How to Install Myanmar Fonts on Android
Facebook က အစ်ကိုတစ်ယောက်ရဲ့
တောင်းဆိုမှုကြောင့် ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။ Android ဖုန်းတွေ ၊
Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက အရေးကြီးတာကတော့
မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Zawgyi
Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး ရပါလိမ့်မယ်။
သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ မလုပ်ဖူးရင်တော့
သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။
ကျွန်တော် အဆင်ပြေအောင် အဆင့်
(3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။
Step (1) Installing of Root Explorer
Step (2) Installing of
Zawgyi Fonts
Installing of Root Explorer
ပထမဆုံး အနေနဲ့ Root
Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File Mananger
Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတော့
Zawgyi Fonts သွင်းတဲ့နေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး
ထည့်ပေးရမှာပါ။ အဲဒီအတွက် Roots Explorer က ပိုအဆင်ပြေပါတယ်။
အရင်ဆုံး အောက်မှာ ကျွန်တော်
ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts For Android ဆိုပြီး
Zip File ရလာပါမယ်။
အဲဒီထဲကမှ အရင်ဆုံး Root
Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone ထဲက Unknown
Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။
Setting > Application > Unknown Source
အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။ Unknown Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့
သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
Download ဆွဲထားတဲ့ File
ကို phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
ကိုယ့်ရဲ့ phone ထဲက
File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ ကွာခြားတက်ပါတယ်။
အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy ထည့်ထားတဲ့ Root Explorer.apk
ကိုရှာပါ။ တွေ့ပြီဆို၇င် အဲဒီ .apk file လေးကို
နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
ဒါဆို ကျွန်တော်တို့
Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။
Installing of Zawgyi
Fonts
Zawgyi Fonts Install လုပ်ဖို့အတွက်
အစောက ထည့်ထားခဲ့တဲ့ Root Explorer ကိုဖွင့်ပါ။ software ကိုဖွင့်ဖွင့်ခြင်းမှာ
Superuser Request ဆိုပြီး လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root
Explorer ဖွင့်တာနဲ့ / ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory
ပါပဲဗျာ။ အဲဒီထဲကမှ မိမိရဲ့ SD Card ကိုရှာပါ။
SD Card ထဲကို ရောက်သွားပြီဆိုရင်
Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi Fonts ဆိုတာ ပါပါတယ်။ အဲဒီထဲက
DroidSans.ttf ဆိုတဲ့ File ကိုရှာပါ။
DroidSans.ttf ကို တွေ့ပြီဆိုရင်
3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။
Option တစ်ခု ပေါ်လာပါမယ်။
အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste နဲ့ Cancel ကိုမြင်ရပါလိမ့်မယ်
ဘာမှ မနှိပ်မိပါစေနဲ့ ။
Phone ထဲက Back ခလုတ်ကို
နှိပ်ပြီးပဲ / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။
/ ထဲကို ရောက်ပြီဆိုရင်
system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲ့ folder ထဲကို ထပ်ဝင်ပါ။
အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။
Warning Box တစ်ခု တက်လာပါလိမ့်မယ်
။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။ အပေါ်နားက permission နေရာမှာ
Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒါဆို
Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။
တစ်ကယ်တော့
DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi
fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။ အဲဒီအတွက် Zawgyi
fonts ဆိုတဲ့ နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ
ရှုပ်သွားမှာဆိုးလို့ ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု
paste လုပ်လိုက်တဲ့အခါ Warning box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့
Fonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့ Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့ အတွက်
Yes ကိုပဲ နှိပ်ပေးလိုက်ပါ။
နောက်ဆုံး အဆင့် တစ်ခု ကျန်ပါသေးတယ်။
အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည့်လိုက်တဲ့ DroidSans.ttf ဆိုတဲ့ Fonts ကို
Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3 စက္ကန့်လောက်ဖိထားလိုက်ပါ။
permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok ကိုနှိပ်ပေးလိုက်ပါ။
အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O ကို Mount R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ
။ မှားဖျက်မိတဲ့ အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။
အခုဆိုရင် Zawgyi fonts ကို
Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ ၊ website တွေကို ကြည့်လို့
ရသွားပါပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။ ဘာဖြစ်လို့လဲဆိုတော့
Keyboard မထည့်ရသေးဘူးလေ ….
အခု ကျွန်တော်
DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts ထည့်နည်းကို ပြောခဲ့ပါတယ်။
ကျွန်တော် upload တင်ထားတဲ့ download Folder ထဲမှာက DroidSansFallback.ttf ဆိုတဲ့
fonts တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ
မြန်မာလို မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့ နည်းအတိုင်း
ထပ်ထည့်ပေးလိုက်ပါ။ DroidSans.ttf ကိုထည့်လို့ မြန်မာလို ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့
။
Zawgyi
Keyboard သွင်းနည်း
Zawgyi Keyboard ထည့်သွင်းဖို့အတွက်လဲ
ကျွန်တော်ပေးထားတဲ့ ထဲက FrozenKeyboard_1.1.3.apk ကို SD Card ထဲ ထည့်ပြီး
Software ကို Install လုပ်လိုက်ပါ။
Install လုပ်ပြီးသွားရင်တော့
မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။
အဲဒီထဲမှာမှ Frozen
Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။
အရင်ဆုံး ကျွန်တော်တို့က
Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen keyboard Settings ဆိုတာ မပါတဲ့ကောင်ကိုပဲ
အမှန်ခြစ်နှိပ်ပေးလိုက်ပါ။
အဲဒီမှာ သတိပေးတဲ့
message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
ကိုယ့်ရဲ့ မြန်မာစာ
keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
Message ပို့တဲ့နေရာကို သွားလိုက်ပါ။
အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့ အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး
Input Method ထဲကနေမှ Frozen Keyboard ကို ရှာပြီး ရွှေးပေးလိုက်ပါ။
အဲဒါဆိုရင်တော့ Keyboard
ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC <> ကခ)
ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။
အဲလောက်ဆို၇င်တော့ ကိုယ့်ဘာကိုယ်
စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ် ….. သေချာ အသေးစိတ် ရှင်းမပြနိုင်တာကိုတော့ နားလည်ပေးပါ
ခင်ဗျာ … အားလုံးပဲ အဆင်ပြေကြပါစေ …
http://www.tramyanmar.co.cc/2012/04/how-to-install-myanmar-fonts-on-android.html
0 comments:
Post a Comment