CPU အကြောင်း
Core
i3 , core i5 , core i7 အကြောင်းမပြောခင်
core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture
, code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ
ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….
Core i series Architecture
Core
i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture
ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး
ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ
စပြီးထုတ်ခဲ့ပါတယ်..
Core i series code name
Core i series code name များမှာ
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။
Core
i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code
name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့
Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့
code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile)
တွေဖြစ်ပါတယ်..
Core i series processor မှာ
ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်

1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology
1.Core အရေအတွက်
Core
ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ
တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread
ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ်
2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache
ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor
ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo
Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး
ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ
့လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ
့လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့
နည်းပညာဖြစ်ပါတယ်..
5. Smart Cache
Smart
cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း
လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6.
QPI (Quick Parth Interconnect)
QPI
ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်..
north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ
ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး
လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu
အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial
Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading technology
Hyper-threading
ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို
တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor
ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို
့သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor
ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor
နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache ,
execution unit, control unit ,buses စတဲ့  resourses
တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor
အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...
Nehalem microarchitecture based
Core i3
ပထမဆုံး
Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင်
သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ
ထုတ်လုပ်ခဲ့ပါတယ်..
Core i5
Nehalem
ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ
စတင်သုံးစွဲခဲ့ကြပါတယ်..
Core i 7
Nehalem
ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ
စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield
ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale
တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem
architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor
series တွေဖြစ်ပါတယ်..
Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture
မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile)
ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀
ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ
အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..
Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ
အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..
အခု
ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series
processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး
ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည်
ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture
တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ
ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge
ရကြပါစေခင်ဗျာ..
အခြေခံ
ကွန်ပျူတာ Virus များရှင်းလင်းခြင်း
တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ်
တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့
အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ
မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး
တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး
ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date
ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့
virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ
processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို
config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ
ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊
registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊
ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို
သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက်
အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍
အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက
အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။
Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့
Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။
လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။
တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က
user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။
တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy
ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware
တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ
ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင်
သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏
ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော
virus
Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု
ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus
program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ
Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို
မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို
ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။
ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။
Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware
program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ
နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။
ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task
manager, autoruns, process explorer and hijackthis တို့လိုပေါ့။
Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error
ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်.
ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage
တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင်
System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့
ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ
ဝင်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file
အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။
ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။
မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။
System Configuration Utility
RUN dialog box မှာ msconfig
ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility
ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး
ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး
ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services
tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All
ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system
ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ
ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal
ဝင်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင်
အဆင်ပြေပါတယ်။
Laptop အကြောင်းတွေကို
စုံစုံလေး သိစေချင်လို့ လိုင်းပေါ်က ပြန့်ကြဲနေတဲ့ အပိုင်းအစတွေကို စုစည်းပြီး ပို့စ်တစ်ခု
အဖြစ် ဖန်တီးတင်ပြလိုက်တာပါ ဒီပို့စ်ကိုဖတ်ပြီးရင်လဲ အားလုံးအဟုတ်တောင် တော်တော်လေး
နားလည် သွားမယ်လို့ ယုံကြည့်ပါတယ်
ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပြီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တတ်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပို့စ်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ပဲ တောင်းဆိုပါရစေ။ကျွန်တော် ပို့စ်ခါင်းစဉ်တွေကို အောက်ကလို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။
အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။
အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။
အပိုင်း (၃) Laptop တလုံးဝယ်ရန် ဘယ်အပိုင်းတွေကို ကြည့်ရူလေ့လာရမလဲ?

