OSI (7) Layers အကြောင်းသိကောင်းစရာ အပိုင်း(၂)
ပထမဦးဆုံး အနေနဲ့ လေ့လာရမှာ ကတော့ Application Layer(Layer 7) ပါပဲ။ Application Layer ကဘာတွေလုပ်သလဲ။ပြောရရင်တော့ သူကLayer(၇)ခု လုံး မှာ User နဲ့ အနီးစပ်ဆုံး Layer ပါပဲ။ User တစ်ယောက် Network Connection အသုံးပြုပြီး Dataတွေကိုဟိုဘက်တခြား User တစ်ယောက်ဆီကို ပို့ဖို့ ဒါမှမဟုတ် ဟိုဘက်ကပို့လိုက်တဲ့ Data တွေကို ပြန်လည်မြင်တွေ့အသုံးချနိုင်အောင်လို့ လိုအပ်တဲ့ Services တွေ Application တွေ အားလုံးဟာ ဒီ Layer မှာ အကျုံးဝင်ကြပါတယ်။ ဥပမာElectronic Mail တို့၊ File Transfer တို့၊ Remote Job Entry တို့ စတဲ့ Service တွေပေါ့။
ပြောရရင် Application Layerဟာ User တွေကို
သူတို့ ပို့ချင်တဲ့ Data အမျိုးအစားတွေအလိုက် သူတို့ပို့ချင်တဲ့
ပုံစံအနေအထားအတိုင်း လွယ်လွယ်ကူကူနဲ့Network Connection ပေါ်
တင်ပေးနိုင်အောင် ကူညီပံ့ပိုးပေးပါတယ်။ Network Connection
ကိုဖြတ်သန်းပြီးလက်ခံမယ့်သူ ဘက်အခြမ်း ကို ရောက်သွားရင်လည်း
ဒီဘက်ကပို့လိုက်တဲ့ Data အမျိုးအစားကို လိုက်ပြီးလက်ခံသူအဆင်ပြေစွာနဲ့ အဲဒီ
Data တွေကို လက်ခံယူနိုင်အောင်၊ ပြန်လည်အသုံးချနိုင်အောင် လိုအပ်တဲ့
Serviceတွေနဲ့ကူညီပေးပြန် ပါတယ်။
ဘယ်လိုသဘောမျိုးလဲဆိုတော့ Interface
တစ်ခုလိုသဘောထားမယ်ဆိုရင်လည်းရပါတယ်။ကျွန်တော်တို့အနေနဲ့ကွန်ပျူတာ ထဲမှာ
စာစီစာရိုက်လုပ်ချင်တယ်။ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ ရေးသားထားတဲ့စာတွေကို
ကွန်ပျူတာထဲမှာသိမ်းထားချင် တယ်ဆိုရင် Microsoft Word တို့၊ Adobe
PageMaker တို့ဟာကွန်ပျူတာနဲ့ ကျွန်တော်တို့ကြားကနေ ကျွန်တော်တို့ကို
ကူညီပေးတဲ့ Interface တွေပဲဖြစ်ပါတယ်။ အဲဒီလိုပဲ
ကွန်ပျူတာတွေတစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီး သတင်းအချက် အလက်တွေ
ဖလှယ်တဲ့အခါ ဟိုဘက်ဒီ ဘက် Data တွေ Transferလုပ်ကြတဲ့အခါ တွေမှာလည်း User
တွေနဲ့ Network Connection တွေကြား ပြောရရင်တော့ User နဲ့ အောက်ပိုင်း
Layerတွေကြားမှာ Application Layer ဟာ Interface တစ်ခုပါပဲ။
User တွေပို့ချင်တဲ့ သတင်းအချက်အလက်တွေ၊
Dataတွေအားလုံးကို အောက်ပိုင်း Layers တွေကနားလည်လက်ခံယူနိုင်ပြီး
ဟိုဘက်တခြားကို ဆက်လက်ပို့ဆောင်ပေးနိုင်ဖို့အတွက် Application Layer
