Everything About IT Notes

Wednesday, February 22, 2012

 Router အကြောင်း
 
Router တွေဆိုတာကတော့ Network သမားတွေ၊ Network ကို လေ့လာချင်သူတွေ၊ အဆင့်မြင့်
ကွန်ယက်ချိတ်ဆက်ဖို့အတွက် လိုအပ်သော မသိမဖြစ် သိထားရမယ့် အရေးပါတဲ့ အချက်တစ်ခု ဖြစ်တယ်။
Router ဆိုတာဘယ်လိုမျိုးလဲ။ဘယ်လိုအလုပ်လုပ်သလဲ။ဘယ်လိုမျိုးအားသာချက်တွေရှိသလဲဆိုတာတွေကိုပါ
သိထားရမှာ ဖြစ်တယ်။  Router တွေဆိုတာ ကွန်ပျူတာတွေ (Network) ကွန်ယက်ချိတ်ဆက်ရာမှာ  အသုံးပြုသောကိရိယာ တစ်ခုဖြစ်တယ်။


တကယ်တော့ Router တွေဆိုတာ Network တွေကို တစ်ခုတည်းကနေပြီးတော့ Network
တွေ ပွားများလာအောင် ချဲ့ထွင်ဖို့အတွက် ပြုလုပ်ထားသော Network Device တစ်ခု ဖြစ်တယ်။
အဆင့်လည်း မြင့်တယ်။ ဘယ်လိုမျိုး အသုံးပြုရတာလဲဆိုတော့ ဒီ Router တွေဟာ Network
ကွန်ယက်နှစ်ခု သီးသန့်ရှိနေတာကို တစ်ခုတည်းဖြစ်အောင် ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် အသုံးပြုရန်
ပညာရှင်တွေက ထုတ်လုပ်ထားသော အဆင့်မြင့် ဒီဇိုင်းပစ္စည်း တစ်ခုပါပဲ။ သီးခြားစီရှိနေတဲ့ ကွန်ယက်
Network နှစ်ခုကို ချိတ်ဆက်ပေးလိုက်တယ်ဆိုတာက ဥပမာ Ethernet Network နှင့် FDDI Network
တို့ဖြစ်တဲ့ Network ကွန်ယက်နှစ်ခုကို တစ်ခုတည်းဖြစ်သွားအောင် ချိတ်ဆက်အသုံးပြုချင်တယ်ဆိုရင် ဒီ
Router ကို အသုံးပြုပြီးတော့ ချိတ်ဆက်မှရမှာ ဖြစ်တယ်။ Router ကို အသုံးမပြုရင်တော့
ချိတ်ဆက်အသုံးပြုလို့ ရချင်မှရနိုင်မယ်ပေါ့။
အဲ့ဒီလိုမျိုး Router ကို အသုံးပြုပြီးတော့ ပုံစံမတူတဲ့ Ethernet Network နှင့် FDDI Network တို့ကို

ချိတ်ဆက်လိုက်မယ်ဆိုရင် ဒီ Network နှစ်ခုကို အသုံးပြုနေလျက်ရှိသော အသုံးပြုသူတွေဟာ ဒီ Ethernet
Network နှင့် FDDI Network တို့ဆီမှ Resources တွေကို ခေါ်ယူ အသုံးပြုနိုင်မှာ ဖြစ်တယ်။ ဒီလို ကွဲပြားတဲ့
Network ကွန်ယက်နှစ်ခုကို Router အသုံးပြုပြီးတော့ ချိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် Network
နှစ်ခုဆီက Resources တွေကို အသုံးပြုလို့ရနေတာကိုပဲ Internetwork လို့ခေါ်တာ ဖြစ်တယ်။ ထပ်ပြီး
ရှင်းအောင်ပြောရရင်တော့ ဒီ Ethernet Network နှင့် FDDI Network တို့ဟာ သီးခြားစီရှိသော Function
တွေနှင့် သီးသန့်စီ အလုပ်လုပ်နေကြတယ် ဆိုပေမယ့် ဒီ Router ကို အသုံးပြုပြီးတော့
ချိတ်ဆက်လိုက်တဲ့အတွက်ကြောင့် အဲ့ဒီ Network နှစ်ခုကြားမှာ ရှိနေသော Data တွေ၊

