သလိုမျိုးမဟုတ်ဘူး။ အချက်အလက်တွေ
Data transfer လုပ်တဲ့နေရာမှာ Serial channel နဲ့သွားတာဖြစ်ပါတယ်။ Serial Channel
နဲ့ဆိုတာက ဘာကိုပြောတာလဲဆိုတော့ အချက်အလက်တွေကို transfer လုပ်တဲ့နေရာမှာ Data တွေကို
Seding ပို့ခြင်းကို လမ်းကြောင်းတစ်ခု၊ Data တွေ receiving လက်ခံခြင်းကို
လမ်းကြောင်းတစ်ခုဖြင့်ပို့လွှတ်တာဖြစ်ပါတယ်။ ဆိုလိုတာက Data တွေကို
တပြိုင်တည်းပို့လွှတ်လက်ခံတာမျိုးမဟုတ်ပဲ တစ်ခုပြီးမှ တစ်ခု တန်းစီပြီး
ပို့လွှတ်တာဖြစ်ပါတယ်။ ဒါကိုပဲ Serial channel နဲ့ Data transfer
လုပ်တယ်လို့ခေါ်တာပါ။ PATA က အချက်အလက်တွေကို အပြိုင်ပို့လွှတ်တယ်။ SATA က
အချက်အလက်တွေကို တန်းစီပြီးပို့လွှတ်တယ်။ ဒါကိုပဲ တစ်ချို့တွေကကျတော့ PATA
ကအပြိုင်ပို့လွှတ်တာဆိုတော့ပိုမြန်မယ်လို့ထင်ကြတယ်။ အဲ့သလိုမျိုး PATA က
အချက်အလက်တွေကို အပြိုင်ပို့လွှတ်တယ်၊ SATA က တန်းစီပြီးတော့မှ
တစ်ခုပြီးတစ်ခုပို့လွှတ်ရတယ်ဆိုပြီးတော့ PATA က SATA
ထက်ပိုမြန်မယ်လို့မထင်လိုက်လေနဲ့နော်။ တကယ်တန်း မြန်တာက SATA ကပိုမြန်တာ။ ကဲဒီမှာ
SATA က PATA ထက်ဘာ့ကြောင့်ပိုမြန်တယ်ဆိုတာသိသွားပြီနော်။
ဒီတော့ SATA နှင့် PATA
တို့ရဲ့ကွာခြားတဲ့နောက်တစ်ချက်ကို ထပ်ရှင်းပြီနော်။ နောက်တစ်ချက်က power
အသုံးပြုမှုပဲ ဖြစ်ပါတယ်။ သူတို့နှစ်ခုက Power ယူတာချင်းကွာခြားကြပါတယ်။ Serial ATA
Device တွေဟာ PATA Device တွေထက်ပိုပြီးတော့ power သုံးစွဲမှု သက်သာပါတယ်။ PATA
ကပိုပြီးတော့ power လိုအပ်ပါတယ်။ SATA ရဲ့ power consumption က 250m Volt
ပဲရှိပါတယ်။ PATA ကတော့ power 5 Volt ထိတောင်ယူတယ်။ ဒီလိုမျိုး power
consumption သက်သာခြင်းဟာ ကွန်ပျူတာ heat တက်မှုကို လျှော့ချပေးပါတယ်။
ဒီလောက်ဆိုလျင် SATA နဲ့ PATA ရဲ့ ကွာခြားချက်တွေကို အထိုက်အလျောက် သိသွားပြီလို့ မျှော်လင့်ပါတယ်။
ဒီလောက်ဆိုလျင် SATA နဲ့ PATA ရဲ့ ကွာခြားချက်တွေကို အထိုက်အလျောက် သိသွားပြီလို့ မျှော်လင့်ပါတယ်။
0 comments:
Post a Comment