ကကြားကနေ၀င်ရောက်ပြီး Interface တစ်ခုအနေနဲ့ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ပေးရာမှာ User ပို့လွှတ်မယ့်
Data အမျိုးအစားပေါ်မူတည်ပြီး အသုံးပြုတဲ့ Service တွေဟာ
လည်းအမျိုးမျိုးရှိနေမှာဖြစ်ပါတယ်။ ဒါမှလည်း Data အမျိုးအစားများစွာကို
User တွေအခက်အခဲမရှိဘဲ တစ်ဖက်နဲ့တစ်ဖက်Transfer လုပ်နိုင်မှာဖြစ်ပါတယ်။
ဥပမာတစ်ခုနဲ့ပိုရှင်းအောင်
ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ တယ်လီဖုန်းဆက်သွယ်ရေးစနစ်နဲ့
ဥပမာပေးချင်ပါတယ်။ အဲဒီမှာ တယ်လီဖုန်းအခွံ (Hand Phone မှာဆိုရင်တော့
HandSet ပေါ့နော်။) ဟာ Application Layerလို့သဘောထားပေးပါ။ အဲဒီဖုန်း
ရဲ့နံပါတ်ကတော့ Application Layer ကအသုံးပြုတဲ့ Service ပေါ့နော်။ Data
Transferလုပ်ချင်တယ်ဆိုရင် Network Connection ရှိရမှာဖြစ်သလို
အဲဒီဖုန်းဟာလည်း Service ၀င်နေဖို့တော့လိုတာပေါ့နော်။ကဲဒါဆိုရင်
ကျွန်တော်တို့ အဲဒီဖုန်းကို အသုံးပြုပြီးတော့
ကျွန်တော်တို့ရဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေဆီကို ဆက်သွယ်လို့ရနိုင်ပြီပေါ့။
အဲဒီမှာ ကျွန်တော်ပြောချင်တာက
ကျွန်တော်တို့ ခေါ်ဆိုချင်တဲ့ Phone ရဲ့အမျိုးအစား(GSM လား၊ WCDMAလား၊ CDMA
450လား ဒါမှမဟုတ် ကြိုးဖုန်းလား) ဆိုတာပေါ်မူတည်ပြီး
ကျွန်တော်တို့အသုံးပြုခေါ်ဆိုရတဲ့ဖုန်းနံပါတ်တွေ ဟာမတူကြဘူးမဟုတ်လား။
အင်းအဲဒီလိုပါပဲ Application Layer ဟာလည်း
ကျွန်တော်တို့အသုံးပြုချင်တဲ့Data အမျိုးအစားအလိုက် Services
တွေအများကြီးတွေနဲ့ ကြားခံ Interface တစ်ခုအဖြစ်ကျွန်တော်တို့နဲ့
အောက်ပိုင်းLayer တွေ ကြားမှာ ကူညီလုပ်ဆောင်ပေးပါတယ်။
ကဲကဲ Application Layer
တစ်ခုတည်းကိုရှင်းနေတာတော်တော်တောင်ရှည်နေပြီ။ ဒီလောက်ဆိုရင်လည်း
ApplicationLayer အကြောင်းကို တော်တော်လေးသဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။
ဒါဆိုရင်အောက် ကနောက်ထပ် Layerတစ်ခုကို ထပ်ပြီးလေ့လာကြတာပေါ့နော်။ နောက်ထပ်
Layer တစ်ခုကဘာပါလိမ့်။ မှတ်မိတဲ့လူရှိရင်လည်းပြောလိုက်ကြပါနော်။ ဘာတဲ့။
ဟုတ်ကဲ့။ Presentation Layer ပါ။ မှန်ပါတယ်။ အားလုံးမှန်ကြပါတယ်။
ကဲကဲဆက်ပြီးလေ့လာလိုက်ကြရအောင်နော်။
Presentation Layer(Layer 6) ကတော့
