Everything About IT Notes
Tuesday, March 27, 2012
Remote Installation Services (RIS) အပိုင်း ( ၃ )
ဘာမှန်းမသိတဲ့ အလုပ်တွေနဲ့ ရှုပ်နေလို့  ပို့ စ်တင်တာနောက်ကြသွားတယ် အဲဒီအတွက် အားလုံးကိုတောင်းပန်ပါတယ်။
ကျွန်တော်အပိုင်း ( ၂ ) မှာပြောခဲ့တဲ့ အဆင့်တွေ အတိုင်းအောင်မြင်ပြီ ဆိုလျှင်တော့ ကိုယ်ထည့်သွင်းလိုက်တဲ့ Partition အပိုင်းထဲမှာ သွားကြည့်လိုက်ပါ။ ဒီလိုမြင်နေရပါ လိမ့်မည်။ 
သတိပြုရန်မှာ - ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ Remoteinstall ဆိုတဲ့ Folder က share ပေးထားတာ ဖြစ်နေရပါမယ်။ သူ့ ကိုဖွင့်ကြည့်လိုက်မယ်ဆိုလျှင်တော့ ဒီလိုမြင်ရပါ့မယ်။
Admin, OSChooser, Setup, tmp ဆိုတဲ့ Folder လေးခု ပါရှိပါတယ်။ အခုပြောသွားတာတွေကတော့ ကိုယ်ဖန်တီးခဲ့တာတွေကို ပြန်လည်စစ်ဆေးတဲ့ အပိုင်းပါ။ အခုဆက်ပြီး AD အပိုင်းကို သွားပါ့မယ်။ ဒါကြောင့် Active Directory Users and Computers ကိုဖွင့်ပါ။ အဲဒီထဲကမှ Computers ကိုသွားပါ။
ပြီးလျှင် ပုံပါအတိုင်း Computers ပေါ်မှာ Right Click >>> New >>> Computer ဆိုတာကိုရွေးလိုက်ပါ။ အဲလိုရွေးလိုက်လျှင်...
ယခု မြင်နေရတဲ့ ပုံအတိုင်း ကျလာမည်။ Computer Name တစ်ခုကို သတ်မှတ် ပေးလိုက်ပါ။ ကျွန်တော်ကတော့ client1 လို့ ပေးလိုက်ပါတယ်။ (မှတ်ချက် - ဤလုပ်ငန်းစဉ်သည် Client 10 လုံးစာကို ပြုလုပ်လိုပါက ထို Client 10 လုံးစာအတွက် Computer Name 10 ခုစာဖန်တီးပေးဖို့ လိုပါသည်။ ) ပြီးလျှင် Next မှာနှိပ်ပါ။
ဤအဆင့်သည် အရေးကြီးတဲ့ အပိုင်းကိုရောက်လာပါပြီ။ ကိုယ် windows လှမ်းတင် မည့် Client စက်၏ GUID ကိုသိဖို့ လိုလာပါပြီ။ ကျွန်တော့်ကလည်းတုန်းက ဒီအဆင့်လည်းရောက်ရော.. ရွာလည်တော့တာပါပဲ။ ဘာဖြစ်လို့ လဲဆိုတော့ GUID ဆိုတာ ဘာမှန်းကို မသိလို့ ပါ။ Google မှာရှာကြည့်မှ GUID ဆိုတာ Globally Unique IDentifier ဖြစ်ကြောင်း Device တွေကို တန်ဖိုးသတ်မှတ်ပေးတဲ့ စနစ်ဖြစ်ကြောင်း သိရပါတယ်။ ဒါဆိုလျှင် ကိုယ်လှမ်းတင်မဲ့ client စက်၏ GUID ကိုသိဖို့ အတွက် Client စက်၏ BIOS ထဲမှာ ဝင်ပြင်ဖို့  လိုပါတယ်။ 
Client စက်တွင်လုပ်ရန်။
Client စက်၏ BIOS ထဲကိုဝင်ဖို့ အတွက် Delete, F1, F2 စသည်ဖြင့် သက်ဆိုင်ရာ Key ကိုနှိပ်၍ ဝင်လိုက်ပါ။ ရောက်လျှင် Boot Tab ကိုသွားပြီး Boot Device Priority ၏ First boot Device နေရာမှာ PXE UNDI(Bus0 Slot) ကိုထားပါ။
