| Windows XP မှာ start နဲ့ shutdown မြန်အောင်လုပ်နည်း |
XP မှာ start နှင့် shutdown မြန်အောင်လုပ်နည်းလေးပါ..။ XP အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်ထင်လို့ ဒီပိုစ့်လေးကို တင်လိုက် တာပါ…။ အရင်ဆုံး start
မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်….။ ထုံးစံအတိုင်း start Run (or) win +
R ကို သွားလိုက်ပါ…။
Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။ ပေါ်လာတဲ့ Register
Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ…။
HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >>
Control >> Session Manager >> Memory Management >>
Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..။

ဘေးက
Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click >>
Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး ok
ပေးလိုက်ပါ ..။ ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီ…။ နောက်တစ်ခု
Shutdown မြန်အောင်လုပ်နည်းကို ဆွေးနွေးပါမယ်.. ။
အရင်ဆုံး အပေါ်က အတိုင်းပဲ start Run (or) win + R ကို သွားလိုက်ပါ…။ Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီး
အောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ…။
HKEY_CURRENT_USER>> Control Panel >> Desktop
ထိရောက်အောင်သွားပါ.. ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value
data မှာ 1 ပြောင်းပေးလိုက် HungApp Timeout နဲ့ WaitToKillAppTimeout
နှစ်ခုလုံးကို 1000 လို့ပြောင်းပေးလိုက်ပါ..။ အရမ်းကြီးမြန်ချင်တယ်ဆို
ရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ ကျနော်ကတော့ 1000
လို့ပဲပြောင်းထားပါတယ်..။ နှစ်ခုလုံး လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာကို
restart ချလိုက် ပါခင်ဗျာ…။ တက်တာရော ကျတာပါ..မြန်မြန်ဆန်ဆန်ဖြစ်နေတာကို
တွေ့ရမှာပါ ..။

ref: http://seinnan.multiply.com/journal?&=&show_interstitial=1&u=%2Fjournal&page_start=40
0 comments:
Post a Comment