iv) တယ်လီဖုံးလိုင်း အရည်အသွေး (Physical Copper Line Quality)
ADSL Technology ဟာ တယ်လီဖုံးလိုင်း (Physical Copper Line) ပေါ်မှာ Data + Voice သွားနိုင်အောင် ပြုလုပ်ထားတဲ့ နည်းပညာပါ၊ ရိုးရိုးတယ်လီဖုံးခေါ်ဆိုမှုဟာ Analog signal နဲ့ပဲ လိုင်းပေါ်မှာသွားတာဖြစ်ပြီး လိုင်းသိပ်မကောင်းခဲ့ရင်တောင် ခေါ်ဆိုလို့ရနိုင်ပါတယ်၊ ADSL signal ကတော့ Digital signal ဖြစ်ပြီး လိုင်းကောင်းမှ connection ကောင်းနိုင်မှာဖြစ်ပါတယ်။တယ်လီဖုံးလိုင်းတလိုင်းရဲ့ quality ကိုတိုင်းတာရာမှာ အဓိက SNR(Signal to Noise Ratio) ရယ် Attenuation ရယ်နဲ့တိုင်းပါတယ်၊ SNR ဆိုတာ အကြမ်းဖျဉ်းပြောရရင် လိုင်းပေါ်မှာ ဖြတ်သန်းသွားနိုင်တဲ့ Data အချက်အလက်နဲ့ Noise အနှောက်အယှက် ရဲ့ အချိုးပါ၊ Attenuation ကတော့ လိုင်းပေါ်မှာသွားတဲ့ signal ကို လိုင်းရဲ့ခုခံမှုလို့ အကြမ်းပြောလို့ရပါတယ်၊ SNR နဲ့ Attenuation ကို ဖေါ်ပြရာမှာ dB ယူနစ်နဲ့ ဖေါ်ပြပါတယ်၊ SNR တန်ဖိုးကြီးရင် quality ကောင်းပြီး နည်းရင် line quality မကောင်းပါဘူး၊ Attenuation ကျတော့ ခုခံမှုဆိုတော့ ပြောင်းပြန်ပါ တန်ဖိုးကြီးရင် quality ကျပြီး နည်းရင် line quality ကောင်းပါတယ်၊ လိုင်းရဲ့ characteristics အရ လိုင်းရှည်လာရင် SNR နည်းပြီး Attenuation ကျတော့ များလာပြီး လိုင်း Quality ကျကျလာပါတယ်၊ ဥပမာ 100m အရှည်ပဲရှိတဲ့လိုင်းဟာ SNR 45dB လောက်ရှိနိုင်ပြီး 1km လောက်ရှည်လာရင်တော့ SNR 30dB လောက်ပဲ ရှိတော့မှာဖြစ်ပါတယ်၊ အကြမ်းဖျဉ်း ADSL သုံးနိုင်ဖို့ဆိုရင် အနည်းဆုံး SNR 10 dB ကျော်သင့်ပါတယ်၊ ဒါတောင် 10, 11, 12dB လောက်ပဲရှိမယ်ဆိုရင် connection မကောင်းသေးပါဘူး သွားနေတဲ့ data မှာ error rate မြင့်နေသေးတဲ့အတွက် အင်တာနက်သုံးတဲ့ အချိန်မှာ မလွဲမသွေ နှေးကွေးမှုကြုံနေရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ပုံမှန် seed နဲ့ အင်တာနက် သုံးစွဲနိုင်ဖို့ 20~25dB လောက်ရှိသင့်ပါတယ်။ အသုံးပြုသူရဲ့ လိုင်းဟာ SNR 5, 6, 7 dB လောက်ပဲရှိနေမယ် ဆိုရင်တော့ တယ်လီဖုံးပြောရတယ် အင်တာနက်လိုင်း မရဘူးဆိုတဲ့ ပြသာနာကြုံရပါလိမ့်မယ်။
