Everything About IT Notes

Tuesday, March 20, 2012

BitLocker to Go (Part 1)

ဒီကနေ့ ခေတ်မှာ... ကွန်ပျူတာသုံးတဲ့ သူတော်တော်များများဟာ USB Storage Drive တွေကို တွင်တွင်ကျယ်ကျယ်သုံးလာကြပါပြီ...USB Storage Drive တွေရဲ့ Data သိမ်းဆည်းနိုင်မှုကလည်း မယုံနိုင်လောက်အောင်ပဲ တိုးတက်လာတယ်လေ... ဒီတော့... USB Storage Drive ထဲက Data ရဲ့ လုံခြုံရေးကိုလည်း...ထည့်သွင်းစဉ်းစားလာရပြီပေါ့ဗျာ... ဘာလို့လဲ... ဒါလေးတွေက အလွယ်တကူ မေ့ကျန်ပျောက်ဆုံးနိုင်တယ်လေ... ပျောက်သွားလဲ... အသစ်တခု ပြန်ဝယ်ဖို့ က ဈေးက လက်လှမ်းမှီတဲ့ အနေအထားမှာ ရှိနေတယ်လေ... ဘာပဲဖြစ်ဖြစ်ပေါ့... ကိုယ့် Data လေးကတော့ အရေးကြီးတယ်လေ... ဟုတ်တယ်ဟုတ်...

ဒါကို Microsoft ကလည်းသိပါတယ်ဗျ... Window Vista မှာ ကတည်းက BitLocker ဆိုတာလေးကို ထည့်ပေးခဲ့တယ်လေ... ဒါပေမယ့်သူက... OS တင်ထားတဲ့ Hard Drive ရဲ့ Partition ကိုပဲ Encrypt လုပ်ပေးနိုင်တာဗျ... အခု Window 7 ကျတော့မှ... USB Storage Drive တွေအတွက်ပါ... Encrypt လုပ်ဖို့ ထည့်ပေးလာတာလေ...

ဒီတော့ BitLocker နဲ့ USB Storage Drive ကို Encrypt လုပ်ကြည့်ကြစို့လားဗျာ...

အခုကျွန်တော်က Window 7 တင်ထားတဲ့ စက်မှာ USB Storage Drive တပ်ပြီဗျာ...



တပ်ထားတဲ့ USB Drive ပေါ်မှာ Right Click လုပ်တယ်ဗျာ…ပေါ်လာတဲ့ Pop-up menu ပေါ်က Turn on Bitlocker ဆိုတာကို Select လုပ်တယ်ဗျာ ပုံ (၁) မှာကြည့်ပါ


ပုံ (၁)
ဒါဆို အောက်က ပုံ (၂) လေးပေါ်လာလိမ့်မယ်… Use a password to unlock the drive ဆိုတဲ့ Check box လေးကို အမှန်ခြစ်လေးခြစ်ပါ…. Password လေး ထည့်ပေးဗျာ… တခုတော့ရှိတယ်ဗျ… Password က အနည်းဆုံး (၈) လုံးရှိရမယ်နော်….
ပုံ (၂)

ပြီးရင်တော့ Next ပေါ့။
ပုံ (၃) လေးပေါ်လာပြီနော်… ဒီအဆင့်မှာ ၂ မျိုးထဲက ၁ မျိုးကိုရွေးပေးရမယ်ဗျ… ဒါမှ Next ကို ဆက်သွားလို့ရမှာ…ဘာလို့လဲဆိုတော့… password မေ့သွားတာမျိုးကို ကာကွယ်ဖို့အတွက်တဲ့ဗျာ…
ပုံ (၃)

ကဲ Next လုပ်ပြီးရင်တော့ Drive ကို စပြီး Encrypt လုပ်ပါတော့မယ်… ပုံ (၄) မှာ ပြထားတဲ့ အတိုင်း Start Encrypting ဆိုတာလေးကို နှိပ်လိုက်ပါ။
ပုံ (၄)


ပြီးရင် ပုံ (၅) မှာပြထားသလို နဲနဲတော့ စောင့်ပေါ့ဗျာ… Encrypting Process ပြီးပြီဆိုရင်… ပုံ (၆) မှာပြထားသလို Close ပေါ့။
ပုံ (၅)


ပုံ (၆)

ကဲ… ကျေနပ်ပါတော့ဗျာ…
နောက်တော့လည်း အချိန်များရသေးရင် အသေးစိတ်တွေ ထပ်ရေးပါအုံးမယ်…

BitLocker to Go (Part 2)

ကဲ... Drive လေးကို Encrypt လုပ်တာတော့ရပြီဗျာ... Decrypt လုပ်ကြည့်ကြရအောင်....

