Data Centralized စနစ်ဆိုတာ
ဥပမာ – ကျွန်မတို့ အိမ်မှာ မိသားစု (၇)
ယောက်ရှိတယ်။ မိဘ (၂) ပါး နဲ့ ညီအစ်မ (၅) ယောက်ရှိတယ်လေ။ အဲ ..
အစ်မအကြီးဆုံးက အိမ်ထောင်ကျ သွားတော့ ဒို့ ညီအစ်မ (၄) ယောက်ပဲ ကျန်တာပေါ့။
အဲဒီ အထဲမှာ ကျွန်မက စတုတ္ထမြောက်သမီးဆိုတော့ ညီမလေးကို ကြည့်ရတာပေါ့။
ကိုယ်ကအကြီးဆိုတော့ သူ့ကို ဂရုစိုက်ပြုစုရတယ်။ ညှာတာရတယ်ပေါ့။ဒီလိုပါပဲ
အထက်က အစ်မကြီး (၂) ယောက်ကလည်း ကျွန်မတို့ အငယ်လေးတွေကို ဦးစားပေးပြီး
ကြည့်ရှူရှာတယ်။ အဲသို့ပေသိ
…မိခင်ကတော့ တစ်လိုင်း……. ဈေးဖိုးတွေ ၊ အထွေထွေ စရိတ်တွေ အကုန်
ကိုင်ထားရတယ်။ ဒီကြားထဲသမီးတွေ ပူဆာရင် ၀ယ်ပေးရှာပါတယ်။ အင်း…
ခေါင်းဆောင်ကြီးကတော့ ဖေဖေပေါ့။ မိသားစု မှာ ရရှိလာသမျှ ၀င်ငွေတွေအကုန်
ဖခင်ဆီအပ်ရတယ်။ အဖေက အကုန်သိတယ်။ အကုန် တာဝန်ယူတယ်။ အိမ်ထောင် ဦးစီး
ဆိုတော့တာဝန်ကကြီးသားပဲ။ အဖေ မသိတာ ဘာမျှမရှိ။ ကြုံတွေ့ရသမျှ ပြဿနာ အကုန်
ဖြေရှင်းပေးနိုင်တဲ့ ခေါင်းဆောင်ကြီးတစ်ဦးပါပဲ။
ဖေဖေမှတဆင့် မေမေဆီ ဈေးဖိုးအပ်တယ်။ မေမေက
ဝယ်ခြမ်းပေးပြီး လိုအပ်ရင်လိုအပ်သလို ကိုင်တွယ်ဖြေရှင်းနိုင်တယ်။အဲ…
အဲဒီနောက်တော့မှ သမီးတွေဆီ လိုအပ်တာလေးတွေ ရရှိတယ်ဆိုပါတော့။ အင်း…
ဆက်ပြီးသိချင်ကြပါသေးလား။မိသားစုအကြောင်းကတော့ ပြောရရင်ပျော်စရာ ကြီးပါ။
သို့ပေသိ… ပြောနေတာက Centralized ဆိုလား … ဘာဆိုလား …ဟဲ ဟဲ … ခုနက
ပေးခဲ့တဲ့ ဥပမာ အတိုင်းပါပဲ။ ၀တ္ထုတိုလေး မဟုတ်ဘူးနော်။ ဥပမာ ပေးတာပါ။
နားလည်ရ လွယ်တာပေါ့။
Data Centralized စနစ်ဆိုတာ ဒီလိုပါပဲ။
တစ်ယောက် ယောက်က ဥပမာ- Computer တစ်လုံးကို Server
အနေနဲ့ထားရှိတယ်ဆိုပါတော့။ သူက အိမ်ထောင်ဦးစီး ဖခင်တစ်ဦးနဲ့ တူပါတယ်။
အရာအားလုံးကို တာဝန်ယူရတဲ့ အတွက်သူကအကုန်သိရှိနေဖို့ လိုအပ်ပါတယ်။
လွယ်လွယ်ပြောရရင် အဲဒီ Computer ထဲကို Data တွေ ( အရေးကြီးတဲ့ Files
တွေအချက်အလက်တွေ ) ထည့်ထားတယ်ဆိုတဲ့ သဘောပါပဲ။ အဓိက ချုပ်ကိုင်ထားတဲ့
