Everything About IT Notes

Wednesday, August 8, 2012


ADSL အထွေထွေပြသာနာများ


မြန်မာပြည်မှာ ADSL ဆားဗစ်စတင် မိတ်ဆက်ခဲ့တာ ၃ နှစ်ကျော်ခဲ့ပါပြီ၊ နည်းပညာအသစ်မဟုတ်တော့ပေမယ့် ADSL အသုံးပြုရာမှာ ပုံမှန်အိမ်သုံးယူဇာတွေအဖို့ အခက်အခဲအချို့ ရှိတတ်ပါတယ်၊ ပုံမှန် connection ရနေချိန်မှာ ပြသာနာ မဟုတ်ပေမယ့် connection မရတော့ဘူးဆိုရင် ဘယ်လိုဖြေရှင်းရမှန်း မသိ ဖြစ်နေတတ်ပါတယ်၊ Technical နဲ့ကွန်ပျူတာအခြေခံ အနည်းငယ်ရှိသူတွေအတွက် ဖြေရှင်းရမယ့် အခက်အခဲတွေ နဲ့ အခြေခံ ဖြေရှင်းနည်း အချို့ကို ရေးသားပါဦးမယ်။ ပုံမှန်အားဖြင့် ISP technician များကသာ ဖြေရှင်းနိုင်မှာဖြစ်ပေမယ့် သုံးစွဲသူကလဲ ဂရုစိုက်ရမယ့် အချက်အချို့ ရှိနေတာမို့ သိသင့်တဲ့ အခြေခံအချက်အလက် တချို့ကို ပြောပြချင်ပါတယ်။

အားနည်းချက်(Disadvantages?)


နည်းပညာရဲ့ အားသာချက်ရှိရင် အားနည်းချက်လဲ ရှိနိုင်ပါတယ်၊ ADSL ရဲ့ အားနည်းချက်ကတော့ တယ်လီဖုံးလိုင်းရဲ့ အရည်အသွေး ပေါ်မှာ တော်တော်ကြီး မူတည်တာပါပဲ၊ တယ်လီဖုံးလိုင်း Noise ပါတာ ၀ါယာအဆက်တွေများတာ လိုင်းခွဲရှိတာတွေဟာ ADSL line speed နဲ့ Performance ကို မလွဲမသွေ အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်၊ မိမိရဲ့ တယ်လီဖုံးလိုင်းဟာ အိတ်ချိန်းမှ သိပ်ဝေးနေခဲ့ရင်လည်း သုံးစွဲလို့ မရနိုင်ပါ   လိုင်းရှည်လာလေ Speed and Performance ကျလာမှာဖြစ်ပါတယ်၊ အပေါ်က ဇယားမှာလဲ အကြမ်းဖျဉ်း တွေ့နိုင်ပါတယ် .. (အသုံးပြူနိုင်မယ့် လိုင်းအကွာအဝေး အမြန်နှုံး တွေဟာ DSL နည်းပညာ အခွဲတွေပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသေးတယ်)၊ ဖုံးလိုင်းတစ်လိုင်းထဲပေါ်မှာ Data + Voice သွားတာဖြစ်တဲ့ အတွက် ဖုံးလိုင်းပြတ်တောက်သွားရင် Internet လဲရမှာမဟုတ်တော့ပါ၊
ADSL မှာ ရရှိနိုင်မယ့် Maximum speed ဟာ Copper လိုင်းရဲ့အရှည် (သုံးစွဲသူရဲ့အိမ်နဲ့ အိတ်ချိန်းရဲ့အကွာအဝေး) Copper လိုင်းရဲ့အရည်အသွေးပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်၊ အကြမ်းဖျဉ်းရရှိနိုင်မယ့် Speed နဲ့ ၀ါယာအမျိုးအစား လိုင်းအရှည်ကို အောက်ဇယားမှာ ကြည့်နိုင်ပါတယ်။