အချက်အလက်တွေကို ချိတ်ဆက် ဖလှယ်ခြင်းတွေကို လုပ်ဆောင်နိုင်တာပေါ့။ ဒီ Internetwork ကို
အကောင်းဆုံး နားလည်နိုင်ဖို့အတွက် ဥပမာပေးပြီး ပြောရရင်ဖြင့် အခုလက်ရှိ အင်မတန်မှကို
ပေါ်ပြူလာဖြစ်နေသော၊ လူတွေ အသုံးများနေသော Internet ပဲ ဖြစ်တယ်။ အင်တာနက်ဟာဆိုရင်
Internetwork ပဲ ဖြစ်တယ်။ Network ကွန်ယက် သေးသေးလေးတွေက အစ
ချိတ်ဆက်အသုံးပြုထားတဲ့အတွက် လူတွေလိုအပ်သမျှသော အချက်အလက်တွေ၊

Data တွေ မှန်သမျှကို ရှာဖွေယူလို့ရနေတာ ဖြစ်ပါတယ်။

Router တွေကို TCP/IP Protocol Suit ကို အသုံးပြုသော Interntwork ကွန်ယက်ကြီးတွေမှာ

အများအားဖြင့် အသုံးပြုများ ကြပါတယ်။ Router တွေဟာ အလုပ်လုပ်တဲ့အခါမှာ Network
ကွန်ယက်တွေရဲ့ကြား Packet တွေကို ပို့ဆောင်ရာမှာ Network Layer ဖြစ်တဲ့ Open Systems
Interconnection (OSI) Layer တွေထဲက Layer 3 နှင့် အလုပ်လုပ်တာ ဖြစ်တယ်။ ဘာဖြစ်လို့ ဒီ Layer 3
ကိုပဲ အသုံးပြုတာလဲဆိုတော့ ဒီ Router တွေဟာ Bridge တွေထက် ပိုပြီးတော့ အဆင့်မြင့်သော OSI Layer
တွေနှင့်ပဲ အလုပ်လုပ်နိုင်တာ ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ ဘာလို့ အဲ့လိုဖြစ်တာလဲဆိုတော့ Router
တွေဟာ Packet တစ်ခုကို ပို့ပေးရတဲ့အခါမှာ အဲ့ဒီ Packet ရဲ့ လိပ်စာ MAC Address ကိုပဲ ကြည့်ပြီးတော့
ပို့ပေးရတာ မဟုတ်ပါဘူး။ အဲ့ဒီ Packet လေးသွားရမယ့်နေရာဖြစ်တဲ့ Destination Address ကိုပါ သိရမှာ
ဖြစ်တယ်။ ပြောရရင် Router တွေဟာ Packet လေးတစ်ခုကို ပို့မယ်ဆိုရင် အဲ့ဒီ Packet လေးရဲ့

လိပ်စာအပြင် အဲ့ဒီ Packet လေးဟာ ဘယ်ကိုသွားမလဲဆိုတဲ့ Destination Address ကို ရှာရတာဖြစ်တယ်။

