ကွန်ပျူတာ Hangs ရခြင်း (၁၀) ချက်
(စက်Hangs ရခြင်းအကြောင်းနဲ့ စက်ကို မြန်စေမယ့် အချက်တွေပါ တင်ပေးလိုက်ပါတယ်.. မသိသေးသူများလည် ဗဟုသုတအနေနဲ့ဖက်ကြည့် ကြပေါ့ ဗျာ }
ကွန်ပျူတာ
ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာမျိုး ရှိပါတယ်။
ဘာကြောင့်လဲဆိုရင် မိမိတို့စက်မှာ မလိုအပ်တဲ့ process တွေ
အလုပ်လုပ်နေလို့ပါ။ အဲဒီလို မဖြစ်အောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။
1.
မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ
ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီးရင် processes
ထဲမှာ ကိုယ်မသုံးတဲ့ software တွေကို End Process လိုက်လုပ်ပါ။
2.
နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ
အများကြီး run ထားတဲ့အခါ virtual memory မလုံလောက်တဲ့အတွက် စက် Hangs
တာမျိုးတွေ ဖြစ်တက်ပါတယ်။ virtual memory ကိုတိုးပေးလိုက်ပါ။
3.
နောက်တစ်ခုက Browser တွေရဲ့ History တွေကို ဖျက်ထုတ်ပါ။ ccleaner software
နဲ့ ဖြေရှင်းရင် ပိုကောင်းတယ်။ ကျွန်တော် တင်ပေးလိုက်ပါတယ်။ software
မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ကို
တွေ့မှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို
click လိုက်ပြီး ok ပေးလိုက်ပါ။ Firefox မှာလဲ option ထဲက privacy ထဲမှာ
private ထဲက setting မှာ clear ပေးလိုက်ပါ။ Browser History တွေကို
ပြောတာနော်။
4. နောက်တစ်ခုကတော့ Internet temporary files တွေကို
delete ပေးရပါ့မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware
နဲ့ ဖြေရှင်းတာ အကောင်းဆုံးပါ။
5. နောက်တစ်ခုက cookies တွေကို ဖျက်ထုတ်ပါ။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။
6.
နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်ပါ။ မိမိတို့စက်မှာ
မလိုအပ်တာတွေကို မိမိသာလျင် အသိဆုံးပါ။ မိမိcomputer က control panel ထဲက
add/remove programs ထဲက မလိုတာတွေကို uninstall လုပ်လိုက်ပါ။
7.
နောက်တစ်ခုက files တွေကို ပြန်စီပါ။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။
Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk
မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။
လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter
မှာ မိမိ partition ခွဲထားတဲ့ file တွေကို ပြန်စီပါ။
8.
နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ
error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆို
မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက
tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ
မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။
9.
နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch;recent) ကို
ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာပါ။
ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ်
google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ computer ထဲက search button မှာ
cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ.
