Access Points Mode
« on: October 02, 2011, 06:50:23 PM »
ပုံမှန်အားဖြင့် Access Points
ဆိုတာ Wireless Network များအတွင်း၌ အသုံးပြုကြတာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ဆိုသော် Wireless Network အတွင်း၌ ပါဝင်တဲ့ Wireless
Client များနှင့် အပြန်အလှန်ချိတ်ဆက် မိနေစေဖို့ရန် အတွက်ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ၎င်း (AP) တွေမှာ Mode (3) ခုပါဝင်ပါတယ်။ ဒါတွေကတော့ -1. Root Mode
2. Repeater Mode
3. Bridge Mode တို့ပဲဖြစ်ပါတယ်။
1. Root Mode
၎င်း Root Mode ကတော့ အသုံးပြုနေတဲ့ Access Points ကနေမှ တစ်ဆင့် Wired Network ကို တစ်ဆင့်ထပ်မံ၍ ချိတ်ဆက်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ၎င်း AP မှတစ်ဆင့် Wired Network ကို ချိတ်ဆက်ရာတွင် (AP) မှာ ပါဝင်တဲ့ Ethernet Interface ကနေမှတစ်ဆင့် ချိတ်ဆက်တာဖြစ်ပါတယ်။
2. Repeater Mode
၎င်း Mode ကိုတော့ Repeater Mode လို့ခေါ်ဆိုပါတယ်။ ၎င်း Repeater Mode သည် (AP) နှင့် တိုက်ရိုက် ချိတ်ဆက်ထားသည့် နောက်ထပ် (AP) မှ တစ်ဆင့် Wired Network အတွင်းသို့ဝင်ရောက် ချိတ်ဆက်ခြင်းပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် (Repeater Mode) အသုံးပြုထားတဲ့ (AP) သည် Upstream (Root Mode) အသုံးပြုထားသော (AP) ကိုချိတ်ဆက်ကာ သက်ဆိုင်ရာ Wired Network ကို ထပ်မံ၍ ချိတ်ဆက်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
3. Bridge Mode
၎င်း Bridge Mode မှာတော့ မတူညီကြတဲ့ (AP) နှစ်ခုအကြားအချင်းချင်း အပြန်အလှန်ချိတ်ဆက်မိနိုင်စေဖို့ရန် အတွက် (Bridge Mode) ကို အသုံးပြုကြခြင်း ပင်ဖြစ်သည်။
0 comments:
Post a Comment