နောက်ပြီးတော့  Router ဟာ Packet တွေကို Route တဲ့ နေရာမှာရော၊ Data တွေကို Process လုပ်တဲ့
နေရာမှာရော၊ အချက်အလက်တွေကို Filter စစ်ထုတ်ပေးတဲ့နေရာမှာရော ပိုပြီးတော့ Performance
ကောင်းကောင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။ ပြောရရင်တော့ Router တွေဟာ Bridge တွေထက်
ပိုပြီးတော့ သာတာပေါ့။
• Router တွေဟာ ချိတ်ဆက်သော Network  တွေ များပြားလာတာနဲ့အမျှ Network တစ်ခုလုံးမှာ Data
ပို့မယ့် လမ်းကြောင်းတွေဟာ များပြားလာပြီးတော့ Fault Tolerance တွေလည်း ပံ့ပိုးပေးလာနိုင်ပါတယ်။
• နောက်ပြီးတော့ Router ဟာ Bridge တွေထက်သာတာက Data တွေကို ပို့ဖို့အတွက် လမ်းကြောင်းတွေကို
အများကြီး ရှာနိုင်ပါတယ်။ ပြောရမယ်ဆိုရင် အချက်အလက်တွေကို ပို့တဲ့နေရာမှာ Router တွေမှာ
လမ်းကြောင်းတွေ အများကြီးနှင့်ပို့တာ ဖြစ်တယ်။ ဒီလမ်းကြောင်းမရရင် နောက်တစ်လမ်းကနေပို့လို့ရ
အောင် လမ်းကြောင်းကို Route မှာ ဖြစ်တယ်။
• နောက်တစ်ခုကကျတော့ Router တွေဟာ Network Segment တွေ အများကြီးကို
ချိတ်ဆက်ပေးနိုင်ပါတယ်။ Data တွေအတွက် Traffic လမ်းကြောင်းတွေကိုလည်း စိစစ်ပေးနိုင်တယ်။
ပြောရရင်တော့ ဒီ Packet တစ်ခုကို တစ်နေရာလွှတ်ပြီးရင် နောက် Packet တစ်ခုကိုကျတော့
နောက်တစ်နေရာကို ထပ်လွှတ်ပေးနိုင်ခြင်းတို့ ဖြစ်တယ်။
• ဒီ Router တွေကို အသုံးပြုရာမှာ နောက်ထပ် အားသာချက်တစ်ခုကတော့ အလွန်ရှုပ်ထွေးသော
Network ကွန်ယက်တွေကို တပ်ဆင်ရာမှာ သို့မဟုတ် ချိတ်ဆက်ရာမှာ အသုံးပြုနိုင်ခြင်းပဲ ဖြစ်တယ်။
Network Segment တစ်ခုချင်းစီကို Subnetwork သို့မဟုတ် Subnet လို့ ခေါ်ပါတယ်။ အဲ့ဒီ Subnet
တိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် Network Address လိပ်စာ ကိုယ်စီရှိကြပါတယ်။ နောက်ပြီး Subnet
တစ်ခုချင်းစီမှာ Nodes တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ Node တိုင်းမှာလည်း ကိုယ်ပိုင်လိပ်စာတွေဖြစ်တဲ့
Address တွေ ကိုယ်စီရှိကြပါတယ်။ ဘယ်လောက်ပဲ ရှုပ်ထွေးသော Network ကွန်ယက်ကြီးပဲ ဖြစ်ပါစေ၊
Network Address တွေ၊ Host/Node Address တွေ ဘယ်လောက်ပဲများပါစေ၊ ဒီ Router
ဟာ ရှိနေသော Network Address တွေ၊ Host/Node Address တွေအတိုင်း မရရအောင်ကို ပေးပို့ရမယ့်
Packet တွေကို လိုက်ပြီးတော့ ပို့ပေးပါတယ်။ ဆိုလိုတာက Router တွေဟာ ဘယ်နေရာပဲဖြစ်ဖြစ် ရှိနေတဲ့
Network Address နှင့် Host/ Node Address တွေကို ပေါင်းပြီးတော့ Network ထဲမှာရှိတဲ့
ဘယ်နေရာပဲဖြစ်ဖြစ် ပို့ပေးရမယ့်နေရာကိုရောက်အောင် ပို့ပေးနိုင်ပါတယ်။
• ဒါ့အပြင် Router တွေဟာ Data Packet တွေကို ပို့တဲ့အခါမှာ ဘယ်လမ်းကြောင်းကနေပို့ရင်
ဘယ်လိုကောင်းတယ်၊ မြန်စေတယ်ဆိုတာကိုသော် လည်းကောင်း၊ ဘယ် Router ကို
အသုံးပြုရမလဲဆိုတာကိုသော် လည်းကောင်း ရွေးချယ်တတ်ပါတယ်။ ဒါကြောင့် Router တွေဟာ သူ့ဆီကို
Data Packet တွေ ရောက်လာပြီဆိုရင် ဒီ Packet ကို အမြန်ရောက်အောင် ဘယ်လမ်းကြောင်းကနေမှ
ပို့လိုက်မယ်ဆိုတာမျိုး ရှိပါတယ်။
• ဒါပေမယ့် Router တွေဟာ သူ့ဆီကို လာတဲ့ Packet တွေကို Network Address မသိရင်ပဲ ဖြစ်စေ၊
ဒါမမဟုတ် အဲ့ဒီ Packet ရဲ့ Destination Address ကိုသော် လည်းကောင်း မသိနိုင်တဲ့၊
အတိအကျမပါလာတဲ့ Packet မျိုးဆိုရင်တော့ Router ဟာ လုံးဝကို ပို့မပေးဘဲနှင့်
ပယ်ဖျက်ပစ်တတ်ပါတယ်။

