Active Directory
Active directory မှာ ပါဝင်တဲ့အစိတ်အပိုင်းတွေ ကတော့
Domains
Trees
Forests
Organizational units (OUs)
တို့ဖြစ်ပါတယ်။
Domains
ဒိုမိန်းဆိုတာ နက်ဝက်တည်ဆောက်ခြင်းတစ်ခုလုံးရဲ့အဓိကအကျဆုံးအပိုင်းလို့ပြောလို့ရပါတယ်။
ဒို မိန်း ဟာ နက်ဝက်အတွင်းမှာရှိတဲ့ ကွန်ပျူတာ များကိုသတင်းအချက်အလက်များထိန်းချုပ်ခြင်း
နက်ဝက်တစ်ခုလုံးရဲ့လုံခြုံရေး ကို စီမံခန့်ခွဲခြင်း စတာတွေကိုပြုလုပ်ပေးတဲ့အဓိကအကျုဆုံးအစိတ်အပိုင်းဖြစ်
ပါတယ်။ဝင်းဒိုး NT မှာတုန်းကဆိုရင်တော့ ဒိုမိန်းဆိုတာ နက်ဝက်တစ်ခုထဲအတွက်ဖြစ်ပါတယ်။
နောက်ပိုင်းဝင်းဒိုးတွေမှတော့ ဒိုမိန်းဟာ trust connection ဆိုတဲ့ ပြင်ပ ဒိုမိန်းတစ်ခုနဲ့ချိတ်ဆက်အသုံးပြုလို့ရ
တဲ့နည်းပညာတွေကို ဝင်းဒိုး 2000 က စလို့ထည့်သွင်းလာခဲ့ပါတယ်။
ဝင်ဒိုး 2000 က စလို့ Active Directory ဟာ မြောက်များစွာသောကွန်ပျူတာများကို ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။
ဝင်းဒိုးNT မှာတုန်းကတော့ အများဆုံး 40,000 လောက်သာ လက်ခံခဲ့ပါတယ်။
Trees
Trees ဆိုတာလူတိုင်းသိပါတယ်.. သစ်ပင်ပါ.. သစ်ပင် တစ်ပင် မှာ အကိုင်း အခက် အရွက်အလက်ပေါင်းများ
စွာ ပါရှိပါတယ်။ ဒီလိုပါပဲ ကွန်ပျူတာ အသုံးအနှုန်းမှာတော့ သစ်ပင်တစ်ပင်ရဲ့ပုံစံအတိုင်းများစွာသောနက်ဝက်
တွေနဲ့တည်ဆောက်ထားတာကို Trees လို့ခေါ်ပါတယ်။သစ်ရွက်တစ်ရွက် ကို ကွန်ပျူတာတစ်လုံး၊ ဒိုမိန်း တစ်ခု
ကို အကိုင်း တစ်ခုအနေနဲ့သတ်မှတ်မယ်ဆိုရင် ဒိုမိန်းတွေအားလုံးကိုစုပေါင်းထားရင် သစ်ပင်တစ်ပင်ရဲ့ပုံစံမျိုးနဲ့
သွားတူနေတဲ့အတွက် ဒိုမိန်း အများအပြားချိတ်ဆက်ထားရင် တော့ ကျွန်တော်တို့က Trees လို့ခေါ်ပါတယ်။
Trees တစ်ခုရဲ့ ပုံစံကတော့ Parent Domain တစ်ခု ရယ် Child Domains ,grandchild domain တွေရယ်.. ပါရှိပါတယ်။
ပုံစံကတော့ ဥပမာ ။ ။ MTF.com က parent domain ပဲထားတော့ child domains ကတော့ parent doamin ကနေဆင့်ပွား
သွားတဲ့ပုံစံနဲ့ ရှိရမှာဖြစ်ပါတယ်။ ဥပမာ။ ။ networking.MTF.com, Electrical.MTF.com,OS.MTF.com စတာတွေကို child domains လို့သတ်မှတ်ပါတယ်။
ပြီးတော့ child domains ပြီးရင်Grandchild Domains ဆိုတာ လဲ ရှိပါသေးတယ် ဘယ်လိုမျိုးလဲ ဆိုတော့
ဥပမာ။ ။ windows.os.mtf.com,linux.os.com,Android.os.com စတာတွေကို grandchild domains လို့ခေါ်ပါတယ်။
Forests
Forest ဆိုတာက ကလဲ အပေါ်မှာကျွန်တော် ဥပမာပေးခဲ့သလိုပဲ သစ်တောအုပ် တစ်ခုလို့သဘောသက်ရောက်
တဲ့အတိုင်း Domain Trees တွေ ကိုစုပေါင်းထားရင် Forest ဆိုပြီးခေါ်ပါတယ်။ Forest မှာ က Trees နဲ့မတူ
