Everything About IT Notes

Tuesday, February 21, 2012

Link :http://forum.myanmar-technicians.org/index.php/topic,776.0.html

Socket

Computer (သို့ ) Device ၂ ခုချိတ်မိတိုင်း Socket ဟုခေါ်ပါတယ် ...Device ၁ ခုသည် Destination ဖြစ်ပြီး ကျန် ၁ ခုသည် Source ဖြစ်မှာဖြစ်ပါတယ်။
Destination ရဲ့  IP + Port နှင့် Source ရဲ့ IP + Port သည် Socket ၁ ခု ဖြစ်ပါတယ်။




ထိုကဲ့သို့  IP တူ Port မတူ ၊ IP မတူ Port တူ Socket များကြောင့် Network သည်မှန်ကန်စွာ အလုပ်လုပ်နေခြင်းဖြစ်ပါတယ်။
မိမိ Computer တွင် ချိတ်ဆက်အသုံးပြုနေသော Socket များကို သိလိုပါက cmd တွင် netstat ဟုရိုက်ပြီးကြည့်နိုင်ပါတယ်။

TCP / IP သည် Internet နည်းပညာတွင် အရေးအကြီးဆုံး Protocol ဖြစ်ပါတယ်။ Internet သို့ ဝင်ရောက်လိုလျှင် မိမိ ရဲ့ Srever (သို့ ) Workstation အား ဦးစွာ TCP/IP setup ပြုလုပ်ရပါမည်။
TCP/IP သည် များစွားသော Hardware နှင့် Software Platform ပေါ်တွင် လွတ်လပ်ပြီး အနှောင့်ယှက်ကင်း သော Protocol ဖြစ်ပါတယ်။


IP Address

၁ ကမ္ဘာလုံး၇ှိ Computer များအချင်းချင်း မှန်ကန်စွာ ချိတ်ဆက် အသုံးပြုနိုင်ရန် Ip addressing ကိုနားလည်ရပါမယ်...။
IP address သည် 32 bit ရှိပြီး 8 bit အပိုင်း ၄ ခုအား Dot ဖြင့်ပိုင်းညခားထားခြင်းဖြစ်ပါတယ် ...။
8 Bit အပိုင်း ၁ ခုအား individual byte (သို့ ) octet ဟုခေါ်ပါတယ်...။ အသုံးပြုနိုင်သော တန်ဖိုးမှာ 1 မှ 254 အထိရှိပြီး 0 နဲ့ 255 မှအရန်ထားရှိရပါမယ်။
0 မှာ Network Address ဖြစ်ပြီး 255 မှာ Broadcast Address ဖြစ်ပါတယ်။

2 to the power 32 ဖြစ်လို့  4.5 billion ရှိပြီး 0.0.0.0 မှ 255.255.255.255 အထိ ရှိပါတယ်။
ှုIP Address များကို InterNIC (Internet Network Information Center ) မှခွဲဝေ သတ်မှတ်ပေးပါတယ်။ ထို့ ကြောင့် Internet အသုံးပြုရန် InterNIC (သို့ ) မိမိ ရဲ့ ISP ( Internet Service Provider ) မှ IP Address ရယူရန်လိုအပ်ပါတယ်။ Internet ချိတ်ရန်မလိုပါက InterNIC တွင် မှတ်ပုံတင်ရန်မလို ပါ။


MAC Address (or) Physical Address

NIC ( Network Card ) များသည် ကိုယ်ပိုင် Hardware Address များရှိကြပြီး MAC ( Media Access Control ) Address (သို့ ) Physical Address ဟုခေါ်ပါတယ်။
စက်ရုံမှ ထုတ်ကတည်းက ပါလာပြီး ဖြစ်ပါတယ် ...48 bit Hexadecimal ဖြစ်ပါတယ်။
Address ရဲ့ ပထမ ၃ ပိုင်းကို OUI ( Organizationally Unique Identifier ) မှ သတ်မှတ်ပေးပြီး ကျန် ၁ ပိုင်းကို ထုတ်လုပ်သူမှ သတ်မှတ်ပါတယ်။
ထို Address သည် ပြင်ဆင်လို့ မရသော Hard Code အဖြစ် NIC ပေါ်တွင် အပြီးတပ်ဆင်ပေးထားခြင်းဖြစ်ပါတယ်။ ( ဥပမာ - 1F:10:FF:FF:AE:95 )


TCP/IP (Transport Control Protocol/ Internet Protocol) 
DNS ( Domain Name System )

DNS (Domain Name System ) ဆိုတာကတော့  မိမိ Destination ရဲ့ နာမည် လို့ ဘဲပြောရအောင် ..
ကျနော့်  Computer ရဲ့  IP က 192.168.0.1 ဆိုရင် Domain က Konay-PC ဖြစ်ပါမယ်။ ဒီလိုပါဘဲ 74.125.23.18 ဟာ Google ရဲ့ IP ဖြစ်ပြီး DNS ကတော့  www.google.com ဖြစ်ပါမယ်။
ကျနော်တို့  Hand Phone ထဲမှ Phone Book လိုပါဘဲ ... ကျနော်က မောင်ဖြူ ကို Call လိုက်ရင် ဖုန်းက 09505XXXXX ကို ခေါ်ပေးမှာ ဖြစ်ပါတယ်။
မောင်ဖြူ ဟာ DNS ဖြစ်ပြီး 09505XXXXX ကတော့  IP Address ဘဲဖြစ်ပါမယ်...။ အောက်မှ ပုံ လေးအတိုင်းပါဘဲ ...။


DHCP (Dynamic Host Configuration Protocol )
DHCP ဆိုတာကတော့  ကျနော်က Network ၁ ခုဆောက်လိုက်ပီ ဆိုပါတော့  အဲ့ဒီ Network ထဲကို လာရောက် ချိတ်ဆက်ထာတဲ့  Computer (သို့ ) Device တွေရဲ့  Ip Address ( IPv4 & IPv6)
တွေကို သူက Auto Configuration လုပ်ပေးပါမယ်။ Network Administrator မှ DHCP ကို Enable (or) Disable လုပ်ထားနိုင်ပါတယ်။

0 comments:

Post a Comment