Network တပ်ဆင်ခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများ

Network တစ်ခုကို အကွာအဝေးပေါ်မူတည်ပြီး အဓိက(၃)မျိုးခွဲလို့ရတယ်။
(၁) Local Area Network (LAN)
အရွယ်အစားအားဖြင့် အသေးဆုံးပါပဲ။
ပုံမှန်အားဖြင့်တော့ အဆောက်အဦးတစ်လုံးထဲမှာ ဒါမှမဟုတ် ခြံဝင်းဧရိယာ
တစ်ခုထဲအတွင်းက အဆောက်အအုံများမှာရှိတဲ့ Computerတွေကို
ချိတ်ဆက်ထားရုံလောက် အရွယ်ပမာဏပါပဲ။
(၂) Metropolitan Area Network (MAN)
သူကတော့ LAN ထက် နည်းနည်းပိုကြီးတယ်ဗျ။
ဒီအမျိုးအစား Network တွေကတော့ 100 Kilometers အကွာအဝေး အတွင်းမှာရှိတဲ့
Computer တွေကို လွှမ်းခြုံချိတ်ဆက်နိုင်ပါတယ်။
(၃) Wide Area Network (WAN)
သူကတော့ အရွယ်အစားအားဖြင့် အကြီးဆုံးပါပဲ။
ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံမှာရှိတဲ့ Computer တွေ ကုန်ကုန်ပြောရရင် တစ်ကမ
္ဘာလုံး အတိုင်းအတာအတွင်းမှာရှိတဲ့Computer တွေကို လွှမ်းခြုံထားနိုင်တဲ့အထိ
ကြီးပါတယ်။
Notes။ ။Network (3) မျိုးထဲမှာ MAN
ကတော့ သုံးခဲ တွေ့ရခဲပါတယ်။များသောအားဖြင့် LAN အမျိုးအစား WAN
အမျိုးအစားရယ်လို့သာ Networks တွကို ခွဲခြား ခေါ်ဆိုကြပါတယ်။ ပြီးတော့
ကျွန်တော်တို့ ယနေ့ခေတ် တွင်တွင်ကျယ်ကျယ်သုံးနေကြတဲ့ Internet
ဆိုတာကြီးကလည်း WAN အကြီးစားကြီး ဆိုတာပါပဲ။ခုနကဟာက အရွယ်အစားနဲ့ ခွဲတာပါ။
အခုနောက်တစ်မျိုး ထပ်ခွဲပြပါဦးမယ်။ Domain Model နဲ့ Workgroup Model
ဆိုပြီးတော့ပါ။ Domain Model ဆိုတာကတော့ DomainController ပါတဲ့Network
တွေကို ခေါ်တာပါ။ ဒါဆိုရင် Domain Controller ဆိုတာ ဘာလဲ။ မသိသေးတဲ့လူ
ရှားပါလိမ့်မယ်။ ဒါပေမယ့် ခုမှ Network ကို စပြီး လေ့လာလိုက်စားမယ်
လို့ရည်ရွယ်ထားတဲ့လူများအတွက် ကျွန်တော်ပြောပြချင်ပါတယ်။ Domain Controller
ဆိုတာက Microsoft Company က သူတို့ရဲ့ Operating System တစ်ခုဖြစ်တဲ့
WindowsNT Server Version မှာ စတင် ထည့်သွင်းမိတ်ဆက်ပေးခဲ့တဲ့
နည်းပညာတစ်ခုပါ။ ဘယ်နေရာမှာ သုံးတာလဲ။
သူကပြောရမယ်ဆိုရင်တော့ အဆင့်မြင့်
စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ Serverတစ်လုံးပါပဲ။ ဘာတွေကို စီမံခန့်ခွဲတာလဲ။
ဟုတ်ပါပြီ။ သူက Network တစ်ခုလုံးကို လုံးဝထိန်းချုပ်စီမံနိုင်ပါတယ်။
Network တစ်ခုလုံးအတွင်းက User တစ်လုံးချင်းစီကိုထိန်းချုပ်ထားနိုင်တယ်။
ဒါတင်ပဲလား။ ဘယ်ကမလဲဗျာ… Network တစ်ခုလုံးအတွင်းက Computer
