Everything About IT Notes

Sunday, October 28, 2012



Intel Core i7 အကြောင်း


Intel Core i7 ဟာ များပြားလှတဲ့ Intel Desktop 64-bit x86-64 processor တွေထဲက တစ်မျိုးဖြစ်ပြီး၊ ပထမဦးဆုံး Processor ကို Intel Nehalem Microarchitecture နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Intel Core i7 ဟာ Intel Core 2 ရဲ့ Successor လို့ ပြောရင်လည်း မမှားပါဘူး။

လက်ရှိထုတ်လုပ်ထားတဲ့ Core Model (၃)မျိုးစလုံးဟာ Quad-Core Processor များ ဖြစ်ကြသလို၊ နောက်ထပ်ထုတ်လုပ်မယ့် Model (၂)မျိုးဟာလည်း Quad-Core Processor အမျိုးအစားများပဲ ဖြစ်ပါတယ်။ Core i7 ကို အသုံးပြုထားတဲ့ Processor ရဲ့ Codename ကိုတော့ Bloomfield လို့ သတ်မှတ်ထားကြပါတယ်။ Core i7 ကို ထုတ်လုပ်ဖို့အတွက် ပဏမအဆင့်အနေနဲ့ ပထမဦးဆုံး တွေ့ဆုံမှုကို Costa Rica ပြည်နယ်မှာ ပြုလုပ်ခဲ့ကြပြီး၊ တကယ်တမ်း တရားဝင်ထုတ်လုပ်မှုကိုတော့ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စတင် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ Core i7 ကို Arizona ပြည်နယ်၊ New Mexico နဲ့ Oregon ပြည်နယ်တို့ကနေ စတင်ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပြီး၊ အဲဒီလို ထုတ်လုပ်ဖြန့်ချီနေတဲ့ အချိန်မှာ Origon ဟာ နောက်ထပ် Generation တစ်ခုဖြစ်တဲ့ 32 nm ပေါ်အခြေခံထားသော Processorနောက်တစ်မျိုးကို ထပ်မံထုတ်လုပ်ဖို့အတွက်တောင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Bloomfield

