LAN Design အကြောင်း |
http://thihazaw9587.multiply.com/journal/item/101
Network ရဲ့အခြေခံကျတဲ့
elements တွေသိပြီး ပြီးဆိုရင် Network catagories တွေထဲက Local Area
Network (LAN) တစ်ခုရဲ့ design ကိုဘယ်လို configure
လုပ်ရမလဲဆိုတဲ့အချက်တွေကို ကြည့်ကြရအောင်။ LAN ရဲ့ configurations
အနေနဲ့ဘယ် transmission method ကိုသုံးမလဲ LAN ထဲက connection equipment
တွေကိုရွေးချယ်မှုတွေ၊ server/client ရွေးချယ်မှုတွေ၊ ဒီ system
ကြီးတစ်ခုလုံးရဲ့ Performance တွေကိုစဉ်းစားရပါ တယ်။ပြီးရင်တော့ IP address
တွေကို design လုပ်ပါ မယ်။နောက်ဆုံးကတော့ cable design ချတာပဲဖြစ်ပါ တယ်။
-Small scale LAN မှာ workstation/client က ၁၀လုံးအထိ ပါပါတယ်။
-Medium scale မှာတော့ စက်အလုံးပေါင်း ၃၀ကနေ ၅၀ အထိပါဝင်ပါတယ်။
-Large scale မှာ computer တွေက ရာပေါင်းများစွာပါ ၀င်ပါတယ်။
LAN
ရဲ့ perfoormance ကိုတော့ ဒီ network ပေါ် မှာရှိတဲ့ end system တွေဆီကို
transimission time ဘယ် လောက်မြန်မြန်ရောက်နိုင်မလဲဆိုတဲ့အချက်နဲ့ client
တွေ က server ကို frequently access လုပ်တဲ့အချက်တွေကို တိုင်းပါတယ်။
LAN
မှာ ယုံကြည်စိတ်ချရမှု reliability စံသတ် မှတ်မှုလဲ ရှိပါတယ်။
သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခု အတွင်းမှာ service အရေအတွက်ဘယ်လောက်ရပ်သွား
သလဲ၊ error ဖြစ်သွားရတဲ့ job တစ်ခုပြန်ပြီး recover ဖြစ် အောင်
ယူရတဲ့အချိန်နဲ့ job တစ်ခုစီအတွက် priority ပေး ရတာတွေနဲ့
စံသတ်မှတ်ထားပါတယ်။ ဒီလို priority ပေး ထားတဲ့ job တွေမှာ security
standard လည်း ရှိပါတယ်။ ဥပမာဆိုရင် priority 1 ဆိုရင် job ကို access
လုပ်တာကို password နဲ့ ထိန်းထားတာ၊ priority 2 ဆိုရင် access ရဲ့
authority ကို စဆောက်တာ၊ priority 3 က free access ဖြစ်ပါတယ်။
LAN ရဲ့ configuration ကို စလေ့လာမယ်ဆိုရင်
- CSMA/CD (IEEE 802.3) Method.
- token ring method နဲ့
- တခြား method တချို့ရှိပါတယ်။
CSMA/CD (Collision Sense Multiple Access/ Collision Dectection) ဆိုတာ
baseband method ဖြစ်ပါ တယ်။ transmission channel တစ်ခုပေါ်မှာ signal
တစ်ခု ပဲပို့နိုင်ပါတယ်။ transmission control လိုအပ်ပြီး signal ကို
ပို့ပေးနေတဲ့ carrier ကို detetion နဲ့ retransmition လုပ်ပေးပါတယ်။
transmission speed က 10 Mbps,100 Mbps, 1Gbps ဖြစ်ပါတယ်။ 10 BASES
ethernet အတွက် coaxial cable နဲ့ 10BASE-T ethernet အတွက် UTP cable ကို
သုံးပါတယ်။
Taken ring method ဆိုတာ IEEE 802.5 Standard ရှိပြီး transmission
channel တစ်ခုပေါ်မှာ signal တစ်ခုပဲပို့နိုင်တဲ့ baseband method
ဖြစ်ပါတယ်။ data ကို tranamit လုပ်ဖို့ token ကို control အဖြစ်သုံးထားပါ
တယ်။ transmission speed က 4 Mbps နဲ့ 16 Mbps ဖြစ် ပါတယ်။ STP cable
ကိုသုံးပါတယ်။
တခြား
method တွေက UTP Four pair cable ကိုသုံးထားပြီးဘယ် LAN မှာမဆို
သုံးနိုင်တဲ့ 100VG method၊ packet တွေ collision ဖြစ်တာကိုလျော့ချပေးနိုင်