Start>Control Panel>All Control Panel Items>BitLocker Drive Encryption ဆိုတဲ့နေရာထိသွားမယ်ဗျာ
BitLocker Drive Encryption ဆိုတာကိုရှာ တွေ့ရင် Click လုပ်မယ်

ဒါဆိုရင်... ကိုယ့်စက်မှာ တပ်ထားတဲ့ Storage Drive တွေကို ပြထားတဲ့ Windows လေးပေါ်လာပြီပေါ့ဗျာ
ဒီနေရာမှာ...BitLocker နဲ့ Encrypt လုပ်ထားတဲ့ Drive ဆိုရင်.. ဘေးနားမှာ Unlock Drive ဆိုတာလေး ပေါ်နေလိမ့်မယ်ဗျာ... အဲ့ဒီစာလေးကို Click ဆက်လုပ်ဗျာ... ဒါဆိုရင် ... Drive ကို Encrypt လုပ်တုန်းက
ပေးခဲ့တဲ့ Password ကို ထည့်ခိုင်းတဲ့ Windows လေးပေါ်လာမယ်ဗျာ...
ကဲ ... ထည့်ပေးလိုက်ပါအုံး... ပြီးရင်.. Unlock ဆိုတာလေးကို Click ပေါ့ဗျာ...
ဒါဆိုရင်... Drive ကို Decrypt လုပ်ပြီးပြီပေါ့ဗျာ...
Drive Unlock ဖြစ်သွားပြီပေါ့...
နောက်တဆင့်က ပုံ (၆) မှာပြထားသလို Start>Control Panel>All Control Panel Items>BitLocker Drive Encryption ဆိုတဲ့နေရာကိုပြန်သွားမယ်...
Turn Off BitLocker ဆိုတာကို ရှာမယ်...တွေ့ရင် Click လုပ်ဗျာ...
ဒါဆို ပုံ (၇) မှာပြထားတဲ့ BitLocker Drive Encryption ဆိုတဲ့ Window တခု ပေါ်လာမယ်... အဲ့ဒီမှာ.. Decrypt Drive ဆိုတာကို Click လုပ်ဗျာ... ပုံ (၈) မှာပြထားသလို Decryption... ဆိုတဲ့ Window လေးပေါ်နေမယ်... အချိန်တခုလောက်တော့ စောင့်ပေါ့... ပြီးသွားရင် Close ပေါ့
ကဲ ပြီးပါပြီဗျာ...
လုပ်ပုံလုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါသေးတယ်ဗျာ... အားလုံးပဲ ကျေနပ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်...

ပုံ (၁)

ပုံ (၂)

ပုံ (၃)

ပုံ (၄)

ပုံ (၅)

ပုံ (၆)

ပုံ (၇)

ပုံ (၈)

ပုံ (၉)


မှတ်ချက်။ ။ Drive တွေကို Encrypt (or) Decrypt လုပ်နေချိန်မှာတော့ စိတ်ရှည်ရှည်ထားပေါ့ဗျာ... ဘယ်လိုနည်းနဲ့မှ ရပ်လိုက်တာတို့... USB Drive ဆိုရင် ဆွဲဖြုတ်ပစ်လိုက်တာတို့တော့ မလုပ်နဲ့ပေါ့နော်... စိတ်မရှည်ရင် မလုပ်ဖို့ ကြိုတင်ပြီး သတိပေးပါတယ်...စောင့်ရတာ ကို သည်းမခံနိုင်လို့ ရပ်လိုက်မယ်... ဆွဲဖြုတ်လိုက်မယ်ဆိုရင်တော့... ဟဲဟဲ.. At your own risk ပေါ့နော်...
Ref: http://www.ictformyanmar.com/2010_06_01_archive.html


0 comments:

Post a Comment