Everything About IT Notes

Tuesday, February 19, 2013

Windows ကို Backup လုပ်ထားပေမယ့် OneKey Ghost 6.5.11.138



OneKey Ghost ဟာ Windows တစ်ခုလုံးကို Backup လုပ်ပေးထားနိုင်တဲ့ Software ပါ.. ၀င်းဒိုး တစ်ခုခု ကြောင့် အဆင်မပြေဖြစ်တဲ့အခါ ကိုယ် Backup လုပ်ထားတဲ့အတိုင်း ပြန်လည် အသုံးပြုလို့ရပါတယ်.. တကယ်လို့များ ၀င်းဒိုး လုံးဝ တက်မလာတော့ရင်တောင် ၀င်းဒိုးအတု တစ်မျိုးမျိုးနဲ့ အသုံးပြုလို့ရပါတယ်.. ကျွန်တော်တို့ကတော့ Hiren's Boot CD ကို သုံးတာများပါတယ်.. ဒီကောင်ပေါ်မှာတောင် Run တဲ့ OneKey Ghost ပါ.. အသုံးပြုရတာလဲ လွယ်ပါတယ်.. သိပ်မခဲယဉ်းပါဘူး
၁ .ဒီကောင်ကို Run လိုက်ပါ..
၂ . ပေါ်လာတဲ့ဘောက်မှာပုံနဲ့ပြထားတဲ့အတိုင်း
  1. Backup ကိုရွေး၊ 
  2. Ghost Image File နေရာမှာတော့ Windows ရှိတဲ့အပိုင်းကလွဲရင်ကျန်တဲ့အပိုင်းတွေကို ညွှန်းလို့ရပါတယ်.၊
  3. ပြီးတော့ Windows ရှိတဲ့အပိုင်းကိုရွေး
  4. ပြီးရင် Yes ကိုနှိပ်လိုက်ပါ..

၃.ဒါဆိုရင် Backup လုပ်ဖို့ System ကို Restart လုပ်မှာလားလို့မေးပါပြီ.. Yes ကို နှိပ်လိုက်ပါ.. စက်က Restart ကျသွားပြီး ပြန်တက်လာပါလိမ့်မယ်..


ဒါဆိုရင် Backup လုပ်နေတာကို တွေ့မြင်ရပါလိမ့်မယ်... ခဏစောင့်လိုက်ပေါ့..
ပြီးပြီဆိုရင်တော့ မိတ်ဆွေရဲ့ Windows ကို Backup လုပ်ပြီးသွားပါပြီ..

၎. ဒီတစ်ခု Backup လုပ်ထားတဲ့ Windows ကို ပြန်ပြီး Install လုပ်ဖို့.
  1. OneKey Ghost 6.5.11.138 ကို Run လိုက်ပါ.. အပေါ်နားက ပုံမှာပြထားတဲ့ Backup ဆိုတဲ့ဟာရဲ့ ဘယ်ဘက်က Restore ကို ရွေးပါ..
  2. Backup ဖိုင်ရှိတဲ့နေရာကိုရောက်အောင် Open ကိုနှိပ်ပြီး ရွေးပေးလိုက်ပါ..
  3. Windows ထားမယ့်နေရာကိုရွေးပါ.. 
  4. ပြီးရင် OK ပေါ့.. သူအလိုလို တက်သွားလိမ့်မယ်လေ..
 

ဒါဆိုအဆင်ပြေပါပြီနှော..
Link: http://adf.ly/JMcRs
Ref: http://komaungpauk.blogspot.com/2013/02/windows-backup-onekey-ghost-6511138.html

0 comments:

Post a Comment