Application Layer ကနေ စီးဆင်းလာတဲ့ Data တွေကို NetworkConnection
တစ်လျှောက်မှာ သွားလာနိုင်မယ့် Format ပုံစံမျိုးကို ပြောင်းလဲပေးပါတယ်။
အဲဒါကို Encodeလုပ်တယ်လို့ခေါ်ပါတယ်။ ဒါ့အပြင် Security
ပိုင်းစိတ်ချရစေရန်အတွက်လိုအပ်တဲ့ Encryptionတွေ ကိုလည်းလုပ်ပေးပါတယ်။
ပြီးတော့ပမာဏကြီးမားစွာဖောင်းပွနေတာ
မျိုးမဖြစ်အောင် လိုအပ်တဲ့ Compressionလုပ်ဆောင်မှုအပိုင်းလေးတွေလည်း
လုပ်ဆောင်ပေးပါတယ်။ ဒါကပို့တဲ့ဘက်ကပေါ့နော်။လက်ခံမယ့်ဘက်ရောက်တဲ့အခါကျတော့
ပုံမှန်အရွယ်ပမာဏပြန်ဖြစ်အောင် မှန်မှန်ကန်ကန် Decompressionလုပ်ပေးပါတယ်။
မှန်ကန်သော Encryption နည်းလမ်းများနဲ့ Decryption ပြန် လုပ်ပေးပါတယ်။
ပြီးရင်တော့ သင့်တော်တဲ့Format တစ်ခုနဲ့ Data တွေ ကိုပြန်ပြီး Decode
လုပ်ပေးပါတယ်။ Application Layer ကနားလည်လက်ခံနိုင်မယ့်
Formatမျိုးနဲ့ပေါ့။ ဒါမှလည်း Application Layer က User တွေကို Data
တွေပြန်လည်ပြသပေးနိုင်မှာဖြစ်ပါတယ်။
အင်းအဲဒီလိုလုပ်ဆောင်တဲ့နေရာမှာ
Application Layer မှာတုန်းကလိုပဲနည်းစနစ်အမျိုးမျိုးရှိပါတယ်။
Encodeလုပ်တဲ့နေရာမှာနဲ့ Decode လုပ်တဲ့နေရာမှာဆို သုံးရတဲ့ Mechanism တွေက
ပို့တဲ့ဘက်အခြမ်းမှာ နဲ့လက်ခံမယ့်ဘက်အခြမ်းမှာတောင်တူချင်မှတူ
ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ဒီဘက် Computer A(Sender) ကသုံးတဲ့ Character
Set(ကွန်ပျူတာကသုံးတဲ့Data Representation စနစ်) နဲ့ဟိုဘက်က Computer
B(Receiver) ကသုံးတဲ့ Character Set နဲ့ကတူချင်မှတူမှာမို့ပါ။
ဥပမာ Computer A က ASCII Code (American
Standard Code for Information Interchange)ကိုအသုံးပြုပြီး သူ့ရဲ့စက်မှာ
Data တွေကိုသိမ်းပေမယ့် Computer B ကတော့ EBCDIC (Extended Binary
CodedDecimal Interchange Code) ကိုသုံးချင်သုံးပါလိမ့်မယ်။
ဒါဆိုရင် Presentation Layer ဟာပို့တဲ့ဘက်
Sender ဘက်မှာASCII Coded Data တွေကို Network Connection ပေါ်မှာသွားလာမယ့်
Format မျိုးအဖြစ်ပြောင်းလဲပေးရပြီးလက်ခံမယ့်ဘက်မှာတော့ Network
Connection ပေါ်ကလာတဲ့ Data တွေကို EBCDIC Coded Dataတွေအဖြစ်ပြန်လည်
ပြောင်းလဲပေးရပါတယ်။
ဒါဟာ Presentation Layer
ရဲ့အဓိကလုပ်ဆောင်ချက်ပါပဲ။နောက်ပိုင်း Network Connection တွေပေါ်ကနေ Data