တာကတော့ Namespace တွေနဲ့မဆက်သွယ်ထားခြင်း ဖြစ်ပါတယ်။ဥမာပြောရရင်တော့ MTF.org နဲ့ MEF.org
ချိတ်ဆက်လိုက်မယ်ဆိုရင် ဒါကို Forest လို့ခေါ်နိုင်ပါတယ်။ ဒီလိုမျိုး ဒိုမိန်းတွေချိတ်ဆက်ရင်တော့ Trust ချိတ်
တယ်လို့ကွန်ပျူတာအသုံးအနှုန်းနဲ့သုံးပါတယ်။ဒီလိုချိတ်ဆက်ခြင်းမှာtwo-way transitive trust relationship
ဆိုတဲ့ လုပ်ဆောင်ချက်ဟာ သက်ရောက်ပါတယ်။
Two- way Transitive Trust Relationship
ဒါကတော့ ဝင်ဒိုးဆာဗာ 2008 မှာ ပါတဲ့လုပ်ဆောင်ချက်တစ်ခုပါ။
ကွန်ပျူတာAdmin တစ်ယောက်က ဒိုမိန်း တစ်ခု ကို Trust ချိတ် မယ်ဆိုရင် အဲဒီ Trust ချိတ်လိုက်တဲ့ဒိုမိန်းက
တစ်ခြား လက်ခံထားတဲ့ တစ်ခြား ဒိုမိန်း တစ်ခု နဲ့ပါ သူ့အလိုလို Trust ချိတ်သွား မယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
ကျွန်တော် ရေးတာ နားရှုပ်သွားမယ်ထင်တယ်။ ဥပမာ ။ ။ MTF.org နဲ့ MEF.org တို့ ချိတ်ဆက်မယ်ဆိုရင်
MEF.org က တစ်ခြား ဒိုမိန်း တစ်ခု ဥပမာ ။ ။ MF.com ကို ချိတ် ဆက်ထားတယ် ဆိုရင် MTF.org က MF.com
နဲ့ အလိုလို Trust ချိတ်ဆက်ထားခြင်းကို Two-way Transitive Trust Relationship လို့ခေါ်ပါတယ်။Administrator
တစ်ယောက်က Active Directory structure တစ်ခုကို တည်ဆောက်တဲ့ အခါ
သူပထမဆုံးတည်ဆောက်တဲ့ ဒိုမိန်း ဟာ Forest Root Domain ဖြစ်ပါတယ်။
Organizational Units (OUs)
Organization Units ဆိုတာကတော့ ဒိုမိန်း ထဲကတည်ဆောက်ထားတဲ့ အုပ်စု အခွဲလေးတွေဖြစ်ပါတယ်။
OUအောက်မှာ user တွေကို ထားပြီး manage လုပ်ပါတယ်။ OU တွေကိုဘာကြောင့်ခွဲလဲ
ဥပမာ ။ ။ company တစ်ခုမှာ ဌာန အသီးသီမှာဝန်ထမ်းတွေ အများအပြားအလုပ်လုပ်ကြပါတယ်။
ဒါတွေကို manage လုပ်ဖို့အတွက် OU တစ်ခုစီ တည်ဆောက်ကြပါတယ်။ ဥပမာ manager, finance , marketing
စသည်ဖြင့် ခွဲထားပြီး အဲဒီအောက်မှာ ဝန်ထမ်းတွေအတွက် user အကောင့်တွေထားပြီး တော့ဘယ်သူကတော့ ဘယ်လို
permission မျိုးရသင့်တယ်ဆိုတာ ကို စီမံခန့်ခွဲခြင်းဖြစ်ပါတယ်။အောက်က ပုံစံက တော့ OU တည်ဆောက်ပုံဥပမာပါ။

Admin တစ်ယောက်ဟာ OUs နဲ့ sub OUs တွေတည်ဆောက်ပြီး OUs တွေရဲ့ ဒေတာတွေ ကို Server
စက်ထဲမှာ Folder , sub folder, sub-subfolder တွေကို တည်ဆောက်ပြီး Data သိမ်းဆည်းမှုပြုလုပ်ရပါတယ်။
အဲသည် အတွက် ဌာနတစ်ခုချင်းစီရဲ့အုပ်ချုပ်သူတွေကို permission တွေပေး ပြီးတော့ တစ်ဦးချင်းစီရဲ့အကောင့်
အသစ်တည်ဆောက်နိုင်မှု, အုပ်စု အသစ်တည်ဆောက်မှု, ဒေတာ စီမံခန့်ခွဲမှု, printer sharing တွေအတွက် ကိုယ်စား
လှယ်လွှဲခြင်းများပြုလုပ်ပေးရပါတယ်။Admin တစ်ယောက်ဟာ ကွန်ပျူတာတစ်ခုချင်းစီ , OU တစ်ခု