တစ်လုံးချင်းစီကိုရော တစ်ခြား Printer တို့ Scanner တို့လို
Networkအတွင်းမှာ ထည့်သွင်းချိတ်ဆက်ထားသမျှ ပစ္စည်းတစ်ခုချင်းကိုလည်း
ကောင်းကောင်း ထိန်းချုပ်စီမံခန့်ခွဲနိုင်ပါတယ်။ အဲဒီလို Server (Domain
Controller ဖြစ်နေတဲ့ Serverပေါ့နော်) ပါတဲ့ Network မျိုးကို Domain Model
လို့ခေါ်ပါတယ်။ ဒီလို Network မျိုးကတော့ နည်းပညာရှင် အကူညီလိုပါလိမ့်မယ်။
နောက်တစ်မျိုးကတော့ Workgroup Model ပါ။
သူ့ကို တစ်ခါတစ်လေကျတော့လည်း peer-to-peer Network လို့ ညွှန်းကြပါသေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီ Networkမှာ Server ဆိုတာမျိုးတွေမပါလို့ပါပဲ။
Server ဆိုတာကတော့ သိတယ်မလား။ ခုနက Domain Controller လိုမျိုး ကိုယ့်
Network ကို ထိန်ချုပ်ပေးတာမျိုးတွေ၊ ကိုယ့် Network ထဲက User
တွေလိုချင်တဲ့သတင်းအချက်အလက်တွေ၊ Software တွေ၊ ပြီးတော့ User တွေ
သူတို့ရဲ့ Data တွေကို သိမ်းနိုင်ဖို့ နေရာပြန်ယူတဲ့နေရာ (ပြောရမယ်ဆိုရင်
Database လိုမျိုးပေါ့) စတာတွေကိုပေးစွမ်းထောက်ပံ့ပေးနိုင်တဲ့
စွမ်းရည်ပြည့် Computer တွေကို Server လို့ ပြောတာပါ။ ဒီ Workgroup Model
မှာတော့ အဲဒီလို Server ဆိုတာမျိုးတွေ မပါဘူးဗျ။
သူတို့ကကိုယ်စီကိုယ်ငှ ကိုယ်နိုင်သလောက်
သူများကို ပေးတယ်။ သူများဆီကလည်း သူတို့ပေးနိုင်သလောက်ပဲ ယူတယ်။
ပြောရမယ်ဆိုရင် သူတို့အားလုံးဟာ Same Class ပေါ့ဗျာ။အချင်းချင်း
သူ့ရှိကိုယ်စား၊ ကိုယ်ရှိဖွက်စား အဲလေ…. ဟုတ်ပါဘူး။ လုပ်နေကျတွေပေါ်ကုန်ပြီ။
ဟာ ယောင်လို့ တကယ်မထင်နဲ့နော် နောက်တာ။ အချင်းချင်း
အပေးအယူမျှမျှတတပဲပေါ့ဗျာ။ ကိုယ်လိုသလောက်ကလည်း သူပေးသလောက်နဲ့ လောက်တယ်။
ကိုယ်ပေးနိုင်သလောက်နဲ့လည်း သူကအဆင်ပြေတယ်။ ထူးထူးခြားခြား
အားလုံးအတွက်လိုက်လုပ်ဆောင်ပေးရမယ့် Hero မျိုး (Server တွေကို ပြောတာနော်)
မလိုဘူးပေါ့ဗျာ။ ဒီလို Network မျိုးလောက်ကတော့ တော်ရုံတန်ရုံ Network
အကြောင်းကို နားလည်ရုံနဲ့လုပ်ဆောင်နိုင်ပါလိမ့်မယ်။
ဟာ ဒီလိုဆိုရင် တော်ရုံတန်ရုံလောက်ကတော့
Workgroup Model ပဲ ချိတ်ဆက်တော့မှာပေါ့။ ဘာလို့ ရှုပ်ယှက်ခတ်မဲ့ Domain
Model ကို ချိတ်တော့မှာလဲ။ မေးစရာရှိလာနိုင်ပါတယ်။ ဟုတ်ကဲ့
ကျွန်တော်ဖြေလိုက်ပါတော့မယ်။ အဖြေမှန်က အော်……ဘေးထွက်ပြန်ပြီ။
အစကတည်းက လိုမယ်ထင်တာလေးတွေ ပြောလာပြီး
ဘေးရောက်နေတာခုမှ ခေါင်းစဉ်အောက်ရောက်မယ်ရှိသေးတယ်။ ဟုတ်ကဲ့ ကျွန်တော်က