အပိုင်း(က)
(က)Laptop တလုံးမှာ များသောအားဖြင့် ပါဝင်တဲ့ အစိတ်အပိုင်းတော်တော် များများကို တွေ့သာ တွေ့နေပေမယ့် မသုံးဖြစ်တာတွေ အသုံးမတည့်တာတွေနဲ့ ပဲ့ ပါလာတဲ့ အပိုင်းတွေကို သေသေချာချာသိဖို့ ဘယ်သူမှ တော်ယုံ မကြိုးစားကြည့်ကြဘူး။ ဒီလိုပဲ ထားထားမိကြတယ် ကျွန်တော်ကိုယ်တိုင်လည်း အပါအ၀င်ဖြစ်ခဲ့ ဘူးပါတယ်။ နောက်ပိုင်း ကိုယ်ကိုတိုင် သတိထားမိလာမှ လေ့လာဖြစ်တာပါ။ ကဲထားပါတော့ ကိုယ်မြန်မာလူမျိုးတွေ မြန်မာလို ဖတ်ချင်သူတွေ အကြမ်းဖျင်းတော့ အနည်းဆုံးနားလည်သွားနိင်အောင် ကြိုးစားရေးပါမယ်။
Tochpad
Tochpad ကိုတော့ လူတိုင်း သိပီးသားပါ အခေါ်အဝေါ်ကို ရင်းနှီးသူလည်း ရှိသလို မရင်နီးသူလည်း ရှိမယ်ထင်ပါတယ်။ သူကို နောက်တမျိုး trackpad လို့လည်းခေါ်သေးသလို pointing device လို့လည်းခေါ်ပါတယ်။ သူကတော့ Mouse နေရာမှာ အစားထိုးသုံးဖို့ ဖန်တီးထားတာပါ။.သူနဲ့ သဘောတရား ဆင်တူတာတွေ ထပ်ရှိပါသေးတယ်။ သူတိုကတော့ ခု ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ တွေ့နေရတဲ့ Multi-touch screen , Touchscreen, tablet တို့မှာ ထိတွေ့မိကြဦးမှာပါ။ Touchpad ကို (The touch pad is a built-in substitute for a mouse on laptops.) ဒီလို အဓိပါယ် ဖွင့်ဆိုထားတာတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။
fingerprintreader reader
Fingerprint reader ကိုတော့ Laptop တိုင်းမှာတော့ မပါဝင်ပါဘူး။ ပါဝင်တဲ့ Laptop တွေလည်း ရှိသလို မပါတာတွေလည်းရှိပါတယ်။သူကတော့ လက်ဗွေရာကို Scan ဖတ်ပီးတော့ စက်ကို Password ပေးလို့ ရပါတယ်။ fingerprint reader ကို touchpad ရဲ့ ညာဘက်ဘေးလေးနားမှာ တွေ့နိင်ပါတယ်။.
Wirelessswitch (on / off)
ဒီ wirelessswitch ရဲ့ အားသာချက်ကတော့ သူကို Off လုပ်ထားမယ် ( အင်တာနက်မသုံးတဲ့ အချိန်) ဆိုရင် battery life ကို သက်သာစေမှာပါ။ မိမိ ပတ်ဝန်းကျင်မှာ Wireless လွှင့်ထားတာတွေ ရှိမယ်ဆိုရင် အလွယ်တကူ ဖမ်းယူနိင်ပါတယ်။
USB Port (USB=Universal Serial Bus)
USB port ကိုတော့ လူတိုင်းရင်းနီးပီးသားပါ ။ keyboards, mice(mouse), printers, scanners တွေကို ချိတ်ဆက် အသုံးပြုနိင်ပါတယ်။ နောက်ထပ် Extra HDD တွေကိုပါ တွဲသုံးနိင်ပါသေးတယ်။HDD တို့ Stick တို့  ထဲ့မှာ ရှိတဲ့ Data တွေကို Transfer လုပ်နိင်သလို နောက်ထပ် Yota လို အင်တာနက် ချိတ်တဲ့ ပစ္စည်းတွေနဲ့လည်း တွဲဖက် အသုံးပြုနိင်ပါတယ်။
SD (Secure Digital) Card reader