တကယ်တန်းကတော့ လိုင်း SNR နဲ့ Attenuation ဟာ သုံးတဲ့ ဝါယာကြိုးအမျိုးအစား၊ အမြန်နှုံး၊ Codec Frequency စတာတွေပ်ါမှာလဲ မူတည်နိုင်ပါတယ်၊ အောက်ဇယားမှာ အကြန်းဖျဉ်း ရှိနိုင်တဲ့ လိုင်းအရှည် နဲ့ SNR, Attenuation အရည်အသွေး စတာတွေကို ကြည့်နိုင်ပါတယ်။
လိုင်းအရှည်
|
SNR(dB)
|
Attenuation (dB)
|
Line Quality လိုင်းအရည်အသွေး
|
> 1 km
|
40~35
|
10
|
အလွန်ကောင်း
|
> 1.5 km
|
35~30
|
10~15
|
ကောင်း
|
> 2 km
|
30~25
|
15~20
|
ကောင်း
|
> 2.5 km
|
25~20
|
20~25
|
သင့်
|
> 3 km
|
20~15
|
25~35
|
သင့်
|
> 3.5 km
|
> 20
|
> 40
|
ညံ့
|
> 10
|
> 50
|
ညံ့
|
|
> 10
|
> 60
|
အလွန်ညံ့
|
|
> 5
|
< 60
|
အသုံးပြုမရနိုင်
|
လိုင်းမင်းကိုခေါ်ပြီး စစ်ဆေးပေမယ့် ပုံမှန်တယ်လီဖုံးခေါ်ယူမှုပဲ စစ်ဆေးမယ်ဆိုရင် ပြသာနာကပြေလည်ချင်မှပြေလည်မှာ ဖြစ်ပါတယ်၊ ADSL နဲ့ အင်တာနက် အသုံးပြုကြောင်း connection ရသည်ထိ ပြုပြင်လိုကြောင်း သေချာပြောပြမှာသာလျင် ရနိုင်မှာဖြစ်ပါတယ်၊ ADSL service စတင်လာတာ ၃ နှစ်လောက်ရှိပြီဖြစ်တဲ့အတွက် လိုင်း Technicians တွေလဲ ဒီအတွေ့အကြုံတွေရှိလာပြီး ဖြစ်ပါတယ်၊
မြန်မာတယ်လီပို့ဟာ ISP ဖြစ်ပြီး ဖုံးလိုင်းနဲ့ ပါတ်သက်တဲ့ ပြသာနာတွေကို ဖြေရှင်းမပေးနိုင်ပါဘူး၊ လိုင်း Quality ကောင်းမကောင်း confirm လုပ်ခြင်းနဲ့ Modem, DSLAM စတဲ့ပြသာနာတွေသာ ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်၊ ဖုံးလိုင်းနဲ့ပါတ်သက်သမျှ ပြသာနာအထွေထွေဟာ သုံးစွဲသူနဲ့ MPT line complaint, လိုင်းတာဝန်ခံ များနဲ့သာ ဆက်သွယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အိမ်တွင်းဝါယာကြိုး သွယ်တန်းမှုနဲ့ ပါတ်သက်တဲ့ ဖုံး extension ခွဲခြင်း၊ PABX တပ်ဆင်ခြင်း၊ NAT router ဖြင့် PC လိုင်းခွဲခြင်း ပြသာနာတွေကို သုံးစွဲသူမှာ မိမိအစီအစဉ်နဲ့ ဖြေရှင်းရမှာ ဖြစ်ပါတယ်၊ ဆက်သွယ်ရေး (သို့) မြန်မာတယ်လီပို့မှ လိုအပ်သော အကြံညဏ်သာ ပေးနိုင်မှာဖြစ်ပြီး ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး၊
လိုင်းစစ်ဆေးရာမှာ Physical line အဆင့်ဆင့်ကို စစ်ဆေးရတာဖြစ်တဲ့အတွက် အချိန်ကြာမြင့်တတ်ပါတယ်၊ လိုင်းပေါ်ကနည်းပညာဖြစ်တဲ့ အတွက် ဒီပြသာနာ အထွေထွေဟာလဲ ADSL သုံးစွဲသူများ တချိန်မဟုတ်တချိန် ကြုံတွေ့ကြရမှာဖြစ်ပါတယ်၊ ဒါဟာလဲ ADSL ရဲ့ အားနည်းချက်ဖြစ်ပါလိမ့်မယ်။
Ref:
0 comments:
Post a Comment