Data Rate

Wire Gauge

Distance

Wire Size

Distance

1.5 or 2 Mbps 24 AWG 18,000 ft 0.5 mm 5.5 km
1.5 or 2 Mbps 26 AWG 15,000 ft 0.4 mm 4.6 km
6.1 Mbps 24 AWG 12,000 ft 0.5 mm 3.7 km
6.1 Mbps 26 AWG 9,000 ft 0.4 mm 2.7 km
အကြမ်းဖျဉ်း အိတ်ချိန်းကနေ 3km ထက်ကျော်လာရင် line speed နဲ့ Performance မကောင်းနိုင်ပါဘူး၊ အိမ်သုံးအနေနဲ့ သိသာမှာ မဟုတ်ပေမယ့် ဆိုင်ဖွင့်ဖို့ လုပ်ငန်းသုံးဖို့ PC အရေအတွက်များများသုံးခဲ့ရင် Maximum performance ရဖို့ စဉ်းစားရင် အိတ်ချိန်းကနေ အကွာအဝေး အနီးဆုံးဖြစ်ဖို့လိုပါတယ်။

အားသာချက် (Advantages)


လက်ရှိတယ်လီဖုံးစံနစ်ရဲ့ Infrastructure ကို ပြောင်းလဲစရာမလိုပဲ Data Service ကို ထက်ပေါင်းအသုံးပြုနိုင်တာဟာ DSL နည်းပညာရဲ့ အားသာချက်ပါ၊
Copper Line ကိုသာ အသုံးချတာဖြစ်လို့ အိတ်ချိန်းအမျိုးအစားပေါ်မှီခိုမှု မရှိပဲ မည်သည့် အိတ်ချိန်း (analog or digital) ဖြင့်မဆို ဆက်စပ်အသုံးပြုနိုင်ပါတယ်။
ပုံမှန်တယ်လီဖုံးပြောနေစဉ်မှာ အင်တာနက်ကိုတပြိုင်ထဲ သုံးစွဲနိုင်ပါတယ်၊
သုံးစွဲသူအနေနဲ့ အိမ်မှာ DSL Modem တစ်ခုကိုသာ တပ်ဆင်ဖို့လိုပါမယ်၊ ဒီမိုဒမ်တွေရဲ့ ဈေးနှုံးတွေဟာ တနေ့တခြားကျဆင်းနေပြီး ပျက်ခဲ့လို့ အသစ်လဲရရင်တောင် ဒေါ်လာ ၁၀၀ အောက်မှာပဲ ဈေးရှိပါတယ်၊

PABX နဲ့တွဲသုံးလို့ရမရ


(There is a PABX in my office, Can I use ADSL?)
ရပါတယ်၊ လက်ရှိ ADSL လိုင်း ကို PABX ထဲထည့်တဲ့ အခါမှာ Modem (or) Splitter ရဲ့ အထွက်မှသာ ထည့်ရပါမယ်။
ADSL= PSTN + Internet + VoIP
ADSL နည်းပညာဟာ Access, Transport Communication နည်းပညာဖြစ်ပါတယ်.. မည်သည့် Data Packet ကိုမဆို သယ်ယူနိုင်တဲ့အတွက် DSL စံနစ်ကို VoIP နည်းပညာနဲ့ပေါင်းစပ်အသုံးချ နိုင်ပါတယ်..  ဒီလိုသုံးစွဲခဲ့မယ်ဆိုရင် လက်ရှိ PSTN တယ်လီဖုံးနံပါတ်က တစ်လုံး VoIP ကဖုံးနံပါတ်နောက်တစ်လုံး နောက်ထပ်ထပ်ပြီး သုံးစွဲလို့ရမှာဖြစ်ပါတယ်၊  ဒီလိုင်းတစ်လိုင်းထဲပေါ်မှာ ဖုံးနံပါတ်က နှစ်ခု အချင်းချင်းပြန်ခေါ်လို့ ရပါတယ်၊ သီးခြား Frequency Bands ကိုသုံးထားတာဖြစ်တဲ့အတွက် အသံအရည်အသွေးဟာ PSTN နှင့် VoIP တစ်ခုနှင့်တစ်ခု မှီခိုမှုရှိပါ၊ အဲဒီအချိန်မှာ Internet ရောတပြိုင်နက်သုံးနိုင်ပါတယ်၊ Internet နှင့် VoIP ကတော့ Same Bandwidth ကို မျှဝေသုံးစွဲတာဖြစ်ပါတယ်။