တွေကို အပြန်အလှန် Transfer လုပ်ကြရာမှာ Security ပိုင်းဟာလည်းစဉ်းစားစရာ
အချက်တစချက် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် Data တွေကို Transfer
လုပ်တဲ့နေရာမှာဟိုးအရင်လိုဒီအတိုင်းပုံမှန် အတိုင်း ပေးပို့ရာကနေ
Encryption လုပ်ပြီးမှသာ Transfer လုပ်လာကြပါတယ်။ အဲဒီလိုEncryption
လုပ်တဲ့နေရာမှာတော့ဟိုဘက် နဲ့ဒီဘက်နှစ်ဘက်စလုံး
မှာတူညီတဲ့လိုက်ဖက်ညီတဲ့စနစ်တစ်ခုကိုပဲသုံးကြပါတယ်။
Encoding နဲ့ Decoding
တို့မှာလိုဟိုဘက်ဒီဘက်ကွဲ ပြားတဲ့ Mechanism မရှိတော့ဘူးလို့ ဆိုချင်တာပါ။
အဲဒီလိုEncryption Decryption လုပ်ဆောင်ချက်တွေဟာလည်း Presentation Layer
မှာပဲလုပ်ဆောင်ကြ တာပါ။ ပြီးတော့Network Connection ပေါ်ကနေ Data တွေ
Transfer လုပ်ကြရာမှာ ကျွန်တော်တို့အနေ နဲ့ Connection
Bandwidthကိုလဲမမေ့ထားသင့်ပါဘူး။ ဒီတော့ Data တွေ ဟိုဘက်ပို့ချင်တဲ့နေရာ
ဆီကို မြန်မြန်ရောက်သွားဖို့ဆိုတာ ဟာ Data ရဲ့Sizeပမာဏပေါ်မူတည်ပါတယ်။ Size
သေးလေပိုမြန်လေပဲပေါ့။
ဒီတော့ Data တွေကိုပုံမှန် Size
အတိုင်းပို့မယ့်အစားCompression လုပ်ပြီးမှပဲ ပို့ကြပါတယ်။အဲဒီလို
Compression လုပ်ထားတဲ့ Data ကိုဟိုဘက် Destination (ComputerB)ဆီရောက်
တဲ့အခါ Decompression လုပ်ပြီးပုံမှန် Size ပြန်ရအောင်လုပ်ပါတယ်။
ဒီနေရာမှာတော့ Compressionလုပ်တဲ့နည်းစနစ်နဲ့ Decompression
လုပ်တဲ့နည်းစနစ်တို့တူညီမှသာမှန်ကန်တဲ့ Data ကို မှန်ကန်တဲ့ Original
Sizeအနေအထားပြန်ရမှာပါ။ အဲဒီလို Data Compression တွေ Decompression
တွေအားလုံးဟာလည်း PresentationLayer မှာလုပ်ဆောင်ကြပါတယ်။
Session Layer(Layer 5) ကတော့ Data တွေ
Transfer လုပ်ဖို့အတွက်ဟိုဘက်နဲ့ဒီဘက်ကြားထဲမှာ Connectionတစ်ခုကို
အစပြုဖြစ်ထွန်းစေပါတယ်။ Logical Connection ပေါ့နော်။ပြီးရင်အဲဒီ
Connection လေးကို Data တွေ Transferလုပ်တာမပြီးသေးခင် အထိ
ထိန်းသိမ်းထားပါတယ်။ Presentation Layer ကနေတဆင့် လက်ခံရရှိလာတဲ့
Dataတွေကိုလည်းအဲဒီ Connection ပေါ်မှာအဆင်ပြေပြေသွားနိုင်အောင်
သင့်တော်တဲ့အပိုင်းလေးတွေ အဖြစ်ပိုင်းပေးတာ ကိုလည်း
လုပ်ဆောင်ပါသေးတယ်။အဲဒီလိုအပိုင်းလေးတွေပိုင်းတဲ့နေရာမှာအပိုင်းလေးတွေရဲ့