သူပေါ့။ ပြီးမှ ဒုတိယ အဆင့်အနေနဲ့မိခင်နေရာလို Computer တွေ ထားရှိမှာ
ဖြစ်ပါတယ်။ သူ့ရဲ့ အထက်မှာ ဦးဆောင်တဲ့သူ ရှိနေမယ်ပေါ့။ အဲဒီ မှတဆင့် သား
၊သမီးကဲ့သို့ ရိုးရိုး Workstations လေးတွေ ရှိနေမယ်လို့ ဆိုလိုတာပါ။
ဒါဆိုရင် Data Centralized ဆိုတာကို အလွယ်လေးနားလည်နိုင်ပါပြီနော်။
နောက်ထပ် ဥပမာ တစ်ခုပေးရရင်ဖြင့်
ကျောင်းကြီး တစ်ကျောင်းကို မြင်ယောင်ကြည့်ပါ။
ကျောင်းအုပ်ကြီးကကျောင်းတစ်ကျောင်းလုံးကို ထိန်းချုပ်ထားတာပဲ မဟုတ်လား။
ဒါလည်း Centralized စနစ်ဆိုတာပါပဲ။ပုံလေးကြည့်လိုက်ပါဦးနော်။ Data
Centralized စနစ်ဆိုတာ အဲဒီသဘောတရားပါပဲ။
ပုံ
ကဲ နောက်ဆုံး ဥပမာ ပေးရရင်တော့ ဆေးရုံ
တစ်ရုံကို ဥပမာ ပေးချင်ပါတယ်။ ဆေးရုံ တစ်ရုံ မှာ Dataအချက်အလက်တွေကအရမ်း
အရေးကြီးပါတယ်။ လူနာပေါင်းများစွာရဲ့ မှတ်တမ်း ၊ ဆေးစာရင်း ၊ ငွေစာရင်း အစစ
အရာရာများပြားလွန်းလှပါတယ်။ ဒါကြောင့် Computer တစ်လုံးထဲမှာ Data
တွေအကုန်သိမ်းထား တယ် ဆိုပါစို့။ အဲဒီ Computerက အားလုံးကို
ချုပ်ကိုင်ထားတယ်ပေါ့။ အကယ်၍ အချက်အလက်တွေ လိုချင်တယ်ဆိုရင် အဲဒီ computer
ထဲဝင်ပြီး Date(သို့) File name (အမည်) ရိုက်ထည့်မယ်ဆိုပါက အလွယ်တကူ
ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
အဲဒါကတော့ DataCentralized စနစ်
ဆိုတာပါပဲ။Data Centralized စနစ်ရဲ့ အားသာချက်ကတော့ အထက်တစ်နေရာမှ
ချုပ်ကိုင်ထားတဲ့အတွက် Data တွေကိုအလွယ်တကူနဲ့ လျင်လျင်မြန်မြန်
ရှာဖွေတွေ့ရှိနိုင်တယ်ဆိုတာပါပဲ။ ထိန်းချုပ်မှုတစ်ခုရဲ့အောက်မှာ
ရှိနေတဲ့အတွက်လုပ်ဆောင်ရ လွယ်ကူပြီး လုံခြုံစိတ်ချရပါ တယ်။ ကဲ … အဲဒီတော့
Data Centralized စနစ်ဆိုတာ ပင်မ Computerတစ်လုံးတည်းကနေ Workstations
အားလုံးကို ထိန်းချုပ်ထားနိုင်တာကို Data Centralized
စနစ်ဖြစ်တယ်လို့နားလည်သဘောပေါက်ထားရပါမယ်။
Source: MYDATA Game & Software CD/DVD
0 comments:
Post a Comment