(3) အိတ်ချိန်းမှအိမ်အထိ သွယ်တန်းထားသော ဖုံးလိုင်း စစ်ဆေးပြုပြင်ခြင်း
မိမိအသုံးပြုတဲ့ ဖုံးလိုင်းရဲ့ အရည်အသွေးဟာ အိတ်ချိန်းကနေ အိမ်ထဲဝင်တဲ့အထိ ကောင်းနေဖို့လိုပါတယ်၊ ဖုံးလိုင်းမှာ Noise ပါတာ၊ လိုင်းပူးတာ၊ တခြားလိုင်းကအသံကို မသဲမကွဲကြားနေရတာ ပြောရင်း လိုင်း ခဏခဏပြုတ်တာ စတဲ့ အချက်တွေဟာ လိုင်းအရည်အသွေးကျဆင်းတဲ့ ပြသာနာတွေပါ၊ဖုံးလိုင်းဟာ တယ်လီဖုံးပြောလို့ ရနေပေမယ့် DSL connection မရတဲ့ ပြသာနာ ဟာ ဖုံးလိုင်းရဲ့ အရည်အသွေးနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်၊ ADSL Modem ကိုစပြီး power ဖွင့်လိုက်တဲ့ အချိန်မှာ ADSL (သို့) DSL (သို့) WAN (သို့) link (သို့) Internet LED မီးဟာ မှိတ်တုတ်မှိတ်တုတ် ၃ ကြိမ်လောက် ကစားရမှာ ဖြစ်ပါတယ်၊ ဒီလိုကစားပြီးမှ Connection ရသွားရင် ဒီမီးဟာ လုံးဝငြိမ်သွားမှာ ဖြစ်ပါတယ်၊ မှိတ်တုတ်မှိတ်တုတ် ၃ ကြိမ်လောက်ကစားပြီး Connection မရဘူး မီးကလဲလင်းမလာဘူးဆိုရင် သေချာပေါက် ဖုံးလိုင်းအရည်အသွေး ပြသာနာရှိနေပါပြီ၊ သက်ဆိုင်ရာ Line Complaint (102)၊ လိုင်းတာဝန်ခံ လိုင်းမင်းတွေနဲ့ စစ်ဆေးပြီး လိုအပ်သလိုပြုပြင်ရပါမယ်။
- နောက်တမျိုးက ဖုံးဟင်းဆက်ကိုမထားမှ DSL connection ရတဲ့ ပြသာနာပါ၊ ဖုံးဟင်းဆက်ကိုချလိုက်ရင် DSL connection လဲပြုတ်သွားပါတယ်၊ ဒီပြသာနာကလဲ သေချာပေါက် Copper line Quality ပြသာနာပါ ဖုံးလိုင်းမှာ အဆက်တနေရာ မမိတမိဖြစ်နေတတ်ပါတယ်၊ လိုင်းအဆက်တွေမှာ အညှိတက် (Oxidized) ဖြစ်ပြီး လိုင်းဟာ ခုခံမှု မြင့်နေတတ်ပါတယ်၊ ဖုံးဟင်းဆက်ကို မထားတဲ့အခါ ဖုံးလိုင်းတလျှောက်မှာ စီးနေတဲ့ Electric current ဟာ ဒီခုခံမှုကို လျှော့ချပေးတဲ့အတွက် ဖုံးဟင်းဆက်ကိုမထားမှ DSL connection ရပြီး ဖုံးဟင်းဆက်ကိုချလိုက်ရင် DSL connection လဲပြုတ်သွားတာ ဖြစ်ပါတယ်။