ပုံပါအတိုင်းပြောင်းလဲပြီးပါက Save and Exit ဖြင့်ထွက်ပြီး Boot တက်ပေးလိုက်ပါ။
Boot တက်တဲ့အချိန်မှာ သေချာရှာကြည့်လိုက်ပါ။ ကျွန်တော်တို့ လိုချင်တဲ့ GUID ကို တွေ့ နေရပါမည်။ ကဲ... ဒီလောက်နည်းပဲ ကျွန်တော်နားအုန်းမည်။
ရေးသားသူ - ကိုညီ (29.8.2009)
Naevius USB Antivirus 2.1
လူသုံးများနေတဲ့ USB Disk Security လို ဆော့ဖ်ဝဲလ်တစ်ခုပါ။ ဒါပေမဲ့ USB Disk Security ထက် ပိုပြီး ကောင်းပါတယ်။ ဘယ်နေရာ ပိုကောင်းသလဲဆိုတော့ USB Disk Security က USB Stick ထိုးလိုက်တဲ့အခါမှာ ဗိုင်းရပ်စ်ပါတယ်ဆိုရင် ပါတဲ့အကြောင်း သတိပေးပါတယ်။ user က ကိုယ့်ဘာသာကို Delete လုပ်ပေးရပါတယ်။ အခု Naevius ကတော့ ကွန်ပျူတာမှာ ဗိုင်းရပ်စ်ပါတဲ့ Memory Stick ထိုးလိုက်ရင် အဲဒီဗိုင်းရပ်စ်ကို အလိုလို ဖျက်ပစ်ပါတယ်။
ပြီးတော့ သူ့မှာ USB Protect ဆိုတဲ့ Function လေးတစ်ခုပါပါတယ်။ သူကဘာလဲဆိုတော့ ကျွန်တော်တို့ Memory Stick ထဲကို ဗိုင်းရပ်စ်မ၀င်အောင် လုပ်ပေးနိုင်ပါတယ်။ အဲဒါကြောင့်မို့ ဗိုင်းရပ်စ်ရှိတဲ့စက်မှာ Stick သွားထိုးလည်း ဗိုင်းရပ်စ်မကူးနိုင်တော့ပါဘူး။ ဒါပေမဲ့ အဲဒီလို Protect မလုပ်သေးခင် Stick ထဲမှာ ရှိသမျှ data တွေအကုန်လုံးကို အရင်ယူထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ Protect လုပ်တဲ့အခါမှာ Stick ထဲမှာ ရှိသမျှ data တွေအကုန်လုံးကို ဖျက်ပစ်တာမို့ပါ။
တကယ်ကောင်းတာမို့ ဗိုင်းရပ်စ်ရန်က ကင်းဝေးလိုသူတိုင်း အသုံးပြုစေချင်ပါတယ်။
By IT Men at itmen.myanmarbloggers.org
တင်ပြသူ - ကိုညီ (29.8.2009)
Remote Installation Services (RIS) အပိုင်း ( ၂ )
ကျွန်တော့်၏ server 2003 မှာ Remote Installation Services component ကို ထည့်သွင်းပြီးပြီဖြစ်သဖြင့် RIS လုပ်ငန်းကို စတင်လို့ ရပါပြီ။ စတင်အသုံးပြုပုံမှာ - Start>>>run box ထဲမှာ risetup ရိုက်ပြီး Enter ခေါက်ပါ။ RIS Setup Wizard box ကျလာပါမည်။
RIS Welcome Screen တွင် RIS installation အပိုင်းပြီးမြောက်ဖို့ အတွက် လိုအပ်ချက်တွေကို ဖော်ပြထားပါတယ်။ ပြီးလျှင် Next မှာနှိပ်ပါ။
