T1, E1 Connection အကြောင်းသိကောင်းစရာ

ကဲ ထားပါတော့ ဒါကတော့ မိမိလုပ်ငန်းရဲ့ လိုအပ်ချက်ပေါ်မှာပဲ မူတည်ပါ တယ်။ နေ့စဉ်နှင့်အမျှ အရေးကြီးတဲ့စီးပွားရေးလုပ်ငန်းတွေကို Internetကို အသုံးပြုပြီး ဆောင်ရွက်တဲ့အခါမှာ Internet Access ကို ကောင်းမွန်စွာ ရရှိဖို့က အရေးကြီးလာပါပြီ။ ဟုတ်တယ်လေ။ မိမိကလုပ်ငန်းတွေကို စွမ်းဆောင်ရည်မြင့်မားစွာနဲ့ လုပ်ချင်လှပြီ။
ဒီဘက်က Internet Connnection က မကောင်း၊
ဒီလိုတာဆိုရင် ဘယ်မှာသွားပြီး လုပ်ငန်းက တွင်ကျယ်တော့မလဲဗျာ။ မဟုတ်ဘူးလား။
ဒါကြောင့် Internet နဲ့ အလုပ်လုပ်တဲ့ လုပ်ငန်းမှာ Internet Connection
ကအရေးမကြီးလို့ ဘာကအရေးကြီးရအုံးမှာလဲ။ အဲဒီလို Internet Access Connection
ကို ရွေးချယ်တဲ့အခါမှာ Companyအများစုဟာ Broadband Connection ကို
ရွေးချယ်ကြတာ များပါတယ်။
ဤကဲ့သို့ Broadband Connectionကို
ရွေးချယ်တဲ့အခါမှာ T1 Line တွေဟာ Popular အဖြစ်ဆုံးထဲက
တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ T1 Internet Access တွေဟာ မိမိရဲ့ Employees တွေ၊
Co-workers တွေ၊ Customer တွေ၊ Vendor တွေနဲ့ ညီညွတ်စွာချိတ်ဆက်တဲ့အခါ ၊
Data တွေကို အပြန်အလှန်ဖလှယ်ကြတဲ့အခါမှာ Dial-Up Internet Access
တွေထက်ပိုပြီးတော့ မြန်ပါတယ်။
T1 Connection ဟာ Symmetrical Connection
ဖြစ်ပြီး သူ့ရဲ့ Download Speed နဲ့Upload Speed ဟာ 1.544 Mbps ရှိပါတယ်။
တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် 56 kbps dial-up
တွေထက်အဆ(၃၀)လောက်ပိုမြန်ပါတယ်။ T1 Connection တစ်ခုဟာ User တွေကို
ဒါဇင်ကနေ ရာဂဏန်းအထိSupport လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် လူတွေအများကြီးက
တစ်ပြိုင်တည်း အသုံးပြုကြမယ်ဆိုရင် Speed နဲ့Efficiency ကတော့
ကျသွားတတ်ပါတယ်။

လက်ခံရယူတယ်ပေါ့။ T1ဟာ Data ဖြစ်စေ၊ Voice
ဖြစ်စေ နောက်ပြီး Narrow Band Videoစတာတွေကို ကောင်းစွာပေးပို့နိုင်ပါတယ်။
Low Quality ဖြစ်တဲ့လိုင်းတွေ ကို မသုံးလိုတဲ့ အဖွဲ့အစည်းတွေအတွက်ဒီ T1
လိုင်းကို ၀ယ်သည်ဖြစ်စေ၊ ငှားသည်ဖြစ်စေ၊ ဈေးကတော့ အသင့်အတင့် ကြီးပါတယ်။
အရမ်းကြီးမကြီးဘူးပေါ့ဗျာ။ T1 လိုင်းမှာ သီးခြား Channel 24
လိုင်းရှိပြီးတော့ Channel တစ်ခုချင်းစီဟာ 64 Kbps Data Rateရှိပါတယ်။
ဒီတော့ T1 ကြီးတစ်ခုလုံးကို အငှားချထားမယ့်အစား T1 ရဲ့ Channel
တစ်ခုကိုပဲဖြစ်စေ၊ တစ်ခုမကဖြစ်စေ အငှားချထားနိုင်ပါတယ်။ ဒီလို Services
မျိုးကျတော့ Fractional T1 လို့ ခေါ်ပါတယ်။ အချို့သော
ဥရောပနိုင်ငံတွေမှာကျတော့ ဒီ Digital နည်းပညာပဲ။ ဒါပေမယ့် သူက T1 မဟုတ်ဘူး။
E1 တဲ့ Signal Rate က 2.048Mbps ရှိပါတယ်။
ဒီနေရာမှာ T1 နှင့်ပတ်သက်ပြီးတော့ Multiplexing ဆိုတဲ့အကြောင်းကို
အနည်းငယ်ရှင်းပြပါဦးမယ်။Multiplexing ခေါ် Maxing ဟာ Cable Segment