ချင်းစီကိုထိန်းချုပ်နိုင်ဖို့အတွက် Group Policy ကိုသုံးပြီ ထိန်းချုပ်နိုင်ပါတယ်.။
Active Directory ဆိုတာ
Active Directory ဆိုတာ Microsoft Windows 2000 Network Operating System အတွက် Directory Serviceတစ်ခုပဲဖြစ်တယ်။ Active Directory မှာ Database နှင့် Service ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ Active Directoryဆိုတာက Network မှာရှိသော Resource တွေအတွက် Information အချက်အလက်တွေကို စုစည်ထားသောDatabase တစ်ခုဖြစ်တယ်။ Network မှာရှိသော Resource တွေဆိုတာက Network မှာရှိသော Computer တို့၊ Userတို့၊ Folder တွေ၊ Printer တွေ Share ပေးတာတို့ စသဖြင့်ကိုခေါ်တာဖြစ်တယ်။ နောက်ပြီးတော့ Active Directory ဆိုတာService တစ်ခုလည်းဖြစ်တယ်။ အဲ့ဒီ Information အချက်အလက်တွေကိုပဲ Network မှာရှိသော User တွေနှင့်Application တွေကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ပေးခြင်းကို Service လို့ခေါ်တာဖြစ်တယ်။ ဒီတော့ Active Directory ဆိုတာက Network မှာ Database လို့လည်းခေါ်သလို Service လို့လည်းခေါ်နိုင်တယ်။ Active Directory ဟာ Enterprise-Level Directory Service တစ်ခုအတွက် လိုအပ်သော အခြေခံကျသော Basic Feature တွေကိုပံ့ပိုးပေးပါတယ်။ ဘာတွေပံ့ပိုးပေးတာလဲဆိုတော့ Extensible Information Source အရေးပါသောသတင်းအချက်အလက်တွေ၊ Naming Conventions For Directory Object ဆိုတဲ့ Network မှာရှိသော DirectoryObjects တွေအတွက် နာမည်တွေသတ်မှတ်ပေးခြင်း၊ Policies တွေသတ်မှတ်ခြင်း၊ နောက်ပြီး Administeringလုပ်ရန်အတွက် Tools တွေသတ်မှတ်ပေးခြင်းတို့ပဲဖြစ်တယ်။ Network ကွန်ယက်တစ်ခုအတွင်းမှာရှိသော Resourcesတွေကို User တွေ၊ Application ကယူပြီးတော့အသုံးပြုမှုကို ထိန်းချုပ်ပေးဖို့အတွက် Administrator ကနေမှ ActiveDirectory ကို သတ်မှတ်ပေးရမှာဖြစ်တယ်။
Active Directory မှာ Basic Element အခြေခံကျသော အချက်က Object ပဲဖြစ်တယ်။ ဒီနေရာမှာ Object ဆိုတာကNetwork ကွန်ယက်မှာရှိသော User တစ်ယောက်လည်းဖြစ်နိုင်သလို၊ Computer တစ်လုံးလည်းဖြစ်နိုင်တယ်။ Printerတစ်လုံးလည်းဖြစ်နိုင်တယ်။ Application တွေ၊ File တွေ၊ ဒါမမဟုတ် Network မှာရှိသော တစ်ခြား Resourcesတွေလည်းဖြစ်နိုင်ပါတယ်။ ဒါတွေကို ခြုံပြီးတော့ Object လို့ခေါ်တာဖြစ်တယ်။ ဒီ Active Directory Object တွေဟာAttributes တွေကို သတ်မှတ်ပေးတယ်။ Attributes တွေဆိုတာက ၄င်း Objects တွေနဲ့အတူပါလာသော Propertiesပိုင်ဆိုင်မှုတွေဖြစ်တယ်။ ဥပမာပြောရရင်-Network ကွန်ယက်မှာရှိသော တစ်ချို့ User တွေကဆိုရင် သူတို့ရဲ့ Attributesတွေက