Size ပမာဏဟာရရှိနိုင်မယ့် Network Connection ပေါ်မှာမူတည်ပါတယ်။
အပေါ်မှာပြောခဲ့တဲ့ Logical Connection ဆိုတာလေ။ ဒါပေမယ့် Connection ရဲ့ Speed နဲ့ Bandwidthပေါ်မှာမူတည်တာတော့မဟုတ်ပါဘူး။
အဲဒီ Connection
ရဲ့အသုံးပြုထားတဲ့နည်းပညာပေါ်မှာသာမူတည်တာပါ။အပိုင်းတစ်ပိုင်းမှာ ဘယ်လောက်
Bytes ရှိမယ်ဆိုတာဟာအဲဒီ Connection တစ်လျှောက်လုံးကကြားခံ
မီဒီယာကြိုးတွေ၊Network Card တွေ၊ Swithch တွေ၊ Router တွေ နဲ့ Protocols
တွေပေါ်မှာ သာမူတည်မှာပါ။ ဆိုလိုတာက Ethernetလား၊ ISDN လား၊ ATM လား
ဆိုတာတွေပေါ့။ ဒါတွေအားလုံးကို Session Layer ကလေ့လာ မှတ်သားပြီး Computer A
နဲ့Computer B ကြားမှာ Logical Connection လေးတစ်ခုကို
စတင်ချိတ်ဆက်လိုက်ပါတယ်။
အဲဒီ Connectionတစ်လျှောက်လုံးမှာဘယ်လောက်
Size ပမာဏရှိတဲ့ Data Packet တွေသွားရင်အဆင်ပြေမယ်ဆိုတာကို
သတ်မှတ်ပြီးDecision ချပါတယ်။ အဲဒီ Decision နဲ့အညီ Data တွေကို
အပိုင်းလေးတွေပိုင်းပါတယ်။ အဲဒီလိုပိုင်းတဲ့အခါအပိုင်းလေးတွေတိုင်းမှာ
လိုအပ်တဲ့ Information လေးတွေကိုလည်း တခါတည်းပေါင်းထည့်ပေးပါတယ်။
ဒီအပိုင်းလေးဟာ နံပါတ်ဘယ်လောက်ဖြစ်ပါတယ်
ဆိုတာမျိုးပေါ့။ ဒါမှလည်းဟိုဘက်လက်ခံမယ့် Receiver
ဘက်မှာပြန်ပြီးစုစည်းတဲ့အခါအစီအစဉ်အလိုက်မှန်မှန်ကန်ကန် စုစည်းနိုင်
တော့မှာပေါ့။ အဲဒီလိုပိုင်းထားတဲ့ Data အပိုင်းလေးတွေကိုအောက်ပိုင်း Layer
တွေဆီကို ပို့ဆောင်လက်ဆင့်ကမ်းပေးပြီး ဟိုဘက်လို ချင်တဲ့ နေရာဆီ
ကိုရောက်အောင် ဆက်လက်ပို့ဆောင်စေပါတယ်။
ဟိုဘက် Session Layer ကလည်းလက်ခံရရှိလာတဲ့
Data အပိုင်းလေးတွေကို နဂို Data ပြန်ရအောင်
အစီအစဉ်အလိုက်ပြန်လည်ထုပ်ပိုးပါတယ်။ နဂိုမူရင်း Data
ကိုရရှိပြီဆိုတော့မှPresentation Layer ကိုပြန်လည်ပို့ ဆောင်ပေးပါတယ်။
အဲဒီလို Data ကိုအပိုင်းလေးတွေပိုင်းတာ၊ ပြန်လည်စုစည်းတာဟာSession Layer
ရဲ့အဓိက လုပ်ဆောင်မှုဖြစ်ပါတယ်။
Logical Connection
တစ်ခုအစပြုတည်ဆောက်တာဟာလည်းအဲဒီလိုData တွေ ပိုင်းတဲ့လုပ်ဆောင်မှု ကို
ထောက်ပံ့မှု ရစေဖို့အတွက်ပဲဖြစ်ပါတယ်။ Logical
Connectionတစ်ခုတည်ဆောက်လိုက်ခြင်းဖြင့် Session Layer ဟာ တကယ့် Network
Connection ပေါ်မှာ Data Transferအဆင်ပြေပြေလုပ်လို့ရနိုင်မယ့်
အခြေအနေတစ်ခုကို တိတိကျကျ သိရှိရအောင် စုံစမ်း လိုက်ခြင်းပဲဖြစ်ပါတယ်။