Router တွေမှာ Routing Table လို့ခေါ်တဲ့ အချက်အလက်တွေပါရှိတဲ့ Table တစ်ခု ရှိပါတယ်။ အဲ့ဒီ
Routing Table မှာ Packet တွေနှင့် ပတ်သက်သော Network Address တွေ၊ Packet တွေပို့ဖို့အတွက်
Internetwork တစ်ခုလုံးမှာ ရှိသော ဖြစ်နိုင်သမျှသော Path လမ်းကြောင်းတွေရှိတာ ဖြစ်တယ်။ Router
တွေဟာ Packet တွေကို ပို့ဆောင်ရန်အတွက် Routing Table မှာ ရှိသော ဖြစ်နိုင်သမျှသော Path
လမ်းကြောင်းတွေကို ကြည့်ပြီးတော့ Packet တွေကို ပို့တာဖြစ်တယ်။ နောက်တစ်ခုက Router တွေဟာ
Packet တွေကို ပို့ပေးတဲ့အခါမှာ ၄င်း Router တွေရဲ့ Destination Address တွေကို ကြည့်ပြီးတော့
အလုပ်လုပ်တာ ဖြစ်တယ်။ နောက်ပြီးတော့ Router တွေဟာ Packet တွေကို ပို့တဲ့အခါမှာ အဲ့ဒီ Packet
တွေရဲ့  Network Address ကို အတိအကျသိမှ ပို့ပေးတာ ဖြစ်တယ်။ ဒါကြောင့် Packet တစ်ခုကို
ကြည့်လိုက်လို့ အဲ့ဒီ Packet မှာ Network Address က အတိအကျပါမလာဘူးဆိုရင် ပို့ပေးမှာ မဟုတ်ပါဘူး။