ဘာတွေလဲဆိုတော့ First Name, Last Name, E-mail Address, နှင့် Phone Number စသဖြင့်ဖြစ်လိမ့်မယ်။တစ်ချို့ User တွေကျတော့ ၄င်းတို့ရဲ့ Attributes တွေက Mandatory Values တွေဖြစ်ကြတယ်။ တစ်ချို့တွေကတော့ဘာမှကိုမသတ်မှတ်ကြပြန်ဘူး။ နောက်ပြီး Printer တစ်လုံးရဲ့ Attributes တွေဆိုတာက အဲ့ဒီ Printer ရှိနေသောနေရာ၊Printer ရဲ့ Asset Number ၊ နောက် Printer အမျိုးအစား စသည်တို့ဖြစ်ကြတယ်။Active Directory Object မှာ အဓိကကျသော အမျိုးအစားတစ်ခုကတော့ OU လို့ခေါ်တဲ့ Organization Unit ပဲဖြစ်တယ်။ OU ဆိုတာဟာလည်း Object တစ်မျိုးပါပဲ။ OU မှာကျတော့ တစ်ခြား Objects တွေရှိသေးတယ်။ အဲ့ဒီ OU လို့ခေါ်တဲ့ Organization Unit မှာ User တို့လို၊ Application တို့လို Specific သတ်မှတ်ထားသော Object တစ်ခုလည်းရှိနိုင်သလို၊ နောက်ထပ်တစ်ခြား OU တစ်ခုလည်းရှိနိုင်ပါတယ်။ အဲ့ဒီ OU မှာပဲ User Permission တွေကိုသတ်မှတ်ပေးနိုင်တယ်။
Domain တွေမှာ Organization Unit တွေရှိကြတယ်။ အဲ့ဒီ OU တွေဟာ Domain မှာရှိသော Active Directoryအတွက် အခြေခံကျသော Basic Security လည်းဖြစ်သလို၊ Organizational Structure ပုံစံတစ်ခုလည်းဖြစ်တယ်။ Active Directory မှာရှိသော Object တိုင်းဟာ ဒီ Domain တစ်ခုနှင့်ဆက်စပ်သက်ဆိုင်နေရမယ်။ Domain တွေဟာ သင့်ရဲ့Enterprise လုပ်ငန်းအတွက် အမြဲတမ်း Organizational Structure ဖွဲ့စည်းပုံတစ်ခုဖြစ်နေမှာဖြစ်သလို၊ သင့်ရဲ့လုပ်ငန်းအတွက် လုံခြုံရေးဆိုင်ရာ Security Boundary တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးနေမှာဖြစ်တယ်။ ဒါကြောင့်သင့်ရဲ့ ကွန်ယက်မှာရှိနေသော Active Directory မှာရှိသော Object တိုင်းမှာ ဒီ Domain တစ်ခုဆိုတာရှိကိုရှိရမှာဖြစ်တယ်။ ဥပမာပြောရရင်တော့ Domain တစ်ခုမှာ သတ်မှတ်ပေးထားသော၊ ချမှတ်ပေးထားသော Privileges အခွင့်အရေးလုပ်ပိုင်ခွင့်တွေဟာ နောက်တစ်ခြား Domain တစ်ခုပေါ်မှာအလိုအလျောက်သက်ရောက်သွားတာမျိုးမရှိတတ်ပါဘူး။ Domain တစ်ခုထက်ပိုသော Domain
တွေကိုစုပေါင်းလိုက်မယ်ဆိုရင် Domain Tree လို့ခေါ်ပြီးတော့ အဲ့ဒီ Domain Tree တွေတစ်ခုထက်ပိုသွားရင်တော့
Domain Forests ဟုခေါ်ပါတယ်။
Discretionary Access Control List (DACLs) နှင့် System Access Control Lists (SACLs) တိုမှာ Active Directory Objects တွေကို Protect ကာကွယ်ပေးထားပါတယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ ဒီ DACLs နှင့် SACLs တို့ဟာ Active Directory Object မှာရှိသော Attributes တွေကို ဘယ် User တွေ၊ ဘယ် Application တွေက Access