ဒါမှလည်းData တွေကို ပိုင်းတဲ့အခါမှာ Network Connection ပေါ်မှာ
ရနိုင်မယ့်အခြေအနေ၊ Services တွေ နဲ့အဆင်ပြေအောင်ကောင်းမွန်စွာ
ပိုင်းထုတ်နိုင်မှာဖြစ်ပါတယ်။ ကဲဒီလောက်ဆိုရင်တော့ Session Layer
အကြောင်းကိုတွေးမြင် သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။
Transport Layer(Layer 4)
ကတော့ကျွန်တော်တို့ Data တွေအပြန်အလှန်ဖလှယ်ကြရာမှာ စိတ်ချရတဲ့အနေ
အထားမျိုးနဲ့Transfer လုပ်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။
ဘယ်လိုလုပ်ဆောင်ပေးလဲဆိုတော့ခုနက Session Layerကနေအပိုင်းလေးတွေ
ပိုင်းပြီးလက်ဆင့်ကမ်းပေးလိုက်တဲ့Data အပိုင်းလေးတွေကို (Data Packet
လေးတွေပေါ့ဗျာ။)
သူကAdditional Information လေး
တွေထပ်ထည့်ပေးလိုက်ပါတယ်။ဘာ Information လေးတွေလဲဆိုတော့
ပိုပြီးတိကျတဲ့Packet Information လေးတွေ ဆိုလိုတာက ဒီ Packet မှာ Data
ကဘယ်လောက် Bytes ပါတယ်၊ တခြား Informationတွေလည်း ဘယ် Information
ကဖြင့်ဘယ်လောက် Bytes ပါတယ် စသဖြင့်ပေါ့ဗျာ။ အဲဒီလို Information
လေးတွေအပြင်Packet တိုင်းမှာ Error Control လေးတွေလည်းထပ်ထည့်ပေး သေးတယ်ဗျ။
အဲဒီ Error Control လေးတွေကတော့နည်းစနစ်အမျိုးမျိုးနဲ့ အများကြီးရှိပါတယ်။
သူတို့အားလုံးကဒီ Packetကိုလမ်းမှာ
တခြားလူတစ်ယောက်ကခိုးယူပြီး Dataတွေပြင်ပေးလိုက်သလား၊ ဒါမှမဟုတ် Connection
တစ်နေရာမှာချို့ယွင်းချက်တွေရှိလို့ Data တွေတစ်စိတ်တစ်ပိုင်းများLost
ဖြစ်နေသလားဆိုတာသိနိုင်တဲ့ သင်္ချာဆိုင်ရာတွက်ချက်မှု ပုံစံမျိုးလေးတွေပါ။
တွက်ချက်ပုံနည်းလမ်းကိုလိုက်ပြီးအမျိုးအမည်အများကြီးရှိပါတယ်။ဒီတော့ကာ ဒီ
Error Control ကိုကြည့်ပြီးတော့ Receiver ဘက်မှာ Data ဟာOriginal Data
ဟုတ်မဟုတ်ဆိုတာကို ချက်ချင်းသိနိုင်တာပေါ့။တကယ်လို့လက်ခံရရှိထားတဲ့ Packet
ဟာ Original Packetမဟုတ်ဘူးဆိုရင်လဲ အဲဒီ Packet တစ်ခုတည်းကိုချက်ချင်း
Sender ဘက်က Transport Layerကထပ်ပြီးပို့ပေးပါတယ်။
ဒါကြောင့် Transport Layer ဟာ Data
Transfer အစမှအဆုံးတိုင် Data Packetတစ်ခုချင်းစီ အတိုင်းအတာအထိစိတ်ချရတဲ့
Data Transferring ဖြစ်စေဖို့အတွက် တာဝန်ယူလုပ်ဆောင်ပေးပါတယ်။
ဒါ့အပြင်Transport Layer နောက်ထပ်လုပ်ဆောင်ပေးတာကတော့ Data Transfer Speed
