Bus Computing
Bus တွေဟာ Data တွေကို ပို့ဆောင်ပေးသော
အစိတ်အပိုင်းများဖြစ်ကြပြီး အဓိကအားဖြင့် Processorနှင့်အခြား Component
များအကြား Bus မှတစ်ဆင့် Data များ ပို့ဆောင်ပေးပါတယ်။ Bus
များဟာMotherboard ပေါ်ရှိ (Electrical Pathway) တွေဖြစ်ကြပြီး
၎င်းအစုအဝေးများကို Trace ဟုလည်းခေါ်ဆိုနိုင်ပါတယ်။ Bus များဟာ Parallel
အနေဖြင့် Data များကို သယ်ဆောင်ပေးနိုင်သလို Serialအနေဖြင့်လည်း Data
များအား Bit-Serial ပုံစံဖြင့် လုပ်ဆောင်နိုင်ပါတယ်။
ထို့ပြင် Bus များဟာ Motherboardပေါ်တွင်
Video Card, Sound Card စသည်ဖြင့် Extra Card များချိတ်ဆက်တပ်ဆင် ရာမှာလည်း
Bus များဟာအဓိကလုပ်ဆောင်ပေးရပါတယ်။ Serial Bus အများစုတွင် Conductor
အများအပြားပါဝင်ကြပြီး၎င်းတို့ပို့ဆောင်နိုင်သော Data Rate ဟာလည်း
မြန်ဆန်ကြပါတယ်။ Parallel Bus များကတော့ လုပ်ဆောင်ချက်Function
များပြားလာသောအခါတွင် အဆင်မပြေတာကြောင့် နောက်ပိုင်းတွင် Double Pump Bus
များကိုအစားထိုးအသုံးပြုခဲ့ကြပါတယ်။ Serial Bus ဟာ Data လွှဲပြောင်းရာ၌
Parallel Bus ထက် ပိုမိုမြန်ဆန်စွာလုပ်ဆောင်နိုင်ပါတယ်။
ကွန်ပျူတာအများစုဟာ Internal နှင့်
External Bus အများအပြား ပါဝင်ကြပြီး Internal Bus ကတော့ကွန်ပျူတာအတွင်းရှိ
Component များအားလုံးကို ထို Motherboard ဆီသို့ ပို့ဆောင်ပေးပါတယ်။
ထို့ကြောင့်Internal Bus အား Local Bus ဟုခေါ်ဝေါ်ပြီး ကွန်ပျူတာအတွင်းရှိ
Local Device များကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။ External Bus ကတော့ ပြင်ပမှ
လာရောက်ချိတ်ဆက်အသုံးပြုသည့် Device များနှင့်ဆက်သွယ်ရာတွင် အဓိကလုပ်
ဆောင်ပေး ပါတယ်။
External Network ချိတ်ဆက်ခြင်းကိုတော့ Bus
ဟု ခေါ်ဆိုလို့မရနိုင်ပါဘူး။ Network နှင့် Busများအကြားကြားခံအနေဖြင့်
လုပ်ဆောင်ပေးနိုင်သည့် နည်းပညာနှစ်မျိုးကိုတော့ Infini Band
နှင့်HyperTransport ဟုခေါ်ဆိုကြပါတယ်။ ဒါပေမယ့် Internal နှင့် External
ချိတ်ဆက် အသုံးပြု တာကြောင့်တစ်ခါတစ်ရံတွင် Bus များရှုပ်ထွေးကုန်ကြပါတယ်။
Infini Band ဟာ Internal Bus ဖြစ်သည့် PCIအစားအသုံးပြုနိုင်သလို External
ဖြစ်သည့် Fibre Channel ကိုလည်း ထောက်ပံ့ပေးပါတယ်။
လက်ရှိအသုံးပြုလျက်ရှိနေသော USB ဆက်သွယ်ခြင်းကိုတော့ Peripheral Bus ဟု
သတ်မှတ်ထားပါတယ်။
ref:
Source: MY DATA Game & Software CD/DVD
0 comments:
Post a Comment