လုပ်ခွင့်၊ အသုံးပြုခွင့်ရှိတယ်ဆိုတာကို သတ်မှတ်ပေးတာဖြစ်တယ်။ အလားတူပဲ Windows NT 4.0 မှာအသုံးပြုသော NTFS File System မှာအသုံးပြုသော Access Control List (ACLs) ကိုအသုံးပြုခွင့်ကိုလည်းသတ်မှတ်ပေးတာဖြစ်တယ်။ Directory Objects တွေကိုဆက်သွယ်ရာမှာ ၄င်းတို့ရဲ့ Permission တွေကို Propagate လုပ်ရာမှာ DACLs နှင့် SACLs တို့ကိုအသုံးပြုနိုင်ပါတယ်။ နောက်ပြီးတော့ DACLs နှင့် SACLs တို့က Active Directory ကို User တွေ၊ Group တွေကအသုံးပြုနိုင်ဖို့ရန် အသုံးပြုခွင့်တွေကိုလည်းခွင့်ပြုချက်ပေးဖို့ရန်ကို နည်းလမ်းတွေကိုလည်း သတ်မှတ်ပေးပါတယ်။ ဒီတော့ Administrator တွေက Active Directory ကို User တွေ၊ Group တွေကအသုံးပြုနိုင်ဖို့အတွက် DACLs နှင့် SACLs တို့ကချမှတ်ပေးသော နည်းလမ်းတွေအတိုင်းလုပ်ဆောင်ပေးရပါတယ်။ Active Directory မှာ Rules တွေရှိတယ်။ အဲ့ဒီ Rules တွေက သူ့ရဲ့ Directory ထဲမှာသိမ်းဆည်းထားသော Objects တွေကို ထိန်းချုပ်ပေးနိုင်ဖို့အတွက် Rules တွေကိုချမှတ်ထားတာဖြစ်တယ်။ ၄င်းချမှတ်ထားသော Rules တွေကို Schema လို့ခေါ်ပါတယ်။
Network ကွန်ယက်အတွင်းမှာရှိသော Domain တစ်ခုချင်းစီအတွက် လိုအပ်သော Information သတင်းအချက်အလက်အကြောင်းအရာတွေကို ဒီ Active Directory မှာ Maintain ထိန်းသိမ်းထားတာဖြစ်တယ်။ ပြောရမယ်ဆိုရင် ကွန်ယက်တစ်ခုမှာရှိသော Domain တစ်ခုချင်းစီအတွက်လိုအပ်သော အချက်အလက်တွေကို Active Directory မှာရှိနေမှာဖြစ်တယ်။ အဲ့ဒီ Active Directory Database အချက်အလက်တွေကို အဲ့ဒီ ကွန်ယက်မှာရှိသော Domain Controller ဆိုတဲ့၊ Domain Controller လို့သတ်မှတ်ထားသော ကွန်ပျူတာမှာသိမ်းဆည်းထားတာဖြစ်တယ်။ ဒီ သတင်းအချက်အလက် Information တွေဟာ Domain Controller တွေရဲ့ကြားထဲမှာ သူ့အလိုအလျောက် Automatically အရ Replicate ဖြစ်နေမှာဖြစ်တယ်။ Directory ထဲမှာရှိသော Every Portion အစိတ်အပိုင်းမှန်သမျှဟာလည်း အမြဲတမ်း Up-to-date ဖြစ်နေမှာဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ Active Directory ကို Replicate လုပ်တဲ့အခါမှာ ၅ မိနစ်တစ်ကြိမ်လောက်ကို အမြဲတမ်း Update ဖြစ်တယ်။ အဲ့ဒီ Active Directory Information တွေကို Automatic အလိုအလျောက် Replicaton လုပ်တဲ့အခါမှာ သတ်မှတ်ထားသော Domain တစ်ခုရဲ့ Security Boundary အတွင်းမှာပဲ Replication လုပ်တာဖြစ်တယ်။ Domain တစ်ခုအတွင်းမှာရှိသော Domain Controller တွေဟာ Information အချက်အလက်တွေကို Automatic Replicate လုပ်တဲ့အခါမှာ တစ်ခြား Domain တွေနှင့်Replicate မလုပ်ပါဘူး။

Thank a Lot
ReplyDelete