ကို Control လုပ်ပေးတာပါပဲ။ DataPackets တွေကို Network Connection
ပေါ်ကိုတင်ပို့ပေးတဲ့အခါမှာ ဟိုဘက်က လက်ခံမယ့် Receiver ဘက်က Switchတွေ၊
Network Card တွေကလက်ခံနိုင်မယ့် Speed အတိုင်းလိုက်လျောညီထွေဖြစ်အောင်
ထိန်းချုပ်ပေး ပါတယ်။ဒါပေမယ့်အဲဒီ Connection က Direct Connection (Sender
နဲ့ Receiver တို့ဟာ Network တစ်ခုတည်းအတွင်းမှာပဲရှိနေရင်လို့ဆိုလိုတာပါ)
ဆိုရင်တော့ ဒီကိစ္စဟာ မသိသာပါဘူး။
အဲဒါပေမယ့် Indirect Connection (Sender
နဲ့ Receiverကြားမှာ Network တွေ အများကြီး ခြားရင်ခြားနေမယ်၊ဒါမှမဟုတ်
Internetပေါ်ကဖြတ်သွားရတာမျိုး လည်းဖြစ်ရင်ဖြစ်နေမယ်၊ ဆိုလိုတာက တော့ Sender
ကနေ Receiver ဆီကိုသွားမယ့် DataPackets တွေဟာကြားမှာ Router တို့ Gateway
တို့လို High Performance Networking Device
တွေအဆင့်ဆင့်ကိုလက်ဆင့်ကမ်းဖြတ်ကျော်သွားရတာမျိုးကိုပြောတာပါ။) ဆိုရင်တော့
Transport Layer ရဲ့လုပ်ဆောင်ချက်ကအရေးပါပါတယ်။
သူဟာလမ်းတစ်လျှောက်လုံးမှာ Data Packets
တွေကိုဘယ်နေရာကနေ ဘယ်နေရာအတိုင်းအတာအထိကိုတော့ ဘယ်လောက် Speed
နဲ့သွားရမယ်၊ဘယ်နေရာကျရင်တော့ဘယ်လောက် Speedနဲ့သွားရမယ်ဆိုတာကို မှတ်သားလေ့
လာဆုံဖြတ်ပြီးတော့ ထိန်းချုပ်ပေးပါတယ်။ ဒါကို Flow
Controlလုပ်ဆောင်တယ်လို့ခေါ်ပါတယ်။ဒါမှသာ Data တွေဟာ ကြားထဲမှာ Bottle Neck
ပြဿနာလို တစ်ခုနဲ့တစ်ခု အထပ်ထပ် ထပ်မိပြီး ပျောက်ဆုံး ပျက်ဆီးသွား
တာတို့၊Packetsတစ်ခုနဲ့တစ်ခုကြား Time Limitsတန်ဖိုးတစ်ခုလောက်အထိ
ကွာဝေးအဆက်ပြတ်သွားတာတို့ မဖြစ်နိုင်တော့ဘူးပေါ့နော်။ ဒါကြောင့် Transport
Layer ရဲ့လုပ်ဆောင်မှုတွေကိုအနှစ်ချုပ်ပြီး Reliable End-to-End Error
Recovery and Flow Controlလုပ်ပေးနိုင်တယ်လို့ပြောနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ Transport Layer အကြောင်းကို
တော်တော်လေးသဘောပေါက်လောက်ပြီလို့ထင်ပါတယ်။
ကဲ ကျွန်တော်တို့ နောက်ထပ် Layer တစ်ခုကို
ထပ်ပြီး လေ့လာကြည့်ရအောင်။ ကျွန်တော်တို့အခုလေ့လာမယ့် Layerကတော့ Network
Layer (Layer 3) ပဲဖြစ်ပါတယ်။ အရင်ဆုံးကျွန်တော်တို့တစ်တွေ Network
Layerကဘာလဲ ဆိုတာကစပြီးစဉ်းစား ရအောင်။ မြန်မာလိုပဲတွေးကြည့်ဗျာ။ Network
