OSI (7) Layers အကြောင်းသိကောင်းစရာ အပိုင်း(၁)

အဲဒီလိုမျိုး နည်းပညာပိုင်းဆိုင်ရာ
မတူညီကြတဲ့ အမျိုးအစားအမျိုး မျိုးသော ကွန်ပျူတာတွေ၊ Networking Devices
တွေ ကိုအသုံးပြုထားကြတဲ့ Network တွေအသီးသီးဟာ တစ်ခုနဲ့တစ်ခု လွယ်လင့်တကူ
အပြန်အလှန် ချိတ်ဆက်မိချင် တယ်ဆိုရင်သူတို့အားလုံးကြားထဲမှာ
ပုံသေစံနှုန်း(ဘုံတူညီချက်များ) ရှိဖို့တော့လိုအပ်နေပါတယ်။ ဒါမှသာ အဲဒီ
Network တွေဟာအတူတကွ ချောမွေ့စွာ ချိတ်ဆက်
အလုပ်လုပ်နိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့် ISO အဖွဲ့ကြီးဟာ
အဲဒီလိုအပ်ချက်ကိုပြေလည်စေဖို့အတွက် OSI Layers (7)ခုကို ၁၉၇၄
ခုနှစ်လောက်ကတည်းက စတင်ဖော်ထုတ်ခဲ့တာ ပဲဖြစ်ပါတယ်။
အခုအချိန်မှာတော့ OSI(7) Layers
စံနှုန်းများနဲ့ တိုက်ဆိုင်ကိုက်ညီမှုမရှိဘဲ ကွဲပြားနေတဲ့ Networking
နဲ့ပတ်သက် ဆက်နွယ်နေသော Device ရယ်လို့ ဈေးကွက်ထဲမှာ မရှိတော့တဲ့အထိ
တစ်ကမ္ဘာလုံးက OSI Layers (7) ခုကိုအသိအမှတ်ပြုလက်ခံ နေကြပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ လူသားတွေဟာ ယနေ့ခေတ်မှာဆက်သွယ်ရေး စနစ်ရဲ့
အရေးကြီးပုံနဲ့အသုံးဝင်ပုံ တွေကိုပိုမိုခံစား သိရှိလာကြတာနဲ့အမျှ
ကောင်းမွန်မြန်ဆန်တဲ့ဆက်သွယ်ရေးစနစ်တွေကို အသုံးပြုခွင့် ရဖို့
ပိုမိုတောင့်တလာကြပါတယ်။ ကွန်ပျူတာ
ကွန်ယက်တွေဟာလည်းယနေ့ဆက်သွယ်ရေးစနစ်တွေမှာ အရေးပါတဲ့ အစိတ်အပိုင်းတွေအဖြစ်
ပါဝင်လှုပ်ရှားနေကြတယ်ဆိုတာအားလုံးသိနေကြမယ်ထင်ပါတယ်။
ဒီတော့ ကွန်ပျူတာ ကွန်ယက်တွေကြားမှာ
နည်းပညာ Platform မတူသည်ဖြစ်စေ၊အမျိုးအစားတံဆိပ်မတူသည်ဖြစ်စေ အတူတကွ
ချိတ်ဆက်လုပ်ဆောင် နိုင်ကြဖို့ဆိုတာ ဟာလည်းအမှန်တကယ်အရေးကြီးတဲ့လိုအပ်ချက်
တစ်ခု ဖြစ်ပါတယ်။ ဒါမှသာ ကျယ်ပြန့်ကြီးမားတဲ့
ကွန်ပျူတာကွန်ယက်တွေစီမံဖန်တီးချိတ်ဆက်နိုင်မှာပါ။ အဲဒီလိုအဲဒီလို
အချက်တွေကြောင့် လည်း OSI(7) Layersဟာ ကမ္ဘာ့နည်းပညာစင်မြင့်ထက်မှာ
အများစုလက်ခံသုံးစွဲတဲ့ စံနှုန်းတစ်ခုအဖြစ် အလျင်အမြန် နေရာရ လာခဲ့
့တာပဲဖြစ်ပါတယ်။
OSI(7)
Layersစံနှုန်းပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း ကွန်ပျူတာကွန်ယက်ပိုင်းဆိုင်ရာ