DSL တပ်ဆင်ပုံ (DSL Installation)


အောက်ပုံ-၄ နဲ့ ပုံ- ၅ မှာ ပုံမှန် တယ်လီဖုံးလိုင်း တပ်ဆင်ပုံနဲ့ ADSL လိုင်းတပ်ဆင်ပုံကို ပြထားပါတယ်။ ပုံ-၄ မှာ ပုံမှန်လိုင်းဖုံးတလုံး သွယ်တန်း တပ်ဆင်ပုံကို ပြထားပါတယ်၊ အိတ်ချိန်းအဆောက်အဦကနေ ထွက်လာတဲ့ ဖုံးလိုင်းကြိုးဟာ မြေအောက်ကေဘယ် (Underground cable), ဒါမှမဟုတ် လိုင်းတိုင်တွေပေါ်ကတဆင့် မြေပေါ်ကြိုးများအဖြစ် (Overhead Cable) လမ်းဆုံလမ်းခွတွေမှာ ထားလေ့ရှိတဲ့ တယ်လီဖုံးကက်ဘိနက် (Cable Cabinet) မှာ အဆုံးသပ် (Terminated) ပါတယ်၊ ဒီ ကက်ဘိနက်ကနေ သုံးစွဲသူအိမ်ကို Drop wire လို့ခေါ်တဲ့ ကြိုးမျိုးနဲ့ အိမ်ထဲထိအောင် သွယ်တန်ူပါတယ်၊ အိမ်ထဲမှာ နံရံကပ်ဖုံးပလပ် (Wall Telephone Socket), ဒါမှမဟုတ် ဖုံးပလပ်ဘူး (Phone Connection Box) လေးတွေနဲ့ ဝင်လာတဲ့ ကေဘယ်ကို အဆုံးသပ်ပြီး တယ်လီဖုံးဟင်းဆက် တပ်လို့ အသုံးပြုကြပါတယ်။
Fig-4 ပုံမှန်တယ်လီဖုံးလိုင်းတပ်ဆင်ပုံ
Fig-4 ပုံမှန်တယ်လီဖုံးလိုင်းတပ်ဆင်ပုံ
အောက်ပုံ-၅ မှာတော့ လက်ရှိဖုံးလိင်းကို DSL တိုးချဲ့ တပ်ဆင်ပုံကို ပြထားပါတယ်၊ အိတ်ချိန်းအဆောက်အဦထဲမှာ အိတ်ချိန်း frame ကနေ ထွက်လာတဲ့ jumper cable ကို DSLAM မှာဖြတ်ပြီးမှ လိုင်းဘက်ကို ထွက်အောင်ပြောင်းလဲသွယ်တန်းပေးလိုက်ပါတယ်၊ ဒါမှလဲ ဒီဖုံးလိုင်းပေါ်မှာ အင်တာနက်အသုံးပြုလို့ ရနိုင်မှာပါ၊ ဒီလို ပြောင်းလဲတပ်ဆင်ပေးတာကို “ဂျမ်ပါ ကူးတယ်” (Jumpering) လို့ခေါ်ပါတယ်၊ နောက်တဆင့်က သုံးစွဲသူအိမ်မှာ Splitter, မိုဒမ် တို့ကို ပုံမှာပြထားတဲ့ အစီအစဉ်အတိုင်း မှန်ကန်စွာ တပ်ဆင်ရမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာတော့ သက်ဆိုင်ရာ ISP technician ကနေ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်၊
Fig-5 ADSL တပ်ဆင်ပုံ
Fig-5 ADSL တပ်ဆင်ပုံ

လိုအပ်သောပစ္စည်းများ နှင့် တပ်ဆင်ပုံ (Equipments)