Secure Digital card reader ကို ကျွန်တော်တို့ အသုံးပြု နည်းကျပါတယ်။ သူကို ဘယ်လိုချိန်တွေမှာ သုံးလည်းဆိုရင် ကင်မရာမှာ ပါတဲ့ SD card တို့ Mobile Phone တို့ကို တိုက်ရိုက်ချိတ်ဆက်ပီး အသုံးပြုနိင်သလို သူကို Laptop ၀ယ်တဲ့ချိန်မှာ မပါလာခဲ့ဘူးဆိုရင် USB Port ကနေ တွဲသုံးလို့တော့ ရပါတယ်။ ဗဟုသုတ အဖြစ်ထည့်ရေးလိုက်တာပါ။ အဲ့လိုမှ မဟုတ်ဘူး SD Card reader(မပါလာခဲ့ရင်) ကို သုံးချင်တယ်ဆိုရင်တော့ External Media reader ကို ၀ယ်ပီး အသုံးပြုနိင်ပါတယ်။
ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ
ExpressCard slot:
ဒီကောင်လေးကိုတော့ အများအားဖြင့် Peripheral Device တွေနဲ့ ချိတ်စက်ပီး အသုံးပြုတဲ့ အခါမှာ ဒီ Slot ကို သုံးပါတယ်။ Peripheral Device ဆိုတာဘာတွေလည်းဆိုတော့ printers, image scanners, tape drives , microphones, loudspeakers, webcams, and digital cameras တွေကိုဆိုလိုတာပါ။ ဒီ Slot တွေက ခုနောက်ပိုင်းထွက်လာတဲ့ Slot တွေနဲ့ အရင်က Slot တွေတောင် မတူတော့ပါဘူး။ ခုနောက်ပိုင်း ၂၀၀၈ နောက်ပိုင်းမှာ ထွက်လာတဲ့ Laptop နဲ့ တွဲပီးထွက်လာတဲ့ Slot တွေက ဟိုး အရင်က ထွက်ရှိပီးသား Laptop မှာတဲ့ Slot တွေ ထက် ပိုပီး ကောင်းလာတယ်လို့ ဆိုရမယ်။ ဘာလို့လည်းဆိုရင် အရင်က ထွက်လာတဲ့ Slot တွေမှာPeripheral Device နဲ့ ချိတ်ပီးအလုပ်လုပ်တဲ့ အချိန်မှာ စက်ကို လေးသွားတာတို့ ဟန်းသွားတာတို့တွေ နဲ့ နောက်ထပ် Volt အားတွေကိုပါ ချွေတာ အသုံးပြုနိင်အောင်လို့ digital demands တွေနဲ့ ခု ဒီ Slot တွေမှာ ဖွဲ့စည်းပီး တည်ဆောက်ထားပါတယ်။
HDMI connector: (HDMI (High-Definition Multimedia Interface)
HTMI လို့ ပြောလိုက်ရင်တော်ယုံမသိကြဘူး။ သူ့ကို ဘယ်လို အသုံးပြုတယ်ဆိုတာကိုတော်ယုံ မသိကြဘူး။ ဒီ HTMI ကို ကျွန်တော်တို့ Home Therater တွေမှာ ချိတ်ပီး အသုံးပြုနိင်ပါတယ်။ ဥပမာ ကျွန်တော်တို့ အိမ်တွေမှာ ၆၄ လက်မလောက် TV ကြီးရှိတယ်ဆိုရင် ဒီ HTMI slot နဲ့ TV ကို ချိတ်ဆက်ပီး Therater လိုပဲ့ အိမ်မှာ ကွန်ပျူတာနဲ့ ချိတ်ပီး အေးဆေး ကြည့်နိင်ပါတယ်။ မိသားစုလိုက်ပျော်ပျော်ပါးပါး တခုခု လုပ်စားတဲ့ချိန်တွေမျိုးမှာစို TV အကြီးကြီး ရှိမယ်ဆိုရင် ချိတ်ဆက်ပီး မိသားစုလိုက်ကြည့်လို့ ရပါတယ်။ သူကတော့ Single Cable ပေါ်မှာပဲ့ အလုပ်လုပ်ပီးတော့ Video Format တွေကို ထုတ်ပေးနိင်ပါတယ်။ နောက်ထပ် HDD . Blu-ray , PC တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပီးလည်း အသုံးပြုလို့ ရပါသေးတယ်။
Firewire/IEEE 1394 port:
သူကတော့ serial bus interface standard ပါ။ သူ့ကို high-speed communications and isochronous မှာ PC တွေတွက် အသုံးပြုပါတယ်။ ဒီ Slot ကို ကျွန်တော်တို့ Sony ထုတ် Laptop တွေမှာ အများဆုံး တွေ့နိင်ပါတယ်။ အရင်က Desktop တွေမှာလည်း ဒီ Slot ကို တော်တော်များများတွေ ဘူးကြမှာပါ။
DVI connector:
Digital video connector ကို ကျွန်တော်တို့ Monitor ( LCD) နဲ့ HD TV တွေနဲ့ ချိတ်ဆက်ပီး အသုံးပြုနိင်ပါတယ်။ တကယ်လို့ သူကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီတိုင် VGA Card မှာ တပ်ပီး သုံးသလို သုံးလို့ မရပါဘူး။ ကြားတည်းမှာ Swich ခေါင်းတခု ခံပီးမှ အသုံးပြုလို့ ရပါမယ်။
VGA connector:
VGA ခေါင်းကိုတော့ အထွေအထူးပြောစရာမရှိပါဘူး။ Laptop ဘေးမှာ LCD တခု ရှိတယ်ဆိုရင် ကျွန်တော်တို့ Laptop က ကြည့်ရတာသေးနေတယ် အနေကျဉ်းကျပ်နေတယ်ဆိုတဲ့ချိန်မျိုးမှာ ဒီခေါင်းနဲ့ VGA connector နဲ့ ချိတ်ပီး Desktop မှာပါ Laptop က လုပ်ဆောင်နေတာတွေကို ၂ နေရာမှာ တပြိုင်တည်းကြည့်နေနိင်ပါတယ်။
RJ-45/Network jack: with (RJ-11/Phone jack)
ဒီ Port လေးကိုတော့ တွေ့ဘူးမှာပါ။သုံးလည်း လက်ရှိသုံးနေကြတာပါ။ သူ့ကတော့ အင်တာနက်နဲ့ Network ကို အဓိကထားပီး အလုပ်လုပ်ပါတယ်။ ကွန်ပျုတာတိုင်းမှာ ပါပီးသားပါ။ မပါတာက RJ 11 ခေါင်းပဲ့ ..သူကတော့ ကျွန်တော်တို့ အိမ်က ကြိုးဖုန်းတွေမှာ အသုံးပြုပါတယ်။ ဖုန်းခေါင်းပေါက်ကို ၀င်ပီး Phone တွေကို ချိတ်ဆက် အသုံးပြုတာတော့ ဟုတ်ပါတယ်။ ဒီမှာ ဘာလို့ပါလာတာလည်းဆိုရင် ကျွန်တော်တို့ ဒီ RJ 11 ခေါင်းကလည်း တကယ်တော့ Network ချိတ်ဆက်ပီး အသုံးပြုလို့ ရတာတွေကြောင့်ပါ။ သူ့ကို Wide area networkထိ အသုံးပြုလို့ ရနိင်ပါတယ်လို့ ကကကွန်က ထုတ်တဲ့ စာအုပ်ထဲ့မှာ ဖတ်ဘူးပါတယ်။ အဲ့စာအုပ်ကို ဖတ်ကြည်ချင်တယ်ဆိုရင် Networkစာအုပ်များထဲ့မှာပါပါတယ်။
Laptop ရဲ့ Power Options အကြောင်း
Laptop ကို စက်မပိတ်ပဲနဲ့ Laptop ဖုံးကို ပိတ်ချလိုက်ရင် Log off ဖြစ်သွားတာကို တွေ့ရပါတယ်။။
Log Off မဖြစ်အောင် လုပ်လို့ရတယ် ဆိုတာကို တစ်ချို့က မသိကျပါဘူး...
ဘယ်လို လုပ်ရလည်း ဆိုတော့....
window xp မှာဆိုရင် desktop ကို right click ထောက်ပြီး properties ကို ၀င်ပါ...Display Properties box ကျလာရင် Screen Saver ကို သွားပါ..Monitor power မှာ Power ကို click လိုက်ပါ...Power Options box ပေါ်လာရင် Advanced ကိုသွားပါ.. Power buttons မှာ When l close the lid of my portable computer မှာ Stand by ပေးထားကိုတွေ့ရင် Do nothing ကို ပေးလိုက်ပါ.. ဒါဆိုရင် အဆင်ပြေသွားပါပြီ...