Packet တွေရဲ့ Network Address တွေ ပါပြီးတော့ ပို့ပေးရမယ့် Destination Address မပါဘူးဆိုရင်လည်းပို့မပေးပါဘူး။
Router တွေဟာ Data အချက်အလက်တွေကို ပို့ပေးတဲ့အခါမှာ Router တွေရဲ့ Packet တွေကို
ပို့ပေးတဲ့ပုံစံကို ပြောပြမယ်။ Internetwork ဆိုတာ ကွန်ယက်သေးသေးတွေရော၊ ကြီးကြီးတွေရော
ပေါင်းစပ်ပြီးတော့ ဖြစ်လာတာဆိုတော့ တခါတရံ အရမ်းကို ရှုပ်ထွေးသော ကွန်ယက်တစ်ခု
ဖြစ်နေတတ်ပါတယ်။အဲ့ဒီလိုမျိုးရှုပ်ထွေးသောကွန်ယက်တွေမှာPacketလေးတစ်ခုကိုသူသွားမယ့်နေရာရောက်အောင်
ပို့ပေးဖို့ရာ သိပ်ကို လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ ဒီတော့ Router တွေဟာ သူတို့ဆီကို Packet
တစ်ခု ရောက်လာပြီဆိုရင် အဲ့ဒီ Packet ကို ဘယ်နေရာကို ပို့ပေးရမလဲဆိုတာကို သိဖို့အတွက်
ကြည့်လိုက်ပါတယ်။ Network Address ကို ကြည့်တာ ဖြစ်တယ်။ Network Address
ကို Routing Table မှာ ကြည့်တာ ဖြစ်တယ်။ သိပြီဆိုမှ ၄င်း Packet ကို ပြန်ထုတ်ပိုးလိုက်ပြီးတော့
ပို့ပေးရမယ့်နေရာကို သွားရောက်ပြီးတော့ ပို့တာဖြစ်တယ်။ Router တွေဟာ Bridge တွေထက်တော့
မတူညီတဲ့ Network နည်းပညာမှာ Packet တွေကို ပို့တဲ့အခါမှာ ပိုလွယ်ကူပါတယ်။ ဥပမာပြောရရင်
တကယ်လို့ Router တစ်ခုဟာ Token Ring Network တစ်ခုကနေမှ Ethernet Network တစ်ခုဆီကို
Data Packet တွေ ပို့ပေးရတော့မယ်ဆိုလျင် အဲ့ဒီ Token Ring Network ကနေလာတဲ့ Data Packet ကို
Ethernet Network ဆီကို ပို့ဖို့အတွက် အဲ့ဒီ Packet လေးကို Token Ring Network ပုံစံ
ဖြစ်နေတဲ့အတွက်ကြောင့် အရင်ဖြည့်လိုက်ပါတယ်။ ပြီးတော့မှ Ethernet Network Frame ပုံစံအတိုင်း
ပြန်ပြီးတော့ ထုတ်ပိုးလိုက်ပြီးတဲ့အခါကျတော့မှ ပို့ပေးရမယ့်နေရာကို အရောက်ပို့တာ ဖြစ်တယ်။ Packet
တစ်ခုကို ကြည့်လိုက်။ ဘယ် Network ကလည်းဆိုတာ ကြည့်လိုက်။ နောက်ပြီး အဲ့ဒီ  Packet ကို
ပို့ပေးရမယ့် လိပ်စာ Network Address ကို MAC Address မှာ ကြည့်တယ်။ ပြီးရင် ပို့ပေးတယ်။
ဒီလိုမျိုးလုပ်တာဟာ အမှန်တော့ Network Traffice ကို လေးစေပါတယ်။
Network ရဲ့ Speed ကို ကျသွားစေပါတယ်။ ဘာဖြစ်လို့ Network Speed ကို ကျသွားစေတာလဲ၊ NetworkTraffic ကို လေးစေတာလဲ ဆိုတာကို ပြောပြမယ်။ ဒါက ချိတ်ဆက်တဲ့ ကွန်ယက် Network တွေရဲ့မတူညီတဲ့ Frame Size ကြောင့်ပါ။ ဥပမာနေနဲ့ ပြောရရင် Ethernet Network Frame Size ဟာ အနီးစပ်ဆုံးပြောရရင်တော့ 1500 Bytes အထိသာ ရှိပါတယ်။     ဒါပေမယ့် Token Ring Network Frame Sizeကျတော့ 4000 Bytes ကနေမှ 18000 Bytes အထိ ရှိကြပါတယ်။ ဒီတော့ 4000 Bytes ကနေမှ 18000Bytes အထိ ရှိသော Ethernet Network ကနေ ပို့လိုက်သော  Data Packet တွေကို Token RingNetwork ဆီကို ပို့ပေးမှာဆိုတော့ ဒီအတိုင်းပို့လို့မရဘူး။ Ethernet Network FrameSize အတိုင်း ပို့ပေးရမှာဆိုတော့ Frame Size ကို ထပ်ပြောင်းပေးရတယ်။ ဒီတော့ 4000 Bytes ကနေမှ18000 Bytes အထိရှိသော Token Ring Network Frame Size ကို 1500 Byte ရှိသော Ethernet
Network Frame Size အဖြစ် ပြန်ပြောင်းပေးရမှာ ဖြစ်တယ်။ ဒီတော့ Router ဟာ Ethernet Network
Frame 12 ခုတောင် ပြုလုပ်ပေးရပါတယ်။ အဲ့တော့ Network ရဲ့ Speed က လေးပြီပေါ့။

Router တွေမှာ သူတို့ကိုယ်တိုင် ပြုလုပ်ထားသော Routing Table ဆိုတာ ရှိပါတယ်။ အဲ့ဒီ Routing
Table မှာ ဘာတွေရှိလဲဆိုတော့ Packet တွေရဲ့ Network Address တွေ၊ နောက်ပြီး အဲ့ဒီ Network မှာ
ရှိနေသော Router တွေရဲ့ Address တွေ ရှိပါတယ်။

