Everything About IT Notes

Thursday, May 31, 2012


My name is Yuyun ဗိုင်းရပ်(စ်) တစ်မျိုးထွက်ရှိလာပြန်ကြောင်း

My name is Yuyun အမည်ဖြင့် ဗိုင်းရပ်(စ်) အသစ်တစ်မျိုး ထွက်ရှိလာကြောင်း သိရှိရ၍ စာဖတ်သူများအား အသိပေးအပ်လိုက်ပါတယ်။
အဆိုပါဗိုင်းရပ်(စ်)မှာ ကွန်ပျူတာအား ချက်ချင်း ပျက်စီးစေရန် နှောင့်ယှက်ပြုလုပ်ခြင်း မဟုတ်ဘဲ ကွန်ပျူတာအတွင်းရှိ မူရင်းဖိုင်များအပြင် အတုဖိုင်များဖန်တီးခြင်း၊ ဖိုင်အပိုများ တည်ဆောက် ခြင်းဖြင့် ကွန်ပျူတာကို ပိုမို လေးလံလာစေမည် ဖြစ်ကြောင်းသိရပါတယ်။

ကွန်ပျူတာတွင် အဆိုပါ ဗိုင်းရပ်(စ်) စတင်ဝင်ရောက်နေပါက ပထမဦးဆုံး My Document တွင် My name is Yuyan.rtf နှင့် Baca AQ.rft ဖိုင်နှစ်ခု တည်ဆောက်မည် ဖြစ်ပြီး ကွန်ပျူတာအတွင်းရှိ Folder များ၏ အမည်ကိုရယူကာ အတုဖိုင်များကို ဖန်တီးမည် ဖြစ်သည်။ အဆိုပါ ဗိုင်းရပ်(စ်) အားရှင်းလိုပါက ပထမဦးဆုံး Window Task Manager မှ wscript.exe ကို end process ပြုလုပ်ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် System Configuration သို့ဝင်ရောက်ပြီး Microsoft Office Update နှင့် database နှစ်ခုကို Disable ပြုလုပ်ရမည်ဖြစ်ပါတယ်။
ထိုသို့ ပြုလုပ်ပြီးပါက D: (သို့) E: အတွင်းမှ Diskeeper ဖိုင်ကို ဖျက်ရမည်ဖြစ်သည်။ ထိုသို့ဖျက်ပြီးပါက Windows Search အတွင်းမှ *.inf နှင့် *.rtf တို့ကိုတစ်ခုချင်း ရိုက်၍ ရှာဖွေဖျက်ပေး ရမည်ဖြစ်သည်။ *.inf ရိုက်သည့်အခါတွင် auto run ဖိုင်များကျလာမည်ဖြစ်ပြီး အဆိုပါ auto run ဖိုင်များကို ဖျက်ပြီးပါက ဖိုင်ထပ်မံကူးယူခြင်း လုပ်ငန်းရပ်တန့် သွားမည် ဖြစ်သည်။ *.rtf ဖြင့်ရှာဖွေသည့်အခါတွင် My name is Yuyun နှင့် Baca AQ ဖိုင်များကျလာမည် ဖြစ်ပြီး အဆိုပါဖိုင်များကို ဖျက်ပေးရမည်ဖြစ်ပါတယ်။
ထိုသို့ ဖျက်ပြီးပါက ဗိုင်းရပ်(စ်) မှ ထပ်မံပွားထားသည့် အတုဖိုင်များကို ရှာဖွေရာတွင် *.lnk ဖြင့် ရှာဖွေနိုင်ပြီး Microsoft အမည်ဖြင့် မလိုအပ်သည့်ဖိုင်များကို ဖျက်ပြီးမှသာ ဗိုင်းရပ်(စ်) ကင်းရှင်းမည် ဖြစ်ပါတယ်။
စာဖတ်သူများအား My name is Yuyun ဗိုင်းရပ်(စ်) ဘေးမှ ကင်းဝေးစေလိုသော ဆန္ဒဖြင့် အသိပေး ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ စာဖတ်သူအပေါင်း ဗိုင်းရပ်(စ်)ဘေးမှ ကင်းဝေးကြပါစေ…………………

0 comments:

Post a Comment