ခေါင်းစဉ်မှာ ” Network တပ်ဆင်ခြင်း၏ Advantages ” လို့ တပ်ထားမိတဲ့အတွက်
Network အကြောင်းကိုလိုမယ်ထင်သလောက် ဆွဲပြောမိတာပါ။ ခွင့်လွှတ်ပါနော်။
ခုထိစိတ်ရှည်လက်ရှည်ဖတ်လာတဲ့ စာဖတ်သူကို ကျေးဇူးအများကြီးတင်ပါတယ်။
ကဲကဲပြန်ဆက်ရအောင် Domain Modelနဲ့ Workgroup Model နဲ့ ဘာကွာသလဲဆိုတော့
အဓိကကတော့ Advantages မှာ ကွာပါတယ်။ Workgroup Model နဲ့
မဖြစ်နိုင်တာတွေကို Domain Model ကလုပ်နိုင်ပါတယ်။ အရင်ဆုံးပဲ Domain Model
ရဲ့ အခရာဖြစ်တဲ့ Domain Controllers တစ်ခုထဲကိုပဲ ကြည့်ပါဦး။
သူတစ်ယောက်တည်းနဲ့တင် (အဲလေ
စက်ဆိုတော့သူတစ်လုံးတည်းနဲ့တင်ပေါ့နော်) Network တစ်ခုလုံးကို
ကိုယ့်စိတ်ကြိုက် စီမံခန့်ခွဲနိုင်တယ်။ ဘယ် User က ဘယ်စက်တွေကို
ဘယ်အချိန်မှာ သုံးခွင့်ရှိတယ်။ ဘယ်လို Softwareတွေ သုံးခွင့်ရှိတယ်။ ဘယ်လို
Software တွေ သုံးခွင့် မရှိဘူး။ ဘယ် File တွေ Folder တွေကိုတော့
ကြည့်ခွင့်ရှိတယ်။ သုံးခွင့်ရှိတယ်။ ဘယ် File တွေ Folder
တွေကိုတော့ကြည့်ခွင့်ရှိတယ်။ သုံးခွင့်ရှိတယ်။ ဘယ် File တွေ Folder
တွေကိုကျတော့ ကြည့်ရုံပဲ ကြည့်ရမယ်။ ဘယ် File တွေ Folder တွေကိုတော့
ကြည့်လို့တောင်မရဘူး။ စတာမျိုးတွေကိုအဲဒီ Domain Controllers
တစ်လုံးတည်းပေါ်မှာတင် စိတ်ကြိုက်စီမံခန့်ခွဲ Configured လုပ်ထားလို့ရတယ်။
အဲဒီလိုလုပ်ထားတာဟာ Network ပေါ်က တစ်ခြား Computers
တွေအားလုံးပေါ်မှာသွားပြီး Automatic သက်ရောက်တယ်။ သူတို့ပေါ်မှာ သွားပြီး
Configured လုပ်စရာ မလိုတော့ဘူး။ အဲဒါကို Centralized Administration
လုပ်နိုင်တယ်လို့ခေါ်တယ်။
ပြီးတော့ အဓိက ကောင်းကျိုး အဲဒါကတော့
Software တွေကိုလည်း Computer တစ်လုံးစီအတွက် ၀ယ်စရာ မလိုတော့ဘူး။ Database
Server လို Server မျိုးမှာSoftware တွေကို သိမ်းထားပြီးရင် ဘယ် User က
ဘယ် Software ကို လှမ်းယူရင် ခွင့်ပြုမယ်။ ဘယ် Software ကို လှမ်းသုံးရင်
ခွင်မပြုဘူးဆိုပြီး Configured လုပ်ထားရင်ပြီးပြီ။ ပြီးတော့ အဲဒီ Database
Server မှာပဲ User တွေရဲ့ Data တွေကို သိမ်းခိုင်းမယ်။ ဘယ် User က Disk
Space ဘယ်လောက်ယူ၊ ဘယ် User က Disk Spaceဘယ်လောက်ယူ စတာတွေကို Configured
လုပ်ထားလိုက်ပြီးပြီ။ ပွဲသိမ်းပဲ။
အဲဒီတော့ ကိုယ့်ရဲ့
သတင်းအချက်အလက်တွေဟာလည်း အမြဲ Update ဖြစ်နေမယ်။ ဒီဘက်က Userက
သိမ်းလိုက်တဲ့ Data ကို ချက်ချင်းပဲ ဟိုဘက်က တစ်ခြား User တွေက
လှမ်းယူနိုင်မယ်။ လှမ်းမြင်နိုင်မယ်လေ။ ဘယ်လောက်မိုက်သလဲ။ Customers
