Everything About IT Notes

Wednesday, March 28, 2012

Booklet Printing ဆိုတာက စာအုပ်တစ်အုပ် ဖြစ်အောင် Print ထုတ်နည်းကို ပြောတာပါ။ အများအားဖြင့် ကွန်ပျူတာသမားတွေက (ကျွန်တော်အပါအ၀င်) Printer နဲ့ စာအုပ်ထုတ်ရပြီဆိုရင် အလွယ်နည်းဖြစ်တဲ့ A4
ကို ကျောကပ်ထုတ်ကြပါတယ်။ အဲဒီနည်းက လွယ်ကူပေမယ့် စာအုပ်က A4 Size ကြီး
ဖြစ်နေတော့ သယ်ရပြုရတာ အဆင်မပြေပါဘူး။


တကယ်တမ်းတော့ Word နဲ့ Adobe Reader ကို ပေါင်းသုံးလိုက်ရင် ကျွန်တော်တို့ဟာ အလယ်ချုပ် စာအုပ်အသေးလေး တစ်အုပ်ကို ကိုယ့် Printer နဲ့ ထုတ်လို့ရပါတယ်။ A4 တစ်ရွက်မှာ စာမျက်နှာ
နှစ်ခုနှုန်းနဲ့ ကျောကပ်မှာဆိုတော့ လေးမျက်နှာ ရပါလိမ့်မယ်။
ပထမဆုံးကတော့ စာစီရမှာပေါ့။ Word မှာ စာတစ်လုံးမှ မရိုက်သေးခင် Page Setup လုပ်ပါ။ Page Setup dialog box ရဲ့ Margins tab ထဲမှာ Multiple Pages ဆိုတဲ့ list box ကို ဖွင့်ချလိုက်ပြီး
Book fold ကို ရွေးလိုက်ပါ။ ကျန်တဲ့ Paper Size ပြောင်းတာ၊ Margins
သတ်မှတ်တာတွေကိုတော့ ဆက်လုပ်လိုက်ပေါ့။ အဲဒီအခါမှာ A4 တစ်ဝက်ပဲရှိတဲ့
စာမျက်နှာအသေးလေး ရလာပါလိမ့်မယ်။ စာတွေ ရိုက်ထည့်မယ်။ နောက်တစ်မျက်နှာကလည်း
A4 အသေးလေး ဖြစ်နေမှာပါ။ ပထမစာမျက်နှာနဲ့ ဒုတိယစာမျက်နှာက Facing
ဖြစ်နေပါလိမ့်မယ်။ အဲဒီအတိုင်းပဲ စာတွေ စီသွားမယ်ပေါ့။ နောက်ဆုံး Header
Footer ထည့်မယ်၊ Page Number တွေ ထည့်မယ်ပေါ့။ သတိပြုရမှာက စာအုပ်ရဲ့
စာမျက်နှာက စုံဂဏန်းဖြစ်ရပါမယ်၊ ပြီးတော့ ၄ ရဲ့ ဆတိုးကိန်းတွေ ဖြစ်ရပါမယ်။
(ဥပမာ ၂၄, ၂၈ တို့ပေါ့)
ပြီးရင်တော့ PDF ပြောင်းလိုက်ပါ။ အဲဒီ PDF ဖိုင်ကို Adobe Reader နဲ့ဖွင့်ပါ။ File>Print ကို ရွေးပါ။ Page Scaling ထဲက Booklet Printing ကို ရွေးပါ။ Booklet subset ကနေ Front sides
only ကို ရွေးပါ။ Print ထုတ်လိုက်ပါ။ အဲဒီအခါ စာရွက်တစ်ရွက်မှာ စာမျက်နှာ
နှစ်မျက်နှာနှုန်း ထုတ်သွားမှာ ဖြစ်ပြီး စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာနဲ့
နောက်ဆုံး စာမျက်နှာကို သူ့အလိုလို တွဲပေးသွားပါလိမ့်မယ်။
Print ထုတ်ပြီးတဲ့အခါ ထွက်လာတဲ့စာရွက်တွေကိုပဲ ပြောင်းပြန်လှန်ပြီး Printer ထဲ ပြန်ထည့်ပါ။ (ကျောကပ်မယ်လေ) Adobe Reader မှာ File>Print ကို ပြန်ရွေးပါ့မယ်။
Booklet Printing ကိုပဲ ရွေးပါ။ သို့ပေမဲ့ ဒီတစ်ခါကျ booklet subset ကို
Back Sides only ကို ရွေးပါ။ Reverse Pages ကို အမှန်ခြစ်ပါ။ ပြီးရင် Print
ထုတ်လိုက်ပါ။
ဒါဆို ပြီးသွားပါပြီ။ ထွက်လာတဲ့ စာရွက်တွေကို ခေါက်ချိုး ခေါက်လိုက်တဲ့အခါ စာမျက်နှာနံပါတ်တွေ မှန်ကန်စွာ စီထားတဲ့ စာအုပ်အသေးလေး တစ်ခု ရလာပါလိမ့်မယ်။
မိမိဆီမှာ ရှိပြီးသား PDF ဖိုင်တွေကိုလည်း Adobe Reader ကိုသုံးပြီး ဒီ Booklet Printing နဲ့ စာအုပ်အသေးလေးတွေ ထုတ်နိုင်ပါတယ်။
(ဖတ်ရုံနဲ့တော့ နားလည်မှာ မဟုတ်ပါဘူး။ လက်တွေ့လုပ်ကြည့်မှ သိသွားပြီး ဒီနည်းလေးကို ကြိုက်သွားပါလိမ့်မယ်)

0 comments:

Post a Comment