Everything About IT Notes

Thursday, May 31, 2012



 Preview အဖြစ် ထုတ်ပေးထားတဲ့ Microsoft ရဲ့ Office 2010 နဲ့ ပတ်သတ်လို့ FAQ ပုံစံမျိုးနဲ့ပဲ ပြောပြသွားပါ့မယ်။ 2003 နဲ့ အသားကျလို့ အဆင်ပြေနေကြတဲ့အချိန် 2007 ထွက်လာတယ်။ အများကြီးပြောင်းလဲသွားတယ်။ အရမ်းမကျွမ်းကျင် သေးသူတွေ မပြောနဲ့ ကျွမ်းကျင်ပြီးသား သူတွေတောင် တစ်ပါတ်လောက် သုံးပြီးမှ နည်းနည်းအဆင်ပြေသွားတယ်။ အခုလည်း 2010 တဲ့  … ဘာတွေပြောင်းဦးမလဲ။ စိတ်ဝင်စားမယ်ထင်ပါတယ်။ ဒီပို့စ်မှာ သူ့ရဲ့ ပါဝင်မှု၊ ပြောင်းလဲမှု နဲ့ လိုအပ်ချက်တွေကို ပြောပြသွားပါ့မယ်။
Q1 : Microsoft Office 2010 ထဲမှာ ဘာတွေ ပါသလဲ ?
Office 2010 တွင် ပါဝင်သော Applications များ ..
Office 2010 တွင်မပါပဲ အသစ်ထွက်လာသော Applications နှစ်ခု
Q2 : Office 2010 မှာ တည်းဖြတ်မှု အမျိုးအစား ဘယ်နှစ်မျိုး ရှိပါသလဲ ?
2010 ကို တည်းဖြတ်မှု အမျိုးအစား (Edition) ၆ မျိုးနဲ့ ထွက်လာပါလိမ့်မယ်။

