Everything About IT Notes

Wednesday, March 28, 2012


Windows XP တင်ရင် အချိန်ဘယ်လောက်ကြာလဲ။ ကျွန်တော့်အတွက်ကတော့ အချိန် ၁ ပတ်ကျော်ကြာသဗျ။ ဖြစ်ပုံက ဒီလိုဗျ။

ကျွန်တော်က Compaq Presario C700 Laptop လေးပေါ်မှာ Windows XP ကို တင်ဖို့ အသည်းအသန်ကြိုးစားနေတာကိုး။ နဂိုက Windows Vista Ultimate တင်ထားလေတော့ သူ့ထက်နိမ့်တဲ့ Windows မို့လို့ Windows ပေါ်ကနေတော့ ပေးမတင်ဘူးဗျ။ ဒါနဲ့ပဲ Windows XP Bootable ခွေတွေရှာ။ Boot တက်တက်ပြီး တင်ရတာကိုး။ အဲဒီမှာ ပြဿနာက ပေးနေတော့တာပဲ။ Windows ကို ဘယ်မှာတင်ရမလဲ မေးတဲ့အချိန်တိုင်းမှာ “Unknown Device” ဆိုတဲ့ Error ချည်းပေးတာကိုး။ ဘာ Partitions မှလည်း ထွက်မလာတော့ဘူး။ အဲဒါနဲ့ ဟိုလျှောက်ရှာ ဒီလျှောက်ရှာ ရွာကိုပတ်နေတာ အချိန်တစ်ပတ်ကျော်ကြာတယ်ဗျ။ ဒါနဲ့ပဲ Windows Vista Ultimate ကို ပြန်ပြီး Boot တက်ကြည့် တင်ကြည့်တော့ Hard Disk က တွေ့နေပြန်တယ်ဗျ။ ကြုံဖူးတဲ့သူတွေဆိုရင်တော့ ရယ်စရာကောင်းပါမယ်။ XP ရဲ့ Boot မှာ လုံးဝ Hard Disk မသိတာက အတော့်ကို ခေါင်းစားတယ်ဗျ။ 



Google ကြီးကလည်း ဘာတွေရှာရှာပေးနေမှန်း မသိပါဘူးဗျာ။ သူရှာပေးလိုက် ကိုယ်လိုချင်တာနဲ့ လွဲနေလိုက်နဲ့။ နောက်ဆုံး စက်တစ်လုံးလုံးကိုပဲ ဖွင့်ချပစ်ရတော့မလိုလိုတောင် ဖြစ်နေသေးတာကိုး။ ကျွန်တော့်ထက် ၀ါရင့်တဲ့ညီညီ(သံလွင်)တောင်မှ ဟာလုပ်ကြည့်ပါဦး။ ဒီဟာလုပ်ကြည့်ပါဦးနဲ့။ သူပြောသမျှလည်း မထူးခြားနား။ အတော်ခေါင်းမာတဲ့ Error ပါပဲဗျာ။ သူလည်း မင်းစက်က အတော့်ကို သောက်ကြီးသောက်ကျယ်စက်ဆိုပြီး ပြောတယ်။ နောက်ဆုံး မသိတော့ဘူးကွာ ပြောရတဲ့အထိပဲ။ အဲဒါနဲ့ သူလည်းရှာ ကျွန်တော်လည်းရှာ။ Windows XP Bootable ခွေတွေများ ပုံနေတာပဲ။ Troubleshooting methods တွေလည်း အတော့်ကို စုံသွားတာပဲ။

နောက်ဆုံး အကြမ်းဖျင်းကလေး ရိပ်မိလာတာက Hard Disk ရဲ့ Setting တစ်ခုခုကြောင့်ဆိုတာပါပဲ။ ဒါနဲ့ BIOS ထဲဝင်ပြီး Hard Disk ရဲ့ Setting တွေကို တစ်ခုချင်းလျှောက်ကြည့်လေတော့ Sata Native Support ဆိုတာလေး သွားတွေ့တယ်။ အဲဒီဟာလေးက Enable ဖြစ်နေတာကိုး။ ဒါနဲ့ အဲဒါလေးကို Disable လုပ်ပစ်လိုက်ပြီး ထပ် Boot တော့ ကိုရွှေ XP က အလိုလိုကို Partitions တွေ တွေ့တော့တာပါပဲ။ ဒါနဲ့ ရှိသမျှ XP ခွေတွေ အကုန်လျှောက်စမ်းတော့တာပဲ။ အကုန်ရတယ်။ မှတ်ကရောပဲ။ အောင်မြင်စွာနဲ့ Windows XP လေးတင်နိုင်တဲ့အခါမှာတော့ ဒီလိုပြဿနာမျိုး ကြုံလာကြဦးမယ့်သူတွေအတွက် မျှဝေလိုက်တာပါ။ သြော် SATA Native Support … SATA Native Support … , တစ်ခုတော့ ရှိသဗျ။ Windows XP ကို အောင်မြင်စွာ တင်ပြီးသွားရင်တော့ အဲဒီ SATA Native Support လေးကို ပြန်ပြီး Enable မလုပ်လိုက်ကြနဲ့ဦးနော်။ Windows တက်မလာဘဲ ရွာပြန်လည်နေဦးမယ်။ Windows Vista ပြန်သုံးမယ်ဆိုတော့မှသာ အဲဒီကောင်လေးကို Enable လုပ်ကြပါလို့ ... ။

ကိုဖြိုး Ref: 
http://ko-phyoe.blogspot.com/2009/03/xp.html

0 comments:

Post a Comment