Ram ကို 512+1G စိုက်လို့ရပါသလား
ကျွန်တော် ဆွေးနွေးကြည့်ပါ့မယ် .. Ram
တွေဟာ မတူတာတွေကိုတော့ စိုက်လို့မရဘူးမဟုတ်ပါဘူး စိုက်လို့ရပါတယ် ..
ဒါပေမယ့် ရည်ရှည်မှာဆိုရင် အဆင်မပြေနိုင်ပါဘူး .. Ram ရဲ့သဘောတရားက
မူရင်းကို နှစ်ဆပွားတာပါ .. 16 x 2 = 32 x 2
= 64 x 2 =128 x 2 = 256 x 2 = 512 x 2 = 1 GB x 2 = 2 GB x 2 = 4 BG x 2
= 8 GB x 2 = 16 GB x 2 = 32 GB x 2 = 64 GB အဲ့လိုမျိုးလေးပါ ... အဲ့ဒီ့သဘောက ကျွန်တော်တို့အနေနဲ့ memory ပမာဏ တူညီတာတွေကို ပေါင်းပြီးစိုက်ရင် စက်ရဲ့ လုပ်ဆောင်မှု ပိုမိုမြန်ဆန်လာပါတယ် .. မယုံရင်စမ်းကြည့် . မတူတာကိုစိုက်ပြီး program ကြီးကြီး ၂ ခုလောက်ကိုဖွင့် .. တူတာနှစ်ခုကိုစိုက် program ကြီးကြီး ၂ ခုလောက်ကိုဖွင့် ဘယ်ဟာမြန်မလဲလို့ photoshop နဲ့ coral draw အဲ့ဒီ့နှစ်ခုကို
ဖွင့်ပြီးစမ်း ... အဲစမ်းဆိုလို့ မတူတာနှစ်ခုကို စမ်းလို့ board
ကြောင်ပြီး တစ်ခုခုဖြစ်ရင်တော့ ကျွန်တော်နဲ့မဆိုင်ဘူးနော် .. service
လုပ်တယ်ဆိုတာ အပြောလွယ်ပေမယ့် ကြုံတွေ့ရတဲ့ ပြဿနာတွေကတော့
အမျိုးမျိုးပါဘဲ .. ဒါပေမယ့် ရုန်းရတဲ့စက်ရဲ့ လုပ်ဆောင်မှုအားချင်းက
Valence မမျှတာကိုပြောတာပါ . ဥမာတစ်ခုကျွန်တော်ပေးကြည့်ပါ့မယ် . အားသန်တဲ့
နွားတစ်ကောင်နဲ့ အားနဲနေတဲ့နွားတစ်ကောင် နွားချင်းတော့တူပါတယ် . ဒါပေမယ့်
သူတို့နှစ်ကောင်ကို လှည်းတစ်စီးတည်းမှာ တပ်ပြီးမောင်းကြည့်လိုက် .
အားသန်တဲ့နွားကတော့ ရုန်းမှာပဲလေ . အားမသန်တဲ့နွားက သိပ်မရုန်းနိုင်ဘူး .
ဒီစက်မှာလုပ်ဆောင်တဲ့ လုပ်ငန်းတွေကို လှည်းအိမ်လို့သဘောထားလိုက် .
ကဲစိတ်ကူးနဲ့မောင်းကြည့်ဗျာ . ရှေ့က သန်တဲ့နွားရုန်းတိုင်း နောက်က
လှည်းကလိုက်လား . မလိုက်ဘူးဗျ . ဘာဖြစ်လို့လဲဆိုရင် သန်တဲ့နွားကသာ
အတင်းသွားနေတာ အားနည်းတဲ့နွားကတော့ သူ့အားရှိသလောက်ကလေးပဲသွားတော့
လိုရာခရီးကို မရောက်တော့ဘူးပေါ့ . ကြာလာရင် အားသန်တဲ့နွားပဲ
ပိုပင်ပန်းမှာပဲလေ . အားနည်းတဲ့ နွားနှစ်ကောင်ဆိုရင်တော့လဲ လှည်းက
အချိန်မှန်မှန်နဲ့ အိပဲ့အိပဲ့သွားနေမှာပါ . တစ်ကောင်က ရှေ့ကိုရောက်လိုက်
နောက်တစ်ကောင်က နောက်မှာကျန်နေခဲ့လိုက် မဖြစ်တော့ပါဘူး .. အခု Ram ရဲ့သဘောတရားကလဲ အဲ့လိုပါပဲ . source:ညီနေမင်း
You might also like:
0 comments:
Post a Comment