- မိုးရွာရင် Connection မငြိမ်တော့ဘူး နေပူရင် ကောင်းတယ်၊ ဗေဒင်မမေးပါနဲ့ ဖုံးလိုင်းတလျှောက် အဆက်တွေမှာ ရေစိုတာ ကြိုးတလျှောက်ရေဝင်တာ ဖြစ်ပါတယ်၊ ကြိုးအဆက်များတလျှောက် ရေမစိုအောင် ဖာထေးပြီး အိမ်ကိုဝင်တဲ့ Drop Wire ပေါက်ပြဲဆွေးမြေ့နေရင် လဲလှယ်ရပါမယ်။ DSL သုံးစွဲတဲ့ လိုင်းဟာ လုံးဝရေမဝင်ဖို့ လိုပါတယ်၊ တတ်နိုင်ရင် လိုင်းအဆက်တွေအားလုံးကို တယ်လီဖုံးကေဘယ် ဆက်ရန် အထူးပြုလုပ်ထားတဲ့ U-Y Connector နဲ့ဆက်သင့်ပါတယ်၊ မရနိုင်ရင် မိုးရေခံ Sealed Tape နဲ့ အဆက်အားလုံးကို ဖာထေးရပါမယ်။
Fig-11 U-Y Connector
i) Drop Wire ကေဘယ် စစ်ဆေးပြုပြင်ခြင်း
ဒုတိယအဆင့် လိုင်းစစ်ဆေးရာမှာ အိမ်ကနေတယ်လီဖုံးတိုင် ဒါမှမဟုတ်ကက်ဘိနက် အထိ သွယ်တန်းထား တဲ့ Drop wire ကို စစ်ဆေးရမှာ ဖြစ်ပါတယ်၊ Drop wire သက်တမ်း ကြာမြင့်နေရင် အပေါက်အပြဲ အဆက်များများနေရင် လဲလှယ်သင့်ပါတယ်၊ Drop wire ပုံကို အောက်မှာ ပြထားပါတယ်။
Fig-12 Drop Wire
အိမ်တွင်းဝါယာကြိုး သွယ်တန်းမှုနဲ့ Drop wire စစ်ဆေးလဲလှယ်လို့မှ မရသေးရင် နောက်ဆုံးအဆင့်က တယ်လီဖုံး ကက်ဘိနက်ကနေ အိတ်ချိန်းရုံးအထိ အသုံးပြုထားတဲ့ UG cable သို့ overhead pair cable ကိုပဲစစ်ဆေးရတော့မှာ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ လိုင်းတာဝန်ခံ၊လိုင်းမင်း စတာတွေကို ဆက်သွယ်ပြီး စစ်ဆေးဖို့ ပြုပြင်ဖို့ လိုလာပါပြီ၊ အများအားဖြင့် အစကအသုံးပြုလို့ ကောင်းနေတဲ့လိုင်းမျိုးဆို လိုင်းအဆက်များ ပြုပြင်လိုက်ရင် ကောင်းသွားလေ့ရှိပါတယ်၊ ဒါပေမယ့် လိုအပ်လျင် အသုံးပြုထားတဲ့ pair cable လဲလှယ်ဖို့ အထိလုပ်ရမှာ ဖြစ်ပါတယ်၊ ဒီ UG , Overhead cable တွေဟာ wire pair ၄၀ ..၁၀၀ စသည်ဖြင့် cable shield တစ်ခုထဲမှာ ပါဝင်တာကြောင့် အခြား cable pair တစ်ခုနဲ့ လဲလှယ်ရမှာဖြစ်ပါတယ်၊ အထူးသတိပြုရမှာက ဒီလို Pair cable လဲလှယ်လိုက်ပြီဆိုရင် အိတ်ချိန်းမှာ internet အသုံးပြုနိုင်အောင် ကူးထားတဲ့ jumper cable ဟာအရင် pair cable အဟောင်းမှာ ကျန်နေခဲ့ပြီး အင်တာနက်ရဦးမှာ မဟုတ်ပါဘူး ဒီ jumper cable ကိုပြန်လည်ကူးယူဖို့ ISP Helpdesk ကို ဖုံးလိုင်းပြုပြင်ပြီးကြောင်း Pair Cable လဲလှယ်ထားကြောင်း အကြောင်းကြားမှသာ သက်ဆိုင်ရာ ISP technician က Jumpering ပြုလုပ်ပေးပြီး အင်တာနက်ရရှိနိုင်ပါတယ်၊
0 comments:
Post a Comment