နည်းပညာတွေဟာ အပြန်အ လှန် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ
အလျင်အမြန်တိုးတက်လာခဲ့ပါတယ်။ ကွန်ပျူတာကွန်ယက်တွေရဲ့ လွှမ်းခြုံဖြန့်ကျက်မှု
ဧရိယာတွေဟာလည်း ပိုမိုကျယ်ပြန့်ကြီးမားလာခဲ့ပါတယ်။ အသိသာအမြင်သာဆုံး
အကျိုးဆက်ကို ပြပါဆိုရင်တော့ အခုတစ်ကမ္ဘာလုံး တွင်တွင်ကျယ်ကျယ်
အသုံးပြုနေကြတဲ့ Internet ကိုသာကြည့်ပါ။ Internet ဆိုတာ
ကတော့အားလုံးသိနေကြတဲ့အတိုင်း ကမ္ဘာပေါ်ကလူသန်းပေါင်းများစွာတို့ရဲ့
ဆက်သွယ်ရေးကြားခံမီဒီယာတစ်ခု လို့ပြောရင် လဲရသလို လိုအပ်တဲ့သတင်းအချက်အလက်
အများဆုံးကိုအမြန်ဆုံးရှာဖွေ ရယူနိုင်တဲ့တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာ
ကွန်ယက်ကြီး ပဲဖြစ်ပါတယ်။
Internet ပေါ်မှာရှိတဲ့ ကွန်ပျူတာတွေ၊
Networking Devices တွေအားလုံးဟာ OSI(7) Layers
စံနှုန်းတွေနဲ့အညီအချင်းချင်း ချိတ်ဆက်လုပ်ဆောင်နေကြ တာပဲဖြစ်ပါတယ်။
သူတို့တွေထဲမှာ မတူညီတဲ့တံဆိပ်အမျိုး အစားတွေအများကြီးပါတယ်။ မတူညီတဲ့
နည်းပညာ Platform တွေအများကြီးလည်းပါပါတယ်။ အားလုံးပာာ အတူတကွ
ပြဿနာမရှိဘဲအချင်းချင်း ချိတ်ဆက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ကဲ
ဒီလောက်ဆိုရင်တော့ OSI(7) Layers ဆိုတာဘာလဲဆိုတာရယ်
ဘယ်လိုဘယ်ပုံပေါ်ပေါက်လာတယ်ဆိုတာတွေကိုသိမြင်လောက်ပြီ ထင်ပါတယ်။
OSI(7) Layers ရဲ့ပေါ်ပေါက်လာပုံ နဲ့
ဘာကြောင့် ပေါ်ပေါက်လာရတယ်ဆိုတာတွေကို သိရပြီးမှတော့ အဲဒီ Layers
(၇)ခုအကြောင်းကိုကော ပိုပြီးမသိချင်ကြဘူးလား။ သိချင်တယ်ဆိုရင်တော့
ကျွန်တော် တတ်နိုင်သလောက်ကြိုးစား ပမ်းစားရှင်းပြ ထားတာလေးတွေကို
ဆက်ပြီးဖတ်လိုက်ပါဦးနော်။
အရင်ဆုံး Layers (၇) ခု ရဲ့နာမည်လေးတွေကို
အရင်ပြောပြမယ်နော် ဟုတ်ပြီလား။ သေသေချာချာလေး
မှတ်သားထားမယ်ဆိုရင်တော့ပိုကောင်းတာပေါ့နော်။ Networking
ကိုစိတ်ဝင်စားတယ်ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ဒီ OSI Layers (၇)ခုဟာ
ဘာတွေလဲဆိုတာလောက်တော့အနည်းဆုံး သိထားသင့်တယ်ဗျ။ ကဲကဲ မှတ်ထားလိုက်ကြနော်။
(၇) Application Layer
(၆) Presentation Layer
(၅) Session Layer
(၄) Transport Layer
(၃) Network Layer
(၂) Data Link Layer နဲ့
(၁) Physical Layer တို့ပဲဖြစ်ပါတယ်။