အဓိကလိုအပ်တဲ့ ပစ္စည်းတွေကိုတော့ ISP ကပဲရောင်းချပေးမှာပါ၊ ဒါပေမယ် အသုံးပြုသူ အနေနဲ့ အသုံးပြုတဲ့ Equipments တွေနဲ့ တပ်ဆင်ပုံအကြမ်းဖျဉ်းကို သိထားသင့်ပါတယ်၊
လိုအပ်သောပစ္စည်းများကတော့
- ADSL Modem (or) ADSL CPE
- Splitter တို့ဖြစ်ပါတယ်
ADSL Modem ကတော့သိပြီးဖြစ်မှာပါ..DSL connection ရဖို့ပေါ့၊ Splitter က ပုံမှန် တယ်လီဖုံးလိုင်းနဲ့ DSL data or internet လိုင်းကိုခွဲပေးဖို့ဖြစ်ပါတယ်၊ တချို့ modem တွေမှာ Splitter တပါတည်းပါတတ်ပါတယ်၊ တချို့ modem တွေကတော့ splitter သတ်သတ် modem ကသတ်သတ်ပါ၊ အရေးကြီးတာ တခုက splitter မှာ အဝင်ဖုံလိုင်း၊ ဖုံးဟင်းဆက် တပ်ဆင်ဖို့နဲ့ မိုဒမ်တပ်ဆင်ရမယ့်အပေါက်တွေကို သေချာရေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်၊
အောက်မှ ADSL modem နဲ့ Splitter နမူနာများ ပြထားပါတယ်၊
6381_front_medAZTECH_605E_ADSL_MODEMHuawei-modem
Fig-2 အသုံးများသော ADSL Modem များ
splittersplitter-4splitter-7
Fig-3 ADSL Splitter များ

အမြန်နှုံး (Which speed and plan should I use?)


အမြန်နှုံး (Which speed and plan should I use?)
မြန်မာနိုင်ငံမှာတော့ မြန်မာတယ်လီပို့က Consumer (128 kbps), Enterprise (256 kbps), Corporate (512 kbps) plan speed တွေပဲပေးပါတယ်၊ မြန်မာ့ဆက်သွယ်ရေး မှာတော့ 1Mbps, 2Mbps plan တွေလဲရှိပါတယ်၊ပုံမှန် အိမ်သုံးယူဇာတွေ အတွက် Consumer (128 kbps) plan ကအဆင်ပြေနိုင်ပါတယ်၊ လုပ်ငန်းသုံးဖို့ ဆိုင်ဖွင့်ဖို့ စဉ်းစားရင်တော့ Enterprise (256 kbps), Corporate (512 kbps) plan တစ်ခုခုမှ အဆင်ပြေနိုင်ပါတယ်။

မြန်မာပြည်တွင်း ADSL အသုံးပြုမှု (ADSL in Myanmar)


