Everything About IT Notes

Wednesday, March 21, 2012

Run Dll 32 ပြဿနာ

ကွန်ပျူတာကို ဖွင့်လိုက်တိုင်း အောက်မှာပြထားတဲ့ ပုံလေးမျိုး အလိုလိုပေါ်လာတာကို  တွေ့ဖူးကြမယ်  ထင်ပါတယ်။ ဒီပြဿနာက ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာပါ။ ဘာဖြစ်လို့လည်းတော့ ကျွန်တော် လည်း အတိအကျ မသိပါဘူး။ ( ဘယ်သိမလဲ၊ တတ်မှမတတ်တာ ) :P

သေချာတာတစ်ခုကတော့ လက်ဂဏာမငြိမ်လို့ပဲဖြစ်ပါတယ်။ ဟာဟ၊ ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ်။  အဲဒါကတော့ ပစ္စည်းတစ်ခုအသစ်ရလာပြီဆိုရင် ကလိတော့တာပဲ။ အဲလိုကလိရင်းနဲ့ သုံးတတ်သွားတာ များပါတယ်။ အလကား ရမ်းပြီး ကလိတာတော့ မဟုတ်ပါဘူး။ ပေါ်လာတဲ့စာလေးတွေကို လိုက်ဖတ်၊ ပြီးတော့ ဘယ်လိုလည်းဆိုတာ စမ်းကြည့်တဲ့သဘောပါ။ အဲလိုနဲ့ပဲ...ဒီပြဿနာက စလာတယ်ဆိုပါတော့..... ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် တတ်သလောက်မှတ်သလောက်လေးနဲ့ အမျိုးကြိုးစားကြည့်တယ်။   မရပါဘူး။ ကိုညီနေမင်းကို email ပို့ပြီး မေးကြည့်သေးတယ်။ သူလည်း အလုပ်များတယ်နဲ့ တူပါတယ်။ စာမပြန်ပါဘူး။ နောက်ဆုံးတော့လည်း ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး Google ကိုပဲ အားကိုး  လိုက်ရတာပေါ့။
နည်းတွေကတော့ အများကြီးပါပဲ။ အလွယ်ကူဆုံးလို့ထင်ရတဲ့ နည်းပညာတစ်ခုကို အားကိုးမိတယ်။ အဲဒါနဲ့  သူ့ဆိုဒ်မှာ ပြောထားတဲ့အတိုင်း Regcure ကိုဒေါင်းပြီးရမ်းကြည့်လိုက်တယ်။ ပြီးတော့   scan ဖတ်ကြည့်   တာပေါ့။ Dlls file နဲ့ ပတ်သက်လို့ အမှားတွေ အများကြီး တွေ့ပါတယ်။ ဒါပေမယ့် Full version မဟုတ် လို့ မဖြေရှင်းပေးနိုင်ဘူး။ လိုချင်တဲ့ Full Version ကလည်း အလကားမရတော့ အခက်သားကိုး။ အဲဒါနဲ့ ဆက်ရှာပြန်တော့ ဆိုဒ်တစ်ခုက Full Version တစ်ခုကို သွားတွေ့တယ်။ အလွယ်တစ်ကူလည်း ဒေါင်းလို့  ရပါတယ်။ 

ဒါပေမယ့် သူလည်း မဖြေရှင်းပေးနိုင်ဘူး။ ကွန်ပျူတာကိုစဖွင့်တိုင်း ဒီ Rundll Error Message  က ပေါ်လာမြဲပါပဲ။ အဲဒါနဲ့ နည်းပညာတွေကို ဆက်လက်ရှာဖွေရင်း မအိပ်မနေ ကြိုးစားလိုက်တာ   အဆင်ပြေသွားတယ်ဗျာ။
ခု ကျွန်တော် အဆင်ပြေသွားတဲ့ နည်းလေးကို ပြောပြပါ့မယ်။ Start Menu က Run Box ကိုဖွင့်ပြီး regedit ဆိုတာကို ရိုက်ထည့်ပါ။ ပြီးတော့ Enter
HKEY_LOCAL_MACHINE folder ကို ဖွင့်ပါ။ အောက်မှာပြထားတဲ့အတိုင်း တစ်ဆင့်ချင်း ဆက်နှိပ်သွားပါ။
"Software" folder
"Microsoft" folder
"Windows" folder
"Currentversion" folder နောက်ဆုံး
Run folder  ကို နှိပ်ပြီးတာနဲ့ အောက်မှာပြထားတဲ့အတိုင်း မြင်ရလိမ့်မယ်။ မြင်ကွင်းပုံစံနည်းနည်း ကွဲလွဲ တာမျိုးလည်း ရှိတတ်ပါတယ်။