Router မှာ Routing Table ပြုလုပ်ပုံပေါ် မူတည်ပြီးတော့ Router အမျိုးအစား(၂)မျိုး ရှိကြပါတယ်။

အဲ့ဒီ (၂) မျိုးကတော့-
• Static Routing နှင့်
• Dynamic Routing တို့ ဖြစ်ကြပါတယ်။
ှStatic Router
Static Router ကို အသုံးပြုသော Router မှာဆိုရင် သူ့မှာရှိသော Routing Table ကို Administrator

ကနေမှ Manully ကိုယ်တိုင်ကိုယ်ကျ Update လုပ်ပေးဖို့ လိုအပ်ပါတယ်။ Router ဟာ အကယ်၍များ
အတိုဆုံးနှင့် အထိရောက်ဆုံး လမ်းကြောင်းကို မလိုအပ်သည့်တိုင်အောင် အမြဲတမ်းရည်ရွယ် ပို့နေကျ
လမ်းကြောင်းအတိုင်းပဲ ပေးပို့ပါတယ်။ တကယ်လို့ Router ရဲ့ Table မှာ ပေးပို့ရမယ့် Packet ရဲ့ Network
Address ပါသည့်တိုင်အောင် Destination မရှိခဲ့ရင် Router ဟာ Packet ကို ပယ်ဖျက်ပစ်လိုက်ပါတယ်။

Dynamic Router

Dynamic Router ကို အသုံးပြုသော Router မှာဆိုရင် သူ့မှာရှိသော Routing Table ကို Static
Routing မှာကဲ့သို့ Administrator ကနေမှ Manually လိုက်ပြီးတော့ Update လုပ်စရာ မလိုပါဘူး။
သူ့ဘာသာသူ Routing Table ကို Automatically အလိုအလျောက် Update လုပ်သွားတာ ဖြစ်တယ်။
ဒါပေမယ့် ပထမဦးဆုံးသော Router ကတော့ Routing Table ကို သူ့ဘာသာသူ Administrator ကနေမှ
Configure သတ်မှတ်ပေးရပါတယ်။ ပထမဦးဆုံးသော Router တစ်ခုတည်းပါပဲ။ ကျန်တဲ့ Dynamic
Router တွေကတော့ သူအလိုအလျောက် Automatically အရ Update လုပ်သွားမှာ ဖြစ်တယ်။
ဆိုလိုတာက Dynamic Routing ကို အသုံးပြုသော Router တွေကျတော့ Discovery Process

ဆိုတာကို အသုံးပြုပြီး ရှိနေတဲ့ Router တွေရဲ့ အချက်အလက်တွေကို ရှာဖွေပါတယ်။ Dynamic Router
တွေဟာ သူတို့အချင်းချင်း ဆက်သွယ်လို့ရတဲ့အပြင် အခြား Router တွေရဲ့ ရရှိလာတဲ့
အချက်အလက်တွေပေါ် မူတည်ပြီးတော့ Routing Table တွေကို Update လုပ်နိုင်ပါတယ်။ အကယ်၍များ
Network တစ်ခုမှာ Multiple Routers လမ်းကြောင်းတွေ အများကြီးရှိခဲ့မယ်ဆိုင် Router ဟာ
ဘယ်လမ်းကြောင်းက အကောင်းဆုံးလဲ ဆိုပြီးတော့ ဆုံးဖြတ်နိုင်ပါတယ်။     Router တွေရဲ့
အကောင်းဆုံးလမ်းကြောင်းဟာ ဘယ်လမ်းကြောင်းလဲလို့ ရွေးချယ်ရာမှာ

နည်းလမ်း(၂)မျိုး ရှိပါတယ်။    ဒါတွေကတော့-

• Distance Vector Algorithm နှင့်
• Link-State Algorithm တို့ပဲ ဖြစ်ပါတယ်။

Distance Vector Algorithm

ဒီနည်းလမ်းကတော့ ကွန်ရက်နှစ်ခုအကြား ဆက်သွယ်သွားရမယ့်ခရီးမှာ ဖြတ်သွားရမယ့် Router

အရေအတွက်ပေါ် မူတည်ပြီးတော့ Costs in Host ကို တွက်ပါတယ်။ ဒီတော့ လမ်းကြောင်းမှာ
ဖြတ်သွားရမယ့် အနည်းဆုံး Hops ကို ရွေးချယ်ပါတယ်။ ဒီ Distance Vector Routing Protocol ဟာ RIP
ဆိုတဲ့ Routing Information Protocol ပဲ ဖြစ်ပါတယ်။ ၄င်းကို TCP/IP ရော၊ IPX/SPX နှစ်ခုစလုံးမှာပါ
အသုံးပြုကြပါတယ်။