ပြီး recovery လုပ်ပေးနိုင်တဲ့ Demand Priority Access method နဲ့ optical
fibre cable ကိုသုံးထားတဲ့ FDDI method တွေဖြစ်ပါတယ်။
LAN မှာ သုံးမယ့် connection equipment တွေမှာ
- Physical layer မှာအလုပ်လုပ်တဲ့ repeaters (HUB)
- data link layer မှာအလုပ်လုပ်တဲ့ bridges
- network layer မှာအလုပ်လုပ်တဲ့ routers
- bridge နဲ့ hub ရဲ့ function နဲ့အလုပ်လုပ်တဲ့ LAN Switches တွေပါဝင်ပါတယ်။
LAN network မှာသုံးမယ့် segment အရေအ တွက်ကလည်း ကန့်သတ်ချက်ရှိပါတယ်။
segment ဆို တာ network component ရဲ့ unit တစ်ခုဖြစ်ပြီး coaxial segment
နဲ့ link segment ဆိုပြီးနှစ်မျိုးရှိပါတယ်။ သုံးခုထက်ပိုတဲ့ cndsystem ဒါမှမဟုတ် repeater ရှိတဲ့ connection ကို coaxial segment လို့ခေါ်ပါတယ်။
R : Repeater (Hub)
UTP cable ပေါ်မှာ repeater နှစ်ခု connection ရှိနေရင် Twisted pair cable
ပေါ်မှာ HUB နဲ့ endsystem connection ရှိနေရင် ဒါကို link segment
လို့ခေါ်ပါတယ်။
link
segment အရေအတွက်နဲ့ coaxial segment အရေ အတွက် စုစုပေါင်းက
5ခုထက်မကျော်ရပါဘူး။ Coaxial segment အရေအတွက်က 3 ခုထက်မကျော်ရပါဘူး။ ဒီ
formula ကိုသုံးပြီး LAN network မှာ segment တွက်ရပါ တယ်။
နောက်တစ်ခုက ဒီ network
မှာသုံးမယ့် server တွေ client တွေကိုရွေးရပါမယ်။ Server ကို ပေးနိုင်တဲ့
service function တွေအရရွေးနိုင်ပါတယ်။ ဥပမာအနေနဲ့ ဆိုရင်ဒီ server ကို
File/Printer share အတွက်သုံးမှာ လား။ Electric mail အတွက်
သုံးမှာလားဆိုပြီးစဉ်းစားပါ တယ်။ Client machine ကို (i) CPU, memory နဲ့
hard clisk ရဲ့ Volume ကိုကောင်းကောင်းသုံးဖို့လိုမယ့် Baseline (ii) Space area
ကို သိမ်းဖို့လိုမယ့် occupying space နဲ့ (iii) CD-Rom က Supply လုပ်မယ့်
program တွေ install လုပ်လို့ရမယ့် expandability
ဆိုပြီးသုံးမျိုးရှိပါတယ်။
Cilent
နဲ့ Server ကို configure လုပ်တော့မယ်ဆို ရင် (i) client တွေက server
တစ်လုံးထဲကိုပဲ seguest တွေတောင်းနေရင် centralized configuration
လို့ခေါ်ပါ တယ်။ ဒီ server ကလည်း performance မြင့်ရပါမယ်။
(ii) server
ရဲ့ load ကိုခွဲဝေပြီး လုပ်တဲ့ distributed cofi-guration မှာ server
အလုံးရေတိုးလာပါတယ်။ ဒါပေမယ့် LAN မှာရှိတဲ့ load ကတော့မပြောင်းလဲပါဘူး။
(iii)
LAN ရဲ့ load ကိုလျော့ချဖို့ကတော့ segment တစ်ခုစီ အတွက်သီးခြား server
ထားရပါမယ်။ ဒီ serverm high performance ဖြစ်ရပါမယ်။ဒါကို LAN Distribution
Cofiguration လို့ခေါ်ပါတယ်။
System
ရဲ့ performance ကို clients တွေ server တွေသုံးထားတဲ့ application
programs တွေအပြင် network transmission channel နဲ့လည်းတိုင်းတာပါတယ်။
(1) Application Program ကို disk ကနေ input
loutput လုပ်တဲ့အချိန်
loutput လုပ်တဲ့အချိန်
(2) Application Program execufe လုပ်တဲ့အချိန်
(3) TCP/IP,LAN Manager နဲ့ Netware တွေရဲ့
execution time.
execution time.