Bloomfield ဟာ Intel မှ ထုတ်လုပ်ရောင်းချခဲ့တဲ့ Xeon 35xx နဲ့ Core i7-9xx Desktop Processor တို့ရဲ့ Codename တစ်ခုဖြစ်ပါတယ်။ ၎င်း Desktop Processor နှစ်ခုဟာ စွမ်းဆောင်ရည်မြင့်မားပြီး၊ တစ်ခုနဲ့တစ်ခုလည်း စွမ်းဆောင်ရည်ချင်း သိပ်မကွာပဲ အားလုံးနီးပါးလောက် ထပ်တူကျကြပါတယ်။ ပြီးတော့ ဒီ Desktop Processor (Bloomfield) တွေဟာ အရင်က ထုတ်လုပ်ခဲ့တဲ့ Yorkfield Processor တွေရဲ့နေရာမှာ အစားထိုးနိုင်မယ့် CPU တွေ ဖြစ်ပါတယ်။ ၎င်း Bloomfield Core ဟာ Dual-Processor Gainestown နဲ့လည်း အတော်ဆင်တူပါတယ်။ Bloomfield နဲ့ စွမ်းဆောင်ရည်အရမ်းမမြင့်သလို၊ သိပ်လည်း မနိမ့်တဲ့ အလယ်အလတ်တန်းစား Lynnfield/ Mobile Clarksfield တို့ဟာ QPI Links မရှိတာနဲ့ Model ချင်း ကွာတာက လွဲရင် 45 nm Nehalem Microarchitecture ပေါ်မှာ အခြေခံပြီး ပြုလုပ်ထားတဲ့ Quad-Core Processor ဖြစ်တာခြင်းကတော့ အတူတူပါပဲဗျာ။
Bloomfield မှာ Yorkfield Processor နေရာကို အစားထိုးနိုင်တဲ့ စွမ်းဆောင်ရည်တွေနဲ့ Feature တွေ အများအပြားပါရှိပါတယ်။ အဲဒါတွေကို အခုပြောပြပါမယ်။  
-LGA 1366 Socket အသစ်ဟာ အရင်က ထုတ်လုပ်ခဲ့တဲ့ Processor တွေမှာ အဆင်မပြေလှပေမယ့် Bloomfield မှာတော့ ကောင်းစွာ အသုံးပြုနိုင်ပါတယ်။
-On-die Memory Controller: On-die Memory Controller အမျိုးအစားဖြစ်ပါတယ်။ ဆိုလိုချင်တာက Memory ဟာ Processor ကို တိုက်ရိုက်ဆက်သွယ်နိုင်စွမ်းရှိပါတယ်။ အဲဒီလို ဆက်သွယ်နိုင်တဲ့အပိုင်းကို Uncore Part လို့ ခေါ်ပါတယ်။ ပြီးတော့ Execution Core တွေကိုလည်း မတူညီတဲ့ Clock Rate (အဲ... ပြောရရင်တော့ Uncore Clock Rate တွေပေါ့..) တွေမှာ အလုပ်လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။
*Three Channel Memory: Memory Channel (၃)ခုပါရှိပြီး၊ အဲဒီ Memory Channel အသီးသီးဟာ DDR3 DIMM တစ်ခု၊ ဒါမှမဟုတ် နှစ်ခုကို ထောက်ပံ့ပေးနိုင်ပါတယ်..။ Bloomfield အတွက် ပြုလုပ်ထားတဲ့ Motherboard တွေမှာ ယေဘုယျအားဖြင့် DIMM Slots (၃)ခု၊ (၄)ခု(3+1) ၊ ဒါမှမဟုတ် (၆)ခုအထိ ပါတတ်ပါတယ်။
*ပြီးတော့ ၎င်းဟာ DDR3 Memory တစ်မျိုးထဲကိုပဲ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
- Motherboard ၌ Quick Path Interconnect ကို ထောက်ပံ့ပေးနိုင်စွမ်းရှိတဲ့ Chipset တစ်ခုပါဝင်နေပြီး အဲဒီ Intel QuickPath Interconnect Interface အားဖြင့် Front Side Bus ကို Replace လုပ်ပေးထားပါတယ်။  
-Single-die Device: Memory Controller ၊ Core (၄)ခုစလုံးနဲ့၊ Cache အားလုံးဟာ Single-die ပေါ်မှာပဲ ရှိကြတာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီ Single -die ဆိုတာကလည်း Yorkfield Processor မှာပါတဲ့ Dual-Core dies နှစ်ခုရှိတဲ့ Multi Chip Module ရဲ့ နေရာမှာ အစားထိုးမယ့် ကောင်ပဲ ဖြစ်ပါတယ်။
-Core အားလုံးအတွက် Clock Rate ကို ယေဘုယျအားဖြင့် 133 MHz လို့ သတ်မှတ်ပေးထားကြပေမယ့် Bloomfiled မှာတော့ "Turbo Boost" Technology ကို အသုံးပြုပြီး Core အားလုံးအတွက် Clock Rate ကို သတ်မှတ်ထားတဲ့ 133 MHz ထက် ကျော်လွန်သတ်မှတ်ပေးနိုင်စွမ်းရှိပါတယ်။
- Re-Implemented Hyper-threading: Hyper-Threading အမျိုးအစား ဖြစ်ပါတယ်။ ဆိုလိုချင်တာက Core လေးခုစလုံးမှာ Core တစ်ခုချင်းစီဟာ Thread နှစ်ခုနဲ့ အထက်ကို တစ်ပြိုင်နက်တည်း အလုပ်လုပ်ဆောင် ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် Bloomfield Processor ဟာ အတွင်းပိုင်းမှာ CPU 8 လုံးစာ စွမ်းဆောင်ရည်ရှိတယ်လို့ ထင်ရပါတယ်။ အဲဒီလို စွမ်းဆောင်ရည်မျိုးဟာ ဟိုအရင်က ထုတ်လုပ်ခဲ့ဖူးတဲ့ NetBurst Microarchitecture မှာလည်း ပါရှိခဲ့ဖူးပါတယ်။  
-Only One QuickPath Interface: QuickPath Interface တစ်ခုပဲ ပါရှိပါတယ်။ ဒါကြောင့် Multi-Processor Motherboard တွေအတွက် အသုံးပြုလို့ မရနိုင်ပါဘူး။
-စောစောက ပြောခဲ့သလိုပဲ..နည်းပညာအားဖြင့်တော့ ၎င်း Bloomfield ဟာ 45 nm Process Technology အမျိုးအစားဖြစ်ပါတယ်။
-731 Million Transistors ပါဝင်ပါတယ်။ ဒါ့အပြင်....Die Size ကလည်း 263 mm2 ဖြစ်ပါတယ်။
- ရှုပ်ထွေးတဲ့ စွမ်းအင်ချုပ်ထိန်းမှုကိုလည်း အသုံးမပြုတဲ့ Core အတွင်းမှာ Zero-Power Mode ပုံစံနဲ့ ထားနိုင်ပါတယ်။
- နောက်ဆုံးအချက်အနေနဲ့ကတော့- Bloomfield Processor ဟာ SSE4.2 & SSE4.1 Instruction Set တွေအတွက်ကိုလည်း ထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ Bloomfield မှာပါဝင်တဲ့ Feature တွေအကြောင်းကို ပြည့်ပြည့်စုံစုံ သိလောက်ပြီလို့ ထင်ပါတယ်။ ဒါကြောင့် Core i7 ဆိုတဲ့ ခေါင်းစဉ်အောက်က ဒီဆောင်းပါးလေးကိုတော့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါတော့မယ်နော်။
Product of
MY DATA Game & Software CD/D

0 comments:

Post a Comment