ဗိုင်းရပ်အများဆုံးနားခိုတဲ့ နေရာလဲဖြစ်ပါတယ်။
10. နောက်တစ်ခုကတော့
မိမိတို့ computer ဖွင့်ဖွင့်ချင်းမှာ process တွေကြောင့် window အတက်
အတော်လေးပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို
disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။ နောက်တစ်ခုကတော့
shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။
----------ကွန်ပျူတာ မြန်စေရန်နည်းလမ်များ--------
၁။ ပထမဆုံး run box ကိုဖွင့်လိုက်ပါ။
-start ကနေသွားလည်းရတယ်။ Windows key နဲ့ R တွဲနှိပ်လည်းရပါတယ်။
-run box မှာ gpedit.msc လို့ရိုက်လိုက်ပါ။
-ဘယ်ဘက်မှာ computer configuration ကိုရွေးလိုက်ပါ။
-Administrative Templates ကိုရွေးပါ။
-Windows Components ကိုရွေးပါ။
-Terminal services ကိုရွေးပါ။
-Temporary folders ကိုဆက်ရွေးပါ။
-Do not delete temp folder upon exit မှာ right click ခေါက်ပြီး properties ကိုရွေးပါ။
-ပြီးရင် disable ကိုရွေးချယ်လိုက်ပါ။
-ပြီးရင် apply ၊ ok လိုက်ပါ။
ဒါဆိုရင်တော့ temp files တွေဖျက်လို့ရပါပြီ။
ခုနလိုပဲ run box ပြန်ခေါ်လိုက်ပါ။ ပေါ်လာတဲ့ ဘောင့်စ်မှာ %temp% လိုက်ရိုက်ထည့်လိုက်ပါ။
ပြီးရင် enter ခေါက်လိုက်ပါ။ ဒါဆို temp files တွေပေါ်လာပါပြီ။ delete နဲ့ဖျက်လိုက်ပါ။
တချို့ဖိုင်တွေအလုပ်လုပ်နေသေးလို့ဖျက်လို့မဘူးလို့ပြောပါလိမ့်မယ်။
၂။ နောက်တစ်မျိုး
run box ခေါ်လိုက်ပါ။ prefetch လို့ရိုက်လိုက်ပါ။ ctrl+A နဲ့အားလုံး select ပေးပြီးဖျက်ပြစ်လိုက်ပါ။
၃။ Hard disk ကိုရှင်းရအောင်
Windows XP မှာ hard disk ကိုရှင်းတဲ့ tool လေးတစ်ခုပါဝင်ပါတယ်။ တကယ်ကိုကောင်းမွန်ပါတယ်။
Start
All Program
Accessories
System tools
Disk cleanup
ထိသွားလိုက်ပါ။
ရောက်သွားရင် ကိုယ်ရှင်းချင်တဲ့ drive ကိုရွေးချယ်ပြီးတော့
ရှင်းလို့ရပါပြီ။ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေအားလုံးကို
ရှင်းလင်းပေးပါလိမ့်မယ်။ မရှင်းတာကြာရင်ကြာသလောက် အချိန်စောင့်ရပါတယ်။
အပြင်ခနသွားတာတို့ ကော်ဖီသောက်တာတို့ စသည်အချိန်တွေမှာ
ရှင်းထားနိုင်ပါတယ်။ကျွန်တော်လည်း ဒီလိုပဲ ကော်ဖီသောက်ချိန်ဆိုရင်
ရှင်းထားလိုက်တာပဲ။ အစအနမကျန်အကုန်ရှင်ပေးပါတယ်။
၎။ မသုံးတဲ့ program တွေဖယ်ထုတ်ရအောင်
Start
Run
run
box ခေါ်ပြီးရင် msconfig လို့ရိုက်လိုက်ပါ။ System Configuration Utility
ဘောင့်စ်ပေါ်လာပါလိမ့်မယ်။ Startup ဆိုတဲ့ tab ကိုရွေးချယ်လိုက်ပါ။
ကိုယ့်အတွက်အသုံးမလိုတော့တဲ့
program တွေရှေ့မှာ အမှန်ခြစ်ထားခဲ့ရင် uncheck
(အမှန်ခြစ်ကိုဖြုတ်)လုပ်ပါ။ပြီးရင် restart ပြန်ချလိုက်ပါ။
၅။ ပရိုဂရမ်ရဲ့အမြန်နှုန်းကို မြှင့်တင်ရအောင်
screen
အောက်ခြေက taskbar ကို right click ခေါက်ပါ။ ပေါ်လာတဲ့ထဲက Task Manager
ကိုရွေးပါ။ process ဆိုတဲ့ tab ကိုထပ်ရွေးပါ။ ကိုယ့်စက်ထဲမှာရှိတဲ့ program
တွေ ပေါ်လာပါ လိမ့်မယ်။ ကိုယ်မကြာခနသုံးလေ့ရှိတဲ့ program ပေါ်မှာ right
click ခေါက် set priority မှာ high ကိုရွေးပေးလိုက်ပါ။
Graphic ကလည်း မှုန်မှုန်နေတတ်တယ်ဆို စက်ဝယ်တုန်က Graphic driver CD ပါတယ်မဟုတ်လာ ပြန်ပြီး install ပြန်သွင်းကြည့်ပါလာ ညီလေး....