ဆိုတာကွန်ယက်တွေ၊ ကွန်ပျူတာတွေတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ထားတယ်ဆိုတဲ့
အဓိပ္ပယ်ဟုတ်လား။
အဲဒီလိုပဲ Network Layer ဟာလည်း Sender
နဲ့Receiver ကြားမှာ Connection အဓိကချိတ်ဆက်ပေးတဲ့အလုပ်
ကိုလုပ်ဆောင်ပါတယ်။ ဘယ်လို လုပ်ဆောင်ပေးတာလဲ။ဟုတ်ကဲ့။ မတူညီတဲ့ Network
တွေကြားမှာ ချိတ်ဆက်ပေးတာပါ။ (ဥပမာ Routers တို့ Gateway တို့လိုပေါ့။)
NetworkLayer ရဲ့လုပ်ဆောင်မှုဟာလည်းအပေါ်က Transport Layer ရဲ့ Flow Control
လုပ်ဆောင်မှုလိုပဲ Direct Connectionတွေမှာတော့ သိပ်မသိသာ
သိပ်အရေးမပါလှပါဘူး။
But ဒါပေမယ့်ပေါ့နော် Indirect Connection
တွေမှာတော့သိပ်ပြီးအရေးပါလှပါတယ်။ မတူညီတဲ့ Network
ဆိုတာမျိုးကဘာကိုပြောတာလဲဆိုတော့နှစ်မျိုးရှိပါတယ်။ ပထမ တစ်မျိုးကNetwork
Architecture တူပြီး Network Address တွေ Class မတူတာ Subnet မတူတာမျိုးပါ။
နောက်တစ်မျိုးကNetwork Architecture
ကိုမတူတာပါ။ ပထမတစ်မျိုးမှာ အရင်ကြည့်ရအောင်။ ကျွန်တော်တို့တွေအနေနဲ့ IP
Addressတွေ အကြောင်းကို အနည်းငယ် သိထားဖို့တော့လိုပါမယ်။ IP Address
ဆိုတာက TCP/IP Protocol ကိုသုံးတဲ့ Networkတွေမှာ ကွန်ပျူတာတွေကို
သတ်မှတ်ထားတဲ့ Logical Address တွေပါ။ တစ်လုံးနဲ့တစ်လုံး
လုံးဝတူလို့မရပါဘူး။ အဲဒီ IPAddress တွေမှာ အဓိက အသုံးပြုတာ Class (၃)
မျိုး ရှိပါတယ်။
Class (၁)ခုအတွင်းမှာ အကျုံးဝင်တဲ့
Addressတွေနဲ့တခြား Class တွေမှာ အကျုံးဝင်တဲ့ Address တွေဟာ Network
မတူပါဘူး။ Class တစ်ခုအတွင်းမှာ အကျုံးဝင်နေတဲ့Address တွေကိုတောင်
သီးခြားအစု လိုက်အစုလိုက် Network လေးတွေပြန်ခွဲနိုင်ပါသေးတယ်။
Subnetကွဲတယ်လို့လဲပြောနိုင်ပါတယ်။(အသေးစိတ်ကိုတော့ IP Subnetting
မှာလေ့လာလိုက်ပါနော်။ကျွန်တော်ကတော့လိုသလောက်ပဲပြောသွားပါမယ်။)
အဲဒီတော့ အဲဒီလိုမတူညီကြတဲ့ Network တွေဟာ
Cable တွေနဲ့ဆက်သွယ်ထားပေမယ့်တစ်ခုနဲ့တစ်ခု Connection မရနိုင်ပါဘူး။ Data
Transfer မလုပ်နိုင်ဘူးပေါ့ဗျာ။ အဲဒီလို အခါမျိုးမှာ Network
Layerက၀င်ပြီးတော့ သူတို့တွေကြားမှာ ချိတ်ဆက်ပေးပါတယ်။ ဒါမှလဲ
သူတို့အချင်းချင်း Data Transfer လုပ်လို့ရသွားပါတယ်။
Source: Product of MY DATA Game & Software CD /DVD
0 comments:
Post a Comment