LAN
Network
ထဲမှာ Share ထားတယ့် Data, Printer, Internet Connection, Applications
စတာတွေကို တစ်ခုဒါမှမဟုတ် အားလုံးကို Network Elements လို့ခေါ်ပါတယ်။
Local Area Network (LAN)
Local Area Network ဆိုတာ သတ်မှတ်ထားတယ့် Area အတွင်းမှာပဲ Network ချိတ်ဆက်တာကို ခေါ်ပါတယ်။ အဓိကအားဖြင့်တော့ ရုံးလုပ်တွေမှာ အသုံးပြုတာဖြစ်ပါတယ်။ LAN ချိတ်ဆက်ရာမှာတော့ အဆောက်အဦးတစ်ခုထက်ပိုပြီးတော့ တိုးချဲ့ချိတ်ဆက်မယ်ဆိုရင်တော့ အခက်အခဲတွေ အများကြီး ရှိလာမှာဖြစ်ပါတယ်။ အရင်တုန်းကတော့ LAN ချိတ်ဆက်ရာမှာ Central Point (Switch) ကနေပြီးတော့ အဝေးဆုံး ချိတ်ဆက်လို့ရတယ့် အကွာအဝေးက ၁၈၅ မီတာ (၆၀၀ ပေ) နဲ့ Computer အလုံး ၃၀ ပဲအများဆုံး ချိတ်ဆက်လို့ရပါတယ်။
အခုနောက်ပိုင်းမှာတော့ ကြီးမားတယ့် LAN တွေချိတ်ဆက်လို့ ရလာပါပြီ။ ဒါပေမယ့် ချိတ်ဆက်မှု မှာတွေ့လာနိုင်တယ် အခက်အခဲတွေအတွက် အတွေ့အကြုံတော့ လိုအပ်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြီးမားတယ့် LAN ထဲမှာ LAN တွေကို Logical အရ (သို့) Physical အရခွဲထုတ်ဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။ Logical အနေနဲ့ခွဲထုတ်ထားတယ့် LAN တွေကို Workgroup လို့ခေါ်ပါတယ်။
Wide Area Network (WAN)Local Area Network (LAN)

WAN ဆိုတာကတော့ မြို့တွေ၊ ပြည်နယ်တွေ၊ နိုင်ငံတွေ အားလုံးကို ချိတ်ဆက်ထားတာကို ဆိုလိုတာဖြစ်ပါတယ်။ WAN နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မှာ အတွေ့အကြုံအချို့ရှိပါတယ် အဲ့ဒါကတော့ Internet အသုံးပြုခြင်းပါပဲ။ တစ်ကယ်တော့ WAN ဆိုတာ Internet ပါပဲ။ Internet (WAN) ကို အသုံးပြုဖို့ အတွက် Router နဲ့ Internet Link တွေလိုအပ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ Internet Link အတွက် အသုံးပြုလို့ ရတယ့် နည်းလမ်းတွေအနေနဲ့ Dail-up, ADSL, Broadband, WaiMax နဲ့ IPStar ဆိုတယ့် အမျိုးအစားတွေရှိပါတယ်။
ဤအကြောင်းအရာကို Mandalar.Net ( http://mandalarnet.mandalaybloggers.org ) မှ ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။
0 comments:
Post a Comment