—
---------------------------------------------------------------
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ
(1) Overheating
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး
ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါ
ပျက်စီးစေနိုင်တဲ့အတွက်ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။
ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။
ဒါကြောင့်
CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်
ထားပေးရပါတယ်။တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ
အပူလွန်ကဲလာပြီးKernel error တက်လာပါလိမ့်မယ်။
ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကန်များနဲ့ အအေးခံ
စနစ်ကောင်းစွာအလုပ်လုပ်ခြင်းရှိမရှိကိုချက်ခြင်းစစ်ဆေးသင့်ပါတယ်။
Chipsetများကို
ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး
Overclockingလုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့်
ကွန်ပျူတာပုံးမှာပြည့်စုံလုံလောက်တဲ့အအေးခံစနစ် မ ရှိပဲ Overclocking
မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိ အပူလွန်
ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကိုBIOS setting မှာ CPU
internal cache ကို Disable လုပ်ထားခြင်းဖြင့်လည်းဖြေရှင်းနိုင်ပါတယ်။
ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကို ပိုနှေး
သွားစေနိုင်ပေမယ့်တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။
(2) Hard disk drives
ကွန်ပျူတာကို
Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard diskကိုအသုံးပြုတာ
ကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး
မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။
ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော
့Start>Programs>Accessories>System
Tools>Disk Defragmenterကနေ Disk Defragmenter ကိုဖွင့်ပြီး
ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲ
Defragment လုပ်နေစဉ်အတွင်းမှာ
Hard disk ပေါ်မှာဖိုင်တွေထပ်ရေးခြင်းမ လုပ်သင့်ပါဘူး
ဒါကြောင့်ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment
လုပ်သင့်ပါတယ်။
နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။
Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး
system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ်
ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။
Temporary
files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်များများ
ရနိုင်မှာပါ ။start>run>%temp% ဆိုရင် Temporary folderထဲရောက်သွားပါ
လိမ့်မယ်။ ဖျက်သင့်တယ် ထင်တာ ဖျက်ပစ်ပေါ့ဗျာ။
အများစုက…software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော်
များများဖျက်လို့ရပါတယ်။Recycle
Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာအလုပ်ရှုပ် လွန်း လို့
ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+deleteနဲ့အပြီးရှင်း
ထုတ်လိုက်တာပဲ။
ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ
Hard
disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊bad sectors တွေ
ရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။
Start>All
programs>Accessories>System tools>Scan Disk
ကိုသွားပြီးလုပ်လို့ရပါတယ်။ တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk
မပါဘဲ ဖြစ်နေတတ်ပါတယ်။
ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ
chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan
လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard
disk ရဲ့ Properties
ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now
နဲ့စစ်လည်းဖြစ်ပါတယ်။
သတိပြုနိုင်ကြပါစေ......
(3) memory
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်နောက်ပြသနာတစ်ခုက
memory ပါ သူ့  ပြဿနာကလည်း Blue death screen တက်လာပြီး
Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။
fatal error ဆိုတာက Hardwareနဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီ ဆို တာကိုညွှန်ပြခြင်းပါပဲ။
တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
ဒါပေမယ့်
memory ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း
တွဲဖက်မညီတဲ့ အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ - 70ns Ram နဲ့ 60ns Ram
နှစ်ချောင်းကို တွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက
အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှmemory
ကို overworked ဖြစ်စေတဲ့ Program
မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software
တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက
70ns Ram လည်းရှိနေတော့
အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram
ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။
ကဲ……ဒီပြဿနာကို
ဖြေရှင်းကြည့်ရအောင်။ပထမနည်းလမ်းကတော့
BIOS setting မှာ Ram ရဲ့ Wait state
ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့်
memoryကိုပိုတည်ငြိမ်စေပါတယ် ။နောက်ထပ် နည်းလမ်းတစ်ခုကတော့……..Motherboard
ပေါ်ကmemory တွေကို နေရာပြောင်းကြည့်ခြင်းပါပဲ။
memoryကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို
မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့
Static charge ကြောင့် memoryကိုပျက်စီးစေနိုင်လို့ပါ။
အကောင်းဆုံးကတော့……..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram
နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။
သတိပြုနိုင်ကြပါစေ.....