Window Vista ဆိုရင် Desktop ကို right Click ထောက်ပြီး Properties ကို ၀င်လိုက်ပါ.. Screen Saver ကို သွားပါ..Change power settings ကို click လိုက်ပါ..Menu box မှာ Choose what the power buttons do ကို click ကျလာရင် When I close lid: မှာ Sleep ဆိုတာ တွေ့လိုက်မယ်
နစ်ခုလုံးကို Do nothing ပေးလိုက်ပါ….
ထိုနည်းတူးစွာပဲ control panel က သွားပြီး လုပ်လဲ ရတယ်
ဒါဆိုရင် အားလုံး Ok သွားပါလိုက်.....
Laptop ဘက်ထရီသုံးစွဲမှု အကြောင်း
ဒီခေတ်မှာ လူတော်တော်များများဟာ Desktop ထက် Laptop ကိုပိုသုံးစွဲလာကျပါတယ်။
အဲဒီအခါမှာ Laptop ဘက်ထရီသုံးစွဲမှု အကြောင်းသိဖို့လိုပါတယ်။ Laptop သုံးစွဲသူများ
အနေဖြင့် ဘက်ထရီလုံးဝအားကုန်သွားသည်အထိ အသုံးမပြုဘဲ အားအနည်းငယ်ကျန်သော
အချိန်တွင် မဖြစ်မနေအားပြန်သွင်းဖို့လိုပါတယ်။ ဘက်ထရီ ၅ ရာခိုင်နှုန်းလောက်ကျန်တဲ့
အချိန်မှာ အားပြန်သွင့်သင့်ပါတယ်။ ဘက်ထရီ လုံးဝကုန်သွားတဲ့အထိသုံးရင်
RAM၊ Mother Board တို့ကို ထိခိုက်နိုင်တဲ့ အပြင် ဘက်ထရီလည်းကျသွားတတ်တယ်။
နောက်ပြီး
ဘက်ထရီကို အားအပြည့်သွင်းပြီးမှ အသုံးပြုသင့်ပါတယ်။ ယေဘုယျအားဖြင့် ဘက်ထရီ ၁၀ရာခိုင်နှုန်းခန့်ကျန်သော အချိန်တွင် အားပြန်သွင်းပါက သင့်လျော်ပြီး လုံးဝအားကုန်
သွားပြီးမှ ပြန်သွင်းလျှင် အားပြန်ပြည့်ရန် အချိန်ကြာတတ်ပါတယ်။ Laptop များ၏
ဘက်ထရီမှာ Cells အပေါ်မူတည်ပြီး 4 Cells ဆိုပါက တစ်နာရီခန့်၊ 6 Cells ဆိုပါက
နှစ်နာရီ၊ သုံးနာရီ၊ 9 Cells ဆိုလျှင် ရှစ်နာရီခန့် သုံးလို့ရပါတယ်။ Laptop ၀ယ်ပြီးပြီးချင်း ရှစ်နာရီလောက်ကြာတဲ့အထိ သွင်းရပါတယ်။ နောက်ပိုင်းကျရင် အဲဒီလောက်
သွင်းစရာမလိုတော့ဘူး။ သုံးနာရီလောက် သွင်းရင်ရပြီ။ Toshiba Laptop
မှာသုံးထားတဲ့ ဘက်ထရီတွေက အနည်းဆုံး 6 Cells ရှိတယ်။ အားပြန်သွင်းသင့်တဲ့
အချိန်ရောက်ရင် Warning ပေးတဲ့ စနစ်ပါတယ်။ အဲဒီအချိန်မှာ အားသွင်းဖို့လိုပါတယ်။
နောက်ပြီး မသုံးဘဲ ဒီအတိုင်းထားရင် ဘက်ထရီရဲ့ Capacity ကလျော့သွားတတ်ပါတယ်။
ကဲသတိပြုနိုင်ကြပါစေဗျာ
Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ
- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှု မရှိပါဘူး။တချို့  သော Laptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင် ထုတ်လုပ်ကြပါတယ်။ အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး လုပ်ထားပြီးသား ဖြစ်ပါတယ်။ အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာတပ်ထားပြီး ဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုသူတွေဟာ သတိထားကြ ရပါတယ်။ ဒီ function တွေဟာ power management တွေမှာ ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့ လုပ်ခြင်းဖြစ်ပါတယ်။
- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။ မျက်နှာပြင် မညီညာတဲ့ နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိတဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး အပူချိန် တက်ပါလိမ့်မယ်။
- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့ keyboard protector တွေကို ဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက် အပေါ်ဘက်ကနေပြီး လေဝင်၊ လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။
- Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။ Rpm မြင့်လာလေ အသံကျယ် လာလေ ပါပဲ။ Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့ ဖြစ်ပါတယ်။
- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain လုပ်ပေးပါ။ Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန် တက်လာပါလိမ့်မယ်။
- အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့် သို့မဟုတ် ထည့်သွင်းထားမယ့် အိတ်ကို ဝယ်ယူဖို့ပါပဲ။ ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ Laptop တစ်ခုလုံးအတွက် အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic Discharge), EMI (Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce) စတဲ့ ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။ မိမိဝယ်လိုက်တဲ့ Laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

What is access point ?
ရှင်းပါတယ်.. သူရေးထားသလိုပဲပေါ့ဗျာ။ Access လုပ်ပေးနိုင်တဲ့ point ( ပစ္စည်း ) တခုပဲပေါ့။ သူက transmit ရော recieve ပါ တစ်ခါတည်းလုပ်ပေးတဲ့ ပစ္စည်းမို့လို့ transceiver လို့လည်း သတ်မှတ်နိုင်ပါတယ်။ အဓိကလုပ်ဆောင်ချက်ကတော့ user to user ကို ချိတ်ဆက်ပေးသလို နောက်တစ်ခုကတော့ WLAN ( wireless local area network ) ကို wired network တစ်နဲ့ ချိတ်ဆက်ပေးဖို့ အသုံးပြုပါတယ်။ သာမန် WLAN ခပ်သေးသေး တစ်ခုအတွက်တော့ Access point တစ်ခုနဲ့တင် user များကို ထိန်းထားနိုင်ပါတယ်။ Point ဘယ်နှစ်ခုလိုတာလဲ ဆိုတာတော့ User အရေအတွက်ပေါ်မူတည်ပြီး တွက်ချက်အသုံးပြုရမှာ ဖြစ်ပါတယ်။ Access point ( or wireless access point WAP ) ကို ရုံးတွေ ဌာနတွေ ကျောင်းတွေမှာ wired network တစ်ခုကနေ wireless LAN တစ်ခုတည်ဆောက်ဖို့အတွက် အသုံးပြုကြပါတယ်။

အောက်က လင့်လေးကတော့ WAP access လုပ်ပုံလုပ်နည်း Youtube က ဗီဒီယို လင့်လေးပါ။ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ WAP အကြောင်း ပိုပြည့်ပြည့်စုံစုံ သိချင်သေးရင်တော့ ဒီမှာ ၀င်ရောက် ဖတ်နိုင်ပါသေးတယ်။
Q: အကို networking ချိတ်တဲ့နေရာမှာ
အသုံးပြုတဲ့ switch နဲ့ router တို့ကို အကို သိရင် အဲ့ဒီနှစ်ခုကို ဘယ်လိုသုံးလဲ
ဘယ်လိုအမျိုးအစားတွေရှိလဲ ဘာကွာခြားနားလဲ ဆိုတာ ကိုကြီး သိရင်