အပြာရောင်လေးနဲ့ ပြထားတဲ့နေရာလေး တွေ့တယ်နော်။  ( ကြည့်လွယ်အောင်လို့ အပြာရောင် highlight
လေးနဲ့ပြထားတာပါ။ တစ်ကယ်ကတော့ အဲဒီလိုမပြပါဘူး။ ဘာဖြစ်လို့အဲဒီလိုပြောရလဲဆိုတော့  ကျွန်တော့် သူငယ်ချင်းတစ်ယောက်အဖြစ်မျိုးကြုံမှာစိုးလို့ပါ။ အဲဒီအဖြစ်လေးကဒီလို....သူဘလော့လုပ်ချင်တယ်ဆိုလို့  ကိုညီလင်းဆက်ရေးထားတဲ့ စာအုပ်လေးကို ကျွန်တော်သူ့ကို ဒေါင်းပေးထားတာ ရှိတယ်ဗျ။   ကျွန်တော် သူ့ကို သေသေချာချာ ပြောထားပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီး လုပ်ကြည့်၊ အရမ်းလွယ်တယ်လို့။ စာအုပ်က တစ်ကယ်ကောင်းတဲ့စာအုပ်လေးဗျာ။ စာဖတ်သူတွေ ကြည့်ရလွယ်အောင်လို့ မြှားလေးတွေ၊ အပြာရောင်  highlight လေးတွေနဲ့ ရှင်းပြထားတာ။ အဲဒီမှာ ပြဿနာက စတော့တာပဲ။ စတာကတော့ ကြာနေပြီ။ Post ရှည်နေလို့ ဒီလောက်ပဲ လိုရင်းကို ရေးလိုက်တာ။
သူက စာအုပ်လေးကိုဖတ်ပြီး တစ်ဆင့်ချင်းစီပေါ့ဗျာ။ အဲ...စာအုပ်တစ်နေရာမှာတော့ အဲလိုမြှားလေးတွေ၊ အပြာရောင် highlight လေးတွေနဲ့ ရှင်းပြထားတာ။ သူတစ်ကယ်လုပ်တဲ့အခါမှာတော့ အဲဒီလို မြှားတွေ၊ highlight တွေက ဘယ်ပါတော့မလဲဗျာ။ နမူနာနဲ့ တစ်ကယ်နဲ့မှ မတူတာ။  အဲဒီသဘောတရားကို သူမသိပဲ သူလုပ်တဲ့အခါမှာ စာအုပ်ထဲကအတိုင်း ဘာဖြစ်လို့မတူရတာလဲဆိုပြီး ကျွန်တော့်ကိုမေးလို့ မနည်းကို ရှင်းပြလိုက်ရတယ်။ ငိုရအခက် ရယ်ရအခက်ပေါ့ဗျာ။ ထားပါတော့။ စကားကြုံလို့ပါ။)
ကျွန်တော်ဥပမာပြထားတဲ့ အဲဒီအပြာရောင်နေရာ စာတန်းလေးတစ်ခုလုံးကို အစ၊အဆုံး select မှတ်ပြီး delete လုပ်လိုက်ဗျာ။ ဒီလိုအတည်ပြုစာတန်းဘောက်ကလေး ပေါ်လာဦးမယ်။
 
Yes ကိုနှိပ်ပြီး ကွန်ပျူတာကို  Restart လုပ်လိုက်ပေတော့။ လုံးဝကို ပျောက်သွားတာ။ မိတ်ဆွေများလည်း  ကျွန်တော့်လိုမျိုး ကြုံလာခဲ့ရင် ဒီနည်းလေးကို ဖြေရှင်းပြီး အဆင်ပြေကြပါစေဗျာ။ သိစေချင်လွန်းလို့   စာအရှည်ကြီးရေးပြီး ရှင်းပြတာကို နားလည်ပေးပါ။
Ref:  http://mgthuya.blogspot.com/2011/11/run-dll-32.html#more

0 comments:

Post a Comment