Everything About IT Notes

Sunday, November 4, 2012



G-mail မှာ ကိုယ် မလို ချင်တဲ့ မေးများကို ဘန်းလို့ ရပါသလား။
ဘယ်လို ဘန်းရပါသလဲ?

ဒီလိုလုပ်ရပါကြောင်း ...

၁) email ရဲ့ setting menu ထဲကို  ၀င်ပါ mail ရဲ့
ညာဘက်ထောင့်နားမှာရှိပါတယ် sing out နားမှာပါ


၂) setting -> Filters ထဲကိုဝင်ပါ ..


၃) Filters ထဲမှာ ဘာမှမလုပ်ရသေးရင် ဘာမှမတွေ့ရဘူးပေါ့ (ဟီးဟီး) အဲဒီတော့ Create a New Filter ဆိုတဲ့ လင့်ကလေးကိုနှိပ်



၎) အဲဒါဆိုရင် ဘယ်သူ့ဆီကလာတဲ့မေးကို ပိတ်မှာလဲ ဆိုတာ ဖြည့်ဖို့ မေးလိမ့်မယ် .. ကိုယ်တားချင်တဲ့ လူရဲ့ မေးလ် လိပ်စာကိုထည့်၊ ပြီးရင် Next


၅) အဲဒီမှာ ဘာလုပ်ချင်တာလဲ ဆိုတာလေး မေးမယ်၊ Inbox ထဲကို အ၀င်မခံတော့ဘူး တခါထည်း ဖျက်မယ်ပေါ့၊ ဒါဆို Inbox မှာဝင်မလာတော့ဘူး။ (ဒါပေမယ့် Trash ထဲမှာတော့ ကျန်သေးတယ် ကိုယ်က သံယောဇဉ်မပြတ်လို့ ပြန်ကြည့်ချင်သေးရင်တော့ Trash ထဲဝင်ရှာပေါ့ - ဥပမာ ချစ်ချစ်က စိမ်းကားသွားလို့ စိတ်နာပြီး သူ့စာတွေမဖတ်ချင်လို့ ဘန်းထားပြီးခါမှာ ဘာတွေများ လာချွဲဦးလေမလဲ ဆိုပြီး မသိမသာ ပြန်ဖတ်ချင်သေးရင်ပေါ့ .. ဟိဟိ)


၆) setting ချပြီးသွားရင် တော့ ရပါပြီ


အဲဒါဆို ကိုယ့်ဆီကို မေးမ၀င်တော့ဘူး..။


ကျန်တဲ့ Option လေးများလဲ စမ်းကြည့်လို့ရပါကြောင်း။

from:::::ချစ်သူမြို့တော်

0 comments:

Post a Comment