ညီလေးကိုကျေးဇူးပြုပြီး ပြောပြပေးပါ။
ညီလေး တစ်ယောက်က မေးလာလို့ပါ။
ကျွန်တော် ဖတ်မိသလောက်လေး ပြန်ပြောပြပေးပါ့မယ်။
အလွယ်ကူ အရှင်းဆုံးပြောရရင်တော့
Router, switch နဲ့ hub တွေဟာ network အသုံးပြုဖို့အတွက် သုံးတဲ့ ပစ္စည်းခြင်း
အတူတူကြည့်ပါပဲ။ ဒါပေမယ့် Router က ကျန်တဲ့ နှစ်ခုထက် ပိုပြီး
စွမ်းဆောင်ရည်ကောင်းတဲ့ ပိုမိုလုပ်ဆောင်နိုင်တဲ့ ပစ္စည်းလို့ အကြမ်းဖျင်း
မှတ်ထားလို့ရပါတယ်။ switch နဲ့ hub ကတော့ ချိတ်ဆက်ပုံခြင်းက အစ အတူတူပါပဲ။ Hub က
connection ပိုင်းညံ့တဲ့ အတွက် အခု နောက်ပိုင်း သိပ်မသုံးတော့တာပါ။
Hubs
Hub ကတော့ ဈေးအနည်းဆုံး၊ စွမ်းဆောင်ရည်အနည်းဆုံး၊ ရှုပ်ထွေးမှု အနည်းဆုံးပါ။ သူ့လုပ်ဆာင်ချက်ကတော့ အရမ်းရှင်းပါတယ်။ သူ့ဆီ ၀င်လာသမျှ အချက်အလက်မှန်သမျှကို ပြန်ထုတ်ပေးလိုက်တာပါပဲ။ ဥပမာ Hub ကနေ ကွန်ပျူတာ A,B, C ကို ဆက်ထားတယ်ဆိုရင် ထွက်လာတဲ့ အချက်အလက်တွေကို ကွန်ပျူတာ သုံးလုံးဆီကို ပို့ပါတယ်။ ကိုယ်က A ဆီကိုပဲ ပို့ချင်တာ ဆိုရင်တောင်ပေါ့။ အဲလိုပဲ A ကနေ Response တခုခု ပြန်လာရင် B, C ဆီကိုပါ ရောက်သွားပါတယ်။ အဲဒါကြောင့် Hub တခုထဲ ချိတ်ထားတဲ့ ကွန်ပျူတာ အချင်းချင်း ဘာပဲလုပ်လုပ် Network အတွင်းမှာရှိတဲ့ ဘယ်ကွန်ပျူတာကမဆို သိနေမှာ၊ အချက်အလက်တွေ ရနေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အဓိကကတော့ connection နှေးတယ်ပေါ့ဗျာ။ဒါပေမယ့် အချိန်တော်တော်ကြာတဲ့ အထိတော့ သူ့ကိုပဲ သုံးစွဲခဲ့ ကြရတာပါ။
Switches

Switch ကလည်း Hub နဲ့ လုပ်ဆောင်တာ အတူတူလောက်နီးပါး ကြပါတယ်။ ပိုပြီး တိကျတဲ့ လုပ်ဆောင်ချက်ရှိတာ တခုတော့ ပိုတာပေါ့ဗျာ။ အဲဒါက စပြီး အချက်အလက်ကို ပို့ရင်တော့ အပေါ်က အတိုင်းပါပဲ သူကနေ A, B, C သုံးလုံးကို ပို့လိုက်ပါတယ်။ ဒါပေမယ့် A က ပဲ response ပြန်လာတယ်ဆိုရင် သူပို့ရမှာ A တခုထဲပဲ ဆိုတာ သိသွားပြီး A နဲ့ အလုပ်ဆက်လုပ်ပါတော့တယ်။
အဲအတွက် ပိုပြီး လုံခြုံမှုရှိလာသလို
ဆက်သွယ်မှုအပိုင်းလည်း ပိုမြန်လာပါတယ်။ Hub နဲ့ အဓိက ကွာခြားတာကတော့ ဒါပါပဲ။
Routers
နောက်ဆုံးတစ်ခုကတော့ Routers တွေပေါ့။ သူကတော့ အကောင်းဆုံး smart အဖြစ်ဆုံးနဲ့ လုပ်ဆောင်မှု အရှုပ်ထွေးဆုံးလို့လည်း ပြောနိုင်ပါတယ်။ Router များကို ပုံစံ၊ အရွယ်အစားအမျိုးမျိုးနဲ့ မြင်တွေ့နိုင်ပါတယ်။
အခုခောတ်မှာတော့ four -port boradband
routers တွေက ခောတ်အစားဆုံးလောက်ရှိပါတယ်။ ကိုယ်တိုင် internet ကို
ချိတ်ဆက်ပေးနိုင်ပါတယ်။ အလွယ်ဆုံးအနေနဲ့ ပြောရရင်တော့ Routers တွေဟာ ကွန်ပျူတာအသေးစားတစ်လုံးလိုပါပဲ။
switch လုပ်ပေးဖို့၊ computer location တွေတွက်ဖို့၊ routing traffic
တွေကိုတွက်ဖို့ သူ့အထဲမှာ program ရေးပြီးသားပါ။ Router တစ်ခုမှာ အနည်းဆုံး