အဲ ကျွန်တော်က User နဲ့အနီးစပ်ဆုံး Layer
ကနေစပြီး ရေးလိုက်တော့ Application Layer ကထိပ်ဆုံး ရောက်သွားတယ်။ဒါပေမယ့်
Network အခေါ်အဝေါ် အရဆိုရင်တော့ Application Layer ဟာ Layer (၇)ပါ။
အောက်ဆုံးက Physical Layerကတော့ Layer(၁)ပါ။ အဲဒါလေးကိုလဲမရောထွေးစေဘဲ
သေသေချာချာ မှတ်သားထားဖို့ သတိပေးလိုက်ပါရစေနော်။နောင်မှာ Layer နံပါတ်နဲ့
ပြောကြရေးကြတာတွေကို တွေ့တဲ့အခါ ရှုပ်ထွေးကုန်မှာ စိုးလို့ပါ။
ကျွန်တော်ကတော့ Userနဲ့အနီးစပ်ဆုံး Layer ကနေပဲအစဉ်လိုက် တစ်ခုစီ
ရှင်းပြသွားပါမယ်။
သေသေချာချာလေး
ခေါင်းကိုအေးအေးဆေးဆေးထားပြီးတွေးလိုက်ငေးလိုက်(အဲလေ) တွေးလိုက်ဖတ် လိုက်
နဲ့တွေးတွေးပြီး ဖတ်ပြီးသမျှကို နားလည်အောင်
စဉ်းစားပါနော်။နားလည်သွားရင်လည်း တစ်ခါတည်းသာ မှတ်သားထားလိုက် ပါနော်။
Networking နဲ့ပတ်သက်တဲ့ပစ္စည်းကိရိယာအားလုံးဟာ OSI Layers(၇)ခု
နဲ့ကင်းကွာလို့မရနိုင်ပါဘူး။ ဒီ OSI Layers(၇)ခု
ပေါ်မှာပဲအခြေခံပြီးအလုပ်လုပ်ကြတာမို့ Network သမားတစ်ယောက် အနေနဲ့ ဒီ OSI
Layers(၇)ခု အကြောင်းကို အနည်းဆုံးအကြမ်းဖျင်းလောက်တော့နားလည်
ထားသင့်ပါတယ်။
အရင်ဆုံး Layer(၇)ခုတစ်ခုနဲ့တစ်ခု
ဆက်သွယ်ပြီး အလုပ်လုပ်ပုံကို အပေါ်ယံမြင်နိုင်အောင် ပုံဆွဲပြလိုက်ပါတယ်။
ပုံထဲမှာComputer A ကနေ Computer B ကို Data Packet သို့မဟုတ် Message
တစ်ခုပို့လိုက်တယ်ပေါ့ဗျာ။ အဲဒီ ComputerA ကပို့လိုက် တဲ့ Message ကို
Computer B ဆီကိုတန်းတန်းမတ်မတ် စိတ်ချရတဲ့အနေအထား
(Messageအစစ်အမှန်အပြည့်အစုံ) နဲ့ ရောက်ရှိ သွားနိုင်ဖို့အတွက် OSI
Layers(၇)ခုလုံးဟာ တစ်ခုနဲ့တစ်ခု အဆင့်ဆင့်
လက်ဆင့်ကမ်းပူးတွဲဆောင်ရွက်သွားကြတာပါ။ အဲဒီလို တစ်ခုနဲ့တစ်ခု အဆင့်ဆင့်
ပူးတွဲဆောင်ရွက်ကြပုံကြောင့် OSI(7) Layers ကိုတစ်ခါတစ်ရံမှာ Protocol
Stacks လို့လဲ ခေါ်ကြပါတယ်။
Source: Product of MYDATA Game & Software CD /DVDref: http://zawhlainghtun.wordpress.com/2012/12/25/osi-7-layers-%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AD%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%9B%E1%80%AC-%E1%80%A1/
0 comments:
Post a Comment