ဒီအဆင့်လေးကတော့ မိမိ server ၏ C: Drive မဟုတ်တဲ့။ တခြား Drive letter D:, E:, စသည့်အပိုင်းတွင် Remoteinstall နှင့်ပတ်သက်သော လုပ်ငန်းစဉ်များ သိမ်းဖို့ အတွက်နေရာ သတ်မှတ်ပေးတဲ့ အပိုင်းဖြစ်ပါတယ်။ ထိုသို့ သတ်မှတ်ချင်ပါက  Browse တွင်နှိပ်၍သတ်မှတ်နိုင်ပါသည်။ Next မှာနှိပ်ပါ။
ဒီအဆင့်ကတော့ အခုဖန်တီးထားတဲ့ RIS ကို Client သို့ ချက်ခြင်းထောက်ပံမှု ပေးမည်၊ မပေးမည်ကို ရွေးချယ်သည့်အပိုင်းပါ။ Next မှာနှိပ်ပါ။
ဒါကတော့ ကိုယ်ဖန်တီးလိုက်တဲ့ Image အတွက်နာမည်လေးပေးလိုက်တာပါ။ Next မှာနှိပ်ပါ။
ဒီအဆင့်ကတော့ windows image ၏ Descripiton Name ပေးတဲ့နေရာပါ။ Next မှာနှိပ်ပါ။
ဒီအဆင့်ကတော့နောက်ဆုံး ပြီးဆုံးသွားတဲ့အဆင့်ပါ။ Finish မှာနှိပ်ပါ။
ရေးသားသူ - ကိုညီ (20.8.2009)
Remote Installation Services (RIS) အပိုင်း ( ၁ )
Client Computer တွေသို့  Network ပေါ်ကတဆင့် Windows OS Installation လုပ်တဲ့ပုံစံကို သိချင်ပါတယ်လို့  တောင်းဆိုနေတဲ့  ညီအကို တွေရော။ ကျွန်တော့်ဘလော့ဒ်မှာ လာရောက်လည်ပတ် နေကြသည့် နည်းပညာရှင်၊ ၀ါသနာရှင်များအတွက်ပါ ရည်ရွယ်၍ Remote Installation Services အကြောင်းကို တစေ့တစောင်းရေးသားပါသည်ဟု နိဒါန်းပြုပါသည်။RIS လုပ်ဖို့ အတွက် ဘာတွေလိုအပ်မလဲ !
RIS Requirements
  • Windows 2003 or 2000 Server
  • Remote Installation Services Component
  • Windows XP Professional CD
  • Active Directory
  • DHCP
  • PXE Client တို့ ဖြစ်ကြပါသည်။ လိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင်တော့ RIS လုပ်ငန်းလေး စတင်လို့ ရပါပြီ။
Windows Server 2003 or 2000 တွင်ပြုလုပ်ရန်။
ပထမဦးဆုံး Remote Installation Services ဆိုတဲ့ WindowsComponent တစ်ခုကို ထည့်သွင်းပေးရပါမည်။ ထိုသို့ ထည့်သွင်းလို့ ရဖို့ အတွက် Server 2003 CD or Server 2000 CD ခွေကိုကြိုထည့်ထားဖို့ လိုအပ်ပါသည်။ ပြုလုပ်ပုံမှာ - Start>>>Control Panel>>>Add or Remove Programs အဲဒီထဲကမှ Add/Remove Windows Components ကိုရွေးပါ။ Windows Components Wizard Box ကျလာမည်။
အဲဒီထဲကမှ Remote Installation Services ကိုအမှန်ခြစ်ပေးပါ။ Next မှာနှိပ်ပါ။ Remote Installation Services ကို Install လုပ်ပေးနေပါမည်။ ပြီးလျှင် Complete Wizard Box ကျလာပါမည်။ Finish မှာနှိပ်ပါ။ ဒါဆိုလျှင် Remote Installation Services ကို Install လုပ်တာ ပြီးဆုံးသွားပါပြီ။ တခဏနားအုန်းမည်...