Link-State Algorithm

ဒီနည်းလမ်းကတော့ Packet တစ်ခုအတွက် လမ်းကြောင်းမှာ အခြားသော အချက်အလက်တွေကိုပါ

ထည့်သွင်း စဉ်းစားလာပါတယ်။ ဘယ်လို အချက်အလက်တွေလဲဆိုတော့ Network Traffic, Connection
Speed, Costs

တွေကိုပါ ထည့်သွင်း စဉ်းစာလာပါတယ်။ ဒီနည်းနဲ့ ဒီ Algorithm ကို အသုံးပြုတဲ့ Router အနေနဲ့ကတော့
ပိုပြီးတော့ Processing Power လိုအပ်တာပေါ့။ ဒါပေမယ့် Packet တွေကို ထိထိရောက်ရောက် လိုရာကို
ပေးပို့နိုင်တယ်လေ။

TCP/IP ရဲ့ Routing Protocol ဖြစ်တဲ့ OSPF (Open Shortest Path First) ဟာ ဒီ Link-State Algorithm
ကို အသုံးပြုပါတယ်။
Dynamic Router တွေဟာ Maintain လုပ်ရတာလည်း လွယ်ကူသလို Static Router တွေထက်စာရင်

ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းကို ရွေးချယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် Routing Table ကို Update
လုပ်ရတာရယ်၊

နောက်ထပ် Network Traffic တွေကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန်သွားလာနေတဲ့ Traffic အပြင် သူတို့ရဲ့
Discovery လုပ်ဆောင်ဖို့ သွားလာမှုတွေ ရှိလာတယ်လို့ ပြောချင်တာပါ။ ဒီတော့ Data Traffic အပြင် သူတို့
Traffic တွေ ရှိလာတာပေါ့။    Distance Vector Protocol ဖြစ်တဲ့ RIP လို Protocol ဆိုရင်
ဘယ်လောက်တောင်လဲဆိုတာ သူ့ရဲ့ Routing Table တစ်ခုလုံးကြီးကို Network တစ်ခုလုံးဆီသို့
စက္ကန့်သုံးဆယ်ကြာတိုင်း ပို့လွှတ်နေပါတယ်။

အောက်မှာ Router ၏ အားနည်းချက်နှင့် အာသာချက်ကို ဖော်ပြပေးထားပါတယ်။

Protocol တိုင်းဟာ OSI Model ရဲ့ အလွှာတိုင်းမှာ အလုပ်လုပ်ကြတာ မဟုတ်ပါဘူး။ အဲ့ဒီ အထဲမှာမှ
Router လုပ်ပေးနိုင်သော Protocol ရှိသလို၊ Router လုပ်မပေးနိုင်သော Protocol များလည်း ရှိပါတယ်။
Router လုပ်ပေးနိုင်သော Routable Protocol တွင် Network Layer Information များပါရှိပြီးတော့
Nonroutable Protocols မှာတော့ Network Layer Information များ မပါရှိပါဘူး။

Routable Protocol တွေကတော့-

•    TCP/IP
•    IPX/SPX
•    DECNet
•    OSI
•    DDP (Apple Talk)
•    XNS တို့ ဖြစ်ကြပါတယ်။

Nonroutable Protocol တွေကတော့-
•    NetBEUI
•    DLC (HP Printers နှင့် IBM Mainframe) တွေမှာအသုံးပြုသည်။
•    LAT (Local Area Transport၊ DEC netwoking ရဲ့ အစိတ်အပိုင်း) တို့ ဖြစ်ကြပါတယ်။

2 comments:

  1. ရှင်းပြထားတာ အရမ်းကောင်းပါတယ်
    နောက်လဲထပ်တင်ပါအုံး

    ReplyDelete