တစ်ခုထဲမှာ တစ်ခုမကသော Communication တွေ စီးဆင်းနိုင်အောင်
ပြုလုပ်နိုင်ပါတယ်။ ရှင်းအောင်ပြောရမယ်ဆိုရင် ကြိုးကတစ်ကြိုးတည်းပေါ့ဗျာ။
ဒီကြိုးမှာသွားလာနေတဲ့Communication ကျတော့
တစ်ခုမကဘူး။ ဒီလို Telephone Line တစ်ခုထဲမှာပဲ တစ်ခုမကတဲ့
Conversationတွေ တစ်ပြိုင်တည်းသွားနိုင်ဖို့ Multiplexing ကို Bell Labs က
လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ
Multiplexing နည်းပညာကို အသုံးပြုပြီးတော့ Bell Labs ဟာ T-Carrier Network
ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၎င်း Multiplexing ထက် ပိုမိုတတ်နိုင်လာအောင်
နည်းပညာကို တိုးချဲ့ထားပြီးတော့ ဒီ Cable တစ်ခုထဲမှာပဲ ဆက်သွယ်မှုများစွာကို
တစ်ပြိုင်တည်းချိတ်ဆက်ပေးပါတယ်။
T1 ဟာMultiplexing ကို အသုံးပြုပြီးတော့
နေရာအသီးသီးကပြောရင် မတူညီတဲ့ Sources တွေဆီက Data တွေကိုပေါင်းစည်းပြီး
Cable တစ်ခုတည်းနဲ့ပဲ ပို့ဆောင်ပေးနိုင်ပါတယ်။ အဲဒီလို ပေါင်းစည်းထားတဲ့
Multiplex Data တွေကိုလက်ခံရရှိတဲ့အခါ မူလပုံစံပြန်ရအောင် Decode
ပြန်လုပ်ရပါတယ်။
ခုနကပြောခဲ့တဲ့အတိုင်းပါပဲ။ T1 မှာ Channel 24 ခုရှိပါတယ်။ Channel
တစ်ခုချင်းစီဟာ 64 Kbps DataTransmission ရှိပါတယ်။ Channel တစ်ခုချင်းစီဟာ
Data တွေကို တစ်စက္ကန့်မှာ အကြိမ် ၈၀၀၀ Data Samplingလုပ်နိုင်ပြီး Data
Sample တစ်ခုစီမှာ 8 bits ပါရှိပါတယ်။ ဒီတော့ စာဖတ်သူတို့ မြှောက်ကြည့်လေ။
DataSample တစ်ခုမှာ 8 bits။ ဒါမျိုး
တစ်စက္ကန့်မှာ အကြိမ် ၈၀၀၀ လုပ်နိုင်တော့ Channel တစ်ခုစီဟာ တစ်စက္ကန့်မှာ64 K
ဖြစ်သွားတာပေါ့။ ဒီနှုန်းနဲ့ Data ပို့တာကို DS-O လို့ ခေါ်ပါတယ်။ အကယ်၍ T1
ရဲ့ Channel ၂၄ ခုစလုံးအပြည့်နှုန်းဆိုရင်တော့ ၎င်းကို DS-1 လို့ ခေါ်ပါတယ်။ DS
ဆိုတာ DDS ရဲ့ အမျိုးကွဲပါပဲ။ တစ်ဖက်မှာ Data Rate
တွေကို ပြထားပါတယ်။
T1 ကို User တွေ အများကြီး အမြောက်အမြားအတွက် ဒီဇိုင်းပြုလုပ်ထားတာပါ။
T1 Connection ဟာFaxes တွေ၊ Web Use တွေ၊ Phone Call Service တွေအတွက်လည်း
ကောင်းမွန်ပါတယ်။ T1 Connection ရဲ့Feature တွေဟာ မိမိရဲ့လုပ်ငန်းကို
အမြင့်ဆုံး Speed နဲ့ ဆောင်ရွက်နိုင်အောင် စွမ်းဆောင်ပေးပါတယ်။ T1
Lineတွေဟာ Fiber Optic ကိုပဲသုံးသုံး၊ Copper ကိုပဲ သုံးသုံး Set up
လုပ်ရတာ လွယ်ကူပါတယ်။ T1 InternetLine တွေကို Fiber Optic နဲ့
အသုံးပြုမယ်ဆိုရင် Service တွေရဲ့ Interruption နဲ့ Delay တွေကို
ကောင်းမွန်စွာလျော့ချနိုင်ပါတယ်။ မိမိရဲ့လုပ်ငန်းမှာ မိမိရဲ့ Website ကို
ပုံမှန် Upgrade လုပ်ဖို့လိုအပ်မယ်။ Employee တွေများမယ်(သို့) Employee
တွေက မတူညီတဲ့ Location တွေမှာရှိနေတယ်ဆိုရင် T1 Connection ကို
အသုံးပြုဖို့တိုက်တွန်းချင်ပါတယ်။တွေကို ပြထားပါတယ်။
Source: Product of MY DATA Game & Software CD /DVD
0 comments:
Post a Comment