တွေအတွက်ပိုကောင်းတာပေါ့။ ဒါတင်ပဲလား။ ဘယ်ကမလဲ။ တစ်ခြား Printer တွေ၊
Scanner တွေကိုလည်း ဒီအတိုင်းပဲ။ ဘယ် User က Printer ကို သုံးခွင့်ရှိမယ်။
ဘယ် User က Scannerကို သုံးခွင့် ရှိမယ်။ ဘယ် User ကတော့ သုံးခွင့်မရှိဘူး။
ဒါမျိုးတွေပေါ့။ အများကြီး ကျန်ပါသေးတယ်။ အဲဒါမျိုးကို Centralized
Resource Sharing လို့ ခေါ်ပါတယ်။
အဲ လူအများအပြောဆုံး Security ပိုင်းကတော့
ကျွန်တော် သိပ်မညွှန်းတောင် မြင်နိုင်ကြပြီ ထင်ပါတယ်။ အပေါ်မှာ ပြခဲ့သလိုပဲ
User တွေကိုရော စက်ပစ္စည်းတွေကိုရောဒီလောက်ထိ အသေးစိတ်
စီမံခန့်ခွဲနိုင်နေမှတော့ တော်ရုံ မလိုလားအပ်တဲ့ အခွင့်မရှိဘဲ
ဝင်ရောက်ခိုးယူ သုံးစွဲတာတွေ ပြင်ပက မဆိုင်သူတွေ ကြားဝင်ပြီး
သတင်းအချက်အလက်ခိုးယူမှု ဆိုတာတွေဟာလည်း အလိုလို ကာကွယ်ထိန်းချုပ်ပြီးသား
ဖြစ်နေပြီပေါ့ဗျာ။
ကဲကဲ ဒီလောက်ဆိုရင်တော့ Domain Model ရဲ့
ကောင်းကျိုးတွေကို တော်တော်လေး သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ပြီးတော့လဲ
စိတ်ထဲမှာ ဟာ ဒီလိုဆိုရင်Workgroup Model ကျတော့ သုံးစားလိုကော
ရပါဦးမလားလို့ ထင်သွားတယ်မလား။ ဒါကတော့ ဒီလိုရှိတယ်ခင်ဗျ။
Workgroup Model မှာလည်း
ကောင်းကွက်လေးတွေရှိပါသေးတယ်။ အဲ အဓိက အကျဆုံးကတော့ ကုန်ကျစရိတ်ပဲခင်ဗျ။
သူကတော့ Domain Controllers တို့လို Server မျိုးတွေ မပါတဲ့အတွက်
စွမ်းရည်မြင့် Computers တွေဝယ်စရာမလိုဘူး။ သူလိုကိုယ်လို ပုံမှန် Computer
လောက်နဲ့ရတယ်။ သူက Centralized administration အပိုင်းကတော့
လုံးဝမရနိုင်ပါဘူး။ User တစ်ဦးချင်းစီရဲ့ User Name,
Password တွေကို အဲဒီ User ကို ပေးသုံးမယ့်
Computers တိုင်းမှာ သွားပြီး Configured လုပ်ထားရပါမယ်။ သူကတော့
ကွန်ပျူတာတွေကို အဓိကထားပြီးချိတ်ဆက်ထားတဲ့ပုံမျိုးဗျ။ ဆိုလိုတာက Data
Sharing မှာ ဆိုရင်ဗျာ ဘယ်ကွန်ပျုတာရဲ့ ဘယ် Folder ကို (ဥပမာ Computer A
ရဲ့ Youth ဆိုတဲ့ Folder ကိုပေါ့ဗျာ) Networkပေါ်မှာ Share ပေးထားပါတယ်
ဆိုတာမျိုးပေါ့။ အဲဒါဆို Network ပေါ်က ကွန်ပျူတာတိုင်းက အဲဒီ Share
ပေးထားတဲ့ Folder ကို ဘယ် Users မဆို တွေ့နေရမယ်။
No limitation ပေါ့ဗျာ။
သတင်းအချက်အလက်တွေကို Update အဖြစ် အမြဲတမ်းရနေစေချင်တယ် ဆိုရင်တော့ ဒါကို
Neglect လုပ်ထားလိုက်ပေါ့ဗျာ။အဲ ပြီးတော့ ကောင်းကျိုးတစ်ခု ဒါကတော့
တကယ့်ကို Network တစ်ခုချိတ်လိုက်ပြီဆိုရင် ဘယ်လို Network မဆို ရနိုင်တဲ့