  1. Starter Edition
  2. Home and Student Edition
  3. Home and Business Edition
  4. Standard Edition
  5. Professional Edition
  6. Professional Plus Edition
Q3 : အဲဒီ Edition တွေကို ဘယ်လိုဈေးနှုန်းနဲ့ ရောင်းချမှာလဲ ?
အခုထိတော့ ဘယ်လောက်နှုန်းထားဖြစ်မယ်လို့ မပြောသေးပါဘူး။ လက်ရှိ preview အနေနဲ့ ပေးထားတဲ့ Beta version ကိုတော့ free ပေးထားပါတယ်။ applications အသုံးပြုမှုမှာ အကန့်အသတ် ရှိမယ့်အပြင်၊ free version တွေရဲ့ ထုံးစံအတိုင်း applications တွေထဲမှာ ကြော်ငြာတွေလည်း ပါဝင်နေမှာဖြစ်ပါတယ်။
Q4 : Office 2007 အသုံးပြုသူတွေအတွက်ရော Upgrade လုပ်လို့ရနိုင်သလား ?
2007 ကို Installed လုပ်ထားခဲ့ပြီး သုံးနေတယ်ဆိုပါစို့။ Uninstall လုပ်စရာမလိုပဲ Office 2010 ကို run လိုက်ပါ။ install လုပ်ဖို့အတွက် Upgrade နဲ့ Customize ဆိုပြီး ရွေးခိုင်းပါလိမ့်မယ်။ Customize ကို ရွေးပြီး၊ နောက်ပေါ်လာမယ့် Upgrade options မှာ Keep all previous versions ကို check ပေးပြီး install လုပ်ပါ။ ဒါဆိုရင် 2007 ကနေ 2010 ကို Uninstall လုပ်စရာမလိုပဲ အဆင်ပြေပြေနဲ့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။
Q5 : Office 2010 ကို 64-bit Version အနေနဲ့ရော ထုတ်မှာလား ?
ထုတ်မှာပါ။ 32-bit (x86) နဲ့ 64-bit (x64) နှစ်မျိုးလုံး ထွက်လာမှာပါ။
Q6 : Office 2010 ကို သုံးဖို့အတွက် ဘယ်လို Hardware တွေရှိဖို့ လိုအပ်သလဲ ?
  1. 500 MHz 32-bit or 64-bit processor နှင့်အထက် (Intel PentiumIII နှင့်အထက် processor)
  2. PC100 SDRAM 256 MB နှင့်အထက်
  3. HDD Disk space 3GB
  4. Resolution 1024×768 နှင့်အထက် အသုံးပြုဖော်ပြနိုင်သော် monitor
  5. DVD-R/W Drive (DVD version အနေနဲ့ ထွက်မှာမို့ပါ။ မရှိခဲ့ရင်လည်း Internet မှ (သို့) အခြားစက်မှတဆင့် ရယူနိုင်ပါတယ်)
Q7 : ဘယ်လို OS တွေမှာ အသုံးပြုလို့ ရနိုင်သလဲ ?
  1. Windows XP
  2. Windows Server 2003
  3. Windows Vista
  4. Windows Server 2008
  5. Windows 7 စတဲ့ Windows OS များမှာ သာ အသုံးပြုနိုင်ပါတယ်။ hardware နဲ့ OS လိုအပ်ချက်အတွက် ချုံ့ပြောရရင် XP service pack 3 ကို ကောင်းကောင်းအသုံးပြုနိုင်တဲ့ PC ဆိုရင် Office 2010 ကိုသုံးလို့ရပါပြီ။ အကယ်၍ လက်ရှိအသုံးပြုနေတာက Vista, windows 7 သို့မဟုတ် Windows server 2008 ကဲ့သို့သော windows latest များဖြစ်နေရင်တော့ သုံးလို့ရနိုင်မလားလို့ မေးနေစရာတောင် မလိုတော့ပါဘူး။ အတိုင်းထက်အလွန်ပေါ့။
Q8 : Office 2010 က ဘယ်တော့ ထွက်မှာလဲ ?
အခုသိရသလောက် ကြော်ငြာထားတာက 2010 June လ ထဲမှာ ဖြစ်ပါလိမ့်မယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ microsoft က Beta version ကို free ပေးပါတယ်။ အောက်ပါ နေရာများမှာ ရယူနိုင်ပါတယ်။
Get FREE Microsoft Office Professional Plus 2010 Beta
Get FREE Microsoft Visio 2010 Beta
Get FREE Microsoft Office Web Apps Beta
Q9 : 2007 နဲ့ မတူပဲ ထူးထူးခြားခြား ဘာတွေများ ပြောင်းလဲသွားတာ ရှိသလဲ ?
MS ရဲ့ ထုံးစံအတိုင်းပေါ့။ Version တစ်ခုထွက်လာပြီဆိုရင် အရင်ထက် ထူးခြားတာတွေ ပါလာစမြဲပဲလေ။ အရမ်းသိသိသာသာ ထူးခြားပြီးပါလာတာက sharing and communication အပိုင်းပေါ့။ Office ရဲ့ applications တွေထဲမှာတင် Bluetooth စနစ်ကိုသုံးပြီး share လုပ်နိုင်ဖို့ပါဝင်လာပါတယ်။ Send smile ဆိုတဲ့ function ကို သုံးပြီး smile ပုံလေးတွေ၊ စာတွေသာမက လက်ရှိ မိမိကွန်ပျူတာရဲ့ screenshots တွေကိုပါ Email ID ရည်ညွှန်းပေးပြီး ပေးပို့နိုင်ပါတယ်။ နောက်ပြီး applications တိုင်းမှာလည်း ထူးခြားကောင်းမွန်လာတဲ့ functions တွေပါပါတယ်။ ဥပမာ – word မှာဆိုရင် ရှာဖွေဖို့အတွက် ပိုပြီးအဆင်ပြေတဲ့ pop up Navigation, လှပပြီး ဒီဇိုင်းမျိုးစုံပါတဲ့ Visual text effect များ, image တွေကို word ထဲမှာတင် အရောင်အသွေး၊ ဓါတ်ပုံဘောင်၊ reflection စသဖြင့် ပြင်ဆိုင်နိုင်တဲ့ Visual impact, text များကို ဆန်းသစ်ပြီး 3D ဆန်တဲ့ Diagrams များ ဖန်တီးနိုင်ခြင်း စတဲ့ စတဲ့ တိုးတက်ပြင်ဆင်မှုတွေလည်း အများကြီးပေါ့ဗျာ။ အောက်က setup လုပ်ခြင်းနဲ့ စတင်မြင်တွေ့ရမယ့် 2010 ရဲ့ Screenshots တွေကိုလည်း ကြည့်လိုက်ပါဦး ….

0 comments:

Post a Comment