Everything About IT Notes

Saturday, June 2, 2012

window 7 ရဲ့ Settings တွေကို တစ်နေရာထဲမှာ ထားချင်ရင်





ခုမှ ကွန်ပြူတာ ကို စ လေ့လာနေကြတဲ့ သူငယ်ချင်းများ အတွက်တော့ ဒီနည်းလမ်းလေးက တော်တော်လေး အဆင်ပြေစေမှာပါ....Window 7 ရဲ့ Setting တော်တော်များများဟာ Control Panel ထဲမှာပဲ ရှိတတ်ကြပါတယ် ..။ မိမိ ကွန်ပြူတာ ကို တစုံတရာ Error ဖြစ်လို့ (သို့) တစုံတရာ ပြောင်းချင် ထည့်ချင်ရင် Setting တွေကို ဟိုက ဒီက တဆင့်ချင်းစီ လိုက်ရှာရပါတယ် ..။ အဲ့ဒီလို အဆင့်ဆင့် မရှာချင်ဘူး ခေါင်းစားမခံချင်ဘူးဆိုရင် Window 7 ရဲ့ Setting တော်တော်များများ ကို တစ်နေရာထဲ မှာ စုပြီးထားလိုက်လို့ရပါတယ်...။ ဟိုက ဒီက အဆင့်ဆင့် လိုက်ပြီးရှာစရာ မလိုတော့ဘူးပေါ့..။ ကဲ စိတ်ဝင်စားရင် ဒီအတိုင်းလေး လုပ်ကြည့်လိုက်ပါ....

ကိုယ် ထားချင်တဲ့နေရာမှာ ထားလို့ရပါတယ် ကျနော်ကတော့ Desktop ပေါ်မှာ ထားပြီး နမူနာ လုပ်ပြတာပါ..။ အောက်ပုံလေးတွေ ကြည့်ပြီးရင် သဘောပေါက်သွားမှာပါ..။



တည်ဆောက်ပြီး ရလာတဲ့ New Folder ကို Click နှစ်ချက်နှိပ်ပြီး ဖြစ်စေ F2 ကို နှိပ်ပြီး ဖြစ်စေ Rename ရေးပေးရမှာပါ .. ဒီအောက်က စာလုံးတွေကို Copy ကူးပြီး ထည့်ပေးလိုက်ပါ...ပြီးရင် Enter ခေါက်လိုက်ပါ...။

All Settings.{ED7BA470-8E54-465E-825C-99712043E01C}


အပေါ်က ပုံလေးအတိုင်း Desktop ပေါ်မှာ ရောက်လာပြီဆိုရင် Double Click ပြီး လိုချင်တဲ့ Settings တွေကို တစ်နေရာထဲကနေ ကလိလို့ရသွားပါပြီ...။

အားလုံးပျော်ရွှင်ကြပါစေဗျားးးး။

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)

0 comments:

Post a Comment