NTFS File System အကြောင်း

-NTFS V1.0 ( Windows NT 3.1 )
-NTFS V1.1 ( Windows NT 3.5 )
-NTFS V1.2 ( Windows NT 3.51)
-NTFS V4.0 ( Windows NT 4.0 )
-NTFS V5.0 ( Windows 2000 )
-NTFS V5.1 ( Windows XP )
-NTFS V 5.2 ( Windows Server 2003 )
-NTFS V 6.0 ( Windows Vista, Windows Server 2008 ) တို့ပဲ ဖြစ်ပါတယ်။
NTFS File System ကို ဘာ့ကြောင့်
အသုံးပြုရတာလဲဆိုရင်တော့ NTFS File System က FAT File System
ထက်အားသာချက်တွေ အများကြီး ရှိလို့ပါပဲ။ NTFS File System
ရဲ့အားသားချက်တွေက ဘာတွေလဲဆိုရင်တော့ မိမိတို့ရဲ့ Fileနှင့် Folder တွေရဲ့
လုံခြုံမှုပိုင်းဆိုင်ရာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးဘူးဗျ။ File
တွေကို Compressedလုပ်တာ၊ Encryption, Disk Quotas, EFS (Encryption File
System), VSS (Volume Shadow Copy Service )စတဲ့ Service တွေ
အများကြီးကိုလဲ လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် NTFS File System သည် ယနေ့
အချိန်ထိအသုံးပြုနေကြရခြင်းပဲ ဖြစ်ပါတယ်။
File နှင့် Folder
လုံခြုံမှုပိုင်းဆိုင်ရာဆိုတာNTFS File System ရဲ့ File နှင့် Folder
လုံးခြုံမှုပိုင်းဆိုင်ရာဆိုတာက File နှင့် Folder တွေကို ACL (Access
ControlList ) ACL-Based Security ဖြင့် အခြားအခွင့်မရှိတဲ့ User များက
မိမိရဲ့ File နှင့် Folder တွေကို
ဝင်ရောက်ကြည့်ရှုခွင့်၊ဖတ်ရှုခွင့်မရှိအောင် ကာကွယ်ပေးထားနိုင်တာကို ပြောတာ
ဖြစ်ပါတယ်။ File တွေကို Compressed လုပ်တယ်ဆိုတာNTFS File System ရဲ့ File
တွေကို Compressed လုပ်တယ် ဆိုတာက မိမိရဲ့ Hard Disk Device ထဲမှာ File
တွေကိုသိမ်းဆည်းရာမှာ Hard disk Device ထဲမှာ နေရာယူမှု ပမာဏ နည်းသွားအောင်
ပြုလုပ်တာကို File တွေကို Compressedလုပ်တယ်လို့ ပြောတာ ဖြစ်ပါတယ်။ NTFS
File System File တွေကို Compressed လုပ်ရာမှာ L277 Algorithmn ကို
အသုံးပြုပြီး Compressed လုပ်ပါတယ်။
ဒါကြောင့် NTFS File System မှာပါရှိတဲ့ File တွေကို Compressedလုပ်တာသည်
မိမိ Hard Disk ထဲမှာ နေရာယူမှု ပမာဏနည်းသွားအောင် ပြုလုပ်ပေးတာကို ပြောတာ
ဖြစ်ပါတယ်။
Disk Quotas
NTFS File System ရဲ့ Disk Quotas ဆိုတာ
မိမိရဲ့ Hard Disk Drive ထဲမှာ Data သိမ်းဆည်းနိုင်မှု ပမာဏ Limit
ကိုကန့်သတ်လိုက်တာ ဖြစ်တယ်။ ဒီလို မိမိရဲ့ Hard Disk ရဲ့ Data
သိမ်းဆည်းနိုင်မှု Quotas ကို သတ်မှတ်လိုက်ခြင်းအားဖြင့်အခြား User တွေသည်
မိမိ Hard Disk ထဲသို့ သူတို့ရဲ့ Data တွေလာရောက် သိမ်းဆည်းမှုကို
ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။
Encryption File System (EFS)
NTFS File System ရဲ့ Encryption File
System ဆိုတာ မိမိရဲ့ Hard Disk ထဲမှာရှိတဲ့ ဘယ် File နှင့် ဘယ်
Folderမဆိုအားလုံးကို Encrypt လုပ်လိုက်တာကို Encryption File System
လို့ပြောတာ ဖြစ်ပါတယ်။
Volume Shadow Copy Service (VSS)
NTFS File System ရဲ့ Volume Shadow Copy
Service (VSS) ဆိုတာ မိမိရဲ့ File နှင့် Folder
တို့ရဲ့ပြုပြင်ပြောင်းလဲမှုတွေကို ပြန်လည်၍ သတ်မှတ်ပေးနိုင်တဲ့ Service
ကိုပြောတာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင်တော့VSS လုပ်ထားတဲ့ Text File
လေးတစ်ခုပေါ့ဗျာ။ အဲ့ဒီ File ထဲမှာ မိမိရဲ့ အရေးကြီးတဲ့ စာတွေကို
သိမ်းထားတယ် ဆိုပါတော့။အဲ့ဒီလို အရေးကြီးတဲ့ စာတွေသိမ်းထားတာကို အခြား
User တစ်ယောက်က လာရောက်ပြီး ၀င်ပြင်သွားခဲ့မယ်ဆိုရင် မိမိရဲ့အရင်က
သိမ်းထားခဲ့တဲ့ စာတွေကို အလွယ်တကူပြန်၍ ခေါ်ယူနိုင်ပါတယ်။ အဲ့ဒါကို Volume
Shadow Copy Serviceလို့ခေါ်ပါတယ်။
အဲ့ဒီလောက်ဆိုရင် NTFS File System
အကြောင်းလေးကို နားလည်လောက်ပြီပေါ့နော်။ အဲ့ဒီတော့ ကျွန်တော်ရဲ့ NTFSFile
System အကြောင်းလေးကို ဒီမှာပဲ ရပ်နားလိုက်ပါမယ်။
Source: Product of MYDATA Game & Software CD /DVD
0 comments:
Post a Comment