အချက်ပေါ့။ Printer တွေ Scanner တွေကိုShared ပေးထားနိုင်တယ်။ Network
Printer, Network Scanner အနေနဲ့ပေါ့။ ပြီးတော့ စက်တစ်လုံးကို Data
သိမ်းဖို့ သက်သက် ဖယ်ထားနိုင်တယ်။ Database Serverမဟုတ်ဘူးနော်။ အဲဒီစက်ရဲ့
Drive တစ်ခုလုံးဖြစ်ဖြစ်ကို Shared ပေးပြီး Network ပေါ်က အဲဒီစက်ရဲ့ Drive
တစ်ခုလုံး ဖြစ်ဖြစ်ကို Shared ပေးပြီး Network ပေါ်ကတခြားစက်တွေက Data တွေ
သိမ်းတာ လှမ်းယူတာ လုပ်နိုင်တာမျိုးပါ။ Centralized မဟုတ်ပေမယ့်
ကောင်းမွန်တဲ့ Resource Sharing ပါ။
သူလဲ Security ကို တော်တော်လေး
ထိန်းချုပ်နိုင်ပါတယ်။ စက်တိုင်းမှာ သက်ဆိုင်တဲ့ Users တွေရဲ့ User Name
တွေနဲ့ Password တွေကိုပဲ Configured လုပ်ထားလျင်မဆိုင်သူတွေ
ဝင်ရောက်သုံးစွဲဖို့ လုံးဝမလွယ်ကူပါဘူး။အဓိကကတော့ ကိုယ့်ရဲ့လုပ်ငန်းပေါ်မှာ
မူတည်ပြီး ကိုယ့်ရဲ့လုပ်ငန်းက ဘယ်လို Model မျိုးနဲ့ ဖြစ်နိုင်မယ်ဆိုတာကို
သုံးသပ်သင့်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းက အရမ်းကြီးမားတယ်။ဝန်ထမ်းတွေကလည်း
အများကြီးပဲ။ တစ်ယောက်နဲ့တစ်ယောက် ကို ပေးသုံးမယ့် Computer နဲ့ Resources
တွေကလည်း အဆင့်တွေ ပမာဏတွေ မတူဘူး။ အဲဒီတော့ Privacy ကအရေးကြီးတယ်။
အဲဒါမျိုးဆိုလျင်တော့ Domain Model မျိုးနဲ့ ပိုလိုက်ဖက်ပါတယ်။
အဲလို မဟုတ်ဘူး။ ကျွန်တော်တို့
လုပ်ငန်းမှာကတော့ ၀န်ထမ်းလည်း သိပ်မများပါဘူး။ တစ်ယောက်နဲ့
တစ်ယောက်ကြားမှာလည်း သုံးစွဲပိုင်ခွင့်တွေက သိပ်မကွာပါဘူး။
Privacyဆိုတာလည်း ဒီလောက် မလိုပါဘူး။ အရေးကြီးတာ ၀န်ထမ်းအချင်းချင်း
သတင်းအချက်အလက်တွေကို ချက်ချင်းဖလှယ်နိုင်ဖို့၊ Printer တွေ၊ Scanner တွေ
Shared လုပ်ပြီးသုံးနိုင်ဖို့။ Shared လုပ်ပိုင်ခွင့် Hard Disk Space
များများရဖို့ အဲဒါတွေလောက်ရလျင် တော်ပါပြီ ဆိုလျင်တော့ စဉ်းစားမနေနဲ့
Workgroup Model နဲ့သာ ကြိတ်လိုက် အဲလေ လုပ်လိုက်။ ဟုတ်ပြီလား။
ကဲကဲ စာလည်းတော်တော်ရှည်နေပြီ၊
သိပြီးသားတွေများနေလို့ ဒီကောင်ဒီလောက်လေးကိုများ ဒါလောက်တောင် ရေးနေ
ရသလားလို့ သိပြီးသား ကိုကို၊ မမတွေကစိတ်ဆိုးသွားကြလျင်လည်း တကယ်ကို
တောင်းပန်ပါတယ်။ ဒီလောက်အထိ ဖတ်ပြီးတဲ့အချိန်မှာ တစ်စုံတစ်ရာ
ဗဟုသုတရသွားလို့ဆိုပြီး ကျေနပ်ပီ တိ ဖြစ်သွားတဲ့ ညီငယ်ညီမငယ်များ
ရှိခဲ့မယ်ဆိုလျင် လည်း ကျွန်တော်က ကြည်နူးပီတိ ဖြစ်ရပါတယ်။
Source: Product of MYDATA Game & Software CD /DVD
0 comments:
Post a Comment