မြန်မာနိုင်ငံမှာ လက်ရှိ မြန်မာတယ်လီပို့နဲ့ မြန်မာ့ဆက်သွယ်ရေး ကနေ ADSL ဝန်ဆောင်မှု ပေးပါတယ်၊ ADSL သုံးဖို့အရင်ဆုံး ရိုးရိုးလိုင်းဖုံးတစ်လုံးရှိရပါမယ်၊ ဖုံးလိုင်းမရှိရင် မြန်မာ့ဆက်သွယ်ရေးကနေ လိုင်းကို Leased line (နံပါတ်မပါသော လိုင်းသက်သက်) အနေနဲ့ ငှားရမ်းအသုံးပြုနိုင်ပါတယ်၊ Leased line ငှားရမ်းဖို့ကတော့ ကိုယ်အသုံးပြုလိုတဲ့နေရာမှာ ဆက်သွယ်ရေးက လိုင်းတပ်ဆင်ပေးဖို့ technicalအရသင့်တော်(feasible)ပြီး လိုင်းအပိုလဲ ငှားရမ်းလို့ အပိုရှိနေမှ အဆင်ပြေမှာပါ၊
ဖုံးလိုင်းရရှိမှုအတွက် အသုံးပြုသူကိုယ်တိုင်ပဲ ဆောင်ရွက်ရပါမယ် ၊ လိုင်းရရှိလျင် မြန်မာတယ်လီပို့ (သို့) ဆ.သ.ရ သို့ လျှောက်လွှာတင်နိုင်ပါမယ်၊ မြန်မာတယ်လီပို့မှာ လျှောက်လွှာတင်ရင် ရန်ကုန်ပြည်လမ်း နဲ့ မန္တလေးဆွမ်းဟိုတယ်ဝင်းအတွင်း အရောင်းဌာနတွေမှာ လျှောက်လွှာယူဖြည့်ပြီး လျှောက်ရပါမယ်၊ ဆက်သွယ်ရေးမှာ လျှောက်လွှာတင်ရင် ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နေပြည်တော်ကို လိပ်မူပြီး လျှောက်လွှာတင်ရမှာ ဖြစ်ပါတယ်၊ မြန်မာတယ်လီပို့က ရန်ကုန်နဲ့မန္တလေး နှစ်မြို့ပဲ ဝန်ဆောင်မှုပေးတာ ဖြစ်ပြီး နယ်မြို့တွေမှာ တပ်ဆင်လိုရင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုပဲ မေးမြန်းစုံစမ်းရမှာ ဖြစ်ပါတယ်၊
လိုအပ်လျင် MPT မှတပ်ဆင်မည့် ဖုံးလိုင်းကို DSL connection အတွက် အသုံးပြု၍ ရနိုင်မရနိုင် (feasible) စစ်ပါတယ်၊ လိုင်း Feasible ဖြစ်၍ တပ်ဆင်ခွင့်ရပါက သက်ဆိုင်ရာ ISP အင်ဂျင်နီယာအဖွဲ့မှ လာရောက်တပ်ဆင်ပေးပါတယ်၊

အလုပ်လုပ်ပုံ (How it works?)


Voice နဲ့ Data မတူတဲ့ Signal နှစ်ခုကို Copper Line တစ်လိုင်းထဲပေါ်မှာ အတူသွားနိုင်ဖို့အတွက် FDM (Frequency Division Multiplexing) ကိုပဲအသုံးပြုတယ်လို့ အကြမ်းဖျဉ်း ပြောပါရစေ၊ Multiplexing ဆိုတာကတော့ မတူတဲ့ Signal နှစ်ခုကို ကြားခံမီဒီယာ (Radio channel, Copper line, Fiber,etc..) တစ်ခုထဲပေါ်မှာ တင်ပို့တာကိုပြောတာပါ၊ FDM ဆိုတာက မတူတဲ့ Frequency တွေကို လိုင်းတစ်လိုင်းထဲပေါ်မှာ ပေါင်းစပ်ပို့တဲ့နည်းပညာပါ၊ ရှေ့ပိုင်းမှာ ပြောထားခဲ့သလို Voice Frequency ဟာ 4 kHz ကို သုံးပြီး Data Uplink အတွက် 10~200 kHz, Down Link အတွက်ကတော့ 200 kHz~1 MHz Frequency ကိုသုံးပါတယ်.. ဒီလိုမတူတဲ့ Frequency Band တွေကိုခွဲခြားအသုံးပြုထားတဲ့ အတွက် End to End မှာ ဘယ်လိုပြန်ပြီးခွဲထုတ်ပါသလဲ၊ သုံးစွဲသူအိမ်မှာထားတဲ့ ADSL Modem မှာရော အိတ်ချိန်းအ၀င် မှာထားတဲ့ DSLAM မှာပါ Frequency အနိမ့် (4kHz) နဲ့ Frequency အမြင့် (>10 kHz) ကိုခွဲထုတ်နိုင်တဲ့ Frequency Splitter တွေ ပါရှိပါတယ်၊ ဒီ Frequency Splitter တွေက Low Frequency Voice (4kHz) ဆိုရင် သက်ဆိုင်ရာ တယ်လီဖုန်းဟင်းဆက် (သို့) အိတ်ချိန်း ကိုပို့ပေးပြီး High Frequency Voice (10 kHz အထက်) ဆိုရင် သက်ဆိုင်ရာ DSLAM (သို့) Internet Gateway ဆီကိုသွားမှာဖြစ်ပါတယ်။