ရေးသားသူ - ကိုညီ (10.8.2009)
ကိုလေး ဗိုင်းရပ်စ် ရှင်းနည်း
( ဒီ Kolay.vbs ဗိုင်းရပ်စ်ဖြေရှင်းနည်းကို သူငယ်ချင်းမြတ်ကျော်ဦးပေးပို့ ချက် အတိုင်းတင်ပြလိုက်ပါသည်။ )
ဖြေရှင်းနည်းမှာ - 
  • ကဲ... အရင်ဦးဆုံး စက်ဖွင့်ဖွင့်ခြင်း၊ တက်တက်ခြင်း F8 ကိုနှိပ်ပြီး Windows ကို Normal မတက်စေဘဲ။ Safe Mode ဖြင့်တက်လိုက်ပါ။
  • Windows တက်ပြီးသွားပါက။ kolay.vbs သည် C:\Windows\system32\kolay.vbs ဆိုပြီး run နေပါသည်။ သို့ သော် မြင်ရမည်မဟုတ်ပါ။ ထို့ ကြောင့် Tools Menu >>> Folder Options ကိုရွေးပါ။ အဲဒီထဲကမှ - view ဆိုတဲ့ Tab ပြီးလျှင် Advanved Settings ထဲတွင် လိုက်ရှာပါ။ (Show hidden files and folder) and (Hide protected operating system files) နှစ်ခုလုံးကိုရွေးချယ်ပေးဖို့ လို ပါသည်။ ပြီးလျှင် OK နဲ့ ထွက်လိုက်ပါ။ ဒါဆိုရင်တော့ system32 အောက်တွင် kolay.vbs ကိုမြင်ရပါပြီ။ ဒါပေမဲ့ သူ့ ကိုဖျက်လို့ ရဖို့ အတွက် Command prompt ထဲကို သွားရပါမယ်။ ဒီအတိုင်းဖျက်ချလို့ မရပါ။
  • Star >>> run (box ထဲတွင် cmd လို့ ရိုက်ပြီး command prompt ထဲဝင်လိုက်ပါ။ ပြီးလျှင် Dos mode ကနေတဆင့် system 32 အောက်ကို ရောက်အောင်သွားပါ။ (ဤအဆင့်တွင် Dos mode ကနေတဆင့် system32 သို့ ရောက်အောင် ၀င်ပုံဝင်နည်းကို မရေးပြတော့ပါ။) ရိုက်ရမည့် command မှာ attrib -r -a -s -h C:\Windows\system32\kolay.vbs လို့ ရိုက်ပြီး Enter ခေါက်ပါ။ ဒီအဆင့်က သူ့ မှာဝင်နေတဲ့  system permission တွေကိုဖြုတ်လိုက်တာပါ။  ပြီးလျှင် del C:\Windows\system32\kolay.vbs ဆက်ရိုက်ပြီး Enter ခေါက်လိုက်ပါ။ kolay.vbs file ကို ဖျက်ချလိုက်ခြင်းဖြစ်ပါသည်။
  • start>>>run box ထဲမှာ regedit လို့ ရိုက်ပြီးဝင်ပါ။ (သတိပြုရန် - ဘာမှ မပြုပြင်ခင် ကြို၍ registry backup ပြုလုပ်ထားပါ။) ပြီးလျှင် Ctrl + F ကိုနှိပ်ပါ။ ကျလာသည့် Box တွင် kolay.vbs လို့ ရိုက်ပြီး ရှာပေးသမျှကို ဖျက်ပါ။ သတိပြုရန်မှာ ( HKEY_LOCAL_MACHINE\SOFTWARE\Micorsoft\Windows NT\CurrentVersion\Winlogon ) ထဲက userinit.exe file မှာ kolay.vbs ရှိနေပါလိမ့်မယ်။ ဒီတိုင်းဖျက်ချလို့  အဆင်မပြေပါ။ ဖျက်ချလိုက်မိပါက Windows ၏ Logon ကို ၀င်လို့ မရဖြစ်သွားပါမယ်။ ထို့ ကြောင့် userinit.exe file ကို right click နှိပ်ပြီး modify လုပ်ရပါမယ်။ အဲဒီထဲမှာ အခုဖော်ပြထားတဲ့ ( C:\WINDOWS\system32\userinit.exe, ) လမ်းကြောင်းပဲ ဖြစ်နေရပါမယ်။ kolay.vbs ကိုဖျက်ချဖို့ လိုပါတယ်။ ပြီးလျှင်တော့ စက်ကို Restart ချပေးလိုက်ပါ။ ဒါလေးပါပဲ။ အခုပြောပြတာတွေ အားလုံးလိုက်ရှင်းနိုင်မယ်ဆိုရင် kolay.vbs ( ကိုလေးဗိုင်းရပ်စ် ) ကို ပျင်းတယ်လို့ ပြောလိုက်ပါ။ 
ရေးသားသူ - ကိုညီ (7.8.2009) Ref:  http://sites.google.com/site/nnyioo/
0 comments:
Post a Comment