Full-Duplex Vs. Half-Duplex Communications
Network
ချိတ်ဆက်ရာမှာ (LAN နှင့် WAN ချိတ်ဆက်မှုအပါအ၀င်) half-duplex နဲ့
full-duplex ဆိုပြီးတော့ အမျိုးအစား (၂)မျိုး ခွဲခြားလို့ရပါတယ်။
Half-Duplex ဆိုတာကတော့ Network ချိတ်ထားတယ့် ပစ္စည်းနှစ်ခုစလုံးကနေ
တစ်ပြိုင်နက်တည်း တစ်ဖက်ကနေ တစ်ဖက်ကို Data တွေပို့လွှတ် (သို့)
လက္ခံခြင်းပြုလုပ်လို့ မရပါဘူး။ တစ်ဖက်က Data တွေပို့လွှတ်နေရင်
တစ်ခြားတစ်ဖက်က Data ကိုလက္ခံလို့ပဲရမှာဖြစ်ပြီး Data ပို့လွှတ်လို့ရမှာ
မဟုတ်ပါဘူး။ ဘာနဲ့သွားတူသလဲဆိုရင် Walkie-talkie (လမ်းလျောက်စကားပြောစက်)
ရဲ့လုပ်ငန်းလုပ်ဆောင်ပုံနဲ့ တူညီမှာဖြစ်ပါတယ်။
Full-Duplex ဆိုတာကတော့ Network ချိတ်ဆက်ထားတယ့် ပစ္စည်းနှစ်ခုစလုံးကနေ တစ်ပြိုင်တည်းမှာ တစ်ဖက်ကနေ တစ်ဖက်ကို Data တွေပို့လွှတ်လို့ရသလို လက္ခံခြင်းပြုနိုင်ပါတယ်။ ဘာနဲ့သွားတူသလဲဆိုရင် Telephone ရဲ့လုပ်ငန်းလုပ်ဆောင်ပုံနဲ့ တူညီမှာဖြစ်ပါတယ်။
ဤအကြောင်းအရာကို Mandalar.Net ( http://mandalarnet.mandalaybloggers.org ) မှ ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

0 comments:
Post a Comment