နည်းပညာ ဘယ်လိုကွာခြားသလဲ


ဒီနေရာမှာမေးခွန်းတစ်ခုပေါ်လာပါပြီ.. ခါတိုင်းကျွန်တော်တို့ Dialup Connection ကိုအသုံးပြူပြီး Internet ချိတ်ဆက်တဲ့ အခါ Connection Speed က 64kb လောက်ပဲ Maximum ရပါတယ် ဘာကြောင့်ပါလဲ၊ ကျွန်တော်တို့လက်ရှိအသုံး ပြုနေတဲ့ တယ်လီဖုံး အိတ်ချိန်းတွေကိုဒီဇိုင်း လုပ်တဲ့အခါမှာ Analog Voice Band အနေနဲ့ 4 kHz Frequency ကိုသာ သွားနိုင်အောင် ဒီဇိုင်းချထားတာဖြစ်ပါတယ်၊ (ဒီ Analog Frequency 4 kHz ကို Digital နည်းနဲ့ပြောင်းလဲလိုက်တဲ့အခါ 64 kbps Digital Data Bandwidth ကိုရပါတယ်၊ အကျယ်မရေးတော့ပါဘူး) ဒီလိုဒီဇိုင်းလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကလဲ ကျွန်တော်တို့ လူစကားသံဟာ 4 kHz Frequency Range လောက်မှာပဲရှီတဲ့အတွက် Exchange Circuit တွေရဲ့ Bandwidth and Frequency Utilization အတွက် ဒီလို ဒီဇိုင်းလုပ်ထားတဲ့ အတွက်ပါ၊ မမျှော်လင့်ပဲ ဒီကန့်သတ်ချက်ဟာ ဒီနေ့ခေတ်အိတ်ချိန်းတွေအတွက် High Speed Data တွေဖြတ်နိုင်သယ်ယူနိုင်ဖို့အတွက် ကန့်သတ်ချက်ဖြစ်လာပါတယ်။
ဒီနေရာမှာတစ်ခုပြောစရာရှိတာက ဒီ Bandwidth့ ကန့်သတ်ချက်ဟာ တယ်လီဖုံးလိုင်း (Copper Line) မှာ ရှိတာမဟုတ်ပဲ အိတ်ချိန်းရဲ့ Circuit Design တွေမှာရှီနေတာဖြစ်ပါတယ်၊ ADSL ရဲ့ Design Idea ကတော့ ရှိပြီးသား Copper Line  ပေါ်မှာ Data နဲ့ Voice ကို ပေါင်းစပ် (Modulation) လုပ်ပြီးတင်ပေးလိုက်ပြီး သက်ဆိုင်ရာ အိတ်ချိန်းရဲ့အ၀င်မှာ Data နဲ့ Voice ကို ပြန်ခွဲထုတ်(Demodulate)ပြီး  Data Traffic က  Internet Gateway ဆီကိုသွားပြီး တယ်လီဖုံးဆက်သွယ်မှု(Voice) ကတော့ ပုံမှန်အတိုင်း အိတ်ချိန်းထဲကိုဝင်မှာ ဖြစ်ပါတယ်။
အဓိက Equipments တွေကတော့ သုံးစွဲသူရဲ့အိမ်မှာ တပ်ဆင်ရမယ့် ADSL Modem နဲ့ သက်ဆိုင်ရာအိတ်ချိန်းမှာ တပ်ဆင်ထားမယ့် DSLAM (DSL Multiplexer) ပဲဖြစ်ပါတယ်၊ အောက်ပုံတွေမှာ ကြည့်နိုင်ပါတယ်။
Fig-1 ADSL အခြေခံ
Fig-1 ADSL အခြေခံ

Ref: http://internet1500.blogspot.com/2012_06_01_archive.html

0 comments:

Post a Comment