(4) LAN adapter နဲ့ CPU ကြားက transmission လုပ်တဲ့
အချိန်
အချိန်
(5) transmission လုပ်တဲ့ method နဲ့ time, packet
transmission time တွေပါဝင်ပါတယ်။
transmission time တွေပါဝင်ပါတယ်။
နောက်တစ်ချက်ကတော့ IP address တွေကို design ချဖို့ပါ။ Address နှစ်မျိုးရှိပါတယ်။ MAC address နဲ့ IP address တို့ဖြစ်ပါတယ်။
MAC address မှာ global address နဲ့ local address ဆိုပြီးနှစ်မျိုး ရှိပါတယ်။ OSI ရဲ့ Data link layer မှာ အလုပ်လုပ်တဲ့ MAC address က 48 bit ရှိပါတယ်။
(1) Global address.
IEEE က control လုပ်ထားတဲ့ global address က unique ဖြစ်ပါတယ်။
(2) Local address
User ကသတ်မှတ်ထားတဲ့
id ဖြစ်လို့ network ထဲမှာ ip duplicate မဖြစ်အောင်သတိထားရပါမယ်။IP
Address မှာ class 5မျိုးရှိပါတယ်။ ဒါပေမယ့် class A,B,C သုံးမျိုးကိုပဲ
သုံးပါတယ်။ ကျန်တဲ့ class D နဲ့ E က reserved ထားထား တာပါ။ လက်ရှိသုံးနေတဲ့
ipv 4မှာ ip address သတ်မှတ်ဖို့ 32 bit ထားပါတယ်။ဒီ 32 bit မှာ network ID နဲ့ hast ID ပါဝင်ပါတယ်။ ip address သတ်မှတ်တာက network size ပေါ်မူတည်ပါတယ်။
Class A က large scale network ဖြစ်ပြီး end system စုစုပေါင်း 65535 ထက်ပိုသုံးလို့ရပါတယ်။
Class B က medium scale network ဖြစ်ပါတယ်။ endsystem က 254 အထိပဲသုံးလို့ရပေမယ့် network အရေအတွက်က 2097152 ရပါတယ်။
Private address ဆိုတာက global address ဆိုတာက global address ဖြစ်ပြီး LAN မှာသုံးဖို့ reserved လုပ်ထားတာပါ။
Class A အတွက် 10.0.0 ~ 10.255.255.255
Class B အတွက် 172.16.0.0 ~ 172.31.255.255
Class C အတွက် 192.168.0.0 ~ 192.168.255.255
Cable design ကို network မှာ error ဖြစ်ခဲ့ရင် ရှာဖွေရလွယ်အောင် neat and
straight ချရပါမယ်။ Security နဲ့ performance ကောင်းဖို့ sub-networking
လုပ်နိုင်ပါရမယ်။ connection လုပ်ရတာလွယ်ကူအောင်နဲ့ error တွေကို
management လုပ်ရအောင် color cable တွေကို သုံးသင့်ပါတယ်။ UTP cableနဲ့
Power cable ကြား မှာသင့် တော်တဲ့အကွာအဝေးထားခြင်းကလည်း cable မှာ noise
မ၀င်အောင် တားဆီရာ ရောက်ပါတယ်။ network ကို စိတ်ချနေချင်ရင်တော့ cable
တွေကို duplicate လုပ်ထားရပါမယ်။ HUB ကို port များများယူထားခြင်း ကလည်း
maintenace လုပ်ရာမှာ အဆင်ပြေစေပါတယ်။ နောင်တ ချိန်မှာ ဒီ network ကို
expand လုပ်ဖို့ကိုလည်း စဉ်းစားပြီး cable ကို design ချထားရပါမယ်။ cable
expand လုပ်ဖို့ လည်း economy ကို စဉ်းစားရပါမယ်။
အခုပြောပြခဲ့တာတွေက LAN design ချရင် လိုအပ် မယ့်အချက်တွေပဲ ဖြစ်ပါတယ်။
0 comments:
Post a Comment