(4) Software
ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်ပြသနာတစ်ခုကကွန်ပျူတာမှာ
အသုံးပြုမယ့် ဆော့ဖ်ဝဲများကို
စနစ်တကျတင်မထားခဲ့ရင်လည်းကွန်ပျူတာအသုံးပြုနေစဉ် ထိုးရပ်သွားစေနိုင်ပါတယ်။
ဆော့ဖ်ဝဲကို ဖြုတ်ချပြီးမှစနစ်တကျပြန်တင်ပေးခြင်း
ဖြင့်ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။
ရံဖန်ရံခါမှာဆော့ဖ်ဝဲကိုဖြုတ်ချလို့မရဘူးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့
NortonUninstall ဒါမှမဟုတ်Uninstall Shield
ကိုအသုံးပြုလိုက်ရင်ဖြုတ်ချလို့ရနိုင်ပါတယ်။
ဒီဆော့ဖ်ဝဲများဟာသမားရိုးကျဖြုတ်ချတာ ထက် SystemRegistry မှာ
ဖြုတ်ချလိုက်တဲ့
ဆော့ဖ်ဝဲနဲ့ပါတ်သတ်တာများကိုပါ ရှင်းပေးတဲ့အတွက် Clean Uninstallလုပ်ပေးနိုင် တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။
Registry
ကိုပါရှင်းပေးထားပါမှဆော့ဖ်ဝဲကိုအသစ်တဖန်ပြန်တင်တဲ့အခါရှင်း ရှင်းလင်းလင်း
တင် ပေးနိုင်မှာပါ။Registry
မှာတန်ဖိုးအဟောင်းများကျန်ခဲ့ရင်အသစ်တင်လိုက်တဲ့ အခါမှာ
ထပ်ရေးတဲ့တန်ဖိုးများနဲ့
ရောထွေးပြီးဆော့ဖ်ဝဲဟာပုံမှန်မဟုတ်ပဲဖြစ်နေတတ်ပါတယ်။Registry
ကိုရှင်းပေးတဲ့အခြားဆော့ဖ်ဝဲများလည်းရှိပါတယ်။
Registry Mechanics,
System Mechanics, One click ,maintenance, Registry cleaner စသည်ဖြင့်
အများကြီးရှိပါတယ်။Registryကိုရှင်းမယ်ဆိုရင် သတိထားဖို့တော့လိုပါတယ်။
တကယ်လို့ Registry မှာလိုအပ်တာတွေ ပျက်သွားရင်
OSတစ်ခုလုံးကိုပြန်တင်ရတဲ့အထိဖြစ် သွားနိုင် ပါတယ်။
သတိပြုနိုင်ကြပါစေ........
ref: http://achittatkatho.net/index.php?topic=3668.0
How to Steam Backup & Restore Video Tutorial လေ့လာချင်သူများအတွက်
-
ကျွန်တော် ဒီတစ်ခါတော့ D2 Steam Game တွေ Update လုပ်ထားပြီသား
PC ကနေ Steam ကို Backup လုပ်ပြထားပြီ Update မလုပ်ရသေးတဲ့
တစ်ခြား PC တစ်လုံးမှာ Steam ကို Res...
7 years ago
0 comments:
Post a Comment