Network card နှစ်ခုပါတယ်။ တစ်ခုက LAN လို့ ရေးထားပြီး တစ်ခုက WAN ပါ။ Router
ကိုယ်တိုင်လည်း IP address ရှိပါတယ်။ အဲဒါကိုပဲ LAN IP address လို့
ခေါ်နိုင်ပါတယ်။ Router ကိုတော့ အဓိက မတူတဲ့ Network နှစ်ခုကို ချိတ်တဲ့ နေရာမှာ
သုံးတဲ့ ပစ္စည်းအဖြစ် အကြမ်းဖျင်းမှတ်နိုင်ပါတယ်။ wireless အတွက်ဆိုလည်း wireless
အသုံးပြုမှုပါတဲ့ Router ကို ရွေးဝယ်လိုက်ရင် အသုံးပြုနိုင်ပါတယ်။
Ctrl+N - It use for Open New Browser
Window.
Ctrl+T - It use for Open New Tab on Existing window.
Ctrl+W or Ctrl+F4 - It use for Close the current window or Tab.
Ctrl+R or F5 - For refresh The Page
Ctrl+F5 orCtrl+Shift+R - Refresh the page with override cache
Esc - Stop
Ctrl + O - It use for Open File
Alt+Home - Home
F1 - Firefox Help
F11 - Toggle Full Screen of Browser Window.
Ctrl+Tab - For Changing Tab between Existing window.
Ctrl+U - Open View Source Page of any webpage.
Ctrl+I or Ctrl+B - Open Bookmark window in left sidebar
Ctrl+P - For Print Command
Ctrl+A - Select All
Ctrl+S - Save Page As
Ctrl+D - Bookmark This Page
Ctrl+F - Find
Ctrl+G or F3 - Find Again
Ctrl+H - open History Window In left Sidebar.
Ctrl+J - Open Downloads Window
Ctrl+Z - Undo Your Process
Ctrl + Y or Ctrl + Shift + Z - Redo your Process
Ctrl+C - Copy
Ctrl+V - Paste
Ctrl + Shift + Delete - Clear your Private Data
F7 - To Open Browser in Caret mode
Backspace or Alt+Left Arrow - Back
Shift+Backspace or Alt+Right Arrow - Forward
Alt + Enter - Copy your existing window tab and Open It in New Tab
Ctrl + Tab or Ctrl + Shift + Tab — rotate forward to the next window tab
Down Arrow – Scroll down
Ctrl+ "+" or Ctrl+ Scroll up - Increase Text Size (Zoom In)
Ctrl+ "-" or Ctrl+ Scroll Down - Decrease text Size (Zoom Out)
Ctrl+ 0 (Zero) - Normal Text Size (Default Zoom Mode)
Alt+ Scroll Down - One step page go down
Alt+ Scroll Up - One step page go Up
Ctrl+Shift+I - DOM Inspector
Ctrl + L or ALT + D - Select Location Bar
Ctrl + Enter - To complete URL with .com
Ctrl + Shift + Enter - To complete URL with .org
Shift + Enter - To complete URL with .net
Ctrl + Up Arrow - Choose previous Search engines to search information
Ctrl + Down Arrow - Choose Next Search engines to search information
Alt + Up Arrow or Alt + Down Arrow - Open List of available Search Engine

0 comments:
Post a Comment