Change Your DNS Server ......
Browse လုပ်နေတဲ့ စက္ကန့်တိုင်းမှာ သင့်ရဲ့အင်တာနက်ကို ရနိုင်သလောက် အမြန်ဆုံးဖြစ်စေချင်ရင် web page တွေ load ကိုပိုမြန်လာအောင်လုပ်ပေးတဲ့ DNS server ကိုပြောင်းသုံးလို့ ရပါတယ်။
အမြန်ဆုံးဖြစ်စေမယ့် DNS ကိုသုံးဖို့ သင့်ကွန်ပျူတာရဲ့ setting ကိုဘယ်လိုလွယ်ကူစွာပြောင်းလို့ ရတယ်ဆိုတာမပြောခင် DNS ဆိုတာဘာလဲဆိုတာကို အရင်ရှင်းပြပါမယ်။ကွန်ပျူတာတွေဟာ တစ်လုံးကနေတစ်လုံးကိုဆက်သွယ်ဖို့ IP address လို့ ခေါ်တဲ့ နံပတ်စဉ် တွေကိုအသုံးပြုရပါတယ်။ IP address တွေက information တွေကို အပြန်အလှန်ပေးပို့ ပေးဖို့ လုပ်ဆောင်ပါတယ်။ ဒီလိုရှည်လျားတဲ့ နံပတ်စဉ်တွေကို ကွန်ပျူတာတွေက မှတ်နိုင်ပေမယ့် လူတွေကတော့ မမှတ်နိုင်ပါဘူး။ လူတွေက နံပတ်စဥ်အရှည်တွေကိုမမှတ်နိုင်ပေမယ့် နာမည်တွေ ကိုတော့မှတ်နိုင်ပါတယ်။ ဒါ့ကြောင့် DNS ဆိုတာဖြစ်လာတာပါပဲ။သင်ဟာ browser ထဲမှာ web address တစ်ခုကိုရိုက်လိုက်တဲ့အခါ သင့်ကွန်ပျူတာဟာ DNS(Domain Name System) လို့ ခေါ်တဲ့domain address လမ်းကြောင်းကိုပြန်ရှာပါတယ်။ ဥပမာ လူတွေအတွက် mymclub.net လို့ မှတ်ပေမယ့် ကွန်ပျူတာကတော့ 69.60.7.199 လိုမျိုးမှတ်ပြီး Domain address ကိုရှာမှာဖြစ်ပါတယ်။ DNS ဆိုတာက IP address တွေအများကြီးကိုမှတ်မယ့်အစား mymclub.net လိုမျိုး site URL တွေကိုမှတ်ရလွယ်အောင်လုပ်ပေးတဲ့ အရာပါပဲ။
ISP (Internet Service Provider) တိုင်းမှာ သူတို့ရဲ့ DNS server ကိုယ်စီရှိကြပါတယ်။ အဲဒီ DNS server တိုင်းကတော့ အမြန်ဆုံးတွေ မဟုတ်ကြပါဘူး။ ပုံမှန်အားဖြင့်တော့ အမြန်ဆုံး DNS server ဟာသင်နဲ့ အနီးဆုံးမှာရှိတဲ့ server ပါပဲ။ သင်ကပိုမြန်တဲ့ DNS server ကိုပြောင်းတယ်ဆိုရင်သူက IP address တွေကိုရှာပြီး အရင်ကထက်ပိုမြန်တဲ့နှုန်းနဲ့ သင်သွားချင်တဲ့ page ဆီကိုပို့ပေးမှာပါပဲ။ Third-party DNS server တွေမှာလဲ content filter လို အခွင့်အရေးတွေရပါတယ်။ ဟိုးအရင်တုန်းကတည်းက Open DNS တို့ Google Public DNS တို့ လိုမျိုး alternate DNS server တွေလဲရှိပါတယ်။ ဒါပေမယ့် ဘယ် DNS ကသင့်အတွက်သင့်တော်လဲဆိုတာ ရှာဖွေရွေးချယ်ဖို့ အတွက်တော့ ရိုးရှင်းတဲ့ program လေးတစ်ခုကိုသုံးရုံပါပဲ။
သင်က MAC OS ကိုသုံးတယ်ဆိုရင်တော့ DNS jumper အစား Namebench ကိုသုံးလို့ရပါတယ်။ Namebench ကို download လုပ်ပြီးရင် Install လုပ်စရာမလိုပဲ double click ပြီး run ပါ။ အပေါ်က check box နှစ်ခုကိုအမှန်ခြစ်ပါ ပြီးရင် Your location ဆိုတဲ့နေရာမှာ drop-down menu ကိုဖွင့်ပြီးသင့်ရဲ့ location ကိုရွေးပါ။ ပြီးရင် start ကိုနှိပ်ပြီး testing စလုပ်လို့ ရပါပြီ။ Namebench က testing လုပ်ပြီးလို့ရလာတဲ့ IP address list ကို system preference ထဲကိုထည့်ပါ။ ဘယ်ဘက်က network connection မှာသင်သုံးနေတဲ့ connection အမျိုးအစားကိုရွေးပါ။ (Wi-fi , Ethernet စသဖြင့်ပေါ့) ပြီးရင် Advanced ကို click ပြီး DNS tab ကိုသွားလိုက်ပါ။ ဘယ်ဘက် အကွက်မှာပြထားတဲ့ IP address တွေက Namebench ကရှာပေးထားတဲ့ IP address တွေနဲ့ မတူရင် သူတို့ကို select လုပ်ပြီး အောက်က minus သင်္ကေတကို click လုပ်ပြီးဖယ်ပစ်ပါ။ ပြီးရင် plus သင်္ကေတကို click ပြီးnew server တွေကို ထည့်လို့ရပါတယ်။ Namebench ကရှာပေးတဲ့ address တွေထဲက နှစ်ခုကိုသုံးပါ။ ပြီးရင် system preferences ကိုပိတ်လို့ရပါပြီ။
တစ်ခါတစ်ရံမှာ သင့်ရဲ့ default DNS server ကအမြန်ဆုံးဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဒီ application မှာတော့ DNS server တွေအများကြီး ရွေးလို့ရတာမို့ စမ်းသပ်ကြည့်သင့်ပါတယ်။ သင့်ရဲ့အင်တာနက်လိုင်းကို ကနှေးပြီးသား ဖြစ်နေရင်တောင်server ပြောင်းလိုက်လို့ သိသိသာသာ ကြီး မြန်မလာနိုင်ပေမယ့် page load လုပ်ရာမှာ နည်းနည်းတော့ ပိုမြန်လာစေပါတယ်။
0 comments:
Post a Comment