Everything About IT Notes

Wednesday, August 8, 2012

အိတ်ချိန်းနှင့် ISP

(3) အိတ်ချိန်းနှင့် ISP


ရန်ဖန်ရန်ခါ သုံးစွဲသူလိုင်းအတွက် သုံးထားတဲ့ DSLAM port ပျက်တာလဲ ဖြစ်တတ်ပါတယ်၊ ISP Helpdesk ကို ကွန်ပလိမ်းတင် စစ်ဆေးခိုင်းရင် မိုဒမ်၊ DSLAM port၊ လိုင်း အစဉ်အတိုင်း စစ်ဆေးမှာ ဖြစ်တဲ့အတွက် DSLAM port မကောင်းရင် လဲလှယ်ပေးမှာ ဖြစ်ပါတယ်။

အပေါ်မှာ ရေးခဲ့သလို မြေအောက်ကေဘယ် ပြုပြင်မှု လုပ်ခဲ့တယ် ဆိုရင်လဲ ပြောင်လဲလိုက်တဲ့ cable pair ကို jumpering ပြန်လုပ်ပေးမှအင်တာနက် သုံးနိုင်မှာ ဖြစ်တဲ့အတွေက် ISP Helpdesk ကို လိုင်းပြုပြင်ပြီးကြောင်းနဲ့ cable pair ပါပြောင်းထားကြောင်း အသိပေးရပါမယ်။
သုံးစွဲသူ ချိတ်ဆက်အသုံးပြုနေတဲ့ DSLAM maintenance ပြုလုပ်ခြင်း၊ fault ဖြစ်လို့ ဒေါင်းနေတာမျိုးလဲ ရှိတတ်ပါတယ်၊ သက်ဆိုင်ရာ helpdesk တွေကို မေးမြန်းကြည့်သင့်ပါတယ်။
- DSL လိုင်းတက်နေတယ်၊ အင်တာနက်သုံးရတယ် လိုင်းဖုံးဒိုင်တုံး မရဘူး၊
အိတ်ချိန်းမှာရှိတဲ့ jumper wire တဖက်လွတ်ခြင်း၊ နေရာလွဲခြင်း၊ အိတ်ချိန်းစက်ဖက်မှ လိုင်းပိတ်ထားခြင်း များဖြစ်နိုင်ပါတယ်၊ ISP Helpdesk ကို ကွန်ပလိမ်းတင် စစ်ဆေးခိုင်းရပါမယ်၊ jumper wire တဖက်လွတ်ခြင်း၊ နေရာလွဲခြင်းဆိုလျင် ISP မှ ပြန်လည် Jumpering လုပ်ပေးပါမယ်၊ အိတ်ချိန်းဖက်မှ ပြစ်ချက်ဆိုလျင် သက်ဆိုင်ရာ အိတ်ချိန်းနှင့် သုံးစွဲသူကိုယ်တိုင် ဆက်သွယ်ဖြေရှင်းရပါမယ်။
- ဖုံးလိုင်း AC ဝင်ခြင်း
ကြုံဖူးကြမှာပါ၊ မိုးတွင်း မိုးကြိုးပစ်လို့၊ ဖုံးလိုင်း ပေါက်ပြဲပြီး မီးလိုင်းနဲ့ပူးလို့ AC ဗို့တေ့ခ်ျ ဝင်ကာ ဖုံးဟင်းဆက် စတာတွေလောင်သွားတတ်တာမျိုး ရှိတတ်ပါတယ်၊ ဒါမျိုးဖြစ်ခဲ့ရင် အိတ်ချိန်းမှ ရှိတဲ့ အသုံးပြုထားသော DSLAM port ပျက်နိုင်ပါတယ်၊ ISP Helpdesk ကို ကွန်ပလိမ်းတင်တဲ့အခါ လိုင်း AC ဝင်ကြောင်းပြောပြ စစ်ဆေးခိုင်းရပါမယ်၊
- DSL လိုင်းတက်နေတယ်၊ မိုဒမ်မီးအားလုံးလင်းတယ် DSLAM ping ရတယ်၊ အင်တာနက်သုံးမရဘူး
နောက်ဆုံးအဆင့် ပြည်တွင်း အဓိက Backbone တွေ၊ International Internet Gateway တွေလဲ maintenance ပြုလုပ်တာ၊ fault ဖြစ်လို့ ဒေါင်းနေတာမျိုးလဲ ရှိတတ်ပါတယ်၊ ဒါမျိုးဖြစ်ရင် Internet မရပေမယ့် မြန်မာပြည်တွင်းက ဝက်ဆိုဒ်တွေတော့ ရနေဦးမှာပါ၊ ဒါကြောင့် Google တို့ Facebook တို့ မခေါ်ပဲ သေချာတဲ့ ပြည်တွင်းက Webmail တွေကိုခေါ်ကြည့်ပါ။ အောက်က လင့်တွေပေါ့၊ login လုပ်စရာမလိုပါဘူး၊ ဝက်ပေ့ခ်ျပေါ်လာရင် သုံးစွဲသူဘက်က ပြသာနာ မဟုတ်တော့ပါဘူး၊ ISP Helpdesk ကိုဖုံးဆက်ပြီးပဲ မေးမြန်း Confirm လုပ်ပါ၊ Gateway/Backbone တွေပြန်ကောင်းသွားရင် Internet ပြန်ရသွားမှာပါပဲ။
စမ်းသပ်ကြည့်ရန် ပြည်တွင်း Web Pages လင့်များ
http://www.mpt.net.mm/mpt/it/index.htm
http://webmail.myantel.net.mm/index.php
http://mail.mandalay.net.mm/
Ref:  

